ဘီးလင်းမြို့နယ်တွင် တွေ့ရှိခဲ့ရသည့် ဧရာဝတီလင်းပိုင် သားအမိကို ဘေးကင်းရာသို့ ပြန်လည်လွှတ်ပေးခဲ့

 1065

စော (NP News) - အောက်တိုဘာ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တွေ့ရှိခဲ့ရသော ဧရာဝတီလင်းပိုင်း သားအမိကို ဘေးကင်းရာသို့ ပြန်လည်လွှတ်ပေးနိုင်ခဲ့ကြောင်း Biodiversity And Nature Conservation Association (BANCA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအသင်းမှ တာဝန်ရှိသူများက ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့၊ ညနေ ၄ နာရီခွဲဝန်းကျင်အချိန်က ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာအုပ် စု၊ ကျွန်းသာယာအပြင်‌သောင်အတွင်းတွင် အလျား (၅ ဒသမ ၆)ပေခန့်ရှိသော လင်းပိုင်အမကြီးနှင့်(၂ ဒသမ ၅)ပေခန့်ရှိ လင်းပိုင်ငယ်အား တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ရေတက်ရေကျရှိတော့ ရေကျချိန်ဆို လှေတွေနဲ့သောင် ပြင်ပေါ်မှာ နားတယ်ပေါ့နော်။ အဲဒီမှာနားတော့ ကျွန်တော်တို့သွားမယ့်အချိန်မှာ အဲဒီအပေါက်ထဲကို ငါးဝင်သွားတာတွေ့လိုက်တယ်။ ကျွန်တော်တို့က အထဲကိုဆက်သွားတဲ့အခါမှာ လင်းပိုင်အကောင်ကြီးကြီးဝင်တဲ့ဘက်ကို လိုက်တယ်။ လိုက်ရင်း အထဲဘက်ရောက်တဲ့အခါမှာ အသေးလေးကို အရင်ဆုံးစတွေ့တယ်။ အသေးလေးက သောင်ပြင်နဲ့မြက်အစပ်မှာ သူကစပြီးတင်တာ။ ကျွန်တော်တို့အရင်ဆုံး အဲဒီအသေးလေးကို ဆယ်တင်ပြီးတော့ ပုံးထဲ ထဲထည့်တယ်။ ဆက်လိုက်တဲ့အခါမှာ ပေ ၅ဝ အကွာမှာ အမကြီးကို ထပ်ရတာ”ဟု ဇီဝမျိုးစုံမျိုးကွဲ နှင့်သဘာဝထိန်းသိမ်းရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ကြောင့် ဧရာဝတီလင်းပိုင်သားအမိအား မုသင်ကျေးရွာဒေသခံထိန်းသိမ်းရေးအဖွဲ့ဝင်များ ၊ မွန်ပြည်နယ်ရေလုပ်သားအဖွဲ့ဝင်များစုပေါင်း၍ လှေဖြင့်တင်ဆောင်ကာ ရေကြောင်းနက်သည့် နေရာသို့ ပြန်လည်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဧရာဝတီလင်းပိုင်မျိုးစိတ်သည် မြန်မာနိုင်ငံတွင် အကောင်ရေရာဂဏန်းခန့်သာ ကျန်ရှိသည့်အတွက် ထိန်းသိမ်းရမည့်မျိုးစိတ်ဖြစ်ကြောင်း Biodiversity And Nature Conservation Association (BANCA) က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါအသင်းက မုတ္တပင်လယ်ကွေ့တွင် ရေပျော်ငှက်များနှင့် ဆောင်းခိုငှက်ထိန်းသိမ်းရေးလုပ်ငန်းကို ၂ဝဝ၈ ခုနှစ်မှ စတင်ကာ ဆောင်ရွက်ခဲ့ပြီး တစ်လတစ်ခါ မုတ္တပင်လယ်ကွေ့သို့ လေ့လာရေးသွားကာ ရေသယံဇာတထိန်းသိမ်းရေး၊ မျိုးစိတ်အသစ်များကို ဖော်ထုတ်ခြင်းများ ဆောင်ရွက်လေ့ရှိ ကြောင်း သိရသည်။

zawgyi version
ဘီးလင္းၿမိဳ႕နယ္တြင္ ေတြ႕ရွိခဲ့ရသည့္ ဧရာဝတီလင္းပိုင္ သားအမိကို ေဘးကင္းရာသို႔ ျပန္လည္လႊတ္ေပးခဲ့
ေစာ (NP News) - ေအာက္တိုဘာ ၁၀

မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္တြင္ ေတြ႕ရွိခဲ့ရေသာ ဧရာဝတီလင္းပိုင္း သားအမိကို ေဘးကင္းရာသို႔ ျပန္လည္လႊတ္ေပးႏိုင္ခဲ့ေၾကာင္း Biodiversity And Nature Conservation Association (BANCA) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါအသင္းမွ တာဝန္ရွိသူမ်ားက ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၅ ရက္ေန႔၊ ညေန ၄ နာရီခြဲဝန္းက်င္အခ်ိန္က ဘီးလင္းၿမိဳ႕နယ္၊ ဇုကၠလိေက်း႐ြာအုပ္ စု၊ ကြၽန္းသာယာအျပင္‌ေသာင္အတြင္းတြင္ အလ်ား (၅ ဒသမ ၆)ေပခန႔္ရွိေသာ လင္းပိုင္အမႀကီးႏွင့္(၂ ဒသမ ၅)ေပခန႔္ရွိ လင္းပိုင္ငယ္အား ေတြ႕ရွိခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔က ေရတက္ေရက်ရွိေတာ့ ေရက်ခ်ိန္ဆို ေလွေတြနဲ႔ေသာင္ ျပင္ေပၚမွာ နားတယ္ေပါ့ေနာ္။ အဲဒီမွာနားေတာ့ ကြၽန္ေတာ္တို႔သြားမယ့္အခ်ိန္မွာ အဲဒီအေပါက္ထဲကို ငါးဝင္သြားတာေတြ႕လိုက္တယ္။ ကြၽန္ေတာ္တို႔က အထဲကိုဆက္သြားတဲ့အခါမွာ လင္းပိုင္အေကာင္ႀကီးႀကီးဝင္တဲ့ဘက္ကို လိုက္တယ္။ လိုက္ရင္း အထဲဘက္ေရာက္တဲ့အခါမွာ အေသးေလးကို အရင္ဆုံးစေတြ႕တယ္။ အေသးေလးက ေသာင္ျပင္နဲ႔ျမက္အစပ္မွာ သူကစၿပီးတင္တာ။ ကြၽန္ေတာ္တို႔အရင္ဆုံး အဲဒီအေသးေလးကို ဆယ္တင္ၿပီးေတာ့ ပုံးထဲ ထဲထည့္တယ္။ ဆက္လိုက္တဲ့အခါမွာ ေပ ၅ဝ အကြာမွာ အမႀကီးကို ထပ္ရတာ”ဟု ဇီဝမ်ိဳးစုံမ်ိဳးကြဲ ႏွင့္သဘာဝထိန္းသိမ္းေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ေၾကာင့္ ဧရာဝတီလင္းပိုင္သားအမိအား မုသင္ေက်း႐ြာေဒသခံထိန္းသိမ္းေရးအဖြဲ႕ဝင္မ်ား ၊ မြန္ျပည္နယ္ေရလုပ္သားအဖြဲ႕ဝင္မ်ားစုေပါင္း၍ ေလွျဖင့္တင္ေဆာင္ကာ ေရေၾကာင္းနက္သည့္ ေနရာသို႔ ျပန္လည္လႊတ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။ ဧရာဝတီလင္းပိုင္မ်ိဳးစိတ္သည္ ျမန္မာႏိုင္ငံတြင္ အေကာင္ေရရာဂဏန္းခန႔္သာ က်န္ရွိသည့္အတြက္ ထိန္းသိမ္းရမည့္မ်ိဳးစိတ္ျဖစ္ေၾကာင္း Biodiversity And Nature Conservation Association (BANCA) က အသိေပးထုတ္ျပန္ထားသည္။

အဆိုပါအသင္းက မုတၱပင္လယ္ေကြ႕တြင္ ေရေပ်ာ္ငွက္မ်ားႏွင့္ ေဆာင္းခိုငွက္ထိန္းသိမ္းေရးလုပ္ငန္းကို ၂ဝဝ၈ ခုႏွစ္မွ စတင္ကာ ေဆာင္႐ြက္ခဲ့ၿပီး တစ္လတစ္ခါ မုတၱပင္လယ္ေကြ႕သို႔ ေလ့လာေရးသြားကာ ေရသယံဇာတထိန္းသိမ္းေရး၊ မ်ိဳးစိတ္အသစ္မ်ားကို ေဖာ္ထုတ္ျခင္းမ်ား ေဆာင္႐ြက္ေလ့ရွိ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.