တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ

 132

သုတကျော် (NP News) - အောက်တိုဘာ ၇

စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာတွင် တောင်ပေါ်မြို့အချို့သည်လည်း ရေဘေးကို ကြုံခဲ့ကြရသည်။ ထို့ပြင် မြေပြိုမှုကိုလည်း ခံစားခဲ့ကြရသည်။ ပိုင်ဆိုင်မှုများလည်း ဆုံးရှုံးခဲ့ကြရသည့်အပြင် အချို့မှာ အသက်ပင်ဆုံးရှုံးရကြရာ ဒေသခံများမှာ စိတ်ဒဏ်ရာပင်ရသွားသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် ရေဘေးသင့် ပြည်သူများ အတွက်လည်း အဘက်ဘက်မှ ပြန်လည် ထူထောင်ရန် လိုအပ်နေသည်။ လက်ရှိတွင် ရှမ်းပြည်နယ်က ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ရေဘေး စတင်စဉ်ကပင် ဘေးသင့်ဒေသများသို့ သွားရောက် ကာ ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ကူညီဆောင်ရွက်ခဲ့သည့် ရွှေမေတ္တာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ မရွှေလဲ့အား The Statesman Journal မှ မေးမြန်းထားသည်များကို NP News ကထပ်ဆင့်ကောက် နုတ်ဖော်ပြအပ်ပါသည်။

မေး- အစ်မတို့အနေနဲ့ လက်ရှိမှာ ကူညီနေတဲ့ အပိုင်းလေး သိပါရစေခင်ဗျာ။
ဖြေ - အစ်မတို့က တောင်ကြီး၊ ကလော ၊ အောင်ပန်း၊ အင်းလေ၊ ညောင်ရွှေအပိုင်းမှာတော့ ကူညီနေတာ ငါးရက် ရှိပါပြီ။

မေး - အခု ကူညီတဲ့အခါမှာ အခက်အခဲတွေက ဘယ်လို ရှိပါသလဲ ခင်ဗျ။
ဖြေ- အခက်အခဲတွေကတော့ အစ်မတို့ ပုံမှန်ဆိုရင်ပေါ့ (၁၁)ရက်နေ့ ကနေစပြီး ကူတာက ရေပြင် ကယ်ဆယ်ရေးပေါ့ နော်။ တောင်ကြီးနဲ့ ရှမ်းဘက်ကို တက်လာတဲ့အခါမှာတော့ မြေပြိုတာ နောက်ပြီးတော့ နွံတွေနဲ့ အိမ်အလုံးလိုက် မြုပ်သွားတာ ဒါမျိုးလေးတွေတော့ များတယ်ပေါ့နော်။ အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ အစ်မတို့မှာ သုံးရတဲ့ ကားတွေက အဆင်မပြေဘူး။ နောက် Double cab လိုမျိုး ဆိုင်ကယ်တွေလိုမျိုး ဝင်လို့ရတာမျိုးတွေ ရှိတယ်။ တောင်တွေ ပေါ်တက်တယ်ဆိုလို့ ရှိရင် ရာသီဥတုကိုမှ တစ်ချက် ပြန်စောင့်ရတယ်။ မိုးနည်းနည်းဖွဲတယ်ဆိုရင် မြေသားပြိုတာ များတယ်ဆိုရင် အစ်မတို့သွားပြီး ကူလို့ မရဘူးပေါ့နော်။ အဲဒီလိုမျိုး သဘာဝအတိုင်း ပြန်စောင့်ရတာ၊ ရာသီဥတုတွေ ပြန်စောင့်ရတာမျိုးတော့ရှိတယ်။ အဲဒါပြီးတော့ အစ်မတို့မှာပါလာတဲ့ အကူကိရိယာတွေရဲ့ လိုအပ်ချက် တွေကများတော့ အခက်အခဲတွေကတော့ ဒီဘက်အပိုင်းမှာ ပိုပြီးများပါတယ်။

မေး - လက်ရှိ အစ်မတို့က ပြန်လည်ထူထောင်ရေးကို ကူညီနေတယ်လို့ သိရပါတယ်။ အစ်မတို့ ကူနေတဲ့ အနေအထား အရ အစ်မတို့ ကူနေတဲ့အပိုင်းမှာ ဘယ်အခြမ်းက အဆိုးဆုံးဖြစ်ပါသလဲ။
ဖြေ- မြေပြိုတာကတော့ လက်ရှိမဲနယ်တောင်၊ ကလော၊ ရှမ်းအရှေ့ ကျိုင်းတုံလမ်း၊ ခွေးရုပ်၊ ရွှေတော ဒီဘက် တွေမှာတော့ မြေပြိုတာများတယ်။ ရွှေတောမှာဆိုရင်တော့ အိမ်ခြေ ရာဂဏန်းလောက် အထိကို နွံတွေနစ်သွားတာမျိုး တွေရှိတယ်။ နွံရေ တွေပေါ့နော်။

မေး- မြေပြိုတာမှာ ဒေသခံတွေက ပြေးလို့လွတ် လိုက်ကြပါရဲ့လား။ ဘယ်လို အခြေအနေမျိုး ရှိပါ သလဲ။ ဆုံးရှုံးမှုတွေက ဘယ်လို ရှိပါသလဲ။
ဖြေ- အဲဒီလိုတော့မဟုတ်ဘူး။ တချို့တွေကတော့ များသောအားဖြင့် အစ်မလိုက်မေးကြည့်သလောက် ကတော့ ပြေးလို့ရလိုက်ကြတယ်။ လင်းလင်းထင်း ထင်းအချိန်မှာ ဖြစ်တာဆိုတော့လေ။ လင်းတဲ့အချိန် မှာ ဖြစ်တာဖြစ်တဲ့အတွက် သူတို့ အရမ်းကြီး ပိတ်မိတာမျိုးတွေတော့ မရှိဘူး။ ရှောင်လို့ရတယ်။ တစ်ခုကတော့ သူတို့ရဲ့ အိမ်ခြေတွေ ဆုံးရှုံးမှုများတာပေါ့နော်။ သူတို့အိမ်တွေ မြုပ်သွားတာတို့ ၊ နောက်ပြီးတော့ တောင်ကျရေကျလာတဲ့ အချိန်တွေမှာ အရမ်းကိုမျောပါပြီးတော့မှ အိမ်အလုံးလိုက် ပျောက်သွားတာမျိုးတို့၊ ဥပမာ မဲနယ်တောင် ဘက်မှာဆိုရင် တောင်ကျ ရေတွေကျလာတဲ့အချိန်မှာ ကျောက်တုံးတွေပေါ့နော်၊ မြေသားအလုံးလိုက်တွေ၊ သစ်ပင်တွေပါ ပြိုကျမှုတွေရှိတဲ့အတွက် ဒေသခံတွေမှာ ဆုံးရှုံးမှုတွေ အရမ်းကြီးပါတယ်။

