ကားတစ်စီးစီကို အချိန်(၂၄)နာရီအတွင်း အကွာအဝေး(၃၂)မိုင်အထိ ဆွဲပြခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ဗြိတိန်ညီအစ်ကိုနှစ်ဦး

 176

Pika (NP News) - အောက်တိုဘာ ၁ဝ

ဗြိတိန်နိုင်ငံမှ ညီအစ်ကိုနှစ်ဦးသည် တစ်ဦးလျှင် ကားတစ်စီးစီကို အချိန် (၂၄)နာရီအတွင်း အကွာအဝေး(၃၂)မိုင်အထိ ဆွဲပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

ဂျွန်ဒါဝင် နှင့် ဂျိမ်းစ်ဘိတ်ကာတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဘေးချင်းကပ်လျက်အနေအထားဖြင့် ကားတစ်စီးစီကို အကွာအဝေး(၂၂ ဒသမ ၁၈)မိုင်အထိဆွဲပြကာ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ထားသူများဖြစ် ကြောင်းလည်း သိရသည်။ ယခုတစ်ကြိမ်တွင် ဂျွန်ဒါဝင် နှင့် ဂျိမ်းစ်ဘိတ်ကာတို့သည် ၎င်းတို့၏ကိုယ်ပိုင်စံချိန်ကို ထပ်မံချိုးဖျက်ရန်အတွက် ကြိုးပမ်းရန်ဆုံးဖြတ်ခဲ့ပြီးနောက် ယခုလိုဂင်းနစ်စံချိန်ထပ်မံချိုးဖျက်နိုင်ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။ အဆိုပါကြိုးပမ်းမှုနှစ်ခုစလုံးတွင် ဂျွန်ဒါဝင်နှင့် ဂျိမ်းစ်ဘိတ်ကာတို့သည် စံချိန်ကို အတူတကွရယူနိုင်ရန်အတွက် တူညီသောအကွာအဝေးတစ်ခုတွင် အတိအကျရပ်ရန် တိုင်ပင်ထားခဲ့ကြကြောင်းလည်းသိရသည်။ အဆိုပါဂင်းနစ်စံချိန်မှာ ပုံမှန်အားဖြင့် လူတစ်ဦးတစ်ယောက်အတွက်သာဖြစ်သော်လည်း ဂျွန်ဒါဝင်နှင့် ဂျိမ်းစ်ဘိတ်ကာတို့သည် စံချိန်ကို အတူတကွရယူရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ဂျွန်ဒါဝင်၏ညီမကို လက်ထပ်ထားသူ ဂျိမ်းစ်ဘိတ်ကာက "ကျွန်တော်တို့ရဲ့စံချိန်ကို ပုံမှန်အနေအထားနဲ့မတူဘဲ ကွဲပြားအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုးအတူတကွ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့အတွက်လည်း တကယ်ကို ဝမ်းသာမိပါတယ်။ ဒါက ညီအစ်ကိုအရင်းလိုမျိုး စည်းလုံးတဲ့ခံစားချက်မျိုးကို ပြသနိုင်ခဲ့တာပါ။ ဒီစံချိန်က ကျွန်တော်တို့နှစ်ယောက်ရဲ့ ပူးပေါင်းကြိုးပမ်းအားထုတ်မှု ရလဒ်ပါပဲ"ဟု ပြောဆိုခဲ့သည်။

ဂျွန်ဒါဝင်နှင့် ဂျိမ်းစ်ဘိတ်ကာတို့၏ ကြိုးပမ်းမှုတွင် ၎င်းတို့၏သူငယ်ချင်း ဒန်နီယယ်ကယ်လာဟန်ဆိုသည့် အမျိုးသားက ပူးပေါင်းပါဝင်ခဲ့သော်လည်း ၎င်းသည်(၁၄)မိုင်အရောက်တွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အဆိုပါကြိုးပမ်းမှုမှထွက်ခဲ့ရကြောင်း သိရသည်။ အဆိုပါစံချိန်တင်ကြိုးပမ်းမှုမှာ ပရဟိတလုပ်ငန်းနှစ်ခုဖြစ်သည့် Redeeming Our Communities နှင့် Cancer Research UK တို့အတွက်ဖြစ်ကြောင်း ဂျွန်ဒါဝင်နှင့် ဂျိမ်းစ်ဘိတ်ကာတို့ကပြောကြားခဲ့သည်။

zawgyi version
ကားတစ္စီးစီကို အခ်ိန္(၂၄)နာရီအတြင္း အကြာအေဝး(၃၂)မိုင္အထိ ဆြဲျပခဲ့ၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့တဲ့ ၿဗိတိန္ညီအစ္ကိုႏွစ္ဦး
Pika (NP News) - ေအာက္တိုဘာ ၁ဝ

