စစ်ပွဲပဋိပက္ခများနှင့်အပြိုင် ကောက်ယူနေရသည့် သန်းခေါင်စာရင်း

 239

မြူနစ် ၊ ယွန်း၊ ချယ်ရီ (NP News) - အောက်တိုဘာ ၇

နိုင်ငံတစ်ဝန်းလုံး၌ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ် အောက်တိုဘာ(၁)ရက်တွင် စတင်သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက် ယူမှုလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင် (၁၉၇၃)ခုနှစ်၊ (၁၉၈၃)ခုနှစ်နှင့် (၂၀၁၄)ခုနှစ်တို့တွင် ဆောင်ရွက်နိုင်ခဲ့ပြီး သမိုင်းတစ်လျှောက်(၄)ကြိမ်မြောက်အဖြစ် နစကဘက်က ထမ်းဆောင်နေ သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိသည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အ လက်များကိုအခြေခံကာ နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရန် မူဝါဒများချ မှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲခြင်းတို့ အတွက်ရည်ရွယ်ကာ ကောက်ယူခြင်း ဖြစ်သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော နစကအစိုးရသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများချမှတ်ရန် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူနေခြင်းဖြစ်သကဲ့သို့ (၂၀၂၅)ခုနှစ် တွင် ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲအတွက်ပါ မဲဆန္ဒ ရှင်စာရင်းများရရှိရန် ကောက်ယူနေခြင်းဖြစ်သည်။

ထိုသို့သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိသည့် ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များသည် မြန်မာနိုင်ငံ အတွက်သာဖြစ်ပြီး မြန်မာပြည် သူအားလုံးနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေလျက်ရှိသည်။ ယခုကဲ့သို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် နစကအစိုးရက ‘‘ကိုယ့်အားကိုယ် ကိုး”စနစ်ဖြင့် ကောက်ယူနေခြင်းဖြစ်ပြီး ပြည်ပအဖွဲ့ အစည်းများ၏ အကူအညီကို ရယူခဲ့ခြင်းမရှိကြောင်း သိရသည်။

(၂၀၂၄) ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာ ရင်းကို ကောက်ယူရာတွင် စာရင်းကောက်ကွက်ပေါင်း တစ် သိန်းကျော် လျာထားကာ စာရင်းစစ်၊ စာရင်း ကောက်စုစုပေါင်း (၄၀ဝဝဝ)ကျော်ဖြင့် ကောက်ယူ နေခြင်းဖြစ်ပြီး အများစုမှာ ပညာရေးဝန်ထမ်းများဖြစ်သော ဆရာ၊ ဆရာမများဖြင့် ကောက်ယူနေခြင်းလည်း ဖြစ်သည်။ လက်ရှိ နစကအစိုးရအနေဖြင့် (၂၀၂၄) ခုနှစ်သန်းခေါင်စာရင်းကို နိုင်ငံတစ်ဝန်း ကောက်ယူရာတွင် စိန်ခေါ်မှုများစွာရှိနေသကဲ့သို့ သတ်မှတ် (၁၅)ရက်အတွင်းတွင်လည်း နိုင်ငံအနှံ့၌ အပြည့် အဝကောက်ယူနိုင်ဖွယ် မရှိပေ။

ပြီးခဲ့သော (၂၀၂၃)ခုနှစ်နှင့် လက်ရှိ (၂၀၂၄) ခုနှစ်ကာလတို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်း များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကာ နယ်မြေဒေသ မတည်ငြိမ်မှုများလည်း ဖြစ်ပွားနေလျက်ရှိသည်။ ယခုအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့၌ ကိုးကန့် လက်နက်ကိုင်အဖွဲ့ MNDAA က ဝင်ရောက်နေထိုင် ကာ အုပ်ချုပ်ရေးကိစ္စရပ်များကို အတင်းအဓမ္မဆောင် ရွက်နေသကဲ့သို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကလည်း အထက်ပါကဲ့ သို့ ပုံစံတူ ပြုမူနေလျက်ရှိသည်။

ထို့ပြင် (၂၀၂၁) ခုနှစ်နောက်ပိုင်းတွင် NUG လက်အောက်ခံ PDF အဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်လာခဲ့ သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းအတွင်း၌လည်း တပ်မတော်နှင့် PDF ပူးပေါင်း အဖွဲ့များ ကြား ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်အများအပြားရှိခဲ့ပြီး နယ်မြေ မအေးချမ်းသည့်အခြေအနေများလည်း ဖြစ်ပေါ်နေ ဆဲဖြစ်သည်။ ထိုကဲ့သို့သော ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် နယ်မြေအေးချမ်းတည်ငြိမ်မှုမရှိသည့် အခြေအနေများသည် (၂၀၂၄)ခုနှစ် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူရာတွင် အဟန့်အတားများဖြစ်စေသကဲ့သို့ စာရင်းစစ်၊ စာရင်းကောက်များအတွက်ပါ မလုံခြုံသည့် အခြေအနေများဖြင့် ရင်ဆိုင်နေရလျက်ရှိသည်။