မေး-အဲဒီမှာ သေဆုံးသူတွေ ရှိတယ်လို့လည်း သိရတယ်ပေါ့နော်။ သေဆုံးသွားတဲ့သူတွေကလည်း ဘာကြောင့် သေဆုံး သွားရသလဲ ခင်ဗျာ။
ဖြေ- သေဆုံးမှုနှုန်းတွေကရှိပေမယ့် အစ်မတို့ကတော့ အတိအကျ သေသေချာချာတော့ စာရင်းကောက်ယူလို့ မရသေး ဘူးပေါ့နော်။ နောက်တစ်ခုက တော့ သူတို့ဖြစ်တာက မြေပြန့်မှာဖြစ်တဲ့အတိုင်းပဲ (၁၁)ရက်လောက်ကတည်းက ဖြစ်တာ ဖြစ်တဲ့ အတွက် အစ်မတို့မှာ သူတို့ပြောတဲ့ Data အရ ပိတ် မိတာတွေဆိုလို့ ရှိရင်လည်း ဒေသခံအသင်းတွေက ဆယ် ထုတ်ပြီးသား၊ ကူညီပြီးသား။ အစ်မတို့က ပြန်လည်ထူထောင်ရေးနဲ့ သူတို့ကို လှူဒါန်းရေး၊ လိုအပ်တာလေး ကူတာလေး တွေပေါ့နော်။ အဲဒါလေးတွေပဲ ကူညီရတာဖြစ်တဲ့အတွက် သေဆုံးမှုတွေနဲ့ ပတ်သက်တာတော့ အစ်မသေချာ မသိပါဘူး။

မေး- ပြန်လည်ထူထောင်ရေး ကူညီတဲ့အခါမှာ ဒေသခံတွေမှာ ဘယ်လို အခက်အခဲဖြစ်တာ မြင်ရပါသလဲ။ အစ်မ တို့မှာ ကော ဘယ်လို အခက်အခဲရှိပါသလဲ။
ဖြေ- ဒေသခံတွေမှာကတော့ တချို့တွေမှာ အိမ်တွေက လုံးဝပျက်စီးသွားတာရှိတယ်။ မျောပါသွားတာတွေ ရှိတယ်ပေါ့ နော်။ သူတို့တွေမှာ အဓိကက ပထမဦး ဆုံးအနေအထားက လေလုံ၊ မိုးလုံလေးတွေ နေနိုင်ဖို့ နေရာတွေလိုအပ်တယ်။ နောက်ပြီးတော့ အစ်မတို့ Camp တဲတွေ ပြန်ပြီးတော့မှ တည်ဆောက်ပေးရတာ မျိုးတွေရှိတယ်။ နောက်တစ်ချက်က တော့ ဒေသခံတွေမှာက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် တချို့နေရာတွေဆိုရင် အစ်မတို့ ကူညီမှုတွေက မရောက်နိုင်သေးဘူး။ လမ်းပန်းဆက်သွယ်ရေး အနေအထားတွေက အရမ်းခက်ခဲတယ်။ ဥပမာဆိုရင် ခွေးရုပ်ဘူတာ ဆိုရင် ဆိုင်ကယ်တစ်စီး ဘီးတစ်လိမ့်စာ ထက်ခပ်နည်းနည်းပဲပိုတာ အရမ်းများတယ်။ ချောက်အရမ်းများတယ်။ အဲဒီ တော့ ရာသီဥတုအခြေနေကို ပြန်စောင့်ရတာဖြစ်တဲ့အတွက် အစ်မတို့အချိန်အတိုင်း အတာတစ်ခုကို ပြန်စောင့်ပြီးတော့ ကူရတဲ့ အခက်အခဲတွေများတယ်။ နောက်အင်းလေးထဲမှာဆို ရင်လည်း ရွာတွေအရမ်းများတယ်။ များတဲ့အထဲမှာမှ ဒီလိုပဲ မိုးရွာပြီဆို သွားနိုင်ဖို့အတွက် နည်းနည်း အခက်ခဲများသေးတယ်။ နောက်တစ်ခုက Information ပေါ့နော်။ ဒီဘက် မှာကျတော့ တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ် ချိတ်ဆက်ရတာလေးတွေက အချိတ်အဆက် နည်းနည်းလေး မမိတာပေါ့ နော်။ အဲဒါလေးတွေကလည်း ဒေသခံတွေရဲ့ အကူ အညီရယူဖို့ အစ်မတို့က အကူအညီပေးဖို့တွေမှာ နည်းနည်းလေးတော့ အဆင်မပြေမှုလေးတွေတော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အစ်မတို့ နယ်မြေခံ ပရဟိတအသင်းအဖွဲ့တွေ၊ ကူညီပေးတဲ့သူ တွေနဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒေသတာဝန်ခံတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပါတယ်။

မေး- မြေပြိုတဲ့ အနေအထားပေါ့နော်။ အစ်မတို့ အနေနဲ့ အဲဒီမှာ မြေပြိုတာက ဘယ်လိုပုံစံ ပြိုကျ တယ်လို့ မြင်ရပါသလဲ။
ဖြေ- ဟုတ်ကဲ့။ အစ်မအမြင်ကတော့ တချို့နေရာ တွေမှာ မြေပြိုလို့ရှိရင် မြေသားပျော့ပြီးမှ ပြိုကျတာ ရှိတယ်။ ဥပမာ ရွှေတောကို သွားတဲ့လမ်းဆိုရင် စာသင်ကျောင်းတွေပါ အထဲထဲမှာ ကြမ်းပြင်တွေက အက်ကြောင်းတွေ ထပ်ပြီးတော့မှ နည်းနည်း ပြိုကျလု၊ ပြိုကျခင်လေး ရှိတယ်ပေါ့နော်။ ဥပမာ ခွေးရုပ်ဘက် ကိုသွားတဲ့ စာသင်ကျောင်းတွေဆိုရင် သူတို့ရဲ့ အရှေ့မြေသားတွေကျတော့ ပြိုကျတယ်။ ဒါပေမဲ့ စာသင်ကျောင်းကို အများကြီးတော့ မထိခိုက်ဘူး။ မိုးအများကြီး ဆက်တိုက်ရွာရင်တော့ ဒီကလေးတွေ ထိခိုက်နိုင်ခြေ ရှိ၊ မရှိတော့ ပြန်ပြီးတော့ ဆန်းစစ်တာ လုပ်ဖို့တော့လိုမယ်။ ဒါပေမဲ့ မဲနယ်တောင်တို့၊ တခြားတောင်တန်းတွေဘက်တွေမှာ ဆိုလို့ ရှိရင်တော့ မြေပြိုကျတဲ့နေရာမှာ ကျောက်တုံး တွေလိုမျိုး အစိုင်အခဲတွေပါ ပါတယ်။ အပင်ကြီးတွေပါ ပါတာဖြစ်တဲ့အတွက် ပြိုကျတဲ့ နေရာတစ်နေရာနဲ့တစ်နေရာ တော့ ပုံစံမတူဘူးပေါ့နော်။

မေး- အစ်မတို့ ကူညီနေရတဲ့ ဘက်မှာ ရွာလုံးကျွတ် ပြောင်းရွှေ့ရနိုင်တယ်ဆိုပြီးတော့ စိုးရိမ်စရာ အခြေ အနေရောက်တဲ့ ရွာတွေ ရှိပါသလား ခင်ဗျ။
ဖြေ- မြေပြိုတာကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရတာ တော့ အစ်မကူညီတဲ့အပိုင်းမှာတော့ မရှိပါဘူး ပေါ့နော်။ ကျန်တဲ့ ပရဟိတမောင်နှမတွေ ကူညီနေတဲ့ အပိုင်းမှာတော့ အစ်မ မသိရဘူးပေါ့နော်။ အစ်မ ကူညီတဲ့အပိုင်းမှာတော့ မရှိဘူး။ ဒါပေမဲ့ ဥပမာ အိမ်ခြေ ဆယ်ဂဏန်းအထိ ပျက်စီးတာရှိတယ်။ ဥပမာ ရွှေတောထဲမှာဆိုရင် အိမ်ခြေတော်တော် များများ လုံးဝ နွံအောက်ကိုနစ်သွားတာမျိုးလေးတွေ ရှိတယ်ပေါ့နော်။ အဲဒါကို အစ်မတို့တွေက ပြန်လည် ထူထောင်ရေးအပိုင်း အရေးပေါ် လေလုံ၊ မိုးလုံလေး တွေခံနိုင်ဖို့ ဒါမျိုးလေးတွေကို သေသေချာချာလေး ပြန်စီစဉ်ပေးရတာလေးတွေရှိတယ်ပေါ့ နော်။

