မြို့နယ် (၆၃)မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ကြေညာ

485

Pearl (NP News) - နိုဝင်ဘာ ၁
မြို့နယ်(၆၃)မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) က အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီသည် ဆက်လက်ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်၊ ၁/၂၀၂၅ ကို ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်၊ ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်၍ ယင်းအမိန့်တွင်ဖော်ပြပါရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြို့နယ်များအား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ယင်းအမိန့်သည် ယနေ့မှစ၍ နောက်ထပ်ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ က ထုတ်ပြန်ခဲ့သည်။
အရေးပေါ်အခြေအနေကြေညာလိုက်သည့် မြို့နယ်များတွင် ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကယားပြည်နယ်ရှိ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချင်းပြည်နယ်ရှိ ကန်ပက်လက် မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်းမြို့နယ် တို့ ပါဝင်သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးရှိ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့နယ်၊ အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပေါက် မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ်မြို့နယ်၊ စဥ့်ကူးမြို့နယ်၊ ငါန်းဇွန်မြို့နယ် တို့ကိုလည်း အရေးပေါ်အခြေအနေကြေညာထားသည်။

Zawgyi Version:
ၿမိဳ႕နယ္ (၆၃)ၿမိဳ႕နယ္ကို အေရးေပၚအေျခအေနအျဖစ္ ဆက္လက္ေၾကညာ
Pearl (NP News) - ႏိုဝင္ဘာ ၁
ၿမိဳ႕နယ္(၆၃)ၿမိဳ႕နယ္ကို အေရးေပၚအေျခအေနအျဖစ္ ယမန္ေန႔ (ေအာက္တိုဘာ ၃၁ ရက္) က အမ်ိဳးသား ကာကြယ္ေရး ႏွင့္ လုံၿခဳံေရးေကာင္စီသည္ ဆက္လက္ေၾကညာခဲ့သည္။
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက ဥပေဒကဲ့သို႔အာဏာတည္ေသာ အမိန႔္အမွတ္၊ ၁/၂၀၂၅ ကို ၁၃၈၇ ခုႏွစ္၊ ဝါေခါင္လဆန္း ၇ ရက္၊ ၂ဝ၂၅ ခုႏွစ္၊ ဇူလိုင္လ ၃၁ ရက္စြဲျဖင့္ ထုတ္ျပန္၍ ယင္းအမိန႔္တြင္ေဖာ္ျပပါရွိသည့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားမွ ၿမိဳ႕နယ္မ်ားအား အေရးေပၚအေျခအေနေၾကညာခဲ့ၿပီး ယင္းအမိန႔္သည္ ယေန႔မွစ၍ ေနာက္ထပ္ရက္ေပါင္း (၉၀) အထိ အတည္ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ က ထုတ္ျပန္ခဲ့သည္။
အေရးေပၚအေျခအေနေၾကညာလိုက္သည့္ ၿမိဳ႕နယ္မ်ားတြင္ ကခ်င္ျပည္နယ္ရွိ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္၊ ေ႐ႊကူၿမိဳ႕နယ္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္၊ ေဆာ့ေလာ္ၿမိဳ႕နယ္၊ ခ်ီေဖြၿမိဳ႕နယ္၊ ကယားျပည္နယ္ရွိ ရွားေတာၿမိဳ႕နယ္၊ ဖားေဆာင္းၿမိဳ႕နယ္၊ မယ္စဲ့ၿမိဳ႕နယ္၊ ကရင္ျပည္နယ္ရွိ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ခ်င္းျပည္နယ္ရွိ ကန္ပက္လက္ ၿမိဳ႕နယ္၊ ထန္တလန္ၿမိဳ႕နယ္၊ ပလက္ဝၿမိဳ႕နယ္၊ တြန္းဇံၿမိဳ႕နယ္၊ မင္းတပ္ၿမိဳ႕နယ္၊ မတူပီၿမိဳ႕နယ္၊ ဖလမ္းၿမိဳ႕နယ္ တို႔ ပါဝင္သည္။
အလားတူ စစ္ကိုင္းတိုင္းေဒသႀကီးရွိ ထီးခ်ိဳင့္ၿမိဳ႕နယ္၊ ေကာလင္းၿမိဳ႕နယ္၊ ပင္လည္ဘူးၿမိဳ႕နယ္၊ ခင္ဦးၿမိဳ႕နယ္၊ ဝက္လက္ၿမိဳ႕နယ္၊ ကနီၿမိဳ႕နယ္၊ ဒီပဲယင္းၿမိဳ႕နယ္၊ ပုလဲၿမိဳ႕နယ္၊ အင္းေတာ္ၿမိဳ႕နယ္၊ မေကြးတိုင္းေဒသႀကီးရွိ ေပါက္ ၿမိဳ႕နယ္၊ ၿမိဳင္ၿမိဳ႕နယ္၊ ေဆာၿမိဳ႕နယ္၊ ထီးလင္းၿမိဳ႕နယ္၊ ေရစႀကိဳၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီးရွိ မိုးကုတ္ၿမိဳ႕နယ္၊ စဥ့္ကူးၿမိဳ႕နယ္၊ ငါန္းဇြန္ၿမိဳ႕နယ္ တို႔ကိုလည္း အေရးေပၚအေျခအေနေၾကညာထားသည္။