ကင်ယူဂျွန် နဲ့ ကင်ဒိုဟွန် date သတင်းထွက်၊ အေဂျင်စီတွေက ငြင်းဆို

614

ရောင်နီ (NP News) - စက်တင်ဘာ ၂၂
တောင်ကိုရီးယား သရုပ်ဆောင် ကင်ယူဂျွန်နဲ့ ကင်ဒိုဟွန်းကို လေဆိပ်မှာ အတူတွဲတွေ့ရတာကြောင့် ဒိတ်နေကြတာဖြစ်နိုင်တယ်ဆိုတဲ့ကောလဟာလတွေ ထွက်ရှိနေပါတယ်။
ဒါပေမယ့် ကင်ယူဂျွန်ရော၊ ကင်ဒိုဟွန်းရော ၂ ယောက်စလုံးရဲ့ အေဂျင်စီတွေက ဒိတ်နေကြတာ မဟုတ်ပဲ ကောလဟာလပါလို့ ငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလအတွင်းက ဗီယက်နမ်နိုင်ငံရှိ လေဆိပ်တစ်ခုမှာ ကင်ယူဂျွန်နဲ့ သရုပ်ဆောင် ကင်ဒိုဟွန်းကို ၂ ယောက်အတူတွေ့ရတဲ့ဓာတ်ပုံတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ကောလာဟလတွေကို တုံ့ပြန်တဲ့အနေနဲ့ ကင်ယူဂျွန်ရဲ့ အေဂျင်စီ awesome.ent က " 'Dear X' ရုပ်ရှင်ရိုက်ကူးပြီးနောက် ရိုက်ကူးရေးအဖွဲ့တွေနဲ့ ဗီယက်နမ်နိုင်ငံကို အဖွဲ့လိုက်ခရီးသွားခဲ့တာဖြစ်ပြီး၊ ဒိတ်နေကြတာ မဟုတ်ပါဘူးလို့ ပြောပါတယ်။
ကင်ဒိုဟွန်းရဲ့အေဂျင်စီ PEAK J Entertainment ကလည်း "ခရီးဟာ ဒါရိုက်တာတွေနဲ့သွားတဲ့အဖွဲ့လိုက်ခရီးစဉ်ဖြစ်ပြီး သူတို့နှစ်ယောက်တည်းတင် မဟုတ်ပါဘူး" လို့ ဆိုကာ ငြင်းဆိုခဲ့ပါတယ်။
ကင်ယူဂျွန်နဲ့ ကင်ဒိုဟွန်းတို့ရဲ့ ဒရာမာအသစ် "Dear X" ဟာ နိုဝင်ဘာလ ၆ ရက်မှာ စတင်ပြသမယ်လို့ သိရပါတယ်။ ကင်ယူဂျွန်ဟာ "Love in moonlight" "My Demon" "20th century girl" "Backstreet Rookie" စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကျော်ပါတယ်။

Zawgyi Version:
ကင္ယူဂြၽန္ နဲ႔ ကင္ဒိုဟြန္ date သတင္းထြက္၊ ေအဂ်င္စီေတြက ျငင္းဆို
ေရာင္နီ (NP News) - စက္တင္ဘာ ၂၂
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ ကင္ယူဂြၽန္နဲ႔ ကင္ဒိုဟြန္းကို ေလဆိပ္မွာ အတူတြဲေတြ႕ရတာေၾကာင့္ ဒိတ္ေနၾကတာျဖစ္ႏိုင္တယ္ဆိုတဲ့ေကာလဟာလေတြ ထြက္ရွိေနပါတယ္။
ဒါေပမယ့္ ကင္ယူဂြၽန္ေရာ၊ ကင္ဒိုဟြန္းေရာ ၂ ေယာက္စလုံးရဲ႕ ေအဂ်င္စီေတြက ဒိတ္ေနၾကတာ မဟုတ္ပဲ ေကာလဟာလပါလို႔ ျငင္းဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေမလအတြင္းက ဗီယက္နမ္ႏိုင္ငံရွိ ေလဆိပ္တစ္ခုမွာ ကင္ယူဂြၽန္နဲ႔ သ႐ုပ္ေဆာင္ ကင္ဒိုဟြန္းကို ၂ ေယာက္အတူေတြ႕ရတဲ့ဓာတ္ပုံတစ္ခု အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ေကာလာဟလေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ကင္ယူဂြၽန္ရဲ႕ ေအဂ်င္စီ awesome.ent က " 'Dear X' ႐ုပ္ရွင္႐ိုက္ကူးၿပီးေနာက္ ႐ိုက္ကူးေရးအဖြဲ႕ေတြနဲ႔ ဗီယက္နမ္ႏိုင္ငံကို အဖြဲ႕လိုက္ခရီးသြားခဲ့တာျဖစ္ၿပီး၊ ဒိတ္ေနၾကတာ မဟုတ္ပါဘူးလို႔ ေျပာပါတယ္။
ကင္ဒိုဟြန္းရဲ႕ေအဂ်င္စီ PEAK J Entertainment ကလည္း "ခရီးဟာ ဒါ႐ိုက္တာေတြနဲ႔သြားတဲ့အဖြဲ႕လိုက္ခရီးစဥ္ျဖစ္ၿပီး သူတို႔ႏွစ္ေယာက္တည္းတင္ မဟုတ္ပါဘူး" လို႔ ဆိုကာ ျငင္းဆိုခဲ့ပါတယ္။
ကင္ယူဂြၽန္နဲ႔ ကင္ဒိုဟြန္းတို႔ရဲ႕ ဒရာမာအသစ္ "Dear X" ဟာ ႏိုဝင္ဘာလ ၆ ရက္မွာ စတင္ျပသမယ္လို႔ သိရပါတယ္။ ကင္ယူဂြၽန္ဟာ "Love in moonlight" "My Demon" "20th century girl" "Backstreet Rookie" စတဲ့ ဇာတ္ကားေတြနဲ႔ နာမည္ေက်ာ္ပါတယ္။