PDF ကြီးစိုးသည့် အညာဒေသ၌ သက်ငယ်မုဒိမ်းမှုများပြားနေပြီး ငွေပေးကျေအေးမှုလည်း ရှိနေ

 3190

နာမူ (NP News) - အောက်တိုဘာ ၁၅

PDF များကြီးစိုးသည့် အညာဒေသတွင် သက်ငယ်မုဒိမ်းမှုများပြားလာပြီး ငွေပေး၍ ကျေအေးပေးလိုက်ရသောဖြစ်စဉ်များလည်းရှိနေကြောင်း PDF တစ်ဦးဖြစ်သူ Chaw Su Han အကောင့်ပိုင်ရှင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် Video ဖိုင်တင်ကာ ပြောကြားထားသည်။

အညာဒေသသည် NUG ၏ ပကဖများ၊ ပအဖများ၏လုပ်ရပ်ကြောင့် အချို့မြို့များတွင် NUG နာမည်ပျက်နေသည့်အပြင် PDF များ၏ လက်နက် အားကိုးဖြင့် အကြောင်းမဲ့ရမ်းကားမှုများကြောင့်လည်း ပြည်သူများအကြား သေဆုံးမှု ဖြစ်ပွားခဲ့သည်။

"ကျွန်တော်တို့အညာမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းဟာ အင်မတန်မှ များလာတယ်ပေါ့နော်။ ခပ်စိပ်စိပ်တွေ့လာရတယ်။ အဲဒီ သက်ငယ်မုဒိမ်းမှုတွေ ကို အရေးယူမှုရှိလားလို့မေးရင် ငွေနဲ့ကျေအေးပေးလိုက်တဲ့ကိစ္စရပ်တွေ၊ မိသားစုကိစ္စမို့လို့ဆိုပြီးတော့ အမှုက ပျောက်ပျက်သွားတာမျိုးတွေ ဒါမျိုးတွေနဲ့ပဲ ကျွန်တော်တို့ကြုံတွေ့နေရတယ်။ အဲဒီတော့ ကျွန်တော်တို့ သက် ငယ်မုဒိမ်းမှုတွေကိုထိန်းသိမ်းဖို့က အင်မတန်မှ ခက်ခဲလာတဲ့အနေအထားတစ်ရပ် ဖြစ် လာပါတယ်"ဟု ၎င်းက ဗီဒီယိုဖိုင်အတွင်း မြေပြင်အခြေအနေကို ဝန်ခံပြောကြားထားသည်။

တိုက်ပွဲအခြေအနေကြောင့် စိုးရိမ်မှုများ ဖြစ်လာချိန်တွင် သက်ငယ်မုဒိမ်းမှုများဖြစ်လာပြီး စစ်ဘေးရှောင်စခန်းများတွင်ပါ ဖြစ်ပွားလာနေကြောင်း ၎င်းကထောက်ပြပြောကြားသည်။

"ပြီးတော့ မိသားစုအချင်းချင်း၊ မိသားစုအချင်းချင်းကြားမှာ ခဲအိုက ခယ်မကို ကျူးလွန်တဲ့ ကိစ္စရပ်တွေ ဒါမျိုးတွေပေါ့။ ဘာကြောင့်ပဲဖြစ်နေပါစေ ဒီကလေးဟာ အသက်မပြည့်သေးတဲ့အတွက် အသက်( ၁၁ )နှစ်ဆိုတဲ့ အရွယ်ပမာဏရယ်၊ အသက် (၇)နှစ်(၈)နှစ်တွေ ပြုကျင့်ခံရမှုဟာ ဒါ သက်ငယ် မုဒိမ်းမှု မြောက်ကိုမြောက်တယ်။ ခဲအိုက ခယ်မကို ပြုကျင့်လိုက်လို့ ဒါဟာ မိသားစုအရေးကိစ္စဆိုတဲ့အ ရာနဲ့ အာမခံနဲ့ လွှတ်ပေးလိုက်လို့မရပါဘူး၊ ကျွန်တော် တို့ ဘာလုပ်ဖို့လို့တုံး၊ အဲဒီအမှုအတွက် ကျွန်တော်တို့မှာ သက်ငယ်မုဒိမ်းအတွက် ကျူးလွန်သူကို ပေးရမယ့်ပြစ်ဒဏ်ဆိုတာ ကျွန်တော်တို့မှာ ရှိဖို့လိုတယ်"ဟု ၎င်းကဆိုသည်။

zawgyi version
PDF ႀကီးစိုးသည့္ အညာေဒသ၌ သက္ငယ္မုဒိမ္းမႈမ်ားျပားေနၿပီး ေငြေပးေက်ေအးမႈလည္း ရွိေန
နာမူ (NP News) - ေအာက္တိုဘာ ၁၅