ထိုသို့ နယ်မြေမအေးချမ်းမှုများ ဖြစ်ပွားနေမှုနှင့်အတူ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF အဖွဲ့များကလည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သူများကို တိုက်ခိုက်မည်ဖြစ်ကြောင်း ခြိမ်းခြောက် နေမှုများကိုလည်း တွေ့ရသည်။ (၂၀၂၄) ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာ ရင်း ကောက်ယူလျက်ရှိသည့်ကာလတွင် အုပ်ချုပ်ရေးမှူး အချို့လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်ကို တွေ့နေရသကဲ့သို့ သန်းခေါင်စာရင်းကောက်ယူသည့် အဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သော ဖြစ်စဉ်အချို့လည်းရှိခဲ့သည်ကို ကြားသိရသည်။
နယ်မြေမတည်ငြိမ်သောဒေသများ၏ အခြားတစ်ဖက် နယ်မြေတည်ငြိမ်အေးချမ်းလျက်ရှိသည့် နေပြည်တော်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့တွင် (၂၀၂၄)ခုနှစ်သန်းခေါင်စာရင်းကို ရာနှုန်းပြည့် ကောက်ယူနိုင်ဖွယ်ရှိပြီး ဒေသခံပြည်သူ လူထုအနေဖြင့်လည်း နွေးထွေးစွာပူးပေါင်းပါဝင်မှုများကို တွေ့ရှိရကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။

‘‘ဆိုရှယ်မီဒီယာပေါ်မှာ၊ လိုင်းပေါ်မှာ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်တာတွေ၊ စာတွေဖြန့်ဝေတာတွေ၊ ကန့်ကွက်တာ တွေ၊ ဆန့်ကျင်တာတွေ လုပ်နေပေမယ့်လည်း တကယ့်တကယ် ကောက်လိုက်တဲ့အခါမှာ လုံခြုံရေးတွေ၊ ဌာနဆိုင်ရာ တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတယ်။ နောက်ပြီးတော့ ပြည်သူတွေကလည်း နွေး နွေးထွေးထွေးနဲ့ ဖြေကြားတယ်။ ကြိုဆိုတယ်။ အဲဒါလေးတွေကတော့ ထင်ထားတာထက် ပိုပြီးတော့ အပြုသဘော ဆောင်တယ်။ အဲဒီလိုတွေ့ရတဲ့အတွက် စာရင်းကောက်တဲ့သူတွေအနေနဲ့လည်း ဝမ်းသာပီတိဖြစ်ရတယ်”ဟု ၎င်း အရာရှိက ပြောသည်။
သို့သော် နစကအစိုးရက သန်းခေါင်စာရင်း ကောက်ယူနေမှုအပေါ် ဆန့်ကျင်လိုသော သဘောရှိသည့် အချို့သောပြည်သူများက စာရင်းကောက်များ မေးမြန်းသည့်မေးခွန်းများအပေါ် ပူးပေါင်းပါဝင်ဖြေဆိုမှု အားနည်းခြင်းများရှိခဲ့သည်ကို တွေ့ရကြောင်း ပြည်သူအချို့ထံမှသိရသည်။

“မနေ့က (၁၁)နာရီလောက်လာကောက်တယ်။ အခုအိမ်မှာရှိတဲ့သူကိုမေးတာပေါ့။ မေးသွားတာကတော့ (၁၀)ခုလောက်တော့ရှိတယ်။ လာ‌ကောက်တာက (၅)ယောက်လောက်ရှိတယ်။ လုံခြုံ ရေးတွေလည်းပါတယ်။ တချို့ရွာ တွေမှာဆိုရင် လိုက်ကောက်တဲ့အချိန်မှာ သီချင်းတွေအကျယ်ကြီးဖွင့်ကြတာမျိုးတွေရှိတယ်။ အဲဒါကြောင့် လုံခြုံရေးတွေ လိုက်လာတာ ထင်တယ်။ အရင်တုန်းက ကောက်တာနဲ့ဆို မေးခွန်းနည်းနည်းပိုများသလိုပဲ။ ကောက် တဲ့သူတွေဘက်ကလည်း အဆင်ပြေကြပါတယ်”ဟု ဧရာဝတီတိုင်းအတွင်းရှိ ဒေသခံပြည်သူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် နစကအစိုးရက သန်းခေါင် စာရင်းကောက်ယူနေမှုနှင့်ပတ်သက်၍ အချက်အ လက်များကို မမှန် မကန်ဖြေကြားရန်၊ နှောင့်ယှက် ဟန့်တားရန်အပါအဝင် အဖျက်သဘောဆောင်သည့် သွေးထိုးလှုံ့ဆော်များကို လူမှုကွန် ရက်စာမျက်နှာ တွင် တွေ့မြင်နေရသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၊ (၂၀၁၃)ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေတွင် သန်းခေါင် စာရင်းကောက်ယူသည့် စာရင်းစစ်၊ စာရင်းကောက် များကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ မှားယွင်းစွာဖြေဆိုခြင်းများမပြုလုပ်ရန် တားမြစ်ထားသည်။ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တစ်လ ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသည့်ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် လက်ရှိကောက်ယူနေသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ဟန့်တား၊ နှောင့်ယှက် မှုများ ပြုလုပ်နေသူများသည် အထက်ပါဥပဒေအရ အရေးယူခံရနိုင်ဖွယ်ရှိသည်။ နစကအစိုးရသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများကို အသုံးပြု၍ တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်ဖြင့် မေးခွန်းပေါင်း (၆၈)ခုမေးမြန်းကာ ကောက်ယူနေခြင်း ဖြစ်သည်။ စာရင်းကောက်တစ်ဦးအနေဖြင့် တစ်ရက်လျှင် အိမ်ထောင်စု(၂၀)မှ (၂၅)ခုအတွင်း အပြီး ကောက်ယူရန် လျာထားချက်ပေးထားကြောင်း သိရသည်။

