အရှေ့အလယ်ပိုင်းတွင်စတင်ပြီး အရှေ့အလယ်ပိုင်းတွင် အဆုံးမသတ်ပါက (ဘာသာပြန်ဆောင်းပါး)

 247

သန်းထိုက်စိုး (NP News) - အောက်တိုဘာ ၈

အစ္စရေးနှင့် ဟစ္စဘိုလာတို့ကြား ဖြစ်ပွားနေသည့် လက်ရှိစစ်ပွဲသည် အလုံးစုံပျက်စီးရေးဆီ ဦးတည်သွားသည်အထိ အရှိန်မြင့်လာမည်ကို အများစုက စိုးရိမ်နေကြသည်။

အစ္စရေး-ဟားမတ်စစ်ပွဲသည် အစ္စရေး-ဟစ္စဘိုလာစစ်ပွဲဘက်သို့ လှည့်လာပြန်သည်။ သို့သော် အစ္စရေး-ဟစ္စဘိုလာစစ်ပွဲသည် ယခုမှတော့မဟုတ်။ အစောဆုံးကာလအားဖြင့် (၂၀ဝ၆) ခုနှစ်ကလည်း ဖြစ်ခဲ့သည်။

လတ်တလောစစ်ပွဲမှာ ဟစ္စဘိုလာတို့ အသုံးပြုနေသည့် ဆက်သွယ်ရေးကိရိယာဖြစ်သော pagers များနှင့် walkie-talkies တို့ ပေါက်ကွဲစေရန် အစ္စရေးတို့က ဖန်တီးခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဟစ္စဘိုလာတို့ကစွပ်စွဲပြောဆိုထားသည်။ ဟစ္စဘိုလာတို့ ၏စွပ်စွဲချက်နှင့်ပတ်သက်၍ အစ္စရေးတို့က ဝန်ခံခြင်း မပြုသကဲ့သို့ ငြင်းဆိုခြင်းလည်းမပြုပါ။

အစ္စရေးတို့၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဟစ္စ ဘိုလာခေါင်းဆောင်က လက်စားချေမည်ဟု အလေး အနက်ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုပြီး နောက်တစ် ရက်တွင် ဟစ္စဘိုလာတပ်ဖွဲ့တို့သည် အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ဒုံးကျည်များဖြင့် အစုအပြုံလိုက် တိုက်ခိုက်ခဲ့သည်။ ဟစ္စဘိုလာတပ်မှူး တစ်ဦးမှာလည်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ အစ္စရေးတို့၏ တိုက် ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ သည်။ အီရန်တို့ ကျောထောက်နောက်ခံပေးထားသည့် ရှီရာအုပ်စု သည် လက်ဘနွန်နိုင်ငံတွင် အင်အား အကြီးမားဆုံး လက်နက်ကိုင်အုပ်စုဖြစ်ရာ အစ္စရေးနိုင်ငံ မြောက်ပိုင်းအထိ ရော့ကက်ပေါင်း (၁၀ဝ)ကျော် ဖြင့် တိုက်ခိုက်ခဲ့သည်။ အစ္စရေးတို့ကလည်း လက်ဘနွန်နိုင်ငံအတွင်း သို့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ရာနှင့်ချီ၍ ပြုလုပ်ခဲ့သည်။ (၂၀ဝ၆) ခုနှစ် အစ္စရေး-ဟစ္စဘိုလာ စစ်ပွဲမှစ၍ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံသားပေါင်း (၄၉၀) ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။ အစ္စရေးတို့ ကလည်း ဟစ္စဘိုလာတို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်၍ လက်ဘနွန်နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ ဒေသခံများအနေဖြင့် နေအိမ်များမှစွန့်ခွာပြီး ဘေးလွတ်ရာတွင်နေထိုင်ကြ ရန် သတိပေးထားသည်။

အစ္စရေးနှင့် ဟစ္စဘိုလာတို့ကြား ဖြစ်ပွားနေသည့် လက်ရှိစစ်ပွဲသည် အလုံးစုံပျက်စီးရေးဆီ ဦးတည်သွားသည်အထိ အရှိန်မြင့်လာမည်ကို အများစုက စိုးရိမ်နေကြသည်။ ဂါဇာတွင်ဖြစ်ခဲ့သည့် အခြေအနေများကလည်း ဒေသတစ်ခုလုံးကိုပျက်သုဉ်းစေခဲ့ပြီး ဖြစ်သည်။ အစ္စရေးနှင့် ဟစ္စဘိုလာတို့ သည် ဂါဇာစစ်ပွဲစတင်ချိန်ကတည်းက နှစ်ဖက် အပြန်အလှန် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အမေရိကန် နှင့်မဟာမိတ်တို့၏ ပြင်းထန်သည့်ဖိအားပေးမှုများကြောင့် နှစ်ဖက်တပ်ဖွဲ့များ အပြန်အလှန် ရုပ်သိမ်းခဲ့ကြသည်။

နောက်ဆုံးတိုက်ခိုက်မှုများအတွင်း လက်ဘနွန် တပ်ဖွဲ့ဝင် (၁၆၀ဝ)ကျော် ဒဏ်ရာရရှိခဲ့သည်။ ထောင် နှင့်ချီ၍ လက်ဘနွန်နိုင်ငံအတွင်းမှထွက်ပြေးခဲ့ကြရသည်။ အစ္စရေးတို့ကမူ ဟစ္စဘိုလာ လက်နက် တိုက်များနှင့် ပစ်မှတ် (၈၀ဝ) ကို အဓိကထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ သို့သော် အစ္စရေးတို့သည် ဆေးရုံများ၊ ဆေးပေးခန်းများ နှင့် လူနာတင်ယာဉ်များကို အဓိကထား တိုက် ခိုက်ခြင်း ဖြစ်သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးက ပြောဆိုခဲ့သည်။ ဒေသခံများအနေဖြင့် ဟစ္စဘို လာ လက်နက်တိုက်များ ထားသိုရာနေရာနှင့် အနီးတစ်ဝိုက်တွင်နေထိုင်းခြင်းမှရှောင်ရှားကြရန် အစ္စရေး စစ်တပ်က သတိပေးခဲ့သည်။ မကြာသေးမီရက်ပိုင်းအတွင်းက အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ဘေရွတ်မြို့တောင်ပိုင်းရှိ အထပ်မြင့် အဆောက်အအုံတစ်ခုအတွင်း ဟစ္စဘိုလာထပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သည့် Ibrahim Akil နှင့် အခြားထိပ်ပိုင်း ခေါင်းဆောင်အချို့သေဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါ ဟစ္စဘိုလာ ခေါင်းဆောင်သည် အစ္စရေးနိုင်ငံအတွင်းသို့ ရော့ကက်များ၊ မောင်းသူမဲ့ ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်ရာတွင် ဦးဆောင်နေသူတစ်ဦးဖြစ်သည်ဟု အစ္စရေးဘက်က ထုတ်ဖော် ပြောဆိုထားသည်။ အစ္စရေးတို့ ပြုလုပ်ထားသည့် အီလက်ထရွန်နစ် စစ်ဆင်ရေးဟု ဆိုနိုင်သည့် pagers များ ၊ walkie-talkies တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်မှုတွင် အနည်းဆုံး (၃၇) ဦး သေဆုံးခဲ့ရာ ကလေးငယ် နှစ်ဦးပါဝင်ခဲ့ပြီး (၃၀ဝ) ကျော် ဒဏ်ရာရရှိခဲ့သည်။ လေ့လာသူများကမူ အဆိုပါ တိုက်ခိုက်မှုသည် ဟစ္စဘိုလာတို့၏ လူစွမ်းအားအရင်း အမြစ်အပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ဟုဆိုကြသည်။ သို့သော် အဖွဲ့ဝင်အချင်းချင်းကြား ဆက်သွယ်ရေး ပြုလုပ်ရာတွင် အခက်အခဲများဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။

