လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား

 2944

နာမူ (NP News) - အောက်တိုဘာ ၁၆

လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်ဖြစ်သူက ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်သည့်ဖြစ်စဥ် နေပြည်တော်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံပရဟိတအသင်းတစ်သင်းထံမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ အောက်တိုဘာ(၁၄)ရက်၊ ည(၁၀)နာရီခွဲအချိန်ခန့်တွင် ပျဥ်းမနားမြို့၊ ပေါစံခေါကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လင်မယားနှစ်ယောက်စကားများတယ်ပေါ့။ စကားများပြီးတော့ ကလေးတွေ ငိုသံကြားတော့ အဖေက အနောက်ဘက်ကနေ ထွက်ပြေးသွားတယ်တဲ့။ အမေရယ် သူ့ရဲ့သမီးအကြီးဆုံးရယ် နှစ်ယောက်က အိမ်ပေါ်မှာ ဓားဒဏ်ရာတွေနဲ့ သေနေတာပေါ့။ ကောင်မလေးတစ်ယောက်နဲ့ ယောင်္ကျားလေးတစ်ယောက်တော့ ကျန်ခဲ့တယ်။ ၅ နှစ်နဲ့ ၃ နှစ်အရွယ်လောက်လေးတွေ။ ရဲကောက်ချက်ချတာတော့ လင်မယားရန်ဖြစ်တာလို့ သိရတယ်"ဟု အထက်ပါ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။

အဆိုပါဖြစ်စဥ်ကြောင့် အသက် (၃၅)နှစ်အရွယ်မိခင်ဖြစ်သူ နှင့် အသက် (၁၄)နှစ်အရွယ်သမီးဖြစ်သူတို့ သေဆုံးခဲ့ပြီး အထက်ပါပရဟိတအသင်းမှ ကုတင်၂၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ၎င်းအမှုနှင့် ပက်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည် ။

zawgyi version
လင္မယားစကားမ်ားရန္ျဖစ္ရာမွ ဖခင္က ဇနီးႏွင့္ သမီးျဖစ္သူကို ဓားျဖင့္ခုတ္သတ္မႈျဖစ္ပြား

နာမူ (NP News) - ေအာက္တိုဘာ ၁၆

လင္မယားစကားမ်ားရန္ျဖစ္ရာမွ ဖခင္ျဖစ္သူက ဇနီးႏွင့္ သမီးျဖစ္သူကို ဓားျဖင့္ခုတ္သတ္သည့္ျဖစ္စဥ္ ေနျပည္ေတာ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံပရဟိတအသင္းတစ္သင္းထံမွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ ေအာက္တိုဘာ(၁၄)ရက္၊ ည(၁၀)နာရီခြဲအခ်ိန္ခန႔္တြင္ ပ်ဥ္းမနားၿမိဳ႕၊ ေပါစံေခါေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“လင္မယားႏွစ္ေယာက္စကားမ်ားတယ္ေပါ့။ စကားမ်ားၿပီးေတာ့ ကေလးေတြ ငိုသံၾကားေတာ့ အေဖက အေနာက္ဘက္ကေန ထြက္ေျပးသြားတယ္တဲ့။ အေမရယ္ သူ႔ရဲ႕သမီးအႀကီးဆုံးရယ္ ႏွစ္ေယာက္က အိမ္ေပၚမွာ ဓားဒဏ္ရာေတြနဲ႔