“စာရင်းကောက်တစ်ယောက်ကို အိမ် ထောင်စု(၂၀)ဝန်းကျင်လောက် ပြီးတယ်။ တစ်ရက် ကိုပေါ့။ မေးခွန်းက (၆၈)ခုဆိုတော့ မေးရတာတော့ များတယ်။ အမှန်ကတော့ စာရင်းကောက်တစ် ယောက်အနေနဲ့ အိမ်ထောင်စု (၂၀)က နေ (၂၅)အတွင်း ကောက်နိုင်ရမယ်လို့ ဆိုထားတာပေါ့။ အိမ်တစ်လုံးမှာ လူဦးရေအများကြီးရှိရင် မြန်မြန်မပြီး တော့ ဘူး”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထိပ်ပိုင်းအရာရှိတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ သန်းခေါင်စာရင်းကောက်ယူလျက်ရှိသည့် ဆရာ၊ ဆရာမတစ်ဦးအား တစ်ရက်လျှင် နိုင်ငံ့ဘဏ္ဍာမှ ငွေကျပ် (၄၀ဝဝ) ထောက်ပံ့ပေးကြောင်းသိရပြီး သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ကလည်း ထောက်ပံ့ကျွေးမွေး မှုများရှိကြောင်း သိရသည်။

“လိုအပ်ချက်ကတော့ ရှိတယ်။ လိုအပ်ချက်က ဘာလဲဆိုတော့ အစ်မတို့သွားရ၊ လာရတဲ့အခါ စရိတ်တွေ ရှိတာပေါ့။ အခုလို လိုက်ကောက်တော့ လိုင်းတွေက မကောင်းဘူး။ လိုင်းမကောင်းတော့ အစ်မတို့က အရင်ဆုံး ကိုယ့် ဖုန်းထဲက Data ကို အရင် ဖြည့်ရတာပဲ။ အဲဒီ Data မဖြည့်ထားရင် Location က မပေါ်တော့ဘူး။ အဲဒါနဲ့သူတို့ပေးတဲ့ Wifi က အဆင်မပြေဘူး။ အဆင်မပြေတော့ ကိုယ့်ရဲ့လိုင်းနဲ့ချိတ် ပြီး သုံးရတာ အဲဒီလိုမျိုးပေါ့။ သူတို့က အစ်မတို့ကို ပြောထားတာကတော့ တစ်နေ့(၄၀ဝဝ)ကျပ်တဲ့။ အဲဒီလို ပြောထားတယ်။ ပြောထားပြီးတော့ အဲဒီတစ်နေ့ လေးထောင် ကျပ်ကို ငါးရက်စာနှစ်သောင်းကျပ်ဆိုပြီး ထုတ်ပေးလိုက်တယ်။ ပြီးတော့ တစ်ဖြတ်ရပ် ထားတယ်ပေါ့နော်’’ဟု ရှမ်းပြည်နယ် တောင်ပိုင်းအတွင်း သန်းခေါင်စာရင်းကောက်ယူနေသည့် ဆရာမ တစ်ဦးက NP Newsကို ဖွင့်ဟပြော ကြားထားသည်။
သို့သော်လည်း ယခုကဲ့သို့ သန်းခေါင်စာရင်းကောက်ယူနေချိန်တွင် လုံခြုံရေးအရ စိတ်ချရ သည့်အနေအထား တွင်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများကလည်း လိုအပ်သည့်အချက်များကို ပူးပေါင်း ဆောင်ရွက်ပေးမှုများရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

နစကအစိုးရက ကောက်ယူလျက်ရှိသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းသည် ရန်ကုန်၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းတို့တွင် အပြည့်အဝ ကောက်ယူနိုင်ဖွယ်ရှိကြောင်း အကြမ်းဖျင်း ကြားသိရပြီး အခြားသော ပြည်နယ်နှင့် တိုင်းများတွင် ရာနှုန်း ပြည့် ကောက်ယူနိုင်ဖွယ်မရှိကြောင်း သိရသည်။

“ရာနှုန်းပြည့် မကောက်ဘူး။ အားလုံးမ ကောက်နိုင်ဘူး။ ကောက်နိုင်တဲ့ဟာကိုပဲ ကောက်တာ။ ပြီးသွားရင် အောက်တိုဘာ (၁၆)ရက်ကနေ နိုဝင်ဘာ (၃၀)ရက်နေ့အထိ တစ်လခွဲအတွင်းမှာ မကောက်နိုင် ဘူးဆိုတဲ့နေရာမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပြီးတော့ သူတို့ကကောက်မှာ။ အဲဒီလိုပဲ ရန်ကုန်၊ နေပြည်တော်တို့ကတော့ ရာခိုင်နှုန်းပြည့် ကောက်ဖို့ ရည်ရွယ်ထားတယ်။ ရာနှုန်းပြည့်ကောက်နိုင်တယ်ဆိုတဲ့ ဟာက နည်းတယ်။ ရာနှုန်းပြည့်ကောက်နိုင်တာက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်တို့မှာ အကုန်လုံးကောက်နိုင်တယ်ဆိုတာ အကြမ်းဖျင်းသိရတယ်”ဟု နစကအစိုးရ၏ ထိပ်ပိုင်းအရာရှိများနှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