အစ္စရေးတို့သည် လက်ဘနွန်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသော်လည်း မြေပြင်တပ်ဖွဲ့များဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး ချက်ခြင်းမလုပ်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် အစ္စရေး တို့သည် ဂါဇာတွင် တိုက်ခိုက်မှုများအရှိန်လျှော့ချပြီး ၎င်း၏ တပ်ဖွဲ့ဝင်များကို လက်ဘနွန်နယ်စပ်သို့ တိုးမြှင့်ချထားလာခဲ့သည်။ စစ်ပွဲ၏မြားဦးသည် ဟစ္စဘိုလာတို့ဘက်သို့ ဦးလှည့်လိုက်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က မကြာသေးမီ ရက်ပိုင်းအတွင်းကကြေညာခဲ့သည်။

(၂၀ဝ၆)ခုနှစ် အစ္စရေး-ဂါဇာစစ်ပွဲဖြစ်စဉ်က ကုလသမဂ္ဂကြားဝင်ညှိနှိုင်းမှုဖြင့် ဟစ္စဘိုလာတို့ကို နယ်စပ်စည်းမှ (၁၈) မိုင် နောက်ဆုတ်ပေးရန်တောင်း ဆိုခဲ့ရာ အစ္စရေးတို့ကိုမယုံသဖြင့် ဟစ္စဘိုလာတို့က ငြင်းဆိုခဲ့သည်။ ယခုတစ်ဖန် အစ္စရေးတို့က ဟစ္စဘိုလာတို့ကို နယ်စပ်စည်းမှ (၅) မိုင်မှ (၆) မိုင်အထိ နောက်ဆုတ်ပေးရန်တောင်းဆိုနေသည်။ ယင်းအကွာ အဝေးသည် ဟစ္စဘိုလာတို့၏ တင့်ဖျက် မစ်ဆိုင်းဒုံးကျည်များရောက်ရှိနိုင်သည့်အကွာအဝေးတွင် ရှိနေခြင်း ဖြစ်သည်။ (၂၀ဝ၆) ခုနှစ် အစ္စရေး-ဂါဇာစစ်ပွဲ ဖြစ်ပွားရခြင်းမှာ ဟစ္စဘိုလာတို့သည် အစ္စရေးစစ်သား နှစ်ဦးကို ပြန်ပေးဆွဲသွားရာမှ စတင်ခဲ့ ခြင်းဖြစ်သည်။ အစ္စရေးတို့ကလည်း ပြန်လည်လက်စားချေမှုအဖြစ် ဘေရွတ်မြို့နှင့် လက်ဘနွန် နိုင်ငံ တောင်ပိုင်းသို့ ဗုံးမိုးရွာခဲ့ပြီး မြေပြင်တပ်ဖွဲ့များပါ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အစ္စရေးတို့သည် ယခုတစ်ကြိမ်တိုက်ခိုက်မှုတွင် ရည်မှန်းချက်ပိုကြီးပုံရသည်။ ဟစ္စဘိုလာ တပ်ဖွဲ့ ဝင်များကို နယ်စပ်စည်းမှတွန်းထုတ်ပြီး လက်ဘနွန် တောင်ပိုင်းတွင် ကြားခံဇုန်ထားရှိလိုနေခြင်း ဖြစ် သည်။ နယ်မြေတစ်ခုကိုထိန်းချုပ်ရန် တိုက်ခိုက်ခြင်းသည် စစ်ပွဲတစ်ခုကို ပိုမိုကြာမြင့်ပြီး အပျက်အစီးများ လည်း ပိုမိုဖြစ်စေနိုင်သည်။ (၁၉၈၂) ခုနှစ်မှ (၂၀ဝဝ)ပြည့် နှစ်အတွင်း လက်ဘနွန်တောင်ပိုင်းကို သိမ်းပိုက်ခဲ့သည့်အခြေအနေများကို ပြန်လည်သုံးသပ်ကြည့်ပါက ပိုမိုမြင်သာသည်။

ဟစ္စဘိုလာတို့တွင် ရော့ကတ်နှင့် မစ်ဆိုင်းပေါင်း (၁၅၀ယဝဝဝ)ခန့်ပိုင်ဆိုင်ထားသည်ဟု အစ္စရေး တို့က ခန့်မှန်းထားသည်။ ယင်းတို့အထဲမှ အချို့မှာ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သည့် မစ်ဆိုင်းများဖြစ် ပြီး အစ္စရေးတစ်နိုင်ငံလုံးမှာ ပစ်မှတ်အကွာအဝေးအတွင်း တည်ရှိနေခြင်းဖြစ်သည်။ သို့ဖြစ်ရာ အစ္စရေးတို့ သည် လေကြောင်းကာကွယ်ရေးစနစ်များကို အဆင့်မြှင့် တင်ထားရ၏။ သို့သော် ဖြစ်လာနိုင်သည့် စစ်ပွဲ သစ်ကာလအတွင်း ပြင်းထန်သည့်တိုက်ခိုက်မှုများကို အကာအကွယ်ပေးနိုင်မည်လားဆိုသည်မှာမူ သဲသဲကွဲကွဲမရှိသေးပေ။

