ဂျပန်နိုင်ငံ၊ တိုကျိုမြို့က The University of Tokyo ကျောင်းဝင်းရှိ အထင်ကရ တံခါးနီကြီး ပြိုကျနိုင်ဖွယ်ရှိ

 1146

ရောင်နီ (NP News) - အောက်တိုဘာ ၁၃

တိုကျိုမြို့လယ်၊ The University of Tokyo ကျောင်းဝင်းမှာရှိတဲ့ ထူးခြားတဲ့ အထင်ကရ အနီရောင်တံခါးကြီး Akamon Gate ဟာ ငလျင်တစ်ခါ လှုပ်တာနဲ့ (သို့မဟုတ်) အားပြင်းတဲ့ မုန်တိုင်းကျရောက်ဘာတာနဲ့ ပြိုကျမယ့်အန္တရာယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။

တံခါးကြီးဟာ နှစ်ပေါင်း ၂ဝဝ နီးပါးထိ ကြာမြင့်နေပြီဖြစ်တာကြောင့် ကြံ့ခိုင်မှုမှာတော့ ငလျင် (ဒါမှမဟုတ်) အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာတာနဲ့ ပြိုကျသွားနိုင်တဲ့အထိ ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်တယ်လို့ ဆိုထားပါတယ်။ "goshudenmon" လို့ လူသိများတဲ့ အဲဒီရှေးဟောင်း တံခါးနီကြီး Akamon Gate ဟာ ကျောင်းဝင်းအတွင်းမှာ ကျန်ရှိတဲ့ ရှေးအကျဆုံးအဆောက်အဦးဖြစ်ပြီး အရေးကြီးတဲ့ယဉ်ကျေးမှုဆိုင်ရာ ပိုင်ဆိုင်မှုတစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

အဲဒီတံခါးကြီးဟာ သခင်နာရီရာဆုမဲဒါက ၁၈၂၇ ခုနှစ်မှာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ဒုတိယကမ္ဘာစစ် ကာလနဲ့ ကြီးမားတဲ့ ကန်တိုမြေငလျင်ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်သက်တမ်းကြာမြင့်လာပြီဖြစ်သလို တံခါးရဲ့အမိုးအဖြစ် အသုံးပြုထားတဲ့ အုပ်ကြွပ်မိုးကလည်း လေးလံလွန်းတာကြောင့် ပြိုကျနိုင်တဲ့အဆောက်အဦးအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕က The University of Tokyo ေက်ာင္းဝင္းရွိ အထင္ကရ တံခါးနီႀကီး ၿပိဳက်ႏိုင္ဖြယ္ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၃

တိုက်ိဳၿမိဳ႕လယ္၊ The University of Tokyo ေက်ာင္းဝင္းမွာရွိတဲ့ ထူးျခားတဲ့ အထင္ကရ အနီေရာင္တံခါးႀကီး Akamon Gate ဟာ ငလ်င္တစ္ခါ လႈပ္တာနဲ႔ (သို႔မဟုတ္) အားျပင္းတဲ့ မုန္တိုင္းက်ေရာက္ဘာတာနဲ႔ ၿပိဳက်မယ့္အႏၲရာယ္ရွိေနတယ္လို႔ ကြၽမ္းက်င္သူေတြက ယူဆထားပါတယ္။

တံခါးႀကီးဟာ ႏွစ္ေပါင္း ၂ဝဝ နီးပါးထိ ၾကာျမင့္ေနၿပီျဖစ္တာေၾကာင့္ ႀကံ့ခိုင္မႈမွာေတာ့ ငလ်င္ (ဒါမွမဟုတ္) အားျပင္းတဲ့ တိုင္ဖြန္းမုန္တိုင္း ဝင္ေရာက္လာတာနဲ႔ ၿပိဳက်သြားႏိုင္တဲ့အထိ ႀကံ့ခိုင္မႈ အားနည္းေနၿပီျဖစ္တယ္လို႔ ဆိုထားပါတယ္။ "goshudenmon" လို႔ လူသိမ်ားတဲ့ အဲဒီေရွးေဟာင္း တံခါးနီႀကီး Akamon Gate ဟာ ေက်ာင္းဝင္းအတြင္းမွာ က်န္ရွိတဲ့ ေရွးအက်ဆုံးအေဆာက္အဦးျဖစ္ၿပီး အေရးႀကီးတဲ့ယဥ္ေက်းမႈဆိုင္ရာ ပိုင္ဆိုင္မႈတစ္ခုအျဖစ္လည္း သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

အဲဒီတံခါးႀကီးဟာ သခင္နာရီရာဆုမဲဒါက ၁၈၂၇ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး ယခင္က ဒုတိယကမာၻစစ္ ကာလနဲ႔ ႀကီးမားတဲ့ ကန္တိုေျမငလ်င္ဒဏ္ေတြကို ႀကံ့ႀကံ့ခံႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္သက္တမ္းၾကာျမင့္လာၿပီျဖစ္သလို တံခါးရဲ႕အမိုးအျဖစ္ အသုံးျပဳထားတဲ့ အုပ္ႂကြပ္မိုးကလည္း ေလးလံလြန္းတာေၾကာင့္ ၿပိဳက်ႏိုင္တဲ့အေဆာက္အဦးအျဖစ္ သတ္မွတ္ထားျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.