2025 Paris La Défense Arena ဖျော်ဖြေပွဲအတွင်း မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့သည့် တောင်ကိုရီးယား နာမည်ကျော်အဆိုတော် G-Dragon
                        
                            
                             
 438
 
                             
                            
                            
                         
                        
Pika (NP News) - စက်တင်ဘာ ၂၄ 
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော် G-Dragon သည် ၎င်း၏ နောက်ဆုံးအကြိမ်ထွက်ပေါ်လာ သည့် ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွင်း နောက်ထပ်စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်း သိရသည်။ G-Dragon သည် ၎င်း၏ 2025 Paris La Défense Arena ဖျော်ဖြေပွဲအတွက် လက်မှတ်ပေါင်း(၄၅၀၀၀)စောင်အထိ ရောင်းချခဲ့ရပြီး နောက် ဥရောပတွင် တောင်ကိုရီးယားအနုပညာရှင်တစ်ဦး၏ အကြီးဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲအဖြစ် သမိုင်းသစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။ 
အဆိုပါဖျော်ဖြေပွဲသည် ၎င်း၏ ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသော စင်မြင့်ပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လက်မှတ်ရုံဖွင့်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် လက်မှတ်များအားလုံး ရောင်းကုန်သွား သည်အထိဖြစ်ခဲ့ကြောင်း မီဒီယာအချို့က ရေးသားဖော်ပြခဲ့သည်။ 
La Défense Arena သည် ဥရောပရှိ အကြီးဆုံး မိုးလုံလေလုံကွင်းဖြစ်သောကြောင့် G-Dragon ၏ အောင်မြင်မှု အသစ်သည် လူအများအပြားကို အံ့ဩမှင်သက်မှုများ ဖြစ်စေခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် G-Dragon ၏ နောက်ဆုံးဖျော်ဖြေပွဲသည် ဥရောပသမိုင်းတွင် အခမ်းနားဆုံး တစ်ကိုယ်တော် K-pop ဖျော်ဖြေပွဲအဖြစ် မီဒီယာ အများအပြားက ချီးကျူးရေးသားဖော်ပြခဲ့ကြောင်းလည်း သိရသည်။ 
G-Dragon သည် ၎င်း၏ ဖျော်ဖြေတင်ဆက်မှုများအားလုံးကို အသေးစိတ်အချက်အလက်များကအစ အာရုံစိုက်မှု ကြောင့် ပရိသတ်အများအပြားက ၎င်းကို သဘောကျချစ်ခင်နှစ်သက်ကြခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေပွဲအတွင်း G-Dragon သည် ပြင်သစ်အလံ၏ အရောင်များဖြင့် ထည့်သွင်းပေါင်းစပ်ထားသော ဝတ်စုံမျိုးစုံကို ဝတ်ဆင်ကာ ဖျော်ဖြေမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။
                     
                        
                                                                    
Zawgyi Version: 
2025 Paris La Défense Arena ေဖ်ာ္ေျဖပြဲအတြင္း မွတ္တိုင္သစ္တစ္ခုကို စိုက္ထူႏိုင္ခဲ့သည့္ ေတာင္ကိုရီးယား နာမည္ေက်ာ္အဆိုေတာ္ G-Dragon
Pika (NP News) - စက္တင္ဘာ ၂၄ 
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္ G-Dragon သည္ ၎၏ ေနာက္ဆုံးအႀကိမ္ထြက္ေပၚလာ သည့္ ကမာၻလွည့္ေဖ်ာ္ေျဖပြဲအတြင္း ေနာက္ထပ္စံခ်ိန္သစ္တစ္ခုကို တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ G-Dragon သည္ ၎၏ 2025 Paris La Défense Arena ေဖ်ာ္ေျဖပြဲအတြက္ လက္မွတ္ေပါင္း(၄၅၀၀၀)ေစာင္အထိ ေရာင္းခ်ခဲ့ရၿပီး ေနာက္ ဥေရာပတြင္ ေတာင္ကိုရီးယားအႏုပညာရွင္တစ္ဦး၏ အႀကီးဆုံးတစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲအျဖစ္ သမိုင္းသစ္တစ္ခုကို စိုက္ထူႏိုင္ခဲ့ေၾကာင္း သိရသည္။ 
အဆိုပါေဖ်ာ္ေျဖပြဲသည္ ၎၏ ကာလရွည္ၾကာ ေစာင့္ေမွ်ာ္ခဲ့ရေသာ စင္ျမင့္ေပၚသို႔ ျပန္လည္ေရာက္ရွိလာျခင္း၏ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး လက္မွတ္႐ုံဖြင့္ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ လက္မွတ္မ်ားအားလုံး ေရာင္းကုန္သြား သည္အထိျဖစ္ခဲ့ေၾကာင္း မီဒီယာအခ်ိဳ႕က ေရးသားေဖာ္ျပခဲ့သည္။ 
La Défense Arena သည္ ဥေရာပရွိ အႀကီးဆုံး မိုးလုံေလလုံကြင္းျဖစ္ေသာေၾကာင့္ G-Dragon ၏ ေအာင္ျမင္မႈ အသစ္သည္ လူအမ်ားအျပားကို အံ့ဩမွင္သက္မႈမ်ား ျဖစ္ေစခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ G-Dragon ၏ ေနာက္ဆုံးေဖ်ာ္ေျဖပြဲသည္ ဥေရာပသမိုင္းတြင္ အခမ္းနားဆုံး တစ္ကိုယ္ေတာ္ K-pop ေဖ်ာ္ေျဖပြဲအျဖစ္ မီဒီယာ အမ်ားအျပားက ခ်ီးက်ဴးေရးသားေဖာ္ျပခဲ့ေၾကာင္းလည္း သိရသည္။ 
G-Dragon သည္ ၎၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားအားလုံးကို အေသးစိတ္အခ်က္အလက္မ်ားကအစ အာ႐ုံစိုက္မႈ ေၾကာင့္ ပရိသတ္အမ်ားအျပားက ၎ကို သေဘာက်ခ်စ္ခင္ႏွစ္သက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ေဖ်ာ္ေျဖပြဲအတြင္း G-Dragon သည္ ျပင္သစ္အလံ၏ အေရာင္မ်ားျဖင့္ ထည့္သြင္းေပါင္းစပ္ထားေသာ ဝတ္စုံမ်ိဳးစုံကို ဝတ္ဆင္ကာ ေဖ်ာ္ေျဖမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းလည္းသိရသည္။