ကမ္ဘောဒီးယားတွင် တရုတ်၏ အမြဲတမ်းရေတပ်စခန်း ရှိနေပြီလား..??

 833

Htay Oung ( NP News) - အောက်တိုဘာ ၁၅

ကမ္ဘောဒီးယားနိုင်ငံ "ရီးမ်ရေတပ်အခြေစိုက် စခန်း"ကို ယခုနှစ်ရိုက်ကူးရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံ များပါ မီးခိုးရောင်ပုံသဏ္ဌာန်နှစ်ခုအတွက် အမေရိ ကန်က စိုးရိမ်မှုတိုးပွားနေရပုံပေါ်ပါတယ်။ တောင်တရုတ်ပင်လယ်ရှိ တရုတ်က သိမ်းပိုက် အခိုင်အမာ အားဖြည့်ပြီးဖြစ်တဲ့ ပိုင်ဆိုင်မှုအငြင်းပွား ကျွန်းသုံး ကျွန်းကိုကျော်လွန်ပြီး သူရဲ့စစ်ခြေလှမ်း ဖြန့်ကြက် မှုကိုတိုးချဲ့နေကြောင်း သိသာနိုင်တယ်လို့ BBC (8 October 2024) ကရေးပါတယ်။

ဓာတ်ပုံတွေမှာမြင်တွေ့နေရတာက တန်ချိန် (၁,၅၀ဝ)ရှိ တရုတ်ရေတပ်ရဲ့ A56 ကော်ဗတ်အမျိုး အစားစစ်သင်္ဘောများဖြစ်ပြီး ပေကျင်းကတည် ဆောက်ပေးထားတဲ့ ဆိပ်ခံတံတားတစ်ခုရဲ့ တစ်ဖက် တစ်ချက်မှာ ဆိုက်ကပ်ထားပါတယ်။ ကုန်းတွင်းပိုင်းမှာလည်း ပေကျင်းက ဆောက်လုပ်ထားပြီး တရုတ်ရေ တပ်အသုံးပြုမယ်လို့ယူဆရတဲ့ အခြားသော အဆောက် အအုံတွေလည်း ရှိနေပါသေးတယ်။

ကမ္ဘောဒီးယားအစိုးရကတော့ နိုင်ငံခြား စစ်တပ် တွေ အမြဲတမ်းတပ်စွဲခွင့်မပြုဖို့ တားမြစ်ထားတဲ့ နိုင်ငံ ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး ငြင်းဆိုနေ ပါတယ်။ ရီးမ်ရေတပ်အခြေစိုက်စခန်းဟာ မိတ်ဆွေ ရေတပ်အားလုံးအတွက် အသုံးပြုရန် လမ်းဖွင့်ထား ကြောင်း အကြိမ်ကြိမ်ပယ်ချနေပါတယ်။ ကမ္ဘောဒီး ယားဟာ အလွန်သေးငယ်ပြီး စစ်ရေးစွမ်းရည်မှာ အကန့်အသတ်ရှိကြောင်း၊ ပြင်ပမိတ်ဆွေတွေ အထူးသဖြင့် တရုတ်ထံမှလေ့ကျင့်မှုတွေ ပိုမိုလိုအပ်ကြောင်း ပြောဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကတော့ သံသ ယနဲ့ စောင့်ကြည့်နေကြပါတယ်။

ပေကျင်းရဲ့ ပင်လယ်ရေကြောင်းအင်အား တိုးမြင့်လာတာနဲ့ပတ်သက်ပြီး လောလောဆယ် တရုတ်ရေတပ်က အမေရိကန်ထက် စစ်သင်္ဘော အရေအတွက် ပိုမိုပိုင်ဆိုင်လာကြောင်းလောက်သာ စကားလုပ်ပြီး ပြောဆိုနေကြပါတယ်။ တကယ်တော့ တရုတ်တို့အတွက် (၂၀၁၆) ခုနှစ် အာဖရိက ဒီဂျာ ဘူတီနိုင်ငံမှာ သူတို့တည်ဆောက်ခဲ့တဲ့ ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်းတစ်ခုသာ ရှိပါသေးတယ်။

အမေရိကန်က အဲဒီ ဂျာဘူတီနိုင်ငံအပြင် ကမ္ဘာတစ်ဝန်းလုံးမှာ ရေတပ်အခြေစိုက်စခန်းပေါင်း (၇၅၀)ခန့်ရှိနေတဲ့အတွက် ပြောင်းပြန်ဖြစ်နေပါတယ်။ ဂျပန်နဲ့တောင်ကိုရီးယားတို့လိုနိုင်ငံမျိုးသာမက တရုတ်နဲ့ဘယ်လောက်မှမဝေးတဲ့ တခြားတိုင်းပြည်များမှာလည်း စစ်အခြေစိုက်စခန်းတွေရှိနေပါတယ်။

ဒါပေမဲ့ တစ်ကမ္ဘာလုံးလွှမ်းခြုံတဲ့ စစ်ရေးအင် အားကြီးနိုင်ငံဖြစ်လိုတဲ့ တရုတ်ရဲ့ရည်မှန်းချက်ကြောင့် အဲဒီမညီမျှမှုဟာ အချိန်နဲ့အမျှပြောင်းလဲနေတယ်လို့ အမေရိကန်က ယုံကြည်ပါတယ်။ တရုတ်ဥပဒေအရ စစ်ဘက်ဆိုင်ရာစံနှုန်းတွေနဲ့ တည်ဆောက်ရမယ့် “ရပ်ဝန်းနဲ့လမ်း” BRI စီမံကိန်းမှတစ်ဆင့် ပင်လယ်ရပ်ခြားတိုင်းပြည်တွေရဲ့ အခြေခံအဆောက် အအုံတွေမှာ သူရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိုင်းအတာနဲ့ ထည့်သွင်းသွားနိုင်တယ်လို့ ရှုမြင်ပါတယ်။

