သီတင်းကျွတ်ပိတ်ရက်များတွင် ရန်ကုန်၊ ပြည်၊ မော်လမြိုင်ခရီးစဉ်အတွက် ပုံမှန်ရထားများအပြင် အထူးရထားများကို တိုးချဲ့ပြေးဆွဲသွားမည်

 385

စော (NP News) - အောက်တိုဘာ ၁၃

သီတင်းကျွတ်ပိတ်ရက်များတွင် ရန်ကုန်-ပြည်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်အတွက် ပုံမှန်ရထား များအပြင် အစုန်၊ အဆန် အထူးရထားများကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
အဆိုပါခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား အောက်တိုဘာလ ၁၅ ရက်နှင့် ၂ဝ ရက်တို့တွင် တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပြည် အဆန်အထူးရထားနှင့် ရန်ကုန်-မော်လမြိုင် အဆန်၊အစုန်အထူးရထားကို အောက်တိုဘာလ ၁၅ ရက် တွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၂ဝ ရက်တွင် ပြည်-ရန်ကုန် အစုန်အထူးရထား၊ ရန်ကုန်-မော်လမြိုင် အဆန်၊ အစုန်အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့ရက်များအလိုက် အထူးရထားများအပြင် လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့်ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။

သီတင်းကျွတ်ကာလအတွက် ရထားလက်မှတ်များကို အထက်တန်းအတွက် (၃)ရက်၊ ရိုးရိုးတန်းအတွက် တစ်ရက်ကြိုတင်၍ ရောင်းချသွားမည်ဖြစ်ပြီး ရပ်တန့်မည့် ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့်ရထားများအတိုင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
သီတင္းကြၽတ္ပိတ္ရက္မ်ားတြင္ ရန္ကုန္၊ ျပည္၊ ေမာ္လၿမိဳင္ခရီးစဥ္အတြက္ ပုံမွန္ရထားမ်ားအျပင္ အထူးရထားမ်ားကို တိုးခ်ဲ႕ေျပးဆြဲသြားမည္
ေစာ (NP News) - ေအာက္တိုဘာ ၁၃

သီတင္းကြၽတ္ပိတ္ရက္မ်ားတြင္ ရန္ကုန္-ျပည္-ရန္ကုန္၊ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ခရီးစဥ္အတြက္ ပုံမွန္ရထား မ်ားအျပင္ အစုန္၊ အဆန္ အထူးရထားမ်ားကို တိုးခ်ဲ႕ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားထံမွ သိရသည္။
အဆိုပါခရီးစဥ္မ်ားကို ပုံမွန္ရထားမ်ားအျပင္ အထူးရထားမ်ားအား ေအာက္တိုဘာလ ၁၅ ရက္ႏွင့္ ၂ဝ ရက္တို႔တြင္ တိုးခ်ဲ႕ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္-ျပည္ အဆန္အထူးရထားႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္ အဆန္၊အစုန္အထူးရထားကို ေအာက္တိုဘာလ ၁၅ ရက္ တြင္ ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ေအာက္တိုဘာ ၂ဝ ရက္တြင္ ျပည္-ရန္ကုန္ အစုန္အထူးရထား၊ ရန္ကုန္-ေမာ္လၿမိဳင္ အဆန္၊ အစုန္အထူးရထားမ်ားကို ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါေန႔ရက္မ်ားအလိုက္ အထူးရထားမ်ားအျပင္ လိုက္ပါစီးနင္းမႈအေပၚမူတည္၍ ရန္ကုန္-မႏၲေလး-ရန္ကုန္ ခရီးစဥ္အတြက္ ပုံမွန္ေျပးဆြဲေပးလ်က္ရွိသည့္ရထားမ်ားတြင္ ဝန္ခ်ိန္ျပည့္တြဲဆိုင္းမ်ား တိုးခ်ဲ႕ခ်ိတ္ဆက္ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထား၏ ထုတ္ျပန္ခ်က္အရ သိရသည္။

သီတင္းကြၽတ္ကာလအတြက္ ရထားလက္မွတ္မ်ားကို အထက္တန္းအတြက္ (၃)ရက္၊ ႐ိုး႐ိုးတန္းအတြက္ တစ္ရက္ႀကိဳတင္၍ ေရာင္းခ်သြားမည္ျဖစ္ၿပီး ရပ္တန႔္မည့္ ဘူတာမ်ားမွာ ပုံမွန္ေျပးဆြဲေပးသည့္ရထားမ်ားအတိုင္းျဖစ္ေၾကာင္း သိရသည္။

Picture

Aung Myo Tun

16/10/2024 15:12

thanks

Picture

Aung Myo Tun

16/10/2024 15:12

thanks

Related news

© 2021. All rights reserved.