အစ္စရေး-ဟစ္စဘိုလာစစ်ပွဲသည် ဟားမတ်စ်တို့ က အစ္စရေးနိုင်ငံကို အပြင်းအထန်တိုက်ခိုက်ခဲ့ သည့် နောက်တစ်ရက် အောက်တိုဘာလ (၈) ရက်မှစ၍ နယ်စပ်မှတစ်ဆင့် အပြန်အလှန်တိုက်ခိုက်ခဲ့ကြ ခြင်း ဖြစ်သည်။ ဂါဇာဒေသကို အစ္စရေးတို့က တိုက်ခိုက်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဟစ္စဘိုလာတို့ က အစ္စရေးတို့ကို ပထမဆုံးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဂါဇာကိုတိုက်ခိုက်မှု ရပ်တန့်ရန်လည်း တောင်းဆို ခဲ့သည်။ အကယ်၍ အစ္စရေး-ဟစ္စဘိုလာစစ်ပွဲသာ တက်ကုန်ရွက်ကုန်ဖွင့်သည့် စစ်ပွဲတစ်ခုအထိဖြစ်ပွား လာခဲ့ပါက ဟားမတ်စ်တို့နှင့်တိုက်ခိုက်သည့် စစ်ပွဲထက် ပိုမိုပြင်းထန်ပြီး အကုန်အကျလည်းများမည်ဖြစ် သည်ဟု စစ်ရေးကျွမ်းကျင်သူများက ထောက်ပြကြသည်။ ဟစ္စဘိုလာတို့တွင် ဟားမတ်စ်တို့နှင့်မတူသည့် ခေတ်မီလက်နက်များပိုင်ဆိုင်ထားကြပြီး a state within the state ဆိုသည့်အတိုင်း အိမ်ကြီးအတွင်း အိမ်ကလေးဆောက်ကာ နေနိုင်ကြသူများဖြစ်ကြသည်။ လွန်ခဲ့သည့်နှစ်အပြန်အလှန်တိုက်ခိုက်မှုများတွင် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ ဒေသခံ ခြောက် သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ ပြီး အစ္စရေးအရပ်သား (၂၆) ဦးသေဆုံးကာ အစ္စရေး စစ်သားနှင့်အရန်တပ်ဖွဲ့ဝင် (၂၂) ဦး သေဆုံးခဲ့ကြောင်း အစ္စရေးမီဒီယာများတွင် ဖော်ပြကြသည်။

အီရန်နိုင်ငံ၏ အနီးကပ်ဆုံးဒေသတွင်း မိတ်ဖက်ဖြစ်သည့် ရှီအိုက်အစ္စလာမ်အုပ်စုတို့တွင် လွန်ခဲ့ သည့် နှစ်များအတွင်းက ခေတ်မီလက်နက်များပိုင်ဆိုင်လာသည့်အပြင် အီရတ်၊ ယီမင်အပါအဝင် အရှေ့ အလယ်ပိုင်းဒေသတစ်ဝန်းတွင် မဟာမိတ်များနှင့် မိတ်ဖက်များမှတစ်ဆင့် ဗျူဟာမြောက်သည့် တိုက် ကွက်များကို ဖော်ဆောင်လာကြသည်။ အလားတူ အစ္စရေးတို့၏ စစ်ဘက်ဆိုင်ရာစွမ်းရည်မှာလည်း (၂၀ဝ၆) ခုနှစ် လက်ဘနွန်တွင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲနှင့်မတူတော့ဘဲ သိသိသာသာတိုးတက် လာခဲ့သည်။ အစ္စရေးတို့သည် ထိုအချိန်က Iron Dome ကာကွယ်ရေးစနစ် များ ပိုင်ဆိုင်ခြင်းမရှိသေးပါ။

စစ်ရေးလေ့လာသူများ၏ခန့်မှန်းချက်အရ ဟစ္စ ဘိုလာတို့တွင် တပ်ဖွဲ့ဝင်ပေါင်း သုံးသောင်းနှင့် ငါး သောင်းကြားတွင် ပိုင်ဆိုင်ထားကြသည်ဟု ခန့်မှန်း ကြသည်။ သို့သော် ယခုနှစ်အစောပိုင်းတွင် ဟစ္စဘိုလာခေါင်းဆောင် Hassan Nasrallah က ထုတ် ဖော်ပြောဆိုချက်အရ ၎င်းတို့တွင် တိုက်ခိုက် ရေးတပ်သားနှင့် အရန်တပ်ဖွဲ့ဝင်ပေါင်း တစ်သိန်းကျော်ရှိသည် ဟုဆိုသည်။ ဟစ္စဘိုလာတို့တွင် ရော့ ကက်နှင့်မစ်ဆိုင်း ဒုံးကျည်ပေါင်း တစ်သိန်းနှစ်သောင်းနှင့် နှစ်သိန်းကြားတွင် ပိုင်ဆိုင်ထားသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ၎င်းတို့ ပိုင်ဆိုင်ထားသည့်လက်နက်များအနက် ခေတ်အမီဆုံး လက်နက်မှာ တာဝေးပစ် မစ်ဆိုင်းဒုံးကျည်ဖြစ်ပြီး ထောင်နှင့်ချီ၍ ပိုင်ဆိုင်ထား နိုင်သည်ဟုခန့်မှန်းကြ သည်။ ယင်းတို့အနက် (၁၅၅) မိုင်နှင့် (၁၈၆) မိုင်ကြားရှိ ပစ်မှတ်များကို တိကျအောင် ပစ်ခတ်နိုင်သည့် မစ်ဆိုင်းဒုံးကျည် (၁၅၀ဝ)ခန့်ကိုလည်း ပိုင်ဆိုင်ထားကြသည်ဟု စစ်ရေးကျွမ်းကျင်သူများက ခန့်မှန်းထား ကြခြင်းဖြစ်သည်။