အဲဒီလိုနည်းနဲ့ နောက်ဆုံး တရုတ်ဟာ ကမ္ဘာအနှံ့ အခြေစိုက်စခန်းကွန်ရက်တွေ ဒါမှမဟုတ် အခြေ စိုက်စခန်းအဖြစ်အသုံးပြုနိုင်တဲ့ အရပ်ဘက်ဆိပ်ကမ်း တွေရှိလာမယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီအထဲမှာ ပထမတစ်ခုက အခုပြောနေတဲ့ ကမ္ဘောဒီးယား ရီးမ်ရေတပ်အခြေစိုက်စခန်းပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ ကမ္ဘောဒီးယား နိုင်ငံတောင်ပိုင်း ရီးမ်ရေတပ်အခြေစခန်း အဆင့်မြှင့် တင်ရေးကိုကူညီနေခဲ့သူက အမေရိကန်ဖြစ်ပါတယ်။ ဝါရှင်တန်က ဖနွမ်းပင်ကို နှစ်စဉ်ပေးအပ်နေတဲ့ ဒေါ် လာ သန်းပေါင်းများစွာတန်ဖိုးရှိ စစ်ရေးအကူအညီရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီး ယားမှာ အဓိက နိုင်ငံရေးပါတီပိတ်ပင်ခံရပြီး အတိုက် အခံတွေကို ဖမ်းဆီးထောင်ချ ဒါမှမဟုတ် ပြည်နှင် ဒဏ်ပေးခံရတဲ့အတွက် (၂၀၁၇)ခုနှစ်နောက်ပိုင်း ဝါရှင်တန်ရဲ့အကူအညီတွေဟာ ရပ်တန့်သွားပါတယ်။ အဲဒီနေရာမှာ အစားထိုးဝင်ရောက်လာသူက တရုတ်ပဲ ဖြစ်ပါတယ်။

တရုတ်အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုမျှော် လင့်နေတဲ့ ကမ္ဘောဒီးယားအစိုးရဟာ မိတ်ဖက်တွေကို ချက်ချင်းပြောင်းခဲ့ပါတယ်။ အမေရိကန်နဲ့ပြုလုပ်နေ ကျ ပုံမှန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းပစ် လိုက်ပြီး အခုတော့ “ရွှေနဂါးစစ်ရေးလေ့ကျင့်မှု” လို့ တရုတ်နဲ့ ပြောင်းလဲပြုလုပ်လာပါတယ်။

ရီးမ်ရေတပ်အခြေစိုက်စခန်းက အမေရိကန် ဆောက်လုပ်ပေးထားတဲ့ အဆောက်အအုံနှစ်ခုဟာ (၂၀၂၀)ပြည့်နှစ်မှာဖြိုချခံရပြီး အဲဒီနေရာမှာ အ ဆောက်အအုံတွေကို တရုတ်ငွေကြေးထောက်ပံ့မှုနဲ့ အကြီးအကျယ် စတင်တိုးချဲ့ခဲ့ပါတယ်။ ဆိပ်ခံတံတား အသစ်ဆိုရင် လွန်ခဲ့တဲ့နှစ်မှာ ဆောက်လုပ်ပြီးစီးသွား ပါပြီ။ ဒီဂျာဘူတီနိုင်ငံ ပေကျင်းအခြေစိုက်စခန်းက (၃၆၃) မီတာအလျားရှိ ဆိပ်ခံတံတားနဲ့ဆင်တူပြီး တရုတ်ရဲ့ အကြီးဆုံး လေယာဉ်တင် သင်္ဘောကြီးတစ်စင်းလုံး ‌အေးအေးဆေးဆေး ဆိုက်ကပ်နိုင်လောက် အောင်ရှည်လျားပါတယ်။

အခု ဂြိုဟ်တုဓာတ်ပုံမှာမြင်တွေ့ရတဲ့ ရီးမ် ရေတပ်စခန်းက ကော်ဗတ်စစ်သင်္ဘောတွေဟာ ခုနှစ် တစ်လျှောက်လုံး ရက်အတော်များများကြာတဲ့အထိ အဲဒီနေရာမှာပဲ ဆိုက်ကပ်ထားကြောင်းတွေ့ရှိရပါတယ်။ ဖနွမ်းပင်ကတော့ အဲဒီသင်္ဘောတွေဟာ လေ့ကျင့်ရေး အတွက်ဖြစ်ပြီး ယခုနှစ် ရွှေနဂါးစစ်ရေးလေ့ကျင့်မှု အတွက် အဆင်သင့်လုပ်ထားခြင်းဖြစ်ကြောင်း၊ တ ရုတ်ဟာ ကမ္ဘောဒီးယား ရေတပ်မတော်အတွက် A56 အမျိုးအစား ကော်ဗတ်စစ်သင်္ဘောနှစ်စင်း တည် ဆောက်ပေးနေပြီး အခုစစ်သင်္ဘောတွေအနေနဲ့ ရေ ရှည် ဆက်လက်တည်ရှိနေစရာ အကြောင်းမရှိသလို အခြေစိုက်စခန်းမှာလည်း အကျုံးဝင်ခြင်းမရှိကြောင်း ပြန်လည်ဖြေဆိုပါတယ်။