(၂၀၂၄) ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကို အောက်တိုဘာ (၁)ရက် မှစကာ ကောက်ယူနေခြင်းဖြစ်ပြီး အဆိုပါ တစ်ရက် တာအတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးရှိ အိမ်ထောင်စုပေါင်း (၈၈၀ဝဝ)ကျော်နှင့် လူဦးရေပေါင်း(၃၉၀ဝဝဝ)ကျော်ကို စာရင်းကောက်ယူပြီးစီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မီဒီယာများကို ပြောကြားထားသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ကောက်ယူခဲ့သည့် (၂၀၁၄)ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေစုစု ပေါင်း (၅၁)သန်းကျော်ရှိပြီး အဆိုပါလူဦးရေအနက် အမျိုးသားလူဦးရေမှာ (၂၄)သန်းကျော် နှင့် အမျိုးသမီးဦးရေမှာ (၂၆)သန်းကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေသည် (၂၀၂၄) ခုနှစ်တွင် (၅၆)သန်းကျော်အထိ တိုးမြင့်လာနိုင်ပြီး (၂၀၂၅)ခုနှစ်တွင် (၅၇)သန်းကျော်အထိ တိုးမြင့်လာဖွယ်ရှိကြောင်း (၂၀၁၄)ခုနှစ် ပြည်လုံးကျွတ်သန်း ခေါင်စာရင်းတွင် ခန့်မှန်းထားသည်။

လက်ရှိကောက်ယူနေသော သန်းခေါင်စာရင်း၏ ရလဒ်အချက်အလက်များကို ယခုနှစ် ဒီဇင် ဘာတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအချက် အလက်များသည် နောင်တက်လာမည့် အစိုးရများအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လူမှုရေး၊ စီးပွားရေးဆိုင်ရာ မူဝါဒ များကို ချမှတ်ရေးဆွဲရာတွင် အထောက်အကူပြုနိုင်သော အရေးပါသည့် အချက်အလက်များလည်းဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် လက်ရှိ ကောက်ယူနေသည့် သန်းခေါင်စာရင်းအပေါ် ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ပြီးရရှိလာမည့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များကိုလည်း လက်ရှိနစကအစိုးရ အပါအဝင် နောင်တက်လာမည့် အစိုးရများအနေဖြင့်နိုင်ငံအတွက် ထိထိရောက် ရောက်အသုံးပြုသွားရန် လိုအပ်မည်ဖြစ်ကြောင်းလည်း တိုက်တွန်းချင်သည်။

zawgyi version
စစ္ပြဲပဋိပကၡမ်ားႏွင့္အၿပိဳင္ ေကာက္ယူေနရသည့္ သန္းေခါင္စာရင္း
ျမဴနစ္ ၊ ယြန္း၊ ခ်ယ္ရီ (NP News) - ေအာက္တိုဘာ ၇

ႏိုင္ငံတစ္ဝန္းလုံး၌ သန္းေခါင္စာရင္း ေကာက္ယူမႈလုပ္ငန္းစဥ္ ေအာက္တိုဘာ(၁)ရက္တြင္ စတင္သည္။
ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းေကာက္ ယူမႈလုပ္ငန္းစဥ္ကို ျမန္မာႏိုင္ငံတြင္ (၁၉၇၃)ခုႏွစ္၊ (၁၉၈၃)ခုႏွစ္ႏွင့္ (၂၀၁၄)ခုႏွစ္တို႔တြင္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး သမိုင္းတစ္ေလွ်ာက္(၄)ႀကိမ္ေျမာက္အျဖစ္ နစကဘက္က ထမ္းေဆာင္ေန သည္။ ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ သန္းေခါင္စာရင္း ေကာက္ယူျခင္းမွရရွိသည့္ လူဦးေရဆိုင္ရာကိန္းဂဏန္းအခ်က္အ လက္မ်ားကိုအေျခခံကာ ႏိုင္ငံ၏လူမႈေရး၊ စီးပြားေရး၊ စီမံခန႔္ခြဲေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆာင္႐ြက္ရန္ မူဝါဒမ်ားခ် မွတ္ျခင္း၊ စီမံကိန္းမ်ား ေရးဆြဲျခင္းတို႔ အတြက္ရည္႐ြယ္ကာ ေကာက္ယူျခင္း ျဖစ္သည္။

လက္ရွိတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္ေသာ နစကအစိုးရသည္ ႏိုင္ငံဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ မူဝါဒမ်ားခ်မွတ္ရန္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းကို ေကာက္ယူေနျခင္းျဖစ္သကဲ့သို႔ (၂၀၂၅)ခုႏွစ္ တြင္ က်င္းပဖြယ္ရွိသည့္ ေ႐ြးေကာက္ပြဲအတြက္ပါ မဲဆႏၵ ရွင္စာရင္းမ်ားရရွိရန္ ေကာက္ယူေနျခင္းျဖစ္သည္။

ထိုသို႔သန္းေခါင္စာရင္းေကာက္ယူျခင္းမွ ရရွိသည့္ ကိန္းဂဏန္းဆိုင္ရာ အခ်က္အလက္မ်ားသည္ ျမန္မာႏိုင္ငံ အတြက္သာျဖစ္ၿပီး ျမန္မာျပည္ သူအားလုံးႏွင့္လည္း တိုက္႐ိုက္သက္ဆိုင္ေနလ်က္ရွိသည္။ ယခုကဲ့သို႔ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္း ေကာက္ယူရာတြင္ နစကအစိုးရက ‘‘ကိုယ့္အားကိုယ္ ကိုး”စနစ္ျဖင့္ ေကာက္ယူေနျခင္းျဖစ္ၿပီး ျပည္ပအဖြဲ႕ အစည္းမ်ား၏ အကူအညီကို ရယူခဲ့ျခင္းမရွိေၾကာင္း သိရသည္။