ၿဗိတိန္ႏိုင္ငံမွ ညီအစ္ကိုႏွစ္ဦးသည္ တစ္ဦးလွ်င္ ကားတစ္စီးစီကို အခ်ိန္ (၂၄)နာရီအတြင္း အကြာအေဝး(၃၂)မိုင္အထိ ဆြဲျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ဂြၽန္ဒါဝင္ ႏွင့္ ဂ်ိမ္းစ္ဘိတ္ကာတို႔သည္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလတြင္ ေဘးခ်င္းကပ္လ်က္အေနအထားျဖင့္ ကားတစ္စီးစီကို အကြာအေဝး(၂၂ ဒသမ ၁၈)မိုင္အထိဆြဲျပကာ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ထားသူမ်ားျဖစ္ ေၾကာင္းလည္း သိရသည္။ ယခုတစ္ႀကိမ္တြင္ ဂြၽန္ဒါဝင္ ႏွင့္ ဂ်ိမ္းစ္ဘိတ္ကာတို႔သည္ ၎တို႔၏ကိုယ္ပိုင္စံခ်ိန္ကို ထပ္မံခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းရန္ဆုံးျဖတ္ခဲ့ၿပီးေနာက္ ယခုလိုဂင္းနစ္စံခ်ိန္ထပ္မံခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။ အဆိုပါႀကိဳးပမ္းမႈႏွစ္ခုစလုံးတြင္ ဂြၽန္ဒါဝင္ႏွင့္ ဂ်ိမ္းစ္ဘိတ္ကာတို႔သည္ စံခ်ိန္ကို အတူတကြရယူႏိုင္ရန္အတြက္ တူညီေသာအကြာအေဝးတစ္ခုတြင္ အတိအက်ရပ္ရန္ တိုင္ပင္ထားခဲ့ၾကေၾကာင္းလည္းသိရသည္။ အဆိုပါဂင္းနစ္စံခ်ိန္မွာ ပုံမွန္အားျဖင့္ လူတစ္ဦးတစ္ေယာက္အတြက္သာျဖစ္ေသာ္လည္း ဂြၽန္ဒါဝင္ႏွင့္ ဂ်ိမ္းစ္ဘိတ္ကာတို႔သည္ စံခ်ိန္ကို အတူတကြရယူရန္အတြက္ ယခုကဲ့သို႔ လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

ဂြၽန္ဒါဝင္၏ညီမကို လက္ထပ္ထားသူ ဂ်ိမ္းစ္ဘိတ္ကာက "ကြၽန္ေတာ္တို႔ရဲ႕စံခ်ိန္ကို ပုံမွန္အေနအထားနဲ႔မတူဘဲ ကြဲျပားေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီလိုမ်ိဳးအတူတကြ အေကာင္းဆုံးလုပ္ျပႏိုင္ခဲ့တဲ့အတြက္လည္း တကယ္ကို ဝမ္းသာမိပါတယ္။ ဒါက ညီအစ္ကိုအရင္းလိုမ်ိဳး စည္းလုံးတဲ့ခံစားခ်က္မ်ိဳးကို ျပသႏိုင္ခဲ့တာပါ။ ဒီစံခ်ိန္က ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ပူးေပါင္းႀကိဳးပမ္းအားထုတ္မႈ ရလဒ္ပါပဲ"ဟု ေျပာဆိုခဲ့သည္။

ဂြၽန္ဒါဝင္ႏွင့္ ဂ်ိမ္းစ္ဘိတ္ကာတို႔၏ ႀကိဳးပမ္းမႈတြင္ ၎တို႔၏သူငယ္ခ်င္း ဒန္နီယယ္ကယ္လာဟန္ဆိုသည့္ အမ်ိဳးသားက ပူးေပါင္းပါဝင္ခဲ့ေသာ္လည္း ၎သည္(၁၄)မိုင္အေရာက္တြင္ ဒဏ္ရာရရွိခဲ့ျခင္းေၾကာင့္ အဆိုပါႀကိဳးပမ္းမႈမွထြက္ခဲ့ရေၾကာင္း သိရသည္။ အဆိုပါစံခ်ိန္တင္ႀကိဳးပမ္းမႈမွာ ပရဟိတလုပ္ငန္းႏွစ္ခုျဖစ္သည့္ Redeeming Our Communities ႏွင့္ Cancer Research UK တို႔အတြက္ျဖစ္ေၾကာင္း ဂြၽန္ဒါဝင္ႏွင့္ ဂ်ိမ္းစ္ဘိတ္ကာတို႔ကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.