ဒါပေမဲ့ စခန်းတည်ဆောက် တိုးချဲ့မှုနဲ့ပတ်သက် ပြီး အမေရိကန်ရဲ့ စိုးရိမ်ကြောင်းပြောဆိုနေမှုဟာ ဒီ လောက်နဲ့ရပ်တန့်မသွားပါဘူး။ ဆိပ်ခံတံတားအသစ်၊ ရေလုံလွန်းကျင်းအသစ်၊ ဂိုဒေါင်တွေ၊ အုပ်ချုပ်ရေးရုံး တွေနဲ့ ဘတ်စကက်ဘော (၄)ကွင်းပါ လူနေရပ်ကွက် မျိုးဆန်ဆန် အဆောက်အအုံတွေကို ဂြိုဟ်တုဓာတ်ပုံ တွေမှာ တွေ့မြင်နေရလို့ဖြစ်ပါတယ်။

အဲဒီ အခြေစိုက်စခန်းရဲ့ ဧရိယာဧက(၁၉၀) ကို ကမ္ဘောဒီးယားက တရုတ်တို့ထံ နှစ်(၃၀)ကြာ ငှား ရမ်းထားကြောင်း၊ အဲဒီမှာ စစ်ဘက်ဆိုင်ရာဝန်ထမ်း တွေနဲ့ လက်နက်တွေထားရှိဖို့လည်းပါဝင်ကြောင်း ပေါက်ကြားသတင်းအဖြစ် “ဝေါလ်စထရိ ဂျာနယ်”က (၂၀၁၉)ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းတွေဟာ အတုအယောင်တွေသာ ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ပယ်ချခဲ့ပေမယ့် ခုအချိန်ထိ ဆိပ်ခံတံတားသစ်မှာ တရုတ်စစ်သင်္ဘော တွေချည်းသက်သက် ဆိုက်ကပ်ခွင့်ရရှိထားကတော့ မှတ်သားဖွယ်ကောင်းလှပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက လာရောက်လည်ပတ်တဲ့ ဂျပန်ဖျက် သင်္ဘောနှစ်စင်းကိုလည်း အနီးအနားရှိ ယခင် ကမ် ပုံဆွန်ခေါ် သီဟာနုဗီးလ်ဆိပ်ကမ်းမြို့မှာ ဆိုက်ကပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

တရုတ်စစ်သင်္ဘောတွေ ရီးမ်မှာရောက်ရှိနေတာ မြင်နေပါရဲ့နဲ့ မဟုတ်ဘူးငြင်းဆိုနေတာဟာ ဆင်တစ် ကောင်လုံးတွေ့နေရပြီးမှ ဆင်ခြေရာရှာရသလို ဖြစ် နေပါတယ်။ ဖနွမ်းပင်ဟာ ရီးမ်ကို တရုတ်ထံ ငှားရမ်း ဖို့ဆိုတာ သူ့နိုင်ငံရဲ့ အခြေခံဥပဒေကို ဖောက်ဖျက် သလိုဖြစ်မနေဘူးလားလို့ လေ့လာသူတချို့က သံသယရှိပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အဲဒီတိုင်းပြည်နေ နိုင်ငံသားတို့ရဲ့ တန်ဖိုး၊ အခွင့်အ ရေးတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရတို့က လိုက်နာရမယ့် စည်းကမ်းချက်တွေပဲဖြစ်ပါတယ်။ တရုတ်ပေးတဲ့ပိုက်ဆံကိုယူပြီး တရုတ်စစ်သင်္ဘော တွေကို အမြဲတမ်း ဆိုက်ကပ်ခွင့်ပြုမယ်ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေတာ အမှန်ပဲဖြစ်ပါတယ်။ အဲဒီတော့ “နိုင်ငံခြား စစ်အခြေ စိုက်စခန်း”လို့ မခေါ်ဘဲ “အလှည့်ကျ အခြေခံမူနဲ့ ပြည်ပတပ်တွေ စဉ်ဆက်မပြတ် ဝင်ရောက်ခွင့်ပြု ရန်"လို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ တားမြစ် ချက်ကို ဖောက်ဖျက်ရာမရောက်ရှိတော့ပါဘူး၊ အခု ဖိလစ်ပိုင်မှာ အမေရိကန်နဲ့ ဘောင်ဘောင်း မားကို့စ် အစိုးရတို့လည်း အဲဒီလိုလုပ်နေတာပဲလို့ ကယ်လီဖိုး နီးယားအခြေစိုက် "ရန်းကော်ပိုရေးရှင်း" ပေါ်လစီ ရေးရာ အကြီးတမ်းသုတေသနမှူးတစ်ဦးက မှတ် ချက်ပေးပါတယ်။

ဒါပေမဲ့ ရီးမ်မှာ ရေတပ်အခြေစိုက်စခန်းရှိလို့ တရုတ်အတွက် ရေရှည်မှာ အကျိုးသိပ်မများနိုင်ဘူးလို့ ယုံကြည်ရပါတယ်။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင် မှု အငြင်းပွား စပရက်လီကျွန်းများအနက် "မစ်စ် ချိဖ်" ၊"ဖယ်ရာရီ" နဲ့ "ဆူဘီ" သန္တာကျွန်းခွေတွေမှာ တရုတ်က မြေဖို့ပြီး လူလုပ်ကျွန်းတုတွေဖန်တီးထားပါ တယ်။ လေယာဉ်ပြေးလမ်းတွေလည်း တည်ဆောက် ထားတဲ့ အဲဒီအခြေစိုက်စခန်း (၃)နဲ့ တောင်တရုတ် ပင်လယ်တောင်ပိုင်းတစ်ခွင်လုံးမှာ ကြောက်စရာ ကောင်းတဲ့ တရုတ်ရေတပ်စစ်သင်္ဘောတွေက စိုးမိုး နေရာယူထားပါတယ်။

