တစ်ကိုယ်တော်သီချင်း “FRI(END)S”ဖြင့် ကမ္ဘာလုံးဆိုင်ရာအောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးလျက်ရှိသည့် BTS အဖွဲ့ဝင် V

123

Pika (NP News) - စက်တင်ဘာ ၂၄
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ V ၏ တစ်ကိုယ်တော် သီချင်း “FRI(END)S” သည် ကမ္ဘာလုံးဆိုင်ရာဂီတဈေးကွက်တွင် အောင်မြင်မှုများကို ဆက်လက်ရယူလျက်ရှိ ကြောင်း သိရသည်။
“FRI(END)S” သီချင်းသည် ကမ္ဘာ့အကြီးဆုံးဂီတပလက်ဖောင်းဖြစ်သော Spotify တွင် ထုတ်လွှင့်မှုသန်း(၅၄၀) ကျော်သွားခဲ့ကြောင်းလည်း သိရသည်။ V ၏ တစ်ကိုယ်တော်သီချင်း “FRI(END)S” သည် လူကြိုက်များခဲ့သော အမေရိကန်ဒရာမာ 'The Summer I Turned Pretty' ၏ Season 3 တွင် နောက်ခံတေးဂီတအဖြစ် ပါဝင်ထားကြောင်းလည်း သိရသည်။ တောင်ကိုရီးယားစစ်တပ်တွင် စစ်မှုမထမ်းမီ ပရိသတ်များအတွက် လက်ဆောင်တစ်ခုအဖြစ် ပြင်ဆင်ထားခဲ့သော “FRI(END)S” သီချင်းသည် (၂၀၂၄)ခုနှစ် မတ်လ(၁၅)ရက်တွင် ထွက်ရှိခဲ့ပြီးနောက် Billboard Hot 100 ဇယားတွင် အဆင့်(၆၅)၊ Global Excl. U.S. chart ဇယားတွင် အဆင့်(၃)၊ Global 200 ဇယားတွင် အဆင့်(၅)နေရာဖြင့် ပွဲဦးထွက်ခဲ့ကြောင်းသိရသည်။ဗြိတိန်နိုင်ငံတွင် V၏ တစ်ကိုယ်တော် သီချင်း “FRI(END)S” သည် တရားဝင်တစ်ကိုယ်တော်ဇယားတွင် အဆင့်(၁၃)နေရာသို့ ဝင်ရောက်ခဲ့ပြီး သီတင်းပတ်(၂)ပတ်ဆက်တိုက် အဆိုပါအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် “FRI(END)S” သီချင်းသည် တ ရားဝင် Big Top 40 ဇယားတွင် အဆင့်(၃)နေရာဖြင့် ရပ်တည်နိုင်ခဲ့ ကြောင်းလည်း သိရသည်။ “FRI(END)S” သီချင်းသည် Worldwide iTunes နှင့် European iTunes ဇယားများတွင် အဆင့်(၁)နေရာသို့ရောက်ရှိခဲ့ပြီး နိုင်ငံပေါင်း(၁၀၀)ရှိ iTunes ဇယားတွင် ထိပ်ဆုံးနေရာသို့ရောက်ရှိခဲ့သည့် (၂၀၂၄) ခုနှစ်ထွက်သီချင်းဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ Amazon Music နှင့် Apple Music တို့က “FRI(END)S” သီချင်းကို (၂၀၂၄)ခုနှစ်၏ အကောင်းဆုံး K-pop သီချင်းများထဲမှတစ်ခုအဖြစ် ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
တစ္ကိုယ္ေတာ္သီခ်င္း “FRI(END)S”ျဖင့္ ကမာၻလုံးဆိုင္ရာေအာင္ျမင္မႈမ်ားကို ဆက္လက္ဆြတ္ခူးလ်က္ရွိသည့္ BTS အဖြဲ႕ဝင္ V
Pika (NP News) - စက္တင္ဘာ ၂၄
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ V ၏ တစ္ကိုယ္ေတာ္ သီခ်င္း “FRI(END)S” သည္ ကမာၻလုံးဆိုင္ရာဂီတေဈးကြက္တြင္ ေအာင္ျမင္မႈမ်ားကို ဆက္လက္ရယူလ်က္ရွိ ေၾကာင္း သိရသည္။
“FRI(END)S” သီခ်င္းသည္ ကမာၻ႔အႀကီးဆုံးဂီတပလက္ေဖာင္းျဖစ္ေသာ Spotify တြင္ ထုတ္လႊင့္မႈသန္း(၅၄၀) ေက်ာ္သြားခဲ့ေၾကာင္းလည္း သိရသည္။ V ၏ တစ္ကိုယ္ေတာ္သီခ်င္း “FRI(END)S” သည္ လူႀကိဳက္မ်ားခဲ့ေသာ အေမရိကန္ဒရာမာ 'The Summer I Turned Pretty' ၏ Season 3 တြင္ ေနာက္ခံေတးဂီတအျဖစ္ ပါဝင္ထားေၾကာင္းလည္း သိရသည္။ ေတာင္ကိုရီးယားစစ္တပ္တြင္ စစ္မႈမထမ္းမီ ပရိသတ္မ်ားအတြက္ လက္ေဆာင္တစ္ခုအျဖစ္ ျပင္ဆင္ထားခဲ့ေသာ “FRI(END)S” သီခ်င္းသည္ (၂၀၂၄)ခုႏွစ္ မတ္လ(၁၅)ရက္တြင္ ထြက္ရွိခဲ့ၿပီးေနာက္ Billboard Hot 100 ဇယားတြင္ အဆင့္(၆၅)၊ Global Excl. U.S. chart ဇယားတြင္ အဆင့္(၃)၊ Global 200 ဇယားတြင္ အဆင့္(၅)ေနရာျဖင့္ ပြဲဦးထြက္ခဲ့ေၾကာင္းသိရသည္။ၿဗိတိန္ႏိုင္ငံတြင္ V၏ တစ္ကိုယ္ေတာ္ သီခ်င္း “FRI(END)S” သည္ တရားဝင္တစ္ကိုယ္ေတာ္ဇယားတြင္ အဆင့္(၁၃)ေနရာသို႔ ဝင္ေရာက္ခဲ့ၿပီး သီတင္းပတ္(၂)ပတ္ဆက္တိုက္ အဆိုပါအဆင့္တြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ “FRI(END)S” သီခ်င္းသည္ တ ရားဝင္ Big Top 40 ဇယားတြင္ အဆင့္(၃)ေနရာျဖင့္ ရပ္တည္ႏိုင္ခဲ့ ေၾကာင္းလည္း သိရသည္။ “FRI(END)S” သီခ်င္းသည္ Worldwide iTunes ႏွင့္ European iTunes ဇယားမ်ားတြင္ အဆင့္(၁)ေနရာသို႔ေရာက္ရွိခဲ့ၿပီး ႏိုင္ငံေပါင္း(၁၀၀)ရွိ iTunes ဇယားတြင္ ထိပ္ဆုံးေနရာသို႔ေရာက္ရွိခဲ့သည့္ (၂၀၂၄) ခုႏွစ္ထြက္သီခ်င္းျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။ Amazon Music ႏွင့္ Apple Music တို႔က “FRI(END)S” သီခ်င္းကို (၂၀၂၄)ခုႏွစ္၏ အေကာင္းဆုံး K-pop သီခ်င္းမ်ားထဲမွတစ္ခုအျဖစ္ ေ႐ြးခ်ယ္ခဲ့ေၾကာင္းလည္း သိရသည္။