Newjean အဖွဲ့ရဲ့အဖွဲ့ဝင် ဟန်နီ လုပ်ငန်းခွင်တွင်း မတရားမှုနဲ့ပတ်သက်ပြီး သက်သေခံဖို့ ကိုရီးယားပါလီမန်ကိုသွားမည်
559
ရောင်နီ (NP News) - အောက်တိုဘာ ၁၁
တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ NewJeans ရဲ့ အဖွဲ့ဝင် ဟန်နီဟာ ၎င်းတို့အေဂျင်စီရဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာရှိခဲ့တဲ့ မတရားမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အမျိုးသားလွှတ်တော်ရဲ့ ပတ်ဝန်းကျင်နဲ့ အလုပ်သမား ကော်မတီရှေ့မှာ သက်သေထွက်ဆိုမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
Newjean အဖွဲ့ရဲ့အေဂျင်စီဖြစ်တဲ့ Ador ရဲ့ အမှုဆောင်အရာရှိချုပ်၊ ဂီတထုတ်လုပ်သူ မင်ဟီးဂျင်ကို အလုပ်ပြန်လည်ခန့်အပ်ရေးအတွက် တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မတရားမှု ဖြစ်စဉ်ကတော့ Newjean ရဲ့ အေဂျင်စီ Ador နဲ့လုပ်ငန်းခွဲဖြစ်တဲ့ Hybe အေဂျင်စီက Ador ကို မိခင်ကုမ္ပဏီက ခွဲထွက်စေဖို့ ကြိုးကိုင်နေတယ်လို့ မစ္စမင်ကို စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။ မစ္စမင်က စွဲချက်တွေကို ငြင်းဆိုခဲ့ပေမယ့် တခြားစွပ်စွဲမှုတွေရှိခဲ့ပြီး NewJeans ရဲ့ ပွဲဦးထွက်မှာ ပါဝင်ခဲ့တဲ့ မစ္စမင်မင်ကို သြဂုတ်လ ၂၇ ရက်နေ့က Ador မှ မတရားစွာ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက် ဖျော်ဖြေရေးလုပ်ငန်းခွင်အတွင်း အလုပ်ခွင်နှောင့်ယှက်မှုနဲ့ အနိုင် ကျင့်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့ စုံစမ်းစစ်ဆေးမှုအတွက် ရည်ညွှန်း သက်သေအဖြစ် ဟန်နီက တင်ပြမှာ ဖြစ်ပါတယ်။
"အမှုရလဒ်ကို သေချာမသိပေမယ့် ဒီအတွေ့အကြုံဟာ အဖိုး တန်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်"လို့ သူမက ပြောကြားခဲ့ပါတယ်။ ဒီကြေညာချက်ဟာ စက်တင်ဘာ ၁၁ ရက်နေ့က အသက် ၂ဝ နှစ်အရွယ် ဗီယက်နမ်-သြစတေးလျ ကပြားသူဖြစ်တဲ့ ဟန်နီရဲ့ အေဂျင်စီရဲ့ management မပါပဲ ထုတ်လွှင့်တဲ့ မိနစ် ၃၀ ကြာမြင့်တဲ့ Live ပြီးတဲ့နောက်မှာ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
zawgyi version
Newjean အဖြဲ႕ရဲ႕အဖြဲ႕ဝင္ ဟန္နီ လုပ္ငန္းခြင္တြင္း မတရားမႈနဲ႔ပတ္သက္ၿပီး သက္ေသခံဖို႔ ကိုရီးယားပါလီမန္ကိုသြားမည္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၁
ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ NewJeans ရဲ႕ အဖြဲ႕ဝင္ ဟန္နီဟာ ၎တို႔ေအဂ်င္စီရဲ႕ လုပ္ငန္းပိုင္းဆိုင္ရာမွာရွိခဲ့တဲ့ မတရားမႈနဲ႔ ပတ္သက္ၿပီး ေတာင္ကိုရီးယား အမ်ိဳးသားလႊတ္ေတာ္ရဲ႕ ပတ္ဝန္းက်င္နဲ႔ အလုပ္သမား ေကာ္မတီေရွ႕မွာ သက္ေသထြက္ဆိုမယ္လို႔ ေၾကညာခဲ့တာ ျဖစ္ပါတယ္။
Newjean အဖြဲ႕ရဲ႕ေအဂ်င္စီျဖစ္တဲ့ Ador ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္၊ ဂီတထုတ္လုပ္သူ မင္ဟီးဂ်င္ကို အလုပ္ျပန္လည္ခန႔္အပ္ေရးအတြက္ ေတာင္းဆိုသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ မတရားမႈ ျဖစ္စဥ္ကေတာ့ Newjean ရဲ႕ ေအဂ်င္စီ Ador နဲ႔လုပ္ငန္းခြဲျဖစ္တဲ့ Hybe ေအဂ်င္စီက Ador ကို မိခင္ကုမၸဏီက ခြဲထြက္ေစဖို႔ ႀကိဳးကိုင္ေနတယ္လို႔ မစၥမင္ကို စြပ္စြဲခဲ့တယ္လို႔ ဆိုပါတယ္။ မစၥမင္က စြဲခ်က္ေတြကို ျငင္းဆိုခဲ့ေပမယ့္ တျခားစြပ္စြဲမႈေတြရွိခဲ့ၿပီး NewJeans ရဲ႕ ပြဲဦးထြက္မွာ ပါဝင္ခဲ့တဲ့ မစၥမင္မင္ကို ၾသဂုတ္လ ၂၇ ရက္ေန႔က Ador မွ မတရားစြာ ထုတ္ပယ္ခဲ့တယ္လို႔ သိရပါတယ္။ ဒီအတြက္ ေဖ်ာ္ေျဖေရးလုပ္ငန္းခြင္အတြင္း အလုပ္ခြင္ေႏွာင့္ယွက္မႈနဲ႔ အႏိုင္ က်င့္မႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ရည္႐ြယ္တဲ့ စုံစမ္းစစ္ေဆးမႈအတြက္ ရည္ၫႊန္း သက္ေသအျဖစ္ ဟန္နီက တင္ျပမွာ ျဖစ္ပါတယ္။
"အမႈရလဒ္ကို ေသခ်ာမသိေပမယ့္ ဒီအေတြ႕အႀကဳံဟာ အဖိုး တန္တဲ့ အခြင့္အလမ္းတစ္ခုျဖစ္လိမ့္မယ္လို႔ ယုံၾကည္တယ္"လို႔ သူမက ေျပာၾကားခဲ့ပါတယ္။ ဒီေၾကညာခ်က္ဟာ စက္တင္ဘာ ၁၁ ရက္ေန႔က အသက္ ၂ဝ ႏွစ္အ႐ြယ္ ဗီယက္နမ္-ၾသစေတးလ် ကျပားသူျဖစ္တဲ့ ဟန္နီရဲ႕ ေအဂ်င္စီရဲ႕ management မပါပဲ ထုတ္လႊင့္တဲ့ မိနစ္ ၃၀ ၾကာျမင့္တဲ့ Live ၿပီးတဲ့ေနာက္မွာ ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။