ဒါပေမဲ့ ရီးမ်ရဲ့ တည်ရှိပုံအနေအထားဟာ ထိုင်း ပင်လယ်ကွေ့မြောက်ပိုင်း ဆည်ပေါက်ဝမှာစောင့်နေ တဲ့ ဗျိုင်းလိုဖြစ်နေတဲ့အတွက် ကမ္ဘောဒီး ယားရဲ့ အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ်အတွက် စိုးရိမ်စရာရှိပါ တယ်။ မြောက်ဘက်စစ်အခြေစိုက်စခန်းတွေနဲ့အတူ တစ်နည်းအားဖြင့် ရှည်လျားတဲ့ ကမ်းရိုးတန်းပိုင်ရှင် ဗီယက်နမ်ကို ဝိုင်းပတ်ထားသလို ရှိပါတယ်။ ဗီယက် နမ်နည်းတူ ဖိလစ်ပိုင်ကလည်း တောင်တရုတ် ပင်လယ်ရှိ ကျွန်းစုအားလုံးနီးပါးကို သူပိုင်ဆိုင်ကြောင်း ပြောဆိုနေတဲ့ တရုတ်နဲ့အငြင်းပွား ထိပ်တိုက်တွေ့ နေပါတယ်။

ထိုင်းရေတပ်မှာ အဓိကဖြစ်တဲ့ "ဆက်သစ်"ဆိပ်ကမ်းရဲ့တောင်ဘက်မှာ တရုတ်က အခြေစိုက် စခန်း လာရောက်တည်ဆောက်တာဟာ ထိုင်းပင် လယ်ကွေ့မှထွက်ပေါက်ကို ကန့်လန့်ကာချလိုက် သလိုဖြစ်နေကြောင်း ထိုင်းအမျိုးသားလုံခြုံရေးအရာ ရှိတွေက သီးသန့်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ထိုင်း နဲ့ကမ္ဘောဒီးယားတို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်း ပွားနေခြင်းကလည်း မဖြေရှင်းနိုင်သေးပါဘူး။

တစ်ချိန်တည်းမှာပဲ (၂၀၁၇) ခုနှစ်တုန်းက သီရိ လင်္ကာ "ဟန်ဘန်တိုတာဆိပ်ကမ်း"ကို တရုတ် အစိုး ရပိုင်ကုမ္ပဏီတစ်ခုက (၉၉)နှစ်ကြာ အငှားစာချုပ်ဖြင့် ဝယ်ယူခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံ အာရေးဗျပင်လယ် "ဂွာဒါ ရေနက်ဆိပ်ကမ်း” ကိုလည်း တရုတ်ချေးငွေနဲ့ ပြန်လည်တည်ဆောက်နေပြီး အလားတူ အိန္ဒိယ သမုဒ္ဒရာမှာ တရုတ်အခြေစိုက်စခန်းဖြစ်လာဖွယ် ရှိတာကို အမေရိကန်နဲ့ နယူးဒေလီတို့က စောင့်ကြည့်နေကြပါတယ်။

ဒါတွေဟာ အပီအပြင်အကောင်အထည်ပေါ်ဖို့ အလွန်အလှမ်းဝေးကွာနေတုန်းပါပဲ။ ဒါပေမဲ့ တရုတ် အနေနဲ့ အမေရိကန်ရဲ့ ကမ္ဘာအနှံ့စစ်ရေး လက်လှမ်း မီမှုကို နောက်ထပ်နှစ်ပေါင်းများစွာ အပြိုင်အဆိုင် လုပ်နိုင်လိမ့်မယ်လို့ လေ့လာသုံးသပ်သူတချို့က ယုံကြည်ကြပါတယ်။

zawgyi version

ကေမာၻဒီးယားတြင္ တ႐ုတ္၏ အၿမဲတမ္းေရတပ္စခန္း ရွိေနၿပီလား..??
Htay Oung ( NP News) - ေအာက္တိုဘာ ၁၅

ကေမာၻဒီးယားႏိုင္ငံ "ရီးမ္ေရတပ္အေျခစိုက္ စခန္း"ကို ယခုႏွစ္႐ိုက္ကူးရရွိတဲ့ ၿဂိဳဟ္တုဓာတ္ပုံ မ်ားပါ မီးခိုးေရာင္ပုံသဏၭာန္ႏွစ္ခုအတြက္ အေမရိ ကန္က စိုးရိမ္မႈတိုးပြားေနရပုံေပၚပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ရွိ တ႐ုတ္က သိမ္းပိုက္ အခိုင္အမာ အားျဖည့္ၿပီးျဖစ္တဲ့ ပိုင္ဆိုင္မႈအျငင္းပြား ကြၽန္းသုံး ကြၽန္းကိုေက်ာ္လြန္ၿပီး သူရဲ႕စစ္ေျခလွမ္း ျဖန႔္ၾကက္ မႈကိုတိုးခ်ဲ႕ေနေၾကာင္း သိသာႏိုင္တယ္လို႔ BBC (8 October 2024) ကေရးပါတယ္။