PDF မ်ားႀကီးစိုးသည့္ အညာေဒသတြင္ သက္ငယ္မုဒိမ္းမႈမ်ားျပားလာၿပီး ေငြေပး၍ ေက်ေအးေပးလိုက္ရေသာျဖစ္စဥ္မ်ားလည္းရွိေနေၾကာင္း PDF တစ္ဦးျဖစ္သူ Chaw Su Han အေကာင့္ပိုင္ရွင္က ၎၏ လူမႈကြန္ ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ Video ဖိုင္တင္ကာ ေျပာၾကားထား သည္။

အညာေဒသသည္ NUG ၏ ပကဖမ်ား၊ ပအဖမ်ား၏လုပ္ရပ္ေၾကာင့္ အခ်ိဳ႕ၿမိဳ႕မ်ားတြင္ NUG နာမည္ပ်က္ေနသည့္အျပင္ PDF မ်ား၏ လက္နက္ အားကိုးျဖင့္ အေၾကာင္းမဲ့ရမ္းကားမႈမ်ားေၾကာင့္လည္း ျပည္သူမ်ားအၾကား ေသဆုံးမႈ ျဖစ္ပြားခဲ့သည္။

"ကြၽန္ေတာ္တို႔အညာမွာ သက္ငယ္မုဒိမ္းျဖစ္ပြားမႈႏႈန္းဟာ အင္မတန္မွ မ်ားလာတယ္ေပါ့ေနာ္။ ခပ္စိပ္စိပ္ေတြ႕လာရတယ္။ အဲဒီ သက္ငယ္မုဒိမ္းမႈေတြ ကို အေရးယူမႈရွိလားလို႔ေမးရင္ ေငြနဲ႔ေက်ေအးေပးလိုက္တဲ့ကိစၥရပ္ေတြ၊ မိသားစုကိစၥမို႔လို႔ဆိုၿပီးေတာ့ အမႈက ေပ်ာက္ပ်က္သြားတာမ်ိဳးေတြ ဒါမ်ိဳးေတြနဲ႔ပဲ ကြၽန္ေတာ္တို႔ႀကဳံေတြ႕ေနရတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ သက္ ငယ္မုဒိမ္းမႈေတြကိုထိန္းသိမ္းဖို႔က အင္မတန္မွ ခက္ခဲလာတဲ့အေနအထားတစ္ရပ္ ျဖစ္ လာပါတယ္"ဟု ၎က ဗီဒီယိုဖိုင္အတြင္း ေျမျပင္အေျခအေနကို ဝန္ခံေျပာၾကားထားသည္။

တိုက္ပြဲအေျခအေနေၾကာင့္ စိုးရိမ္မႈမ်ား ျဖစ္လာခ်ိန္တြင္ သက္ငယ္မုဒိမ္းမႈမ်ားျဖစ္လာၿပီး စစ္ေဘးေရွာင္စခန္းမ်ားတြင္ပါ ျဖစ္ပြားလာေနေၾကာင္း ၎ကေထာက္ျပေျပာၾကားသည္။

"ၿပီးေတာ့ မိသားစုအခ်င္းခ်င္း၊ မိသားစုအခ်င္းခ်င္းၾကားမွာ ခဲအိုက ခယ္မကို က်ဴးလြန္တဲ့ ကိစၥရပ္ေတြ ဒါမ်ိဳးေတြေပါ့။ ဘာေၾကာင့္ပဲျဖစ္ေနပါေစ ဒီကေလးဟာ အသက္မျပည့္ေသးတဲ့အတြက္ အသက္( ၁၁ )ႏွစ္ဆိုတဲ့ အ႐ြယ္ပမာဏရယ္၊ အသက္ (၇)ႏွစ္(၈)ႏွစ္ေတြ ျပဳက်င့္ခံရမႈဟာ ဒါ သက္ငယ္ မုဒိမ္းမႈ ေျမာက္ကိုေျမာက္တယ္။ ခဲအိုက ခယ္မကို ျပဳက်င့္လိုက္လို႔ ဒါဟာ မိသားစုအေရးကိစၥဆိုတဲ့အ ရာနဲ႔ အာမခံနဲ႔ လႊတ္ေပးလိုက္လို႔မရပါဘူး၊ ကြၽန္ေတာ္ တို႔ ဘာလုပ္ဖို႔လို႔တုံး၊ အဲဒီအမႈအတြက္ ကြၽန္ေတာ္တို႔မွာ သက္ငယ္မုဒိမ္းအတြက္ က်ဴးလြန္သူကို ေပးရမယ့္ျပစ္ဒဏ္ဆိုတာ ကြၽန္ေတာ္တို႔မွာ ရွိဖို႔လိုတယ္"ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.