မေး - အစ်မအနေနဲ့ အတွေ့အကြုံရင့် လူမှုကူညီသူ တစ်ဦးဖြစ်ပါတယ်။ အစ်မရဲ့ အတွေ့အကြုံ တစ်လျှောက်မှာ အခု သဘာဝဘေးက တစ်ကြိမ်ထက် တစ်ကြိမ် ပိုဆိုးလာပါသလား။ ကူညီရတဲ့ အပိုင်းကကော ဘယ်လို ရှိပါသလဲ။
ဖြေ - အစ်မက နာဂစ်၊ (၂၀၁၅) ရေဘေး၊ ပြီးတော့ ရေဘေးမှန်သမျှ ကူညီခဲ့တယ်ပေါ့။ ဒီတစ်ခေါက်မှာ တော့ ရှေ့လထဲမှာ ဆို ဥက္ကံ-အဖျောက် လမ်းပိုင်း ရေဘေးပေါ့။ ဒီထဲမှာက သဘာဝဘေးက တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးတော့ ဆိုးရွား လာတယ်။ ဘာတွေ သုံးသပ်ပြင်ဆင်ရမလဲဆိုတာကိုလည်း မိုးလေဝသ သတင်းတွေ နားထောင်ပြီးတော့ အချိန်ပြည့်ကို လေ့ကျင့်မှုတွေလုပ်ပြီး ပြန်စနေရတာ ရှိတာပေါ့။ တစ်ကြိမ်ထက်တစ်ကြိမ် ပိုပိုပြီးတော့ စိန်ခေါ်မှုကတော့ မြင့်လာတဲ့ အနေအထားတော့ ဖြစ်နေတာပေါ့။ ရာသီဥတုကလည်း ပိုပြီးဆိုးရွားလာတယ်။ ရေစီးရေလာ အပိုင်းကလည်း နည်းနည်း လေး အာရုံစိုက်ရ မယ့်အပိုင်း ဖြစ်လာတာပေါ့။ အရင်တုန်းကဆိုရင် မြေပြိုမှုတွေကလည်း များပေမယ့်လည်း အိမ်ခြေ တွေ ထိခိုက်မှုက ဒီဟာကပိုပြီး လူတွေ အာရုံစိုက်မိလာတာပေါ့။

မေး - အင်းလေးကရွာတွေ အခြေအနေကကော လက်ရှိ ဘယ်လို အခက်အခဲတွေ ဖြစ်နေကြပါသလဲ။
ဖြေ - အင်းလေးထဲက ရွာတွေကကျတော့ ရေက ပုံမှန်အထိပဲ တက်တဲ့ဟာက နေပြီးတော့ ရေတက်တာ အရမ်းများ သွားတယ်။ နောက်ပြီးတော့ ရေလွှမ်းတဲ့နေရာ ရေတက်တဲ့ နှုန်းကလည်း တော်တော် တက်သွားတယ်။ နောက်တစ်ချက် က အင်းလေးရဲ့ အဓိက အကျဆုံး အခက်အခဲကတော့ Transformer တွေ ရေမြုပ်သွားတယ်ပေါ့နော်။ မီးရရှိဖို့ ခက်ခဲ တယ်။ ရေကြီး၊ ရေလျှံခြင်းရဲ့ နောက်ဆက်တွဲမှာ မီးအလင်းရောင်လည်း ကောင်းကောင်း မရှိဘူးဆိုရင် မြွေအပါအဝင် အဆိပ်ရှိသတ္တဝါနဲ့ ပတ်သက်တာ ဂရုစိုက်သင့်တယ်။ နောက်တစ်ချက်ကတော့ ဆန်၊ ဆီ၊ ဆားပေါ့။ ပြီးတော့ လောင် စာပါ။ ရိက္ခာတွေလာပြီး လှူဒါန်းတာရှိရင်တောင်၊ ရေဘေးရှောင် စခန်းတွေမှာ စုပြီးနေလို့ရတယ် ဆိုရင်တောင် လောင်စာလေးတွေထည့်ပြီး လှူဒါန်း ပေးသင့်ပါတယ်။ အဓိကကျတာက အစ်မတို့ဆို လောင်စာတို့၊ ဆိုလာမီးတို့ လှူတာရှိတယ်။ ဝမ်းရောဂါနဲ့ ပတ်သက် ပြီးတော့လည်း ထည့်သွင်း စဉ်းစားမိတယ်။ ရေသန့် ရရှိဖို့ အတွက်လည်း ရေသန့် (၂၀) လီတာဘူး ငါးရာ အင်လေးထဲကို ပုံမှန်လှူဒါန်းပါတယ်။ အလှူရှင် ကြီးတွေက ရေသန့်စက်တွေ ထိုင်ပြီး လှူဒါန်းပေး မယ်လို့ ကြားရပါတယ်။ လှိုင်းကြီးတတ်တဲ့ နေရာတွေ၊ သွားလာရခက်တဲ့ နေရာတွေကို လှူဒါန်းဖို့ လိုအပ် နေပါ သေးတယ်။ နောက်ပြီးတော့ အင်းလေးရဲ့ ရွာတွေက အရမ်းများတာ ဖြစ်တဲ့အတွက် ဘယ်ရွာက အဓိကလိုတယ်၊ ဘယ်ရွာက မလိုသေးဘူး၊ ပိုလျှံ နေတယ်ဆိုတာကို ဒေသခံတွေနဲ့ ပူးပေါင်းပြီးတော့ ကူညီကယ်ဆယ်ရေး သမားတွေနဲ့ ပူးပေါင်းပြီးတော့ ကူညီမယ်ဆိုရင် ပိုပြီး ထိထိရောက်ရောက် ကူညီ နိုင်မှာပေါ့။

မေး - အစ်မတို့ လက်ရှိကူနေတဲ့ အပိုင်းမှာရွာတွေက မြေပြိုတာကြောင့် အဓိက အခက်အခဲ ဖြစ်တာလား။ တခြား ဘယ်လို အခက်အခဲတွေ ပါပါသေးလဲ။
ဖြေ - အစ်မက ဥပမာ မဲနယ်တောင်ဘက် ဆိုရင်လွန်ခဲ့တဲ့ ငါးရက်လောက်တည်းက ရောက်တယ်။ သူတို့ဆီမှာ ကြည့်ရ တာက ဒေသသည် လမ်းပန်း ဆက်သွယ်ရေးက တချို့လမ်းတွေဆို မြေတွေပြိုကျပြီးတော့ ပိတ်ဆို့သွားတာရှိတယ်။ အဲဒီတော့ အကူအညီအထောက်အပံ့ပေးဖို့က လမ်းတွေကို ပြန်ဖော်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရတယ်။ အများ ဆုံးကတော့ ဒေသရဲ့ ဘုန်းဘုန်းတွေကနေ ဆောင်ရွက်တာမျိုးတွေ ရှိတာပေါ့။ အစ်မတို့က ပူးပေါင်းပါဝင်ပြီးတော့ လုပ်ပေးရတယ်။ မဲနယ် တောင်ဘက်ဆို ချောင်းရေတွေပါ ကျောက်တုံးနဲ့ အတူမျောပါ လာပြီးတော့ အပင်ကြီးတွေပါ အချိန် တစ်ခုအတွင်း ပြိုကျတာ။ အိမ်တွေပါ ပါကုန်တာ။ အဲ့ဒီမှာတော့ မိသားစုတွေပါ ပျောက်ဆုံး သွားတာကို အစ်မတို့ ကြားမိထားတာ တွေတော့ ရှိတယ်။ ခွေးရုပ် လို နေရာမျိုး ကျတော့ လမ်းပန်း ဆက်သွယ်ရေးက တအား ခက်ခဲပြီးတော့ ကူညီထောက်ပံ့ရေး၊ လှူဒါန်း ရေးတွေလည်း မရောက်ဘူး။ အစ်မတို့က ကား တစ်စီးစာ ပို့မယ်ဆို ဆိုင်ကယ် ဆယ့်ငါးစီးလောက်ကို နှစ်ခါလောက် သယ်ရတယ်။ အစ်မတို့ သုံးနေကျ ဆိုင်ကယ်နဲ့လည်း အဆင်မပြေဘူး။ ဆိုင်ကယ်ဘီး တွေမှာ ချိန်းကြိုးတွေ ပြန်ပတ်ပြီးတော့မှ ခက်ခက်ခဲခဲ သွားရတယ်။ ဒါမျိုးလေးတွေပါ ရှိတယ်။ တခြား သတ္တဝါတွေလည်း ထိခိုက်မှု ရှိကြတယ်။ အိမ်မွေး တိရစ္ဆာန်လေးတွေပေါ့။