ဓာတ္ပုံေတြမွာျမင္ေတြ႕ေနရတာက တန္ခ်ိန္ (၁,၅၀ဝ)ရွိ တ႐ုတ္ေရတပ္ရဲ႕ A56 ေကာ္ဗတ္အမ်ိဳး အစားစစ္သေဘၤာမ်ားျဖစ္ၿပီး ေပက်င္းကတည္ ေဆာက္ေပးထားတဲ့ ဆိပ္ခံတံတားတစ္ခုရဲ႕ တစ္ဖက္ တစ္ခ်က္မွာ ဆိုက္ကပ္ထားပါတယ္။ ကုန္းတြင္းပိုင္းမွာလည္း ေပက်င္းက ေဆာက္လုပ္ထားၿပီး တ႐ုတ္ေရ တပ္အသုံးျပဳမယ္လို႔ယူဆရတဲ့ အျခားေသာ အေဆာက္ အအုံေတြလည္း ရွိေနပါေသးတယ္။

ကေမာၻဒီးယားအစိုးရကေတာ့ ႏိုင္ငံျခား စစ္တပ္ ေတြ အၿမဲတမ္းတပ္စြဲခြင့္မျပဳဖို႔ တားျမစ္ထားတဲ့ ႏိုင္ငံ ရဲ႕ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကိုးကားၿပီး ျငင္းဆိုေန ပါတယ္။ ရီးမ္ေရတပ္အေျခစိုက္စခန္းဟာ မိတ္ေဆြ ေရတပ္အားလုံးအတြက္ အသုံးျပဳရန္ လမ္းဖြင့္ထား ေၾကာင္း အႀကိမ္ႀကိမ္ပယ္ခ်ေနပါတယ္။ ကေမာၻဒီး ယားဟာ အလြန္ေသးငယ္ၿပီး စစ္ေရးစြမ္းရည္မွာ အကန႔္အသတ္ရွိေၾကာင္း၊ ျပင္ပမိတ္ေဆြေတြ အထူးသျဖင့္ တ႐ုတ္ထံမွေလ့က်င့္မႈေတြ ပိုမိုလိုအပ္ေၾကာင္း ေျပာဆိုပါတယ္။ ဒါေပမဲ့ ႏိုင္ငံတကာကေတာ့ သံသ ယနဲ႔ ေစာင့္ၾကည့္ေနၾကပါတယ္။

ေပက်င္းရဲ႕ ပင္လယ္ေရေၾကာင္းအင္အား တိုးျမင့္လာတာနဲ႔ပတ္သက္ၿပီး ေလာေလာဆယ္ တ႐ုတ္ေရတပ္က အေမရိကန္ထက္ စစ္သေဘၤာ အေရအတြက္ ပိုမိုပိုင္ဆိုင္လာေၾကာင္းေလာက္သာ စကားလုပ္ၿပီး ေျပာဆိုေနၾကပါတယ္။ တကယ္ေတာ့ တ႐ုတ္တို႔အတြက္ (၂၀၁၆) ခုႏွစ္ အာဖရိက ဒီဂ်ာ ဘူတီႏိုင္ငံမွာ သူတို႔တည္ေဆာက္ခဲ့တဲ့ ပင္လယ္ရပ္ျခား စစ္အေျခစိုက္စခန္းတစ္ခုသာ ရွိပါေသးတယ္။

အေမရိကန္က အဲဒီ ဂ်ာဘူတီႏိုင္ငံအျပင္ ကမာၻတစ္ဝန္းလုံးမွာ ေရတပ္အေျခစိုက္စခန္းေပါင္း (၇၅၀)ခန႔္ရွိေနတဲ့အတြက္ ေျပာင္းျပန္ျဖစ္ေနပါတယ္။ ဂ်ပန္နဲ႔ေတာင္ကိုရီးယားတို႔လိုႏိုင္ငံမ်ိဳးသာမက တ႐ုတ္နဲ႔ဘယ္ေလာက္မွမေဝးတဲ့ တျခားတိုင္းျပည္မ်ားမွာလည္း စစ္အေျခစိုက္စခန္းေတြရွိေနပါတယ္။

ဒါေပမဲ့ တစ္ကမာၻလုံးလႊမ္းၿခဳံတဲ့ စစ္ေရးအင္ အားႀကီးႏိုင္ငံျဖစ္လိုတဲ့ တ႐ုတ္ရဲ႕ရည္မွန္းခ်က္ေၾကာင့္ အဲဒီမညီမွ်မႈဟာ အခ်ိန္နဲ႔အမွ်ေျပာင္းလဲေနတယ္လို႔ အေမရိကန္က ယုံၾကည္ပါတယ္။ တ႐ုတ္ဥပေဒအရ စစ္ဘက္ဆိုင္ရာစံႏႈန္းေတြနဲ႔ တည္ေဆာက္ရမယ့္ “ရပ္ဝန္းနဲ႔လမ္း” BRI စီမံကိန္းမွတစ္ဆင့္ ပင္လယ္ရပ္ျခားတိုင္းျပည္ေတြရဲ႕ အေျခခံအေဆာက္ အအုံေတြမွာ သူရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏကို အတိုင္းအတာနဲ႔ ထည့္သြင္းသြားႏိုင္တယ္လို႔ ရႈျမင္ပါတယ္။