(၂၀၂၄) ခုႏွစ္ ျပည္လုံးကြၽတ္သန္းေခါင္စာ ရင္းကို ေကာက္ယူရာတြင္ စာရင္းေကာက္ကြက္ေပါင္း တစ္ သိန္းေက်ာ္ လ်ာထားကာ စာရင္းစစ္၊ စာရင္း ေကာက္စုစုေပါင္း (၄၀ဝဝဝ)ေက်ာ္ျဖင့္ ေကာက္ယူ ေနျခင္းျဖစ္ၿပီး အမ်ားစုမွာ ပညာေရးဝန္ထမ္းမ်ားျဖစ္ေသာ ဆရာ၊ ဆရာမမ်ားျဖင့္ ေကာက္ယူေနျခင္းလည္း ျဖစ္သည္။ လက္ရွိ နစကအစိုးရအေနျဖင့္ (၂၀၂၄) ခုႏွစ္သန္းေခါင္စာရင္းကို ႏိုင္ငံတစ္ဝန္း ေကာက္ယူရာတြင္ စိန္ေခၚမႈမ်ားစြာရွိေနသကဲ့သို႔ သတ္မွတ္ (၁၅)ရက္အတြင္းတြင္လည္း ႏိုင္ငံအႏွံ႔၌ အျပည့္ အဝေကာက္ယူႏိုင္ဖြယ္ မရွိေပ။

ၿပီးခဲ့ေသာ (၂၀၂၃)ခုႏွစ္ႏွင့္ လက္ရွိ (၂၀၂၄) ခုႏွစ္ကာလတို႔တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ရခိုင္ျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္း မ်ားၾကား တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ပြားခဲ့ကာ နယ္ေျမေဒသ မတည္ၿငိမ္မႈမ်ားလည္း ျဖစ္ပြားေနလ်က္ရွိသည္။ ယခုအခ်ိန္တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ ကိုးကန႔္ လက္နက္ကိုင္အဖြဲ႕ MNDAA က ဝင္ေရာက္ေနထိုင္ ကာ အုပ္ခ်ဳပ္ေရးကိစၥရပ္မ်ားကို အတင္းအဓမၼေဆာင္ ႐ြက္ေနသကဲ့သို႔ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကလည္း အထက္ပါကဲ့ သို႔ ပုံစံတူ ျပဳမူေနလ်က္ရွိသည္။

ထို႔ျပင္ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္းတြင္ NUG လက္ေအာက္ခံ PDF အဖြဲ႕အစည္းေပါင္းမ်ားစြာ ေပၚေပါက္လာခဲ့ ေသာ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ပဲခူးတိုင္းႏွင့္ တနသၤာရီတိုင္းအတြင္း၌လည္း တပ္မေတာ္ႏွင့္ PDF ပူးေပါင္း အဖြဲ႕မ်ား ၾကား ပစ္ခတ္ တိုက္ခိုက္မႈျဖစ္စဥ္အမ်ားအျပားရွိခဲ့ၿပီး နယ္ေျမ မေအးခ်မ္းသည့္အေျခအေနမ်ားလည္း ျဖစ္ေပၚေန ဆဲျဖစ္သည္။ ထိုကဲ့သို႔ေသာ ျဖစ္ပြားေနသည့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားႏွင့္ နယ္ေျမေအးခ်မ္းတည္ၿငိမ္မႈမရွိသည့္ အေျခအေနမ်ားသည္ (၂၀၂၄)ခုႏွစ္ ျပည္လုံးကြၽတ္သန္းေခါင္ စာရင္း ေကာက္ယူရာတြင္ အဟန႔္အတားမ်ားျဖစ္ေစသကဲ့သို႔ စာရင္းစစ္၊ စာရင္းေကာက္မ်ားအတြက္ပါ မလုံၿခဳံသည့္ အေျခအေနမ်ားျဖင့္ ရင္ဆိုင္ေနရလ်က္ရွိသည္။

ထိုသို႔ နယ္ေျမမေအးခ်မ္းမႈမ်ား ျဖစ္ပြားေနမႈႏွင့္အတူ ေဒသတြင္းလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ PDF အဖြဲ႕မ်ားကလည္း သန္းေခါင္စာရင္း ေကာက္ယူရာတြင္ ပူးေပါင္းပါဝင္သူမ်ားကို တိုက္ခိုက္မည္ျဖစ္ေၾကာင္း ၿခိမ္းေျခာက္ ေနမႈမ်ားကိုလည္း ေတြ႕ရသည္။ (၂၀၂၄) ခုႏွစ္ ျပည္လုံးကြၽတ္ သန္းေခါင္ စာ ရင္း ေကာက္ယူလ်က္ရွိသည့္ကာလတြင္ အုပ္ခ်ဳပ္ေရးမႉး အခ်ိဳ႕လုပ္ႀကံသတ္ျဖတ္ခံရသည့္ျဖစ္စဥ္မ်ားလည္းရွိခဲ့သည္ကို ေတြ႕ေနရသကဲ့သို႔ သန္းေခါင္စာရင္းေကာက္ယူသည့္ အဖြဲ႕ႏွင့္ လက္နက္ကိုင္အဖြဲ႕တို႔အၾကား အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ေသာ ျဖစ္စဥ္အခ်ိဳ႕လည္းရွိခဲ့သည္ကို ၾကားသိရသည္။
နယ္ေျမမတည္ၿငိမ္ေသာေဒသမ်ား၏ အျခားတစ္ဖက္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းလ်က္ရွိသည့္ ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ ဧရာဝတီတိုင္းတို႔တြင္ (၂၀၂၄)ခုႏွစ္သန္းေခါင္စာရင္းကို ရာႏႈန္းျပည့္ ေကာက္ယူႏိုင္ဖြယ္ရွိၿပီး ေဒသခံျပည္သူ လူထုအေနျဖင့္လည္း ေႏြးေထြးစြာပူးေပါင္းပါဝင္မႈမ်ားကို ေတြ႕ရွိရေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္ အားဝန္ႀကီးဌာနမွ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကို ေျပာသည္။