မေး - ဒေသခံတွေအတွက် ပြန်လည် ထူထောင်ဖို့ က လွယ်ပါ့မလား ခင်ဗျာ။ ဘယ်လို အခက်အခဲတွေ ရှိနိုင်ပါသလဲ။
ဖြေ - ဒေသခံတွေ ပြန်လည်ထူထောင်ရေးက အများဆုံး အလှူရှင်တွေရဲ့ အင်အား၊ ကယ်ဆယ်ရေး သမားတွေရဲ့ အင်အား၊ ပရဟိတ သမားတွေရဲ့ အင်အားတွေ အများကြီးပဲ ပူးပေါင်းပါဝင်ပြီးတော့ အဘက်ဘက်ကနေ အများကြီး ကူညီကြတယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်း ဘေးဒုက္ခဖြစ်တဲ့သူတွေ၊ ဘေးအန္တရာယ်ကြုံရတဲ့ သူတွေကို ရာနှုန်းပြည့် တိတိပပ ပြန်လည် ကုစားပေးဖို့တော့ အချိန် အတိုင်း အတာ ယူရမှာပါ။ ပြီးတော့ ဒီလိုမျိုး ပျက်စီး ဆုံးရှုံးမှုတွေ များတဲ့ အတွက် တချို့ဆိုရင် အိုး၊ အိမ် ပျက်စီးတယ်။ တချို့ဆို အစ်မ မနေ့က သွားကူတာဆို လွိုင်ကော်ကနေ ရေတအား ကြီးလာတော့ ထွက်ပြေးရင်း ဓာတ်ကြိုးနဲ့ ထိမိပြီး လက်တွေ၊ ခြေထောက်တွေ ဖြတ်လိုက်ရတယ်။ ကိုယ်ခန္ဓာ ထိခိုက်မှုတွေ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိတယ်။ အိုး၊ အိမ် ပျက်စီးမှုလည်း ရှိတာ ဖြစ်တဲ့အတွက် သဘာဝ ဘေးအန္တရာယ်ကနေ ပြန်လည် ထူထောင်နိုင်ဖို့က စိတ်ရော၊ ကိုယ်ရော ကိုယ်တတ်စွမ်း စာနာပြီး အများကြီး ကူညီပေးရဦးမှာပါ။ အားလုံးက ဝိုင်းဝန်းပြီး အဘက်ဘက်က ကူညီပေးမှ ရမှာပါ။

မေး - လက်ရှိ ရေပြင်ကယ်ဆယ်ရေးအတွက် အသက်စွန့်ပြီး ကူညီနေတဲ့ ပရဟိတ အသင်းတွေနဲ့ ပတ်သက်လို့ တချို့က ဝေဖန်တာတွေ ရှိနေတယ်။ အစ်မ အနေနဲ့ ဘာပြောချင်ပါသလဲ။
ဖြေ - ပရဟိတ သမားတွေနဲ့ ပတ်သက်ပြီး ဥပမာ ရေပြင် ကယ်ဆယ်ရေး စတင်ရတဲ့ ရေကြီး ရေလျှံမှု ရဲ့ ၁၁ ရက်တည်းက ပရဟိတ သမားတွေက ကြိုတင် ပြင်ဆင်မှုလည်း လုပ်ခဲ့ကြတယ်။ ပြီးတော့ ရေဘေး ထဲမှာမှ အသက်ဆုံးရှုံး ရတဲ့ ပရဟိတသမားတွေလည်း ရှိခဲ့တယ်။ ဆေးရုံတက်ရတဲ့ ပရဟိတ သမားတွေလည်း အများကြီးရှိကြတယ်။ ပရဟိတ သမားတွေက ဘယ်သူ့ဆီကမှ လစာဆိုပြီး မည်မည်ရရ ရှိတာ မဟုတ်ဘူး။ ပရဟိတ သမားတွေလည်း လူတွေပဲ။ စာနာတတ်တဲ့ စိတ်ကလေးနဲ့ ထွက်ကူတာပဲ။ တချို့တွေရဲ့ အမြင်လွဲမှုတွေ ဘယ်လို ရှိပါစေ ပရဟိတ သမားတွေကတော့ ပရဟိတ အလုပ်ကို ဆက်လုပ်မှာပါ။

zawgyi version
ေတာင္ေပၚေျမက ေရေဘးျပန္လည္ထူေထာင္ေရးနဲ႔ ပရဟိတသမားဘဝ
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၇

စက္တင္ဘာလအတြင္းက ေရႀကီးေရလွ်ံမႈ ျဖစ္ပြားခဲ့ရာတြင္ ေတာင္ေပၚၿမိဳ႕အခ်ိဳ႕သည္လည္း ေရေဘးကို ႀကဳံခဲ့ၾကရသည္။ ထို႔ျပင္ ေျမၿပိဳမႈကိုလည္း ခံစားခဲ့ၾကရသည္။ ပိုင္ဆိုင္မႈမ်ားလည္း ဆုံးရႈံးခဲ့ၾကရသည့္အျပင္ အခ်ိဳ႕မွာ အသက္ပင္ဆုံးရႈံးရၾကရာ ေဒသခံမ်ားမွာ စိတ္ဒဏ္ရာပင္ရသြားသည့္ အေျခအေနျဖစ္သည္။ ထို႔ေၾကာင့္ ေရေဘးသင့္ ျပည္သူမ်ား အတြက္လည္း အဘက္ဘက္မွ ျပန္လည္ ထူေထာင္ရန္ လိုအပ္ေနသည္။ လက္ရွိတြင္ ရွမ္းျပည္နယ္က ေရေဘးသင့္ ျပည္သူမ်ား ျပန္လည္ထူေထာင္ေရးအတြက္ ေရေဘး စတင္စဥ္ကပင္ ေဘးသင့္ေဒသမ်ားသို႔ သြားေရာက္ ကာ ေရျပင္ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို စတင္ကူညီေဆာင္႐ြက္ခဲ့သည့္ ေ႐ႊေမတၱာလူမႈကူညီေရးအသင္းဥကၠ႒ မေ႐ႊလဲ့အား The Statesman Journal မွ ေမးျမန္းထားသည္မ်ားကို NP News ကထပ္ဆင့္ေကာက္ ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး- အစ္မတို႔အေနနဲ႔ လက္ရွိမွာ ကူညီေနတဲ့ အပိုင္းေလး သိပါရေစခင္ဗ်ာ။
ေျဖ - အစ္မတို႔က ေတာင္ႀကီး၊ ကေလာ ၊ ေအာင္ပန္း၊ အင္းေလ၊ ေညာင္ေ႐ႊအပိုင္းမွာေတာ့ ကူညီေနတာ ငါးရက္ ရွိပါၿပီ။