အစ္စရေးသည် နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ရာ ၎င်း၏စစ်အင်အားမှာလည်း အကန့်အသတ်ရှိ သည်။ ယခုအခါ ဒုတိယမြောက် စစ်မျက်နှာဖွင့်ရမည်ဖြစ်ရာ ဂါဇာရှိ ၎င်း၏တပ်ဖွဲ့ဝင်ကို လက်ဘနွန် မြောက်ပိုင်းသို့ ပြောင်းရွှေ့နေခြင်းဖြစ်သည။ အစ္စရေးတို့သည် (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့မှစ၍ ဂါဇာစစ်ပွဲကို ဆင်နွှဲနေရခြင်းဖြစ်ရာ စီးပွားရေးအပေါ် များစွာရိုက်ခတ်မှုရှိခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကျဆင်းလာခဲ့ရာ အချက်ပေးခေါင်းလောင်းထိုးသည့်အဆင့် သို့ရောက်ရှိလာခဲ့သည်။ စီးပွားရေးပူးပေါင်းဆောင် ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ဝင်(OECD) နိုင်ငံပေါင်း (၃၈)နိုင်ငံတွင် အစ္စရေး နိုင်ငံသည် ယခုနှစ် ဇွန်လနှင့် ဧပြီလကြားတွင် စီးပွားရေးကျဆင်းမှု အမြန်ဆုံး အခြေအနေအထိ ရောက်ရှိသွားခဲ့သည်ဟု သုံးလပတ်အစီရင်ခံစာ (quarterly report) တွင် ဖော်ပြထားသည်။ (၂၀၂၃) ခုနှစ်နှင့် (၂၀၂၅) ခုနှစ်ကြား စစ်ပွဲအသုံးစ ရိတ်မှာ အစ္စရေးငွေကြေး (shekels) (၂၅၃) ဘီလျံ (အမေရိ ကန်ဒေါ်လာ ၆၇ ဘီလျံ)အထိကုန်ကျနိုင်ကြောင်း အစ္စရေး ဗဟိုဘဏ် ဥက္ကဋ္ဌ Amir Yaron ကသတိပေး ထားသည်ဟု အစ္စရေးမီဒီယာများကဖော် ပြကြသည်။ ယင်းအသုံးစရိတ်မှာ အစ္စရေးနိုင်ငံ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP)၏ ၁၃ ရာခိုင်နှုန်းရှိကြောင်း ကမ္ဘာ့ဘဏ်စာရင်းဇယားများတွင်လည်း ဖော်ပြထားသည်။

နောက်ဆုံးရရှိသည့်သတင်းများအရ အစ္စရေးဘက်က လက်ဘနွန်မြောက်ပိုင်းအထိ မြေပြင် တပ်ဖွဲ့ များစေလွှတ်ကာ ဟစ္စဘိုလာတို့ကို အရှိန်မြှင့်တိုက်ခိုက်ရန်ကြိုးပမ်းနေသည်ဟုဆိုသည်။ ဟစ္စဘိုလာတို့တွင်လည်း ခေတ်မီလက်နက်များ ပိုင်ဆိုင်ထားကြရာ တုံ့ပြန်တိုက်ခိုက်မှုများလည်း ကြီးမားမည် ဖြစ်သည်။ ဟစ္စဘိုလာတို့သည်လည်း အီရန်၏ ကျောထောက် နောက်ခံ ပေးမှုရရှိထားရုံမက လက်ဘနွန် နိုင်ငံထဲတွင် အိမ်ကြီးထဲ အိမ်ကလေးဆောက်ခွင့်ရရှိထားသူများ ဖြစ်ရာ နှစ်နိုင်ငံ တိုက်ခိုက် သည့်စစ်ပွဲသည် အရှေ့အလယ်ပိုင်းတွင်စတင်ပြီး အရှေ့အလယ်ပိုင်းတွင် ပြီးဆုံးသွားပါက ပြဿနာ မရှိပါ။ သို့မဟုတ်ပါက အရှေ့အလယ်ပိုင်းတွင်စတင်သည့်စစ်ပွဲသည် ဒေသတွင်း စစ်ပွဲ၊ ဒေသဆိုင်ရာ စစ်ပွဲမှသည် ကမ္ဘာစစ်ပွဲအဆင့်အထိကြီးမားလာမည်ကို အများပြည်သူက ရတက်မအေး နိုင်ဖြစ်နေရပါကြောင်း တင်ပြရသည်။

zawgyi version
အေရွ႕အလယ္ပိုင္းတြင္ စတင္ၿပီး အေရွ႕ အလယ္ပိုင္းတြင္ အဆုံးမသတ္ပါက (ဘာသာျပန္ေဆာင္းပါး)
သန္းထိုက္စိုး (NP News) - ေအာက္တိုဘာ ၈

အစၥေရးႏွင့္ ဟစၥဘိုလာတို႔ၾကား ျဖစ္ပြားေနသည့္ လက္ရွိစစ္ပြဲသည္ အလုံးစုံပ်က္စီးေရးဆီ ဦးတည္သြားသည္အထိ အရွိန္ျမင့္လာမည္ကို အမ်ားစုက စိုးရိမ္ေနၾကသည္။

အစၥေရး-ဟားမတ္စစ္ပြဲသည္ အစၥေရး-ဟစၥဘိုလာစစ္ပြဲဘက္သို႔ လွည့္လာျပန္သည္။ သို႔ေသာ္ အစၥေရး-ဟစၥဘိုလာစစ္ပြဲသည္ ယခုမွေတာ့မဟုတ္။ အေစာဆုံးကာလအားျဖင့္ (၂၀ဝ၆) ခုႏွစ္ကလည္း ျဖစ္ခဲ့သည္။

လတ္တေလာစစ္ပြဲမွာ ဟစၥဘိုလာတို႔ အသုံးျပဳေနသည့္ ဆက္သြယ္ေရးကိရိယာျဖစ္ေသာ pagers မ်ားႏွင့္ walkie-talkies တို႔ ေပါက္ကြဲေစရန္ အစၥေရးတို႔က ဖန္တီးခဲ့ျခင္းေၾကာင့္ျဖစ္သည္ဟု ဟစၥဘိုလာတို႔ကစြပ္စြဲေျပာဆိုထားသည္။ ဟစၥဘိုလာတို႔ ၏စြပ္စြဲခ်က္ႏွင့္ပတ္သက္၍ အစၥေရးတို႔က ဝန္ခံျခင္း မျပဳသကဲ့သို႔ ျငင္းဆိုျခင္းလည္းမျပဳပါ။