အဲဒီလိုနည္းနဲ႔ ေနာက္ဆုံး တ႐ုတ္ဟာ ကမာၻအႏွံ႔ အေျခစိုက္စခန္းကြန္ရက္ေတြ ဒါမွမဟုတ္ အေျခ စိုက္စခန္းအျဖစ္အသုံးျပဳႏိုင္တဲ့ အရပ္ဘက္ဆိပ္ကမ္း ေတြရွိလာမယ္လို႔ ခန႔္မွန္းၾကပါတယ္။ အဲဒီအထဲမွာ ပထမတစ္ခုက အခုေျပာေနတဲ့ ကေမာၻဒီးယား ရီးမ္ေရတပ္အေျခစိုက္စခန္းပဲျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အထိ ကေမာၻဒီးယား ႏိုင္ငံေတာင္ပိုင္း ရီးမ္ေရတပ္အေျခစခန္း အဆင့္ျမႇင့္ တင္ေရးကိုကူညီေနခဲ့သူက အေမရိကန္ျဖစ္ပါတယ္။ ဝါရွင္တန္က ဖႏြမ္းပင္ကို ႏွစ္စဥ္ေပးအပ္ေနတဲ့ ေဒၚ လာ သန္းေပါင္းမ်ားစြာတန္ဖိုးရွိ စစ္ေရးအကူအညီရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။ ဒါေပမဲ့ ကေမာၻဒီး ယားမွာ အဓိက ႏိုင္ငံေရးပါတီပိတ္ပင္ခံရၿပီး အတိုက္ အခံေတြကို ဖမ္းဆီးေထာင္ခ် ဒါမွမဟုတ္ ျပည္ႏွင္ ဒဏ္ေပးခံရတဲ့အတြက္ (၂၀၁၇)ခုႏွစ္ေနာက္ပိုင္း ဝါရွင္တန္ရဲ႕အကူအညီေတြဟာ ရပ္တန႔္သြားပါတယ္။ အဲဒီေနရာမွာ အစားထိုးဝင္ေရာက္လာသူက တ႐ုတ္ပဲ ျဖစ္ပါတယ္။

တ႐ုတ္အကူအညီနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုေမွ်ာ္ လင့္ေနတဲ့ ကေမာၻဒီးယားအစိုးရဟာ မိတ္ဖက္ေတြကို ခ်က္ခ်င္းေျပာင္းခဲ့ပါတယ္။ အေမရိကန္နဲ႔ျပဳလုပ္ေန က် ပုံမွန္ပူးတြဲစစ္ေရးေလ့က်င့္မႈကို ဖ်က္သိမ္းပစ္ လိုက္ၿပီး အခုေတာ့ “ေ႐ႊနဂါးစစ္ေရးေလ့က်င့္မႈ” လို႔ တ႐ုတ္နဲ႔ ေျပာင္းလဲျပဳလုပ္လာပါတယ္။

ရီးမ္ေရတပ္အေျခစိုက္စခန္းက အေမရိကန္ ေဆာက္လုပ္ေပးထားတဲ့ အေဆာက္အအုံႏွစ္ခုဟာ (၂၀၂၀)ျပည့္ႏွစ္မွာၿဖိဳခ်ခံရၿပီး အဲဒီေနရာမွာ အ ေဆာက္အအုံေတြကို တ႐ုတ္ေငြေၾကးေထာက္ပံ့မႈနဲ႔ အႀကီးအက်ယ္ စတင္တိုးခ်ဲ႕ခဲ့ပါတယ္။ ဆိပ္ခံတံတား အသစ္ဆိုရင္ လြန္ခဲ့တဲ့ႏွစ္မွာ ေဆာက္လုပ္ၿပီးစီးသြား ပါၿပီ။ ဒီဂ်ာဘူတီႏိုင္ငံ ေပက်င္းအေျခစိုက္စခန္းက (၃၆၃) မီတာအလ်ားရွိ ဆိပ္ခံတံတားနဲ႔ဆင္တူၿပီး တ႐ုတ္ရဲ႕ အႀကီးဆုံး ေလယာဥ္တင္ သေဘၤာႀကီးတစ္စင္းလုံး ‌ေအးေအးေဆးေဆး ဆိုက္ကပ္ႏိုင္ေလာက္ ေအာင္ရွည္လ်ားပါတယ္။

အခု ၿဂိဳဟ္တုဓာတ္ပုံမွာျမင္ေတြ႕ရတဲ့ ရီးမ္ ေရတပ္စခန္းက ေကာ္ဗတ္စစ္သေဘၤာေတြဟာ ခုႏွစ္ တစ္ေလွ်ာက္လုံး ရက္အေတာ္မ်ားမ်ားၾကာတဲ့အထိ အဲဒီေနရာမွာပဲ ဆိုက္ကပ္ထားေၾကာင္းေတြ႕ရွိရပါတယ္။ ဖႏြမ္းပင္ကေတာ့ အဲဒီသေဘၤာေတြဟာ ေလ့က်င့္ေရး အတြက္ျဖစ္ၿပီး ယခုႏွစ္ ေ႐ႊနဂါးစစ္ေရးေလ့က်င့္မႈ အတြက္ အဆင္သင့္လုပ္ထားျခင္းျဖစ္ေၾကာင္း၊ တ ႐ုတ္ဟာ ကေမာၻဒီးယား ေရတပ္မေတာ္အတြက္ A56 အမ်ိဳးအစား ေကာ္ဗတ္စစ္သေဘၤာႏွစ္စင္း တည္ ေဆာက္ေပးေနၿပီး အခုစစ္သေဘၤာေတြအေနနဲ႔ ေရ ရွည္ ဆက္လက္တည္ရွိေနစရာ အေၾကာင္းမရွိသလို အေျခစိုက္စခန္းမွာလည္း အက်ဳံးဝင္ျခင္းမရွိေၾကာင္း ျပန္လည္ေျဖဆိုပါတယ္။