ေမး - အခု ကူညီတဲ့အခါမွာ အခက္အခဲေတြက ဘယ္လို ရွိပါသလဲ ခင္ဗ်။
ေျဖ- အခက္အခဲေတြကေတာ့ အစ္မတို႔ ပုံမွန္ဆိုရင္ေပါ့ (၁၁)ရက္ေန႔ ကေနစၿပီး ကူတာက ေရျပင္ ကယ္ဆယ္ေရးေပါ့ ေနာ္။ ေတာင္ႀကီးနဲ႔ ရွမ္းဘက္ကို တက္လာတဲ့အခါမွာေတာ့ ေျမၿပိဳတာ ေနာက္ၿပီးေတာ့ ႏြံေတြနဲ႔ အိမ္အလုံးလိုက္ ျမဳပ္သြားတာ ဒါမ်ိဳးေလးေတြေတာ့ မ်ားတယ္ေပါ့ေနာ္။ အခက္အခဲကေတာ့ လမ္းပန္းဆက္သြယ္ေရး အရမ္းခက္ခဲတယ္။ အစ္မတို႔မွာ သုံးရတဲ့ ကားေတြက အဆင္မေျပဘူး။ ေနာက္ Double cab လိုမ်ိဳး ဆိုင္ကယ္ေတြလိုမ်ိဳး ဝင္လို႔ရတာမ်ိဳးေတြ ရွိတယ္။ ေတာင္ေတြ ေပၚတက္တယ္ဆိုလို႔ ရွိရင္ ရာသီဥတုကိုမွ တစ္ခ်က္ ျပန္ေစာင့္ရတယ္။ မိုးနည္းနည္းဖြဲတယ္ဆိုရင္ ေျမသားၿပိဳတာ မ်ားတယ္ဆိုရင္ အစ္မတို႔သြားၿပီး ကူလို႔ မရဘူးေပါ့ေနာ္။ အဲဒီလိုမ်ိဳး သဘာဝအတိုင္း ျပန္ေစာင့္ရတာ၊ ရာသီဥတုေတြ ျပန္ေစာင့္ရတာမ်ိဳးေတာ့ရွိတယ္။ အဲဒါၿပီးေတာ့ အစ္မတို႔မွာပါလာတဲ့ အကူကိရိယာေတြရဲ႕ လိုအပ္ခ်က္ ေတြကမ်ားေတာ့ အခက္အခဲေတြကေတာ့ ဒီဘက္အပိုင္းမွာ ပိုၿပီးမ်ားပါတယ္။

ေမး - လက္ရွိ အစ္မတို႔က ျပန္လည္ထူေထာင္ေရးကို ကူညီေနတယ္လို႔ သိရပါတယ္။ အစ္မတို႔ ကူေနတဲ့ အေနအထား အရ အစ္မတို႔ ကူေနတဲ့အပိုင္းမွာ ဘယ္အျခမ္းက အဆိုးဆုံးျဖစ္ပါသလဲ။
ေျဖ- ေျမၿပိဳတာကေတာ့ လက္ရွိမဲနယ္ေတာင္၊ ကေလာ၊ ရွမ္းအေရွ႕ က်ိဳင္းတုံလမ္း၊ ေခြး႐ုပ္၊ ေ႐ႊေတာ ဒီဘက္ ေတြမွာေတာ့ ေျမၿပိဳတာမ်ားတယ္။ ေ႐ႊေတာမွာဆိုရင္ေတာ့ အိမ္ေျခ ရာဂဏန္းေလာက္ အထိကို ႏြံေတြနစ္သြားတာမ်ိဳး ေတြရွိတယ္။ ႏြံေရ ေတြေပါ့ေနာ္။

ေမး- ေျမၿပိဳတာမွာ ေဒသခံေတြက ေျပးလို႔လြတ္ လိုက္ၾကပါရဲ႕လား။ ဘယ္လို အေျခအေနမ်ိဳး ရွိပါ သလဲ။ ဆုံးရႈံးမႈေတြက ဘယ္လို ရွိပါသလဲ။
ေျဖ- အဲဒီလိုေတာ့မဟုတ္ဘူး။ တခ်ိဳ႕ေတြကေတာ့ မ်ားေသာအားျဖင့္ အစ္မလိုက္ေမးၾကည့္သေလာက္ ကေတာ့ ေျပးလို႔ရလိုက္ၾကတယ္။ လင္းလင္းထင္း ထင္းအခ်ိန္မွာ ျဖစ္တာဆိုေတာ့ေလ။ လင္းတဲ့အခ်ိန္ မွာ ျဖစ္တာျဖစ္တဲ့အတြက္ သူတို႔ အရမ္းႀကီး ပိတ္မိတာမ်ိဳးေတြေတာ့ မရွိဘူး။ ေရွာင္လို႔ရတယ္။ တစ္ခုကေတာ့ သူတို႔ရဲ႕ အိမ္ေျခေတြ ဆုံးရႈံးမႈမ်ားတာေပါ့ေနာ္။ သူတို႔အိမ္ေတြ ျမဳပ္သြားတာတို႔ ၊ ေနာက္ၿပီးေတာ့ ေတာင္က်ေရက်လာတဲ့ အခ်ိန္ေတြမွာ အရမ္းကိုေမ်ာပါၿပီးေတာ့မွ အိမ္အလုံးလိုက္ ေပ်ာက္သြားတာမ်ိဳးတို႔၊ ဥပမာ မဲနယ္ေတာင္ ဘက္မွာဆိုရင္ ေတာင္က် ေရေတြက်လာတဲ့အခ်ိန္မွာ ေက်ာက္တုံးေတြေပါ့ေနာ္၊ ေျမသားအလုံးလိုက္ေတြ၊ သစ္ပင္ေတြပါ ၿပိဳက်မႈေတြရွိတဲ့အတြက္ ေဒသခံေတြမွာ ဆုံးရႈံးမႈေတြ အရမ္းႀကီးပါတယ္။

ေမး-အဲဒီမွာ ေသဆုံးသူေတြ ရွိတယ္လို႔လည္း သိရတယ္ေပါ့ေနာ္။ ေသဆုံးသြားတဲ့သူေတြကလည္း ဘာေၾကာင့္ ေသဆုံး သြားရသလဲ ခင္ဗ်ာ။
ေျဖ- ေသဆုံးမႈႏႈန္းေတြကရွိေပမယ့္ အစ္မတို႔ကေတာ့ အတိအက် ေသေသခ်ာခ်ာေတာ့ စာရင္းေကာက္ယူလို႔ မရေသး ဘူးေပါ့ေနာ္။ ေနာက္တစ္ခုက ေတာ့ သူတို႔ျဖစ္တာက ေျမျပန႔္မွာျဖစ္တဲ့အတိုင္းပဲ (၁၁)ရက္ေလာက္ကတည္းက ျဖစ္တာ ျဖစ္တဲ့ အတြက္ အစ္မတို႔မွာ သူတို႔ေျပာတဲ့ Data အရ ပိတ္ မိတာေတြဆိုလို႔ ရွိရင္လည္း ေဒသခံအသင္းေတြက ဆယ္ ထုတ္ၿပီးသား၊ ကူညီၿပီးသား။ အစ္မတို႔က ျပန္လည္ထူေထာင္ေရးနဲ႔ သူတို႔ကို လႉဒါန္းေရး၊ လိုအပ္တာေလး ကူတာေလး ေတြေပါ့ေနာ္။ အဲဒါေလးေတြပဲ ကူညီရတာျဖစ္တဲ့အတြက္ ေသဆုံးမႈေတြနဲ႔ ပတ္သက္တာေတာ့ အစ္မေသခ်ာ မသိပါဘူး။