‘‘ဆိုရွယ္မီဒီယာေပၚမွာ၊ လိုင္းေပၚမွာ နည္းမ်ိဳးစုံနဲ႔ ၿခိမ္းေျခာက္တာေတြ၊ စာေတြျဖန႔္ေဝတာေတြ၊ ကန႔္ကြက္တာ ေတြ၊ ဆန႔္က်င္တာေတြ လုပ္ေနေပမယ့္လည္း တကယ့္တကယ္ ေကာက္လိုက္တဲ့အခါမွာ လုံၿခဳံေရးေတြ၊ ဌာနဆိုင္ရာ ေတြ၊ မိတ္ဖက္အဖြဲ႕အစည္းေတြက ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးၾကတယ္။ ေနာက္ၿပီးေတာ့ ျပည္သူေတြကလည္း ေႏြး ေႏြးေထြးေထြးနဲ႔ ေျဖၾကားတယ္။ ႀကိဳဆိုတယ္။ အဲဒါေလးေတြကေတာ့ ထင္ထားတာထက္ ပိုၿပီးေတာ့ အျပဳသေဘာ ေဆာင္တယ္။ အဲဒီလိုေတြ႕ရတဲ့အတြက္ စာရင္းေကာက္တဲ့သူေတြအေနနဲ႔လည္း ဝမ္းသာပီတိျဖစ္ရတယ္”ဟု ၎ အရာရွိက ေျပာသည္။
သို႔ေသာ္ နစကအစိုးရက သန္းေခါင္စာရင္း ေကာက္ယူေနမႈအေပၚ ဆန႔္က်င္လိုေသာ သေဘာရွိသည့္ အခ်ိဳ႕ေသာျပည္သူမ်ားက စာရင္းေကာက္မ်ား ေမးျမန္းသည့္ေမးခြန္းမ်ားအေပၚ ပူးေပါင္းပါဝင္ေျဖဆိုမႈ အားနည္းျခင္းမ်ားရွိခဲ့သည္ကို ေတြ႕ရေၾကာင္း ျပည္သူအခ်ိဳ႕ထံမွသိရသည္။

“မေန႔က (၁၁)နာရီေလာက္လာေကာက္တယ္။ အခုအိမ္မွာရွိတဲ့သူကိုေမးတာေပါ့။ ေမးသြားတာကေတာ့ (၁၀)ခုေလာက္ေတာ့ရွိတယ္။ လာ‌ေကာက္တာက (၅)ေယာက္ေလာက္ရွိတယ္။ လုံၿခဳံ ေရးေတြလည္းပါတယ္။ တခ်ိဳ႕႐ြာ ေတြမွာဆိုရင္ လိုက္ေကာက္တဲ့အခ်ိန္မွာ သီခ်င္းေတြအက်ယ္ႀကီးဖြင့္ၾကတာမ်ိဳးေတြရွိတယ္။ အဲဒါေၾကာင့္ လုံၿခဳံေရးေတြ လိုက္လာတာ ထင္တယ္။ အရင္တုန္းက ေကာက္တာနဲ႔ဆို ေမးခြန္းနည္းနည္းပိုမ်ားသလိုပဲ။ ေကာက္ တဲ့သူေတြဘက္ကလည္း အဆင္ေျပၾကပါတယ္”ဟု ဧရာဝတီတိုင္းအတြင္းရွိ ေဒသခံျပည္သူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ နစကအစိုးရက သန္းေခါင္ စာရင္းေကာက္ယူေနမႈႏွင့္ပတ္သက္၍ အခ်က္အ လက္မ်ားကို မမွန္ မကန္ေျဖၾကားရန္၊ ေႏွာင့္ယွက္ ဟန႔္တားရန္အပါအဝင္ အဖ်က္သေဘာေဆာင္သည့္ ေသြးထိုးလႈံ႕ေဆာ္မ်ားကို လူမႈကြန္ ရက္စာမ်က္ႏွာ တြင္ ေတြ႕ျမင္ေနရသည္။

သမၼတဦးသိန္းစိန္အစိုးရလက္ထက္၊ (၂၀၁၃)ခုႏွစ္တြင္ ျပ႒ာန္းခဲ့သည့္ လူဦးေရႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းဥပေဒတြင္ သန္းေခါင္ စာရင္းေကာက္ယူသည့္ စာရင္းစစ္၊ စာရင္းေကာက္ မ်ားကို ေႏွာင့္ယွက္ျခင္း၊ ဟန႔္တားျခင္း၊ ၿခိမ္းေျခာက္ျခင္း၊ မွားယြင္းစြာေျဖဆိုျခင္းမ်ားမျပဳလုပ္ရန္ တားျမစ္ထားသည္။ ယင္းတားျမစ္ခ်က္မ်ားကို ေဖာက္ဖ်က္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ တစ္လ ထက္မပိုသည့္ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ငါးေသာင္းထက္ မပိုသည့္ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျပ႒ာန္းထားသည္။