အစၥေရးတို႔၏ တိုက္ခိုက္မႈႏွင့္ပတ္သက္၍ ဟစၥ ဘိုလာေခါင္းေဆာင္က လက္စားေခ်မည္ဟု အေလး အနက္ေျပာဆိုခဲ့သည္။ ထိုသို႔ေျပာဆိုၿပီး ေနာက္တစ္ ရက္တြင္ ဟစၥဘိုလာတပ္ဖြဲ႕တို႔သည္ အစၥေရးႏိုင္ငံ ေျမာက္ပိုင္းကို ဒုံးက်ည္မ်ားျဖင့္ အစုအၿပဳံလိုက္ တိုက္ခိုက္ခဲ့သည္။ ဟစၥဘိုလာတပ္မႉး တစ္ဦးမွာလည္း လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕၌ အစၥေရးတို႔၏ တိုက္ ခိုက္မႈတစ္ခုအတြင္း ေသဆုံးသြားခဲ့ သည္။ အီရန္တို႔ ေက်ာေထာက္ေနာက္ခံေပးထားသည့္ ရွီရာအုပ္စု သည္ လက္ဘႏြန္ႏိုင္ငံတြင္ အင္အား အႀကီးမားဆုံး လက္နက္ကိုင္အုပ္စုျဖစ္ရာ အစၥေရးႏိုင္ငံ ေျမာက္ပိုင္းအထိ ေရာ့ကက္ေပါင္း (၁၀ဝ)ေက်ာ္ ျဖင့္ တိုက္ခိုက္ခဲ့သည္။ အစၥေရးတို႔ကလည္း လက္ဘႏြန္ႏိုင္ငံအတြင္း သို႔ ေလေၾကာင္းတိုက္ခိုက္မႈ အႀကိမ္ေပါင္း ရာႏွင့္ခ်ီ၍ ျပဳလုပ္ခဲ့သည္။ (၂၀ဝ၆) ခုႏွစ္ အစၥေရး-ဟစၥဘိုလာ စစ္ပြဲမွစ၍ အစၥေရးတို႔၏ တိုက္ခိုက္မႈေၾကာင့္ လက္ဘႏြန္ႏိုင္ငံသားေပါင္း (၄၉၀) ေက်ာ္ ေသဆုံးခဲ့ရၿပီး ျဖစ္သည္။ အစၥေရးတို႔ ကလည္း ဟစၥဘိုလာတို႔ကို ေလေၾကာင္းတိုက္ခိုက္မႈမ်ား ဆက္လက္ျပဳလုပ္မည္ျဖစ္၍ လက္ဘႏြန္ႏိုင္ငံ ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းရွိ ေဒသခံမ်ားအေနျဖင့္ ေနအိမ္မ်ားမွစြန႔္ခြာၿပီး ေဘးလြတ္ရာတြင္ေနထိုင္ၾက ရန္ သတိေပးထားသည္။

အစၥေရးႏွင့္ ဟစၥဘိုလာတို႔ၾကား ျဖစ္ပြားေနသည့္ လက္ရွိစစ္ပြဲသည္ အလုံးစုံပ်က္စီးေရးဆီ ဦးတည္သြားသည္အထိ အရွိန္ျမင့္လာမည္ကို အမ်ားစုက စိုးရိမ္ေနၾကသည္။ ဂါဇာတြင္ျဖစ္ခဲ့သည့္ အေျခအေနမ်ားကလည္း ေဒသတစ္ခုလုံးကိုပ်က္သုဥ္းေစခဲ့ၿပီး ျဖစ္သည္။ အစၥေရးႏွင့္ ဟစၥဘိုလာတို႔ သည္ ဂါဇာစစ္ပြဲစတင္ခ်ိန္ကတည္းက ႏွစ္ဖက္ အျပန္အလွန္ တိုက္ခိုက္ေနခဲ့ျခင္းျဖစ္သည္။ ေနာက္ပိုင္းတြင္ အေမရိကန္ ႏွင့္မဟာမိတ္တို႔၏ ျပင္းထန္သည့္ဖိအားေပးမႈမ်ားေၾကာင့္ ႏွစ္ဖက္တပ္ဖြဲ႕မ်ား အျပန္အလွန္ ႐ုပ္သိမ္းခဲ့ၾကသည္။

ေနာက္ဆုံးတိုက္ခိုက္မႈမ်ားအတြင္း လက္ဘႏြန္ တပ္ဖြဲ႕ဝင္ (၁၆၀ဝ)ေက်ာ္ ဒဏ္ရာရရွိခဲ့သည္။ ေထာင္ ႏွင့္ခ်ီ၍ လက္ဘႏြန္ႏိုင္ငံအတြင္းမွထြက္ေျပးခဲ့ၾကရသည္။ အစၥေရးတို႔ကမူ ဟစၥဘိုလာ လက္နက္ တိုက္မ်ားႏွင့္ ပစ္မွတ္ (၈၀ဝ) ကို အဓိကထား တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ထုတ္ေဖာ္ေျပာဆိုထားသည္။ သို႔ေသာ္ အစၥေရးတို႔သည္ ေဆး႐ုံမ်ား၊ ေဆးေပးခန္းမ်ား ႏွင့္ လူနာတင္ယာဥ္မ်ားကို အဓိကထား တိုက္ ခိုက္ျခင္း ျဖစ္သည္ဟု လက္ဘႏြန္က်န္းမာေရးဝန္ႀကီးက ေျပာဆိုခဲ့သည္။ ေဒသခံမ်ားအေနျဖင့္ ဟစၥဘို လာ လက္နက္တိုက္မ်ား ထားသိုရာေနရာႏွင့္ အနီးတစ္ဝိုက္တြင္ေနထိုင္းျခင္းမွေရွာင္ရွားၾကရန္ အစၥေရး စစ္တပ္က သတိေပးခဲ့သည္။ မၾကာေသးမီရက္ပိုင္းအတြင္းက အစၥေရးတို႔၏ေလေၾကာင္းတိုက္ခိုက္မႈ တစ္ခုအတြင္း ေဘ႐ြတ္ၿမိဳ႕ေတာင္ပိုင္းရွိ အထပ္ျမင့္ အေဆာက္အအုံတစ္ခုအတြင္း ဟစၥဘိုလာထပ္တန္း ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ Ibrahim Akil ႏွင့္ အျခားထိပ္ပိုင္း ေခါင္းေဆာင္အခ်ိဳ႕ေသဆုံးခဲ့သည္ဟု သိရသည္။ အဆိုပါ ဟစၥဘိုလာ ေခါင္းေဆာင္သည္ အစၥေရးႏိုင္ငံအတြင္းသို႔ ေရာ့ကက္မ်ား၊ ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္မ်ားျဖင့္ တိုက္ခိုက္ရာတြင္ ဦးေဆာင္ေနသူတစ္ဦးျဖစ္သည္ဟု အစၥေရးဘက္က ထုတ္ေဖာ္ ေျပာဆိုထားသည္။ အစၥေရးတို႔ ျပဳလုပ္ထားသည့္ အီလက္ထ႐ြန္နစ္ စစ္ဆင္ေရးဟု ဆိုႏိုင္သည့္ pagers မ်ား ၊ walkie-talkies တို႔ျဖင့္ ေဖာက္ခြဲတိုက္ခိုက္မႈတြင္ အနည္းဆုံး (၃၇) ဦး ေသဆုံးခဲ့ရာ ကေလးငယ္ ႏွစ္ဦးပါဝင္ခဲ့ၿပီး (၃၀ဝ) ေက်ာ္ ဒဏ္ရာရရွိခဲ့သည္။ ေလ့လာသူမ်ားကမူ အဆိုပါ တိုက္ခိုက္မႈသည္ ဟစၥဘိုလာတို႔၏ လူစြမ္းအားအရင္း အျမစ္အေပၚ အက်ိဳးသက္ေရာက္မႈ မရွိႏိုင္ဟုဆိုၾကသည္။ သို႔ေသာ္ အဖြဲ႕ဝင္အခ်င္းခ်င္းၾကား ဆက္သြယ္ေရး ျပဳလုပ္ရာတြင္ အခက္အခဲမ်ားျဖစ္ႏိုင္သည္ဟု သုံးသပ္ၾကသည္။