ေမး- ျပန္လည္ထူေထာင္ေရး ကူညီတဲ့အခါမွာ ေဒသခံေတြမွာ ဘယ္လို အခက္အခဲျဖစ္တာ ျမင္ရပါသလဲ။ အစ္မ တို႔မွာ ေကာ ဘယ္လို အခက္အခဲရွိပါသလဲ။
ေျဖ- ေဒသခံေတြမွာကေတာ့ တခ်ိဳ႕ေတြမွာ အိမ္ေတြက လုံးဝပ်က္စီးသြားတာရွိတယ္။ ေမ်ာပါသြားတာေတြ ရွိတယ္ေပါ့ ေနာ္။ သူတို႔ေတြမွာ အဓိကက ပထမဦး ဆုံးအေနအထားက ေလလုံ၊ မိုးလုံေလးေတြ ေနႏိုင္ဖို႔ ေနရာေတြလိုအပ္တယ္။ ေနာက္ၿပီးေတာ့ အစ္မတို႔ Camp တဲေတြ ျပန္ၿပီးေတာ့မွ တည္ေဆာက္ေပးရတာ မ်ိဳးေတြရွိတယ္။ ေနာက္တစ္ခ်က္က ေတာ့ ေဒသခံေတြမွာက လမ္းပန္းဆက္သြယ္ေရး ခက္ခဲတဲ့အတြက္ တခ်ိဳ႕ေနရာေတြဆိုရင္ အစ္မတို႔ ကူညီမႈေတြက မေရာက္ႏိုင္ေသးဘူး။ လမ္းပန္းဆက္သြယ္ေရး အေနအထားေတြက အရမ္းခက္ခဲတယ္။ ဥပမာဆိုရင္ ေခြး႐ုပ္ဘူတာ ဆိုရင္ ဆိုင္ကယ္တစ္စီး ဘီးတစ္လိမ့္စာ ထက္ခပ္နည္းနည္းပဲပိုတာ အရမ္းမ်ားတယ္။ ေခ်ာက္အရမ္းမ်ားတယ္။ အဲဒီ ေတာ့ ရာသီဥတုအေျခေနကို ျပန္ေစာင့္ရတာျဖစ္တဲ့အတြက္ အစ္မတို႔အခ်ိန္အတိုင္း အတာတစ္ခုကို ျပန္ေစာင့္ၿပီးေတာ့ ကူရတဲ့ အခက္အခဲေတြမ်ားတယ္။ ေနာက္အင္းေလးထဲမွာဆို ရင္လည္း ႐ြာေတြအရမ္းမ်ားတယ္။ မ်ားတဲ့အထဲမွာမွ ဒီလိုပဲ မိုး႐ြာၿပီဆို သြားႏိုင္ဖို႔အတြက္ နည္းနည္း အခက္ခဲမ်ားေသးတယ္။ ေနာက္တစ္ခုက Information ေပါ့ေနာ္။ ဒီဘက္ မွာက်ေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ဆက္သြယ္ ခ်ိတ္ဆက္ရတာေလးေတြက အခ်ိတ္အဆက္ နည္းနည္းေလး မမိတာေပါ့ ေနာ္။ အဲဒါေလးေတြကလည္း ေဒသခံေတြရဲ႕ အကူ အညီရယူဖို႔ အစ္မတို႔က အကူအညီေပးဖို႔ေတြမွာ နည္းနည္းေလးေတာ့ အဆင္မေျပမႈေလးေတြေတာ့ ရွိတယ္ေပါ့ေနာ္။ ဒါေပမဲ့ အစ္မတို႔ နယ္ေျမခံ ပရဟိတအသင္းအဖြဲ႕ေတြ၊ ကူညီေပးတဲ့သူ ေတြနဲ႔ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္း ေဒသတာဝန္ခံေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္ပါတယ္။

ေမး- ေျမၿပိဳတဲ့ အေနအထားေပါ့ေနာ္။ အစ္မတို႔ အေနနဲ႔ အဲဒီမွာ ေျမၿပိဳတာက ဘယ္လိုပုံစံ ၿပိဳက် တယ္လို႔ ျမင္ရပါသလဲ။
ေျဖ- ဟုတ္ကဲ့။ အစ္မအျမင္ကေတာ့ တခ်ိဳ႕ေနရာ ေတြမွာ ေျမၿပိဳလို႔ရွိရင္ ေျမသားေပ်ာ့ၿပီးမွ ၿပိဳက်တာ ရွိတယ္။ ဥပမာ ေ႐ႊေတာကို သြားတဲ့လမ္းဆိုရင္ စာသင္ေက်ာင္းေတြပါ အထဲထဲမွာ ၾကမ္းျပင္ေတြက အက္ေၾကာင္းေတြ ထပ္ၿပီးေတာ့မွ နည္းနည္း ၿပိဳက်လု၊ ၿပိဳက်ခင္ေလး ရွိတယ္ေပါ့ေနာ္။ ဥပမာ ေခြး႐ုပ္ဘက္ ကိုသြားတဲ့ စာသင္ေက်ာင္းေတြဆိုရင္ သူတို႔ရဲ႕ အေရွ႕ေျမသားေတြက်ေတာ့ ၿပိဳက်တယ္။ ဒါေပမဲ့ စာသင္ေက်ာင္းကို အမ်ားႀကီးေတာ့ မထိခိုက္ဘူး။ မိုးအမ်ားႀကီး ဆက္တိုက္႐ြာရင္ေတာ့ ဒီကေလးေတြ ထိခိုက္ႏိုင္ေျခ ရွိ၊ မရွိေတာ့ ျပန္ၿပီးေတာ့ ဆန္းစစ္တာ လုပ္ဖို႔ေတာ့လိုမယ္။ ဒါေပမဲ့ မဲနယ္ေတာင္တို႔၊ တျခားေတာင္တန္းေတြဘက္ေတြမွာ ဆိုလို႔ ရွိရင္ေတာ့ ေျမၿပိဳက်တဲ့ေနရာမွာ ေက်ာက္တုံး ေတြလိုမ်ိဳး အစိုင္အခဲေတြပါ ပါတယ္။ အပင္ႀကီးေတြပါ ပါတာျဖစ္တဲ့အတြက္ ၿပိဳက်တဲ့ ေနရာတစ္ေနရာနဲ႔တစ္ေနရာ ေတာ့ ပုံစံမတူဘူးေပါ့ေနာ္။