ထို႔ေၾကာင့္ လက္ရွိေကာက္ယူေနသည့္ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းႏွင့္ပတ္သက္၍ ဟန႔္တား၊ ေႏွာင့္ယွက္ မႈမ်ား ျပဳလုပ္ေနသူမ်ားသည္ အထက္ပါဥပေဒအရ အေရးယူခံရႏိုင္ဖြယ္ရွိသည္။ နစကအစိုးရသည္ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းကို ပညာေရးဝန္ထမ္းမ်ားျဖစ္သည့္ ဆရာ၊ ဆရာမမ်ားကို အသုံးျပဳ၍ တစ္အိမ္တက္တစ္အိမ္ဆင္း စနစ္ျဖင့္ ေမးခြန္းေပါင္း (၆၈)ခုေမးျမန္းကာ ေကာက္ယူေနျခင္း ျဖစ္သည္။ စာရင္းေကာက္တစ္ဦးအေနျဖင့္ တစ္ရက္လွ်င္ အိမ္ေထာင္စု(၂၀)မွ (၂၅)ခုအတြင္း အၿပီး ေကာက္ယူရန္ လ်ာထားခ်က္ေပးထားေၾကာင္း သိရသည္။

“စာရင္းေကာက္တစ္ေယာက္ကို အိမ္ ေထာင္စု(၂၀)ဝန္းက်င္ေလာက္ ၿပီးတယ္။ တစ္ရက္ ကိုေပါ့။ ေမးခြန္းက (၆၈)ခုဆိုေတာ့ ေမးရတာေတာ့ မ်ားတယ္။ အမွန္ကေတာ့ စာရင္းေကာက္တစ္ ေယာက္အေနနဲ႔ အိမ္ေထာင္စု (၂၀)က ေန (၂၅)အတြင္း ေကာက္ႏိုင္ရမယ္လို႔ ဆိုထားတာေပါ့။ အိမ္တစ္လုံးမွာ လူဦးေရအမ်ားႀကီးရွိရင္ ျမန္ျမန္မၿပီး ေတာ့ ဘူး”ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနမွ ထိပ္ပိုင္းအရာရွိတစ္ဦးက ဆိုသည္။

ယခုကဲ့သို႔ သန္းေခါင္စာရင္းေကာက္ယူလ်က္ရွိသည့္ ဆရာ၊ ဆရာမတစ္ဦးအား တစ္ရက္လွ်င္ ႏိုင္ငံ့ဘ႑ာမွ ေငြက်ပ္ (၄၀ဝဝ) ေထာက္ပံ့ေပးေၾကာင္းသိရၿပီး သက္ဆိုင္ရာတိုင္းႏွင့္ျပည္နယ္အစိုးရအဖြဲ႕ကလည္း ေထာက္ပံ့ေကြၽးေမြး မႈမ်ားရွိေၾကာင္း သိရသည္။

“လိုအပ္ခ်က္ကေတာ့ ရွိတယ္။ လိုအပ္ခ်က္က ဘာလဲဆိုေတာ့ အစ္မတို႔သြားရ၊ လာရတဲ့အခါ စရိတ္ေတြ ရွိတာေပါ့။ အခုလို လိုက္ေကာက္ေတာ့ လိုင္းေတြက မေကာင္းဘူး။ လိုင္းမေကာင္းေတာ့ အစ္မတို႔က အရင္ဆုံး ကိုယ့္ ဖုန္းထဲက Data ကို အရင္ ျဖည့္ရတာပဲ။ အဲဒီ Data မျဖည့္ထားရင္ Location က မေပၚေတာ့ဘူး။ အဲဒါနဲ႔သူတို႔ေပးတဲ့ Wifi က အဆင္မေျပဘူး။ အဆင္မေျပေတာ့ ကိုယ့္ရဲ႕လိုင္းနဲ႔ခ်ိတ္ ၿပီး သုံးရတာ အဲဒီလိုမ်ိဳးေပါ့။ သူတို႔က အစ္မတို႔ကို ေျပာထားတာကေတာ့ တစ္ေန႔(၄၀ဝဝ)က်ပ္တဲ့။ အဲဒီလို ေျပာထားတယ္။ ေျပာထားၿပီးေတာ့ အဲဒီတစ္ေန႔ ေလးေထာင္ က်ပ္ကို ငါးရက္စာႏွစ္ေသာင္းက်ပ္ဆိုၿပီး ထုတ္ေပးလိုက္တယ္။ ၿပီးေတာ့ တစ္ျဖတ္ရပ္ ထားတယ္ေပါ့ေနာ္’’ဟု ရွမ္းျပည္နယ္ ေတာင္ပိုင္းအတြင္း သန္းေခါင္စာရင္းေကာက္ယူေနသည့္ ဆရာမ တစ္ဦးက NP Newsကို ဖြင့္ဟေျပာ ၾကားထားသည္။
သို႔ေသာ္လည္း ယခုကဲ့သို႔ သန္းေခါင္စာရင္းေကာက္ယူေနခ်ိန္တြင္ လုံၿခဳံေရးအရ စိတ္ခ်ရ သည့္အေနအထား တြင္ရွိၿပီး သက္ဆိုင္ရာ တာဝန္ရွိ သူမ်ားကလည္း လိုအပ္သည့္အခ်က္မ်ားကို ပူးေပါင္း ေဆာင္႐ြက္ေပးမႈမ်ားရွိေၾကာင္း ၎က ဆက္လက္ေျပာသည္။