ဒါေပမဲ့ စခန္းတည္ေဆာက္ တိုးခ်ဲ႕မႈနဲ႔ပတ္သက္ ၿပီး အေမရိကန္ရဲ႕ စိုးရိမ္ေၾကာင္းေျပာဆိုေနမႈဟာ ဒီ ေလာက္နဲ႔ရပ္တန႔္မသြားပါဘူး။ ဆိပ္ခံတံတားအသစ္၊ ေရလုံလြန္းက်င္းအသစ္၊ ဂိုေဒါင္ေတြ၊ အုပ္ခ်ဳပ္ေရး႐ုံး ေတြနဲ႔ ဘတ္စကက္ေဘာ (၄)ကြင္းပါ လူေနရပ္ကြက္ မ်ိဳးဆန္ဆန္ အေဆာက္အအုံေတြကို ၿဂိဳဟ္တုဓာတ္ပုံ ေတြမွာ ေတြ႕ျမင္ေနရလို႔ျဖစ္ပါတယ္။

အဲဒီ အေျခစိုက္စခန္းရဲ႕ ဧရိယာဧက(၁၉၀) ကို ကေမာၻဒီးယားက တ႐ုတ္တို႔ထံ ႏွစ္(၃၀)ၾကာ ငွား ရမ္းထားေၾကာင္း၊ အဲဒီမွာ စစ္ဘက္ဆိုင္ရာဝန္ထမ္း ေတြနဲ႔ လက္နက္ေတြထားရွိဖို႔လည္းပါဝင္ေၾကာင္း ေပါက္ၾကားသတင္းအျဖစ္ “ေဝါလ္စထရိ ဂ်ာနယ္”က (၂၀၁၉)ခုႏွစ္မွာ ေဖာ္ျပခဲ့ပါတယ္။

အဲဒီသတင္းေတြဟာ အတုအေယာင္ေတြသာ ျဖစ္ေၾကာင္း ကေမာၻဒီးယားအစိုးရက ပယ္ခ်ခဲ့ေပမယ့္ ခုအခ်ိန္ထိ ဆိပ္ခံတံတားသစ္မွာ တ႐ုတ္စစ္သေဘၤာ ေတြခ်ည္းသက္သက္ ဆိုက္ကပ္ခြင့္ရရွိထားကေတာ့ မွတ္သားဖြယ္ေကာင္းလွပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ လတုန္းက လာေရာက္လည္ပတ္တဲ့ ဂ်ပန္ဖ်က္ သေဘၤာႏွစ္စင္းကိုလည္း အနီးအနားရွိ ယခင္ ကမ္ ပုံဆြန္ေခၚ သီဟာႏုဗီးလ္ဆိပ္ကမ္းၿမိဳ႕မွာ ဆိုက္ကပ္ဖို႔ အမိန႔္ေပးခဲ့ပါတယ္။

တ႐ုတ္စစ္သေဘၤာေတြ ရီးမ္မွာေရာက္ရွိေနတာ ျမင္ေနပါရဲ႕နဲ႔ မဟုတ္ဘူးျငင္းဆိုေနတာဟာ ဆင္တစ္ ေကာင္လုံးေတြ႕ေနရၿပီးမွ ဆင္ေျခရာရွာရသလို ျဖစ္ ေနပါတယ္။ ဖႏြမ္းပင္ဟာ ရီးမ္ကို တ႐ုတ္ထံ ငွားရမ္း ဖို႔ဆိုတာ သူ႔ႏိုင္ငံရဲ႕ အေျခခံဥပေဒကို ေဖာက္ဖ်က္ သလိုျဖစ္မေနဘူးလားလို႔ ေလ့လာသူတခ်ိဳ႕က သံသယရွိပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုတာ အဲဒီတိုင္းျပည္ေန ႏိုင္ငံသားတို႔ရဲ႕ တန္ဖိုး၊ အခြင့္အ ေရးေတြနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာအစိုးရတို႔က လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြပဲျဖစ္ပါတယ္။ တ႐ုတ္ေပးတဲ့ပိုက္ဆံကိုယူၿပီး တ႐ုတ္စစ္သေဘၤာ ေတြကို အၿမဲတမ္း ဆိုက္ကပ္ခြင့္ျပဳမယ္ဆိုရင္ေတာ့ လုပ္ထုံးလုပ္နည္းအရ ဖြဲ႕စည္းပုံနဲ႔ ဆန႔္က်င္ေနတာ အမွန္ပဲျဖစ္ပါတယ္။ အဲဒီေတာ့ “ႏိုင္ငံျခား စစ္အေျခ စိုက္စခန္း”လို႔ မေခၚဘဲ “အလွည့္က် အေျခခံမူနဲ႔ ျပည္ပတပ္ေတြ စဥ္ဆက္မျပတ္ ဝင္ေရာက္ခြင့္ျပဳ ရန္"လို႔ဆိုရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ တားျမစ္ ခ်က္ကို ေဖာက္ဖ်က္ရာမေရာက္ရွိေတာ့ပါဘူး၊ အခု ဖိလစ္ပိုင္မွာ အေမရိကန္နဲ႔ ေဘာင္ေဘာင္း မားကို႔စ္ အစိုးရတို႔လည္း အဲဒီလိုလုပ္ေနတာပဲလို႔ ကယ္လီဖိုး နီးယားအေျခစိုက္ "ရန္းေကာ္ပိုေရးရွင္း" ေပၚလစီ ေရးရာ အႀကီးတမ္းသုေတသနမႉးတစ္ဦးက မွတ္ ခ်က္ေပးပါတယ္။