ေမး- အစ္မတို႔ ကူညီေနရတဲ့ ဘက္မွာ ႐ြာလုံးကြၽတ္ ေျပာင္းေ႐ႊ႕ရႏိုင္တယ္ဆိုၿပီးေတာ့ စိုးရိမ္စရာ အေျခ အေနေရာက္တဲ့ ႐ြာေတြ ရွိပါသလား ခင္ဗ်။
ေျဖ- ေျမၿပိဳတာေၾကာင့္ ႐ြာလုံးကြၽတ္ ေျပာင္းေ႐ႊ႕ရတာ ေတာ့ အစ္မကူညီတဲ့အပိုင္းမွာေတာ့ မရွိပါဘူး ေပါ့ေနာ္။ က်န္တဲ့ ပရဟိတေမာင္ႏွမေတြ ကူညီေနတဲ့ အပိုင္းမွာေတာ့ အစ္မ မသိရဘူးေပါ့ေနာ္။ အစ္မ ကူညီတဲ့အပိုင္းမွာေတာ့ မရွိဘူး။ ဒါေပမဲ့ ဥပမာ အိမ္ေျခ ဆယ္ဂဏန္းအထိ ပ်က္စီးတာရွိတယ္။ ဥပမာ ေ႐ႊေတာထဲမွာဆိုရင္ အိမ္ေျခေတာ္ေတာ္ မ်ားမ်ား လုံးဝ ႏြံေအာက္ကိုနစ္သြားတာမ်ိဳးေလးေတြ ရွိတယ္ေပါ့ေနာ္။ အဲဒါကို အစ္မတို႔ေတြက ျပန္လည္ ထူေထာင္ေရးအပိုင္း အေရးေပၚ ေလလုံ၊ မိုးလုံေလး ေတြခံႏိုင္ဖို႔ ဒါမ်ိဳးေလးေတြကို ေသေသခ်ာခ်ာေလး ျပန္စီစဥ္ေပးရတာေလးေတြရွိတယ္ေပါ့ ေနာ္။

ေမး - အစ္မအေနနဲ႔ အေတြ႕အႀကဳံရင့္ လူမႈကူညီသူ တစ္ဦးျဖစ္ပါတယ္။ အစ္မရဲ႕ အေတြ႕အႀကဳံ တစ္ေလွ်ာက္မွာ အခု သဘာဝေဘးက တစ္ႀကိမ္ထက္ တစ္ႀကိမ္ ပိုဆိုးလာပါသလား။ ကူညီရတဲ့ အပိုင္းကေကာ ဘယ္လို ရွိပါသလဲ။
ေျဖ - အစ္မက နာဂစ္၊ (၂၀၁၅) ေရေဘး၊ ၿပီးေတာ့ ေရေဘးမွန္သမွ် ကူညီခဲ့တယ္ေပါ့။ ဒီတစ္ေခါက္မွာ ေတာ့ ေရွ႕လထဲမွာ ဆို ဥကၠံ-အေဖ်ာက္ လမ္းပိုင္း ေရေဘးေပါ့။ ဒီထဲမွာက သဘာဝေဘးက တစ္ႀကိမ္ထက္တစ္ႀကိမ္ ပိုၿပီးေတာ့ ဆိုး႐ြား လာတယ္။ ဘာေတြ သုံးသပ္ျပင္ဆင္ရမလဲဆိုတာကိုလည္း မိုးေလဝသ သတင္းေတြ နားေထာင္ၿပီးေတာ့ အခ်ိန္ျပည့္ကို ေလ့က်င့္မႈေတြလုပ္ၿပီး ျပန္စေနရတာ ရွိတာေပါ့။ တစ္ႀကိမ္ထက္တစ္ႀကိမ္ ပိုပိုၿပီးေတာ့ စိန္ေခၚမႈကေတာ့ ျမင့္လာတဲ့ အေနအထားေတာ့ ျဖစ္ေနတာေပါ့။ ရာသီဥတုကလည္း ပိုၿပီးဆိုး႐ြားလာတယ္။ ေရစီးေရလာ အပိုင္းကလည္း နည္းနည္း ေလး အာ႐ုံစိုက္ရ မယ့္အပိုင္း ျဖစ္လာတာေပါ့။ အရင္တုန္းကဆိုရင္ ေျမၿပိဳမႈေတြကလည္း မ်ားေပမယ့္လည္း အိမ္ေျခ ေတြ ထိခိုက္မႈက ဒီဟာကပိုၿပီး လူေတြ အာ႐ုံစိုက္မိလာတာေပါ့။

ေမး - အင္းေလးက႐ြာေတြ အေျခအေနကေကာ လက္ရွိ ဘယ္လို အခက္အခဲေတြ ျဖစ္ေနၾကပါသလဲ။
ေျဖ - အင္းေလးထဲက ႐ြာေတြကက်ေတာ့ ေရက ပုံမွန္အထိပဲ တက္တဲ့ဟာက ေနၿပီးေတာ့ ေရတက္တာ အရမ္းမ်ား သြားတယ္။ ေနာက္ၿပီးေတာ့ ေရလႊမ္းတဲ့ေနရာ ေရတက္တဲ့ ႏႈန္းကလည္း ေတာ္ေတာ္ တက္သြားတယ္။ ေနာက္တစ္ခ်က္ က အင္းေလးရဲ႕ အဓိက အက်ဆုံး အခက္အခဲကေတာ့ Transformer ေတြ ေရျမဳပ္သြားတယ္ေပါ့ေနာ္။ မီးရရွိဖို႔ ခက္ခဲ တယ္။ ေရႀကီး၊ ေရလွ်ံျခင္းရဲ႕ ေနာက္ဆက္တြဲမွာ မီးအလင္းေရာင္လည္း ေကာင္းေကာင္း မရွိဘူးဆိုရင္ ေႁမြအပါအဝင္ အဆိပ္ရွိသတၱဝါနဲ႔ ပတ္သက္တာ ဂ႐ုစိုက္သင့္တယ္။ ေနာက္တစ္ခ်က္ကေတာ့ ဆန္၊ ဆီ၊ ဆားေပါ့။ ၿပီးေတာ့ ေလာင္ စာပါ။ ရိကၡာေတြလာၿပီး လႉဒါန္းတာရွိရင္ေတာင္၊ ေရေဘးေရွာင္ စခန္းေတြမွာ စုၿပီးေနလို႔ရတယ္ ဆိုရင္ေတာင္ ေလာင္စာေလးေတြထည့္ၿပီး လႉဒါန္း ေပးသင့္ပါတယ္။ အဓိကက်တာက အစ္မတို႔ဆို ေလာင္စာတို႔၊ ဆိုလာမီးတို႔ လႉတာရွိတယ္။ ဝမ္းေရာဂါနဲ႔ ပတ္သက္ ၿပီးေတာ့လည္း ထည့္သြင္း စဥ္းစားမိတယ္။ ေရသန႔္ ရရွိဖို႔ အတြက္လည္း ေရသန႔္ (၂၀) လီတာဘူး ငါးရာ အင္ေလးထဲကို ပုံမွန္လႉဒါန္းပါတယ္။ အလႉရွင္ ႀကီးေတြက ေရသန႔္စက္ေတြ ထိုင္ၿပီး လႉဒါန္းေပး မယ္လို႔ ၾကားရပါတယ္။ လႈိင္းႀကီးတတ္တဲ့ ေနရာေတြ၊ သြားလာရခက္တဲ့ ေနရာေတြကို လႉဒါန္းဖို႔ လိုအပ္ ေနပါ ေသးတယ္။ ေနာက္ၿပီးေတာ့ အင္းေလးရဲ႕ ႐ြာေတြက အရမ္းမ်ားတာ ျဖစ္တဲ့အတြက္ ဘယ္႐ြာက အဓိကလိုတယ္၊ ဘယ္႐ြာက မလိုေသးဘူး၊ ပိုလွ်ံ ေနတယ္ဆိုတာကို ေဒသခံေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ကူညီကယ္ဆယ္ေရး သမားေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ကူညီမယ္ဆိုရင္ ပိုၿပီး ထိထိေရာက္ေရာက္ ကူညီ ႏိုင္မွာေပါ့။