နစကအစိုးရက ေကာက္ယူလ်က္ရွိသည့္ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းသည္ ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ ဧရာဝတီတိုင္းတို႔တြင္ အျပည့္အဝ ေကာက္ယူႏိုင္ဖြယ္ရွိေၾကာင္း အၾကမ္းဖ်င္း ၾကားသိရၿပီး အျခားေသာ ျပည္နယ္ႏွင့္ တိုင္းမ်ားတြင္ ရာႏႈန္း ျပည့္ ေကာက္ယူႏိုင္ဖြယ္မရွိေၾကာင္း သိရသည္။

“ရာႏႈန္းျပည့္ မေကာက္ဘူး။ အားလုံးမ ေကာက္ႏိုင္ဘူး။ ေကာက္ႏိုင္တဲ့ဟာကိုပဲ ေကာက္တာ။ ၿပီးသြားရင္ ေအာက္တိုဘာ (၁၆)ရက္ကေန ႏိုဝင္ဘာ (၃၀)ရက္ေန႔အထိ တစ္လခြဲအတြင္းမွာ မေကာက္ႏိုင္ ဘူးဆိုတဲ့ေနရာမွာ လုံၿခဳံေရးေတြ တိုးျမႇင့္ခ်ထားၿပီးေတာ့ သူတို႔ကေကာက္မွာ။ အဲဒီလိုပဲ ရန္ကုန္၊ ေနျပည္ေတာ္တို႔ကေတာ့ ရာခိုင္ႏႈန္းျပည့္ ေကာက္ဖို႔ ရည္႐ြယ္ထားတယ္။ ရာႏႈန္းျပည့္ေကာက္ႏိုင္တယ္ဆိုတဲ့ ဟာက နည္းတယ္။ ရာႏႈန္းျပည့္ေကာက္ႏိုင္တာက ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ေနျပည္ေတာ္တို႔မွာ အကုန္လုံးေကာက္ႏိုင္တယ္ဆိုတာ အၾကမ္းဖ်င္းသိရတယ္”ဟု နစကအစိုးရ၏ ထိပ္ပိုင္းအရာရွိမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

(၂၀၂၄) ခုႏွစ္ လူဦးေရႏွင့္အိမ္အေၾကာင္း အရာ သန္းေခါင္စာရင္းကို ေအာက္တိုဘာ (၁)ရက္ မွစကာ ေကာက္ယူေနျခင္းျဖစ္ၿပီး အဆိုပါ တစ္ရက္ တာအတြင္း ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ ျပည္နယ္အားလုံးရွိ အိမ္ေထာင္စုေပါင္း (၈၈၀ဝဝ)ေက်ာ္ႏွင့္ လူဦးေရေပါင္း(၃၉၀ဝဝဝ)ေက်ာ္ကို စာရင္းေကာက္ယူၿပီးစီးခဲ့ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက မီဒီယာမ်ားကို ေျပာၾကားထားသည္။

သမၼတဦးသိန္းစိန္ အစိုးရလက္ထက္တြင္ ေကာက္ယူခဲ့သည့္ (၂၀၁၄)ခုႏွစ္ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံတြင္ လူဦးေရစုစု ေပါင္း (၅၁)သန္းေက်ာ္ရွိၿပီး အဆိုပါလူဦးေရအနက္ အမ်ိဳးသားလူဦးေရမွာ (၂၄)သန္းေက်ာ္ ႏွင့္ အမ်ိဳးသမီးဦးေရမွာ (၂၆)သန္းေက်ာ္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ၏ လူဦးေရသည္ (၂၀၂၄) ခုႏွစ္တြင္ (၅၆)သန္းေက်ာ္အထိ တိုးျမင့္လာႏိုင္ၿပီး (၂၀၂၅)ခုႏွစ္တြင္ (၅၇)သန္းေက်ာ္အထိ တိုးျမင့္လာဖြယ္ရွိေၾကာင္း (၂၀၁၄)ခုႏွစ္ ျပည္လုံးကြၽတ္သန္း ေခါင္စာရင္းတြင္ ခန႔္မွန္းထားသည္။

လက္ရွိေကာက္ယူေနေသာ သန္းေခါင္စာရင္း၏ ရလဒ္အခ်က္အလက္မ်ားကို ယခုႏွစ္ ဒီဇင္ ဘာတြင္ ထုတ္ျပန္ေပးသြားမည္ျဖစ္ၿပီး အဆိုပါ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာသန္းေခါင္ စာရင္းအခ်က္ အလက္မ်ားသည္ ေနာင္တက္လာမည့္ အစိုးရမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ လူမႈေရး၊ စီးပြားေရးဆိုင္ရာ မူဝါဒ မ်ားကို ခ်မွတ္ေရးဆြဲရာတြင္ အေထာက္အကူျပဳႏိုင္ေသာ အေရးပါသည့္ အခ်က္အလက္မ်ားလည္းျဖစ္သည္။

ထို႔ေၾကာင့္ ျပည္သူလူထုအေနျဖင့္ လက္ရွိ ေကာက္ယူေနသည့္ သန္းေခါင္စာရင္းအေပၚ ပူးေပါင္း ေဆာင္႐ြက္ေပးရန္ လိုအပ္ၿပီးရရွိလာမည့္ သန္းေခါင္စာရင္းဆိုင္ရာ အခ်က္အလက္မ်ားကိုလည္း လက္ရွိနစကအစိုးရ အပါအဝင္ ေနာင္တက္လာမည့္ အစိုးရမ်ားအေနျဖင့္ႏိုင္ငံအတြက္ ထိထိေရာက္ ေရာက္အသုံးျပဳသြားရန္ လိုအပ္မည္ျဖစ္ေၾကာင္းလည္း တိုက္တြန္းခ်င္သည္။

Related news

© 2021. All rights reserved.