အစၥေရးတို႔သည္ လက္ဘႏြန္ေတာင္ပိုင္းကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ေနေသာ္လည္း ေျမျပင္တပ္ဖြဲ႕မ်ားျဖင့္ ဝင္ေရာက္တိုက္ခိုက္ျခင္းမ်ိဳး ခ်က္ျခင္းမလုပ္ခဲ့ေပ။ တစ္ခ်ိန္တည္းမွာပင္ အစၥေရး တို႔သည္ ဂါဇာတြင္ တိုက္ခိုက္မႈမ်ားအရွိန္ေလွ်ာ့ခ်ၿပီး ၎၏ တပ္ဖြဲ႕ဝင္မ်ားကို လက္ဘႏြန္နယ္စပ္သို႔ တိုးျမႇင့္ခ်ထားလာခဲ့သည္။ စစ္ပြဲ၏ျမားဦးသည္ ဟစၥဘိုလာတို႔ဘက္သို႔ ဦးလွည့္လိုက္ၿပီျဖစ္ေၾကာင္း အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant က မၾကာေသးမီ ရက္ပိုင္းအတြင္းကေၾကညာခဲ့သည္။

(၂၀ဝ၆)ခုႏွစ္ အစၥေရး-ဂါဇာစစ္ပြဲျဖစ္စဥ္က ကုလသမဂၢၾကားဝင္ညႇိႏႈိင္းမႈျဖင့္ ဟစၥဘိုလာတို႔ကို နယ္စပ္စည္းမွ (၁၈) မိုင္ ေနာက္ဆုတ္ေပးရန္ေတာင္း ဆိုခဲ့ရာ အစၥေရးတို႔ကိုမယုံသျဖင့္ ဟစၥဘိုလာတို႔က ျငင္းဆိုခဲ့သည္။ ယခုတစ္ဖန္ အစၥေရးတို႔က ဟစၥဘိုလာတို႔ကို နယ္စပ္စည္းမွ (၅) မိုင္မွ (၆) မိုင္အထိ ေနာက္ဆုတ္ေပးရန္ေတာင္းဆိုေနသည္။ ယင္းအကြာ အေဝးသည္ ဟစၥဘိုလာတို႔၏ တင့္ဖ်က္ မစ္ဆိုင္းဒုံးက်ည္မ်ားေရာက္ရွိႏိုင္သည့္အကြာအေဝးတြင္ ရွိေနျခင္း ျဖစ္သည္။ (၂၀ဝ၆) ခုႏွစ္ အစၥေရး-ဂါဇာစစ္ပြဲ ျဖစ္ပြားရျခင္းမွာ ဟစၥဘိုလာတို႔သည္ အစၥေရးစစ္သား ႏွစ္ဦးကို ျပန္ေပးဆြဲသြားရာမွ စတင္ခဲ့ ျခင္းျဖစ္သည္။ အစၥေရးတို႔ကလည္း ျပန္လည္လက္စားေခ်မႈအျဖစ္ ေဘ႐ြတ္ၿမိဳ႕ႏွင့္ လက္ဘႏြန္ ႏိုင္ငံ ေတာင္ပိုင္းသို႔ ဗုံးမိုး႐ြာခဲ့ၿပီး ေျမျပင္တပ္ဖြဲ႕မ်ားပါ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။

အစၥေရးတို႔သည္ ယခုတစ္ႀကိမ္တိုက္ခိုက္မႈတြင္ ရည္မွန္းခ်က္ပိုႀကီးပုံရသည္။ ဟစၥဘိုလာ တပ္ဖြဲ႕ ဝင္မ်ားကို နယ္စပ္စည္းမွတြန္းထုတ္ၿပီး လက္ဘႏြန္ ေတာင္ပိုင္းတြင္ ၾကားခံဇုန္ထားရွိလိုေနျခင္း ျဖစ္ သည္။ နယ္ေျမတစ္ခုကိုထိန္းခ်ဳပ္ရန္ တိုက္ခိုက္ျခင္းသည္ စစ္ပြဲတစ္ခုကို ပိုမိုၾကာျမင့္ၿပီး အပ်က္အစီးမ်ား လည္း ပိုမိုျဖစ္ေစႏိုင္သည္။ (၁၉၈၂) ခုႏွစ္မွ (၂၀ဝဝ)ျပည့္ ႏွစ္အတြင္း လက္ဘႏြန္ေတာင္ပိုင္းကို သိမ္းပိုက္ခဲ့သည့္အေျခအေနမ်ားကို ျပန္လည္သုံးသပ္ၾကည့္ပါက ပိုမိုျမင္သာသည္။

