BTS အဖွဲ့ဝင်ဂျီမင်း၏ Who သီချင်း Spotify တွင် ထုတ်လွှင့်မှု (၁ ဒသမ ၂) ဘီလျံကျော်ထိရှိခဲ့
48
Pika (NP News) - ဒီဇင်ဘာ ၁၉
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီမင်း၏ မကြာသေးမီက ထွက်ရှိထားသော Who သီချင်းသည် ဒီဇင်ဘာလ(၁၆)ရက်အထိ Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှု (၁ ဒသမ ၂) ဘီလျံကျော်ထိ ရှိခဲ့ပြီး မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။
ဂျီမင်း၏ Who သီချင်းသည် ထွက်ရှိပြီးနောက် ရက်ပေါင်း(၁၅၁)ရက်အတွင်း အဆိုပါမှတ်တိုင်သစ်ကို ရောက်ရှိခဲ့ ခြင်းဖြစ်ပြီး K-pop အနုပညာရှင်တစ်ဦးအတွက် အမြန်ဆုံးစံချိန်တစ်ခုဖြစ်ခဲ့ကြောင်းလည်း သိရသည်။
ဂျီမင်း၏ အဆိုပါစံချိန်သစ်သည် ထွက်ရှိပြီးနောက် ရက်ပေါင်း(၁၅၅)ရက်အတွင်း Spotify ပလက်ဖောင်းတွင် ထုတ်လွှင့်မှု (၁ ဒသမ ၂) ဘီလျံထိ ရောက်ရှိခဲ့သော အဆိုတော်ဟယ်ရီစတိုင်၏ 'As It Was' သီချင်းက တင်ထား သောစံချိန်ကို ကျော်တက်သွားခဲ့ကြောင်းလည်း သိရသည်။ ဒီဇင်ဘာလ(၈)ရက်တွင် ဂျီမင်းသည် အဆိုတော် PSY ပြီးနောက် (၁၀)နှစ်အတွင်း ပထမဆုံးတောင်ကိုရီးယား တစ်ကိုယ်တော်အနုပညာရှင် ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
ဂျီမင်း စစ်မှုထမ်းနေစဉ်ကာလအတွင်း ထွက်ရှိလာခဲ့သော 'Who' သီချင်းသည် Spotify ပလက်ဖောင်း၏ ကမ္ဘာလုံးဆိုင်ရာ တစ်နှစ်တာအကောင်းဆုံး ထိပ်တန်း K-pop သီချင်းများဆုကိုလည်း ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် Who သီချင်းသည် Spotify ပလက်ဖောင်းတွင် (၂၀၂၄)ခုနှစ်၏ ထုတ်လွှင့်မှုအများဆုံး K-pop သီချင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ဂျီမင်းသည် တောင်ကိုရီးယားစစ်တပ်တွင် စစ်မှုထမ်း တာဝန်ကို ထမ်းဆောင်လျက်ရှိပြီး (၂၀၂၅)ခုနှစ် ဇွန်လ(၁၁)ရက်တွင် စစ်မှုထမ်း တာဝန်ပြီးဆုံးမည်ဖြစ်ကြောင်း လည်း သိရသည်။
Zawgyi Version;
BTS အဖြဲ႕ဝင္ဂ်ီမင္း၏ Who သီခ်င္း Spotify တြင္ ထုတ္လႊင့္မႈ (၁ ဒသမ ၂) ဘီလ်ံေက်ာ္ထိရွိခဲ့
Pika (NP News) - ဒီဇင္ဘာ ၁၉
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်ီမင္း၏ မၾကာေသးမီက ထြက္ရွိထားေသာ Who သီခ်င္းသည္ ဒီဇင္ဘာလ(၁၆)ရက္အထိ Spotify ပလက္ေဖာင္းတြင္ ထုတ္လႊင့္မႈ (၁ ဒသမ ၂) ဘီလ်ံေက်ာ္ထိ ရွိခဲ့ၿပီး မွတ္တိုင္သစ္တစ္ခုကို စိုက္ထူႏိုင္ခဲ့ေၾကာင္း သိရသည္။
ဂ်ီမင္း၏ Who သီခ်င္းသည္ ထြက္ရွိၿပီးေနာက္ ရက္ေပါင္း(၁၅၁)ရက္အတြင္း အဆိုပါမွတ္တိုင္သစ္ကို ေရာက္ရွိခဲ့ ျခင္းျဖစ္ၿပီး K-pop အႏုပညာရွင္တစ္ဦးအတြက္ အျမန္ဆုံးစံခ်ိန္တစ္ခုျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။
ဂ်ီမင္း၏ အဆိုပါစံခ်ိန္သစ္သည္ ထြက္ရွိၿပီးေနာက္ ရက္ေပါင္း(၁၅၅)ရက္အတြင္း Spotify ပလက္ေဖာင္းတြင္ ထုတ္လႊင့္မႈ (၁ ဒသမ ၂) ဘီလ်ံထိ ေရာက္ရွိခဲ့ေသာ အဆိုေတာ္ဟယ္ရီစတိုင္၏ 'As It Was' သီခ်င္းက တင္ထား ေသာစံခ်ိန္ကို ေက်ာ္တက္သြားခဲ့ေၾကာင္းလည္း သိရသည္။ ဒီဇင္ဘာလ(၈)ရက္တြင္ ဂ်ီမင္းသည္ အဆိုေတာ္ PSY ၿပီးေနာက္ (၁၀)ႏွစ္အတြင္း ပထမဆုံးေတာင္ကိုရီးယား တစ္ကိုယ္ေတာ္အႏုပညာရွင္ ျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။
ဂ်ီမင္း စစ္မႈထမ္းေနစဥ္ကာလအတြင္း ထြက္ရွိလာခဲ့ေသာ 'Who' သီခ်င္းသည္ Spotify ပလက္ေဖာင္း၏ ကမာၻလုံးဆိုင္ရာ တစ္ႏွစ္တာအေကာင္းဆုံး ထိပ္တန္း K-pop သီခ်င္းမ်ားဆုကိုလည္း ရရွိခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ Who သီခ်င္းသည္ Spotify ပလက္ေဖာင္းတြင္ (၂၀၂၄)ခုႏွစ္၏ ထုတ္လႊင့္မႈအမ်ားဆုံး K-pop သီခ်င္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။ လက္ရွိအခ်ိန္တြင္ ဂ်ီမင္းသည္ ေတာင္ကိုရီးယားစစ္တပ္တြင္ စစ္မႈထမ္း တာဝန္ကို ထမ္းေဆာင္လ်က္ရွိၿပီး (၂၀၂၅)ခုႏွစ္ ဇြန္လ(၁၁)ရက္တြင္ စစ္မႈထမ္း တာဝန္ၿပီးဆုံးမည္ျဖစ္ေၾကာင္း လည္း သိရသည္။