ေမး - အစ္မတို႔ လက္ရွိကူေနတဲ့ အပိုင္းမွာ႐ြာေတြက ေျမၿပိဳတာေၾကာင့္ အဓိက အခက္အခဲ ျဖစ္တာလား။ တျခား ဘယ္လို အခက္အခဲေတြ ပါပါေသးလဲ။
ေျဖ - အစ္မက ဥပမာ မဲနယ္ေတာင္ဘက္ ဆိုရင္လြန္ခဲ့တဲ့ ငါးရက္ေလာက္တည္းက ေရာက္တယ္။ သူတို႔ဆီမွာ ၾကည့္ရ တာက ေဒသသည္ လမ္းပန္း ဆက္သြယ္ေရးက တခ်ိဳ႕လမ္းေတြဆို ေျမေတြၿပိဳက်ၿပီးေတာ့ ပိတ္ဆို႔သြားတာရွိတယ္။ အဲဒီေတာ့ အကူအညီအေထာက္အပံ့ေပးဖို႔က လမ္းေတြကို ျပန္ေဖာ္တဲ့အဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ရတယ္။ အမ်ား ဆုံးကေတာ့ ေဒသရဲ႕ ဘုန္းဘုန္းေတြကေန ေဆာင္႐ြက္တာမ်ိဳးေတြ ရွိတာေပါ့။ အစ္မတို႔က ပူးေပါင္းပါဝင္ၿပီးေတာ့ လုပ္ေပးရတယ္။ မဲနယ္ ေတာင္ဘက္ဆို ေခ်ာင္းေရေတြပါ ေက်ာက္တုံးနဲ႔ အတူေမ်ာပါ လာၿပီးေတာ့ အပင္ႀကီးေတြပါ အခ်ိန္ တစ္ခုအတြင္း ၿပိဳက်တာ။ အိမ္ေတြပါ ပါကုန္တာ။ အဲ့ဒီမွာေတာ့ မိသားစုေတြပါ ေပ်ာက္ဆုံး သြားတာကို အစ္မတို႔ ၾကားမိထားတာ ေတြေတာ့ ရွိတယ္။ ေခြး႐ုပ္ လို ေနရာမ်ိဳး က်ေတာ့ လမ္းပန္း ဆက္သြယ္ေရးက တအား ခက္ခဲၿပီးေတာ့ ကူညီေထာက္ပံ့ေရး၊ လႉဒါန္း ေရးေတြလည္း မေရာက္ဘူး။ အစ္မတို႔က ကား တစ္စီးစာ ပို႔မယ္ဆို ဆိုင္ကယ္ ဆယ့္ငါးစီးေလာက္ကို ႏွစ္ခါေလာက္ သယ္ရတယ္။ အစ္မတို႔ သုံးေနက် ဆိုင္ကယ္နဲ႔လည္း အဆင္မေျပဘူး။ ဆိုင္ကယ္ဘီး ေတြမွာ ခ်ိန္းႀကိဳးေတြ ျပန္ပတ္ၿပီးေတာ့မွ ခက္ခက္ခဲခဲ သြားရတယ္။ ဒါမ်ိဳးေလးေတြပါ ရွိတယ္။ တျခား သတၱဝါေတြလည္း ထိခိုက္မႈ ရွိၾကတယ္။ အိမ္ေမြး တိရစာၦန္ေလးေတြေပါ့။

ေမး - ေဒသခံေတြအတြက္ ျပန္လည္ ထူေထာင္ဖို႔ က လြယ္ပါ့မလား ခင္ဗ်ာ။ ဘယ္လို အခက္အခဲေတြ ရွိႏိုင္ပါသလဲ။
ေျဖ - ေဒသခံေတြ ျပန္လည္ထူေထာင္ေရးက အမ်ားဆုံး အလႉရွင္ေတြရဲ႕ အင္အား၊ ကယ္ဆယ္ေရး သမားေတြရဲ႕ အင္အား၊ ပရဟိတ သမားေတြရဲ႕ အင္အားေတြ အမ်ားႀကီးပဲ ပူးေပါင္းပါဝင္ၿပီးေတာ့ အဘက္ဘက္ကေန အမ်ားႀကီး ကူညီၾကတယ္ေပါ့။ ဒါေပမဲ့ တကယ္တမ္း ေဘးဒုကၡျဖစ္တဲ့သူေတြ၊ ေဘးအႏၲရာယ္ႀကဳံရတဲ့ သူေတြကို ရာႏႈန္းျပည့္ တိတိပပ ျပန္လည္ ကုစားေပးဖို႔ေတာ့ အခ်ိန္ အတိုင္း အတာ ယူရမွာပါ။ ၿပီးေတာ့ ဒီလိုမ်ိဳး ပ်က္စီး ဆုံးရႈံးမႈေတြ မ်ားတဲ့ အတြက္ တခ်ိဳ႕ဆိုရင္ အိုး၊ အိမ္ ပ်က္စီးတယ္။ တခ်ိဳ႕ဆို အစ္မ မေန႔က သြားကူတာဆို လြိဳင္ေကာ္ကေန ေရတအား ႀကီးလာေတာ့ ထြက္ေျပးရင္း ဓာတ္ႀကိဳးနဲ႔ ထိမိၿပီး လက္ေတြ၊ ေျခေထာက္ေတြ ျဖတ္လိုက္ရတယ္။ ကိုယ္ခႏၶာ ထိခိုက္မႈေတြ ရွိတယ္။ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြလည္း ရွိတယ္။ အိုး၊ အိမ္ ပ်က္စီးမႈလည္း ရွိတာ ျဖစ္တဲ့အတြက္ သဘာဝ ေဘးအႏၲရာယ္ကေန ျပန္လည္ ထူေထာင္ႏိုင္ဖို႔က စိတ္ေရာ၊ ကိုယ္ေရာ ကိုယ္တတ္စြမ္း စာနာၿပီး အမ်ားႀကီး ကူညီေပးရဦးမွာပါ။ အားလုံးက ဝိုင္းဝန္းၿပီး အဘက္ဘက္က ကူညီေပးမွ ရမွာပါ။

ေမး - လက္ရွိ ေရျပင္ကယ္ဆယ္ေရးအတြက္ အသက္စြန႔္ၿပီး ကူညီေနတဲ့ ပရဟိတ အသင္းေတြနဲ႔ ပတ္သက္လို႔ တခ်ိဳ႕က ေဝဖန္တာေတြ ရွိေနတယ္။ အစ္မ အေနနဲ႔ ဘာေျပာခ်င္ပါသလဲ။
ေျဖ - ပရဟိတ သမားေတြနဲ႔ ပတ္သက္ၿပီး ဥပမာ ေရျပင္ ကယ္ဆယ္ေရး စတင္ရတဲ့ ေရႀကီး ေရလွ်ံမႈ ရဲ႕ ၁၁ ရက္တည္းက ပရဟိတ သမားေတြက ႀကိဳတင္ ျပင္ဆင္မႈလည္း လုပ္ခဲ့ၾကတယ္။ ၿပီးေတာ့ ေရေဘး ထဲမွာမွ အသက္ဆုံးရႈံး ရတဲ့ ပရဟိတသမားေတြလည္း ရွိခဲ့တယ္။ ေဆး႐ုံတက္ရတဲ့ ပရဟိတ သမားေတြလည္း အမ်ားႀကီးရွိၾကတယ္။ ပရဟိတ သမားေတြက ဘယ္သူ႔ဆီကမွ လစာဆိုၿပီး မည္မည္ရရ ရွိတာ မဟုတ္ဘူး။ ပရဟိတ သမားေတြလည္း လူေတြပဲ။ စာနာတတ္တဲ့ စိတ္ကေလးနဲ႔ ထြက္ကူတာပဲ။ တခ်ိဳ႕ေတြရဲ႕ အျမင္လြဲမႈေတြ ဘယ္လို ရွိပါေစ ပရဟိတ သမားေတြကေတာ့ ပရဟိတ အလုပ္ကို ဆက္လုပ္မွာပါ။

© 2021. All rights reserved.