ဒါေပမဲ့ ရီးမ္မွာ ေရတပ္အေျခစိုက္စခန္းရွိလို႔ တ႐ုတ္အတြက္ ေရရွည္မွာ အက်ိဳးသိပ္မမ်ားႏိုင္ဘူးလို႔ ယုံၾကည္ရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ ပိုင္ဆိုင္ မႈ အျငင္းပြား စပရက္လီကြၽန္းမ်ားအနက္ "မစ္စ္ ခ်ိဖ္" ၊"ဖယ္ရာရီ" နဲ႔ "ဆူဘီ" သႏၲာကြၽန္းေခြေတြမွာ တ႐ုတ္က ေျမဖို႔ၿပီး လူလုပ္ကြၽန္းတုေတြဖန္တီးထားပါ တယ္။ ေလယာဥ္ေျပးလမ္းေတြလည္း တည္ေဆာက္ ထားတဲ့ အဲဒီအေျခစိုက္စခန္း (၃)နဲ႔ ေတာင္တ႐ုတ္ ပင္လယ္ေတာင္ပိုင္းတစ္ခြင္လုံးမွာ ေၾကာက္စရာ ေကာင္းတဲ့ တ႐ုတ္ေရတပ္စစ္သေဘၤာေတြက စိုးမိုး ေနရာယူထားပါတယ္။

ဒါေပမဲ့ ရီးမ္ရဲ႕ တည္ရွိပုံအေနအထားဟာ ထိုင္း ပင္လယ္ေကြ႕ေျမာက္ပိုင္း ဆည္ေပါက္ဝမွာေစာင့္ေန တဲ့ ဗ်ိဳင္းလိုျဖစ္ေနတဲ့အတြက္ ကေမာၻဒီး ယားရဲ႕ အိမ္နီးခ်င္း ထိုင္းနဲ႔ ဗီယက္နမ္အတြက္ စိုးရိမ္စရာရွိပါ တယ္။ ေျမာက္ဘက္စစ္အေျခစိုက္စခန္းေတြနဲ႔အတူ တစ္နည္းအားျဖင့္ ရွည္လ်ားတဲ့ ကမ္း႐ိုးတန္းပိုင္ရွင္ ဗီယက္နမ္ကို ဝိုင္းပတ္ထားသလို ရွိပါတယ္။ ဗီယက္ နမ္နည္းတူ ဖိလစ္ပိုင္ကလည္း ေတာင္တ႐ုတ္ ပင္လယ္ရွိ ကြၽန္းစုအားလုံးနီးပါးကို သူပိုင္ဆိုင္ေၾကာင္း ေျပာဆိုေနတဲ့ တ႐ုတ္နဲ႔အျငင္းပြား ထိပ္တိုက္ေတြ႕ ေနပါတယ္။

ထိုင္းေရတပ္မွာ အဓိကျဖစ္တဲ့ "ဆက္သစ္"ဆိပ္ကမ္းရဲ႕ေတာင္ဘက္မွာ တ႐ုတ္က အေျခစိုက္ စခန္း လာေရာက္တည္ေဆာက္တာဟာ ထိုင္းပင္ လယ္ေကြ႕မွထြက္ေပါက္ကို ကန႔္လန႔္ကာခ်လိုက္ သလိုျဖစ္ေနေၾကာင္း ထိုင္းအမ်ိဳးသားလုံၿခဳံေရးအရာ ရွိေတြက သီးသန႔္ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ထိုင္း နဲ႔ကေမာၻဒီးယားတို႔အၾကား နယ္ေျမပိုင္ဆိုင္မႈ အျငင္း ပြားေနျခင္းကလည္း မေျဖရွင္းႏိုင္ေသးပါဘူး။

တစ္ခ်ိန္တည္းမွာပဲ (၂၀၁၇) ခုႏွစ္တုန္းက သီရိ လကၤာ "ဟန္ဘန္တိုတာဆိပ္ကမ္း"ကို တ႐ုတ္ အစိုး ရပိုင္ကုမၸဏီတစ္ခုက (၉၉)ႏွစ္ၾကာ အငွားစာခ်ဳပ္ျဖင့္ ဝယ္ယူခဲ့ပါတယ္။ ပါကစၥတန္ႏိုင္ငံ အာေရးဗ်ပင္လယ္ "ဂြာဒါ ေရနက္ဆိပ္ကမ္း” ကိုလည္း တ႐ုတ္ေခ်းေငြနဲ႔ ျပန္လည္တည္ေဆာက္ေနၿပီး အလားတူ အိႏၵိယ သမုဒၵရာမွာ တ႐ုတ္အေျခစိုက္စခန္းျဖစ္လာဖြယ္ ရွိတာကို အေမရိကန္နဲ႔ နယူးေဒလီတို႔က ေစာင့္ၾကည့္ေနၾကပါတယ္။

ဒါေတြဟာ အပီအျပင္အေကာင္အထည္ေပၚဖို႔ အလြန္အလွမ္းေဝးကြာေနတုန္းပါပဲ။ ဒါေပမဲ့ တ႐ုတ္ အေနနဲ႔ အေမရိကန္ရဲ႕ ကမာၻအႏွံ႔စစ္ေရး လက္လွမ္း မီမႈကို ေနာက္ထပ္ႏွစ္ေပါင္းမ်ားစြာ အၿပိဳင္အဆိုင္ လုပ္ႏိုင္လိမ့္မယ္လို႔ ေလ့လာသုံးသပ္သူတခ်ိဳ႕က ယုံၾကည္ၾကပါတယ္။

Related news

© 2021. All rights reserved.