ဟစၥဘိုလာတို႔တြင္ ေရာ့ကတ္ႏွင့္ မစ္ဆိုင္းေပါင္း (၁၅၀ယဝဝဝ)ခန႔္ပိုင္ဆိုင္ထားသည္ဟု အစၥေရး တို႔က ခန႔္မွန္းထားသည္။ ယင္းတို႔အထဲမွ အခ်ိဳ႕မွာ ပစ္မွတ္ကို တိက်စြာပစ္ခတ္ႏိုင္သည့္ မစ္ဆိုင္းမ်ားျဖစ္ ၿပီး အစၥေရးတစ္ႏိုင္ငံလုံးမွာ ပစ္မွတ္အကြာအေဝးအတြင္း တည္ရွိေနျခင္းျဖစ္သည္။ သို႔ျဖစ္ရာ အစၥေရးတို႔ သည္ ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားကို အဆင့္ျမႇင့္ တင္ထားရ၏။ သို႔ေသာ္ ျဖစ္လာႏိုင္သည့္ စစ္ပြဲ သစ္ကာလအတြင္း ျပင္းထန္သည့္တိုက္ခိုက္မႈမ်ားကို အကာအကြယ္ေပးႏိုင္မည္လားဆိုသည္မွာမူ သဲသဲကြဲကြဲမရွိေသးေပ။

အစၥေရး-ဟစၥဘိုလာစစ္ပြဲသည္ ဟားမတ္စ္တို႔ က အစၥေရးႏိုင္ငံကို အျပင္းအထန္တိုက္ခိုက္ခဲ့ သည့္ ေနာက္တစ္ရက္ ေအာက္တိုဘာလ (၈) ရက္မွစ၍ နယ္စပ္မွတစ္ဆင့္ အျပန္အလွန္တိုက္ခိုက္ခဲ့ၾက ျခင္း ျဖစ္သည္။ ဂါဇာေဒသကို အစၥေရးတို႔က တိုက္ခိုက္ျခင္းကို ကန႔္ကြက္သည့္အေနျဖင့္ ဟစၥဘိုလာတို႔ က အစၥေရးတို႔ကို ပထမဆုံးတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ ဂါဇာကိုတိုက္ခိုက္မႈ ရပ္တန႔္ရန္လည္း ေတာင္းဆို ခဲ့သည္။ အကယ္၍ အစၥေရး-ဟစၥဘိုလာစစ္ပြဲသာ တက္ကုန္႐ြက္ကုန္ဖြင့္သည့္ စစ္ပြဲတစ္ခုအထိျဖစ္ပြား လာခဲ့ပါက ဟားမတ္စ္တို႔ႏွင့္တိုက္ခိုက္သည့္ စစ္ပြဲထက္ ပိုမိုျပင္းထန္ၿပီး အကုန္အက်လည္းမ်ားမည္ျဖစ္ သည္ဟု စစ္ေရးကြၽမ္းက်င္သူမ်ားက ေထာက္ျပၾကသည္။ ဟစၥဘိုလာတို႔တြင္ ဟားမတ္စ္တို႔ႏွင့္မတူသည့္ ေခတ္မီလက္နက္မ်ားပိုင္ဆိုင္ထားၾကၿပီး a state within the state ဆိုသည့္အတိုင္း အိမ္ႀကီးအတြင္း အိမ္ကေလးေဆာက္ကာ ေနႏိုင္ၾကသူမ်ားျဖစ္ၾကသည္။ လြန္ခဲ့သည့္ႏွစ္အျပန္အလွန္တိုက္ခိုက္မႈမ်ားတြင္ အစၥေရးႏိုင္ငံေျမာက္ပိုင္းရွိ ေဒသခံ ေျခာက္ ေသာင္းေက်ာ္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရ ၿပီး အစၥေရးအရပ္သား (၂၆) ဦးေသဆုံးကာ အစၥေရး စစ္သားႏွင့္အရန္တပ္ဖြဲ႕ဝင္ (၂၂) ဦး ေသဆုံးခဲ့ေၾကာင္း အစၥေရးမီဒီယာမ်ားတြင္ ေဖာ္ျပၾကသည္။

အီရန္ႏိုင္ငံ၏ အနီးကပ္ဆုံးေဒသတြင္း မိတ္ဖက္ျဖစ္သည့္ ရွီအိုက္အစၥလာမ္အုပ္စုတို႔တြင္ လြန္ခဲ့ သည့္ ႏွစ္မ်ားအတြင္းက ေခတ္မီလက္နက္မ်ားပိုင္ဆိုင္လာသည့္အျပင္ အီရတ္၊ ယီမင္အပါအဝင္ အေရွ႕ အလယ္ပိုင္းေဒသတစ္ဝန္းတြင္ မဟာမိတ္မ်ားႏွင့္ မိတ္ဖက္မ်ားမွတစ္ဆင့္ ဗ်ဴဟာေျမာက္သည့္ တိုက္ ကြက္မ်ားကို ေဖာ္ေဆာင္လာၾကသည္။ အလားတူ အစၥေရးတို႔၏ စစ္ဘက္ဆိုင္ရာစြမ္းရည္မွာလည္း (၂၀ဝ၆) ခုႏွစ္ လက္ဘႏြန္တြင္တိုက္ခိုက္ခဲ့သည့္ စစ္ပြဲႏွင့္မတူေတာ့ဘဲ သိသိသာသာတိုးတက္ လာခဲ့သည္။ အစၥေရးတို႔သည္ ထိုအခ်ိန္က Iron Dome ကာကြယ္ေရးစနစ္ မ်ား ပိုင္ဆိုင္ျခင္းမရွိေသးပါ။

စစ္ေရးေလ့လာသူမ်ား၏ခန႔္မွန္းခ်က္အရ ဟစၥ ဘိုလာတို႔တြင္ တပ္ဖြဲ႕ဝင္ေပါင္း သုံးေသာင္းႏွင့္ ငါး ေသာင္းၾကားတြင္ ပိုင္ဆိုင္ထားၾကသည္ဟု ခန႔္မွန္း ၾကသည္။ သို႔ေသာ္ ယခုႏွစ္အေစာပိုင္းတြင္ ဟစၥဘိုလာေခါင္းေဆာင္ Hassan Nasrallah က ထုတ္ ေဖာ္ေျပာဆိုခ်က္အရ ၎တို႔တြင္ တိုက္ခိုက္ ေရးတပ္သားႏွင့္ အရန္တပ္ဖြဲ႕ဝင္ေပါင္း တစ္သိန္းေက်ာ္ရွိသည္ ဟုဆိုသည္။ ဟစၥဘိုလာတို႔တြင္ ေရာ့ ကက္ႏွင့္မစ္ဆိုင္း ဒုံးက်ည္ေပါင္း တစ္သိန္းႏွစ္ေသာင္းႏွင့္ ႏွစ္သိန္းၾကားတြင္ ပိုင္ဆိုင္ထားသည္ဟု ကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထားသည္။ ၎တို႔ ပိုင္ဆိုင္ထားသည့္လက္နက္မ်ားအနက္ ေခတ္အမီဆုံး လက္နက္မွာ တာေဝးပစ္ မစ္ဆိုင္းဒုံးက်ည္ျဖစ္ၿပီး ေထာင္ႏွင့္ခ်ီ၍ ပိုင္ဆိုင္ထား ႏိုင္သည္ဟုခန႔္မွန္းၾက သည္။ ယင္းတို႔အနက္ (၁၅၅) မိုင္ႏွင့္ (၁၈၆) မိုင္ၾကားရွိ ပစ္မွတ္မ်ားကို တိက်ေအာင္ ပစ္ခတ္ႏိုင္သည့္ မစ္ဆိုင္းဒုံးက်ည္ (၁၅၀ဝ)ခန႔္ကိုလည္း ပိုင္ဆိုင္ထားၾကသည္ဟု စစ္ေရးကြၽမ္းက်င္သူမ်ားက ခန႔္မွန္းထား ၾကျခင္းျဖစ္သည္။

အစၥေရးသည္ ႏိုင္ငံငယ္ေလးတစ္ႏိုင္ငံျဖစ္ရာ ၎၏စစ္အင္အားမွာလည္း အကန႔္အသတ္ရွိ သည္။ ယခုအခါ ဒုတိယေျမာက္ စစ္မ်က္ႏွာဖြင့္ရမည္ျဖစ္ရာ ဂါဇာရွိ ၎၏တပ္ဖြဲ႕ဝင္ကို လက္ဘႏြန္ ေျမာက္ပိုင္းသို႔ ေျပာင္းေ႐ႊ႕ေနျခင္းျဖစ္သည။ အစၥေရးတို႔သည္ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၇) ရက္ေန႔မွစ၍ ဂါဇာစစ္ပြဲကို ဆင္ႏႊဲေနရျခင္းျဖစ္ရာ စီးပြားေရးအေပၚ မ်ားစြာ႐ိုက္ခတ္မႈရွိခဲ့ၿပီး ႏိုင္ငံ၏ စီးပြားေရးက်ဆင္းလာခဲ့ရာ အခ်က္ေပးေခါင္းေလာင္းထိုးသည့္အဆင့္ သို႔ေရာက္ရွိလာခဲ့သည္။ စီးပြားေရးပူးေပါင္းေဆာင္ ႐ြက္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးအဖြဲ႕ဝင္(OECD) ႏိုင္ငံေပါင္း (၃၈)ႏိုင္ငံတြင္ အစၥေရး ႏိုင္ငံသည္ ယခုႏွစ္ ဇြန္လႏွင့္ ဧၿပီလၾကားတြင္ စီးပြားေရးက်ဆင္းမႈ အျမန္ဆုံး အေျခအေနအထိ ေရာက္ရွိသြားခဲ့သည္ဟု သုံးလပတ္အစီရင္ခံစာ (quarterly report) တြင္ ေဖာ္ျပထားသည္။ (၂၀၂၃) ခုႏွစ္ႏွင့္ (၂၀၂၅) ခုႏွစ္ၾကား စစ္ပြဲအသုံးစ ရိတ္မွာ အစၥေရးေငြေၾကး (shekels) (၂၅၃) ဘီလ်ံ (အေမရိ ကန္ေဒၚလာ ၆၇ ဘီလ်ံ)အထိကုန္က်ႏိုင္ေၾကာင္း အစၥေရး ဗဟိုဘဏ္ ဥကၠ႒ Amir Yaron ကသတိေပး ထားသည္ဟု အစၥေရးမီဒီယာမ်ားကေဖာ္ ျပၾကသည္။ ယင္းအသုံးစရိတ္မွာ အစၥေရးႏိုင္ငံ ျပည္တြင္း အသားတင္ထုတ္လုပ္မႈ (GDP)၏ ၁၃ ရာခိုင္ႏႈန္းရွိေၾကာင္း ကမာၻ႔ဘဏ္စာရင္းဇယားမ်ားတြင္လည္း ေဖာ္ျပထားသည္။

ေနာက္ဆုံးရရွိသည့္သတင္းမ်ားအရ အစၥေရးဘက္က လက္ဘႏြန္ေျမာက္ပိုင္းအထိ ေျမျပင္ တပ္ဖြဲ႕ မ်ားေစလႊတ္ကာ ဟစၥဘိုလာတို႔ကို အရွိန္ျမႇင့္တိုက္ခိုက္ရန္ႀကိဳးပမ္းေနသည္ဟုဆိုသည္။ ဟစၥဘိုလာတို႔တြင္လည္း ေခတ္မီလက္နက္မ်ား ပိုင္ဆိုင္ထားၾကရာ တုံ႔ျပန္တိုက္ခိုက္မႈမ်ားလည္း ႀကီးမားမည္ ျဖစ္သည္။ ဟစၥဘိုလာတို႔သည္လည္း အီရန္၏ ေက်ာေထာက္ ေနာက္ခံ ေပးမႈရရွိထား႐ုံမက လက္ဘႏြန္ ႏိုင္ငံထဲတြင္ အိမ္ႀကီးထဲ အိမ္ကေလးေဆာက္ခြင့္ရရွိထားသူမ်ား ျဖစ္ရာ ႏွစ္ႏိုင္ငံ တိုက္ခိုက္ သည့္စစ္ပြဲသည္ အေရွ႕အလယ္ပိုင္းတြင္စတင္ၿပီး အေရွ႕အလယ္ပိုင္းတြင္ ၿပီးဆုံးသြားပါက ျပႆနာ မရွိပါ။ သို႔မဟုတ္ပါက အေရွ႕အလယ္ပိုင္းတြင္စတင္သည့္စစ္ပြဲသည္ ေဒသတြင္း စစ္ပြဲ၊ ေဒသဆိုင္ရာ စစ္ပြဲမွသည္ ကမာၻစစ္ပြဲအဆင့္အထိႀကီးမားလာမည္ကို အမ်ားျပည္သူက ရတက္မေအး ႏိုင္ျဖစ္ေနရပါေၾကာင္း တင္ျပရသည္။

Related news

© 2021. All rights reserved.