Money Changer များ၏ နိုင်ငံခြားငွေဝယ်ဈေး၊ ရောင်းဈေးကို တစ်ဒေါ်လာလျှင် ပုံသေ ၃၅၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားခြင်းမရှိကြောင်း ဗဟိုဘဏ်အသိပေး

 470

ယွန်း (NP News) - အောက်တိုဘာ ၁၁

Money Changer များ၏ နိုင်ငံခြားငွေဝယ်ဈေး၊ ရောင်းဈေးကို တစ်ဒေါ်လာလျှင် ပုံသေ ၃၅၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားခြင်းမရှိကြောင်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်က အောက်တိုဘာ(၁၀)ရက်တွင် အထက်ပါကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်။

နိုင်ငံခြားငွေရောင်းချခွင့်များ ဝယ်ယူရောင်းချလဲလှယ်ခွင့်(Money Changer) လိုင်စင်အား ဘဏ်များကိုလည်းကောင်း၊ ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများကိုလည်းကောင်း လိုင်စင်ချထားပေးပြီး စိစစ်ကြပ်မတ်လျက်ရှိကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ထို့ပြင် Money Changer များအနေဖြင့် နိုင်ငံခြားသုံးငွေများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် ဝယ်ဈေးနှုန်း/ရောင်းဈေးနှုန်း သတ်မှတ်ခြင်းနှင့်စပ်လျဥ်း၍လည်း ညွှန်ကြားချက်ထုတ်ပြန်ထား သည်။

အဆိုပါညွှန်ကြားချက်အရ နိုင်ငံခြားငွေများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်းတို့ဆောင်ရွက်ရာတွင် ဝယ်ဈေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ FX Trading Platform တွင် တင်ပြချက်များအပေါ် တွက်ချက်ထားသော Optimum Level ရှိ Average Rate အရ သတ်မှတ်ထားသည့် FX Trading Rate အတိုင်း သတ်မှတ်ထားပြီး ရောင်းဈေးကို သတ်မှတ်ရာတွင် FX Trading Rate + ၁ဝ ကျပ်ဖြင့် အမြင့်ဆုံး ဆောင်ရွက်ရန်သတ် မှတ်ထားကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

လက်ရှိ FX Trading Rate မှာ ပြီးခဲ့သည့် စက်တင်ဘာ(၃၀)ရက်တွင် တစ်ဒေါ်လာလျှင် (၃၅၂၉)ကျပ်ဖြစ်ပြီး အတက်အကျရှိနေမည်ဖြစ်ပြီး ပုံသေ ၃,၅၀၀ ဝန်းကျင် သတ်မှတ်ထားခြင်းမရှိကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေဈေးနှုန်း တည် ငြိမ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ(၂ဝ၁၃ ခုနှစ်)နှင့်အညီ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
Money Changer မ်ား၏ ႏိုင္ငံျခားေငြဝယ္ေဈး၊ ေရာင္းေဈးကို တစ္ေဒၚလာလွ်င္ ပုံေသ ၃၅၀၀ က်ပ္ဝန္းက်င္ သတ္မွတ္ထားျခင္းမရွိေၾကာင္း ဗဟိုဘဏ္အသိေပး

ယြန္း (NP News) - ေအာက္တိုဘာ ၁၁

Money Changer မ်ား၏ ႏိုင္ငံျခားေငြဝယ္ေဈး၊ ေရာင္းေဈးကို တစ္ေဒၚလာလွ်င္ ပုံေသ ၃၅၀၀ က်ပ္ဝန္းက်င္ သတ္မွတ္ထားျခင္းမရွိေၾကာင္း ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္က အသိေပးထုတ္ျပန္ထားသည္။ ျမန္မာႏိုင္ငံ‌ေတာ္ဗဟိုဘဏ္က ေအာက္တိုဘာ(၁၀)ရက္တြင္ အထက္ပါကဲ့သို႔ ေျဖၾကားထားျခင္းျဖစ္သည္။

ႏိုင္ငံျခားေငြေရာင္းခ်ခြင့္မ်ား ဝယ္ယူေရာင္းခ်လဲလွယ္ခြင့္(Money Changer) လိုင္စင္အား ဘဏ္မ်ားကိုလည္းေကာင္း၊ ဘဏ္မဟုတ္ေသာကုမၸဏီအဖြဲ႕အစည္းမ်ားကိုလည္းေကာင္း လိုင္စင္ခ်ထားေပးၿပီး စိစစ္ၾကပ္မတ္လ်က္ရွိေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

ထို႔ျပင္ Money Changer မ်ားအေနျဖင့္ ႏိုင္ငံျခားသုံးေငြမ်ားဝယ္ယူျခင္း၊ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္းတို႔ ေဆာင္႐ြက္ရာတြင္ ဝယ္ေဈးႏႈန္း/ေရာင္းေဈးႏႈန္း သတ္မွတ္ျခင္းႏွင့္စပ္လ်ဥ္း၍လည္း ၫႊန္ၾကားခ်က္ထုတ္ျပန္ထား သည္။

အဆိုပါၫႊန္ၾကားခ်က္အရ ႏိုင္ငံျခားေငြမ်ားဝယ္ယူျခင္း၊ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္းတို႔ေဆာင္႐ြက္ရာတြင္ ဝယ္ေဈးကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ FX Trading Platform တြင္ တင္ျပခ်က္မ်ားအေပၚ တြက္ခ်က္ထားေသာ Optimum Level ရွိ Average Rate အရ သတ္မွတ္ထားသည့္ FX Trading Rate အတိုင္း သတ္မွတ္ထားၿပီး ေရာင္းေဈးကို သတ္မွတ္ရာတြင္ FX Trading Rate + ၁ဝ က်ပ္ျဖင့္ အျမင့္ဆုံး ေဆာင္႐ြက္ရန္သတ္ မွတ္ထားေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

လက္ရွိ FX Trading Rate မွာ ၿပီးခဲ့သည့္ စက္တင္ဘာ(၃၀)ရက္တြင္ တစ္ေဒၚလာလွ်င္ (၃၅၂၉)က်ပ္ျဖစ္ၿပီး အတက္အက်ရွိေနမည္ျဖစ္ၿပီး ပုံေသ ၃,၅၀၀ ဝန္းက်င္ သတ္မွတ္ထားျခင္းမရွိေၾကာင္း ဗဟိုဘဏ္က အသိေပးထားသည္။ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြေဈးႏႈန္း တည္ ၿငိမ္ေစေရးအတြက္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ(၂ဝ၁၃ ခုႏွစ္)ႏွင့္အညီ ထိန္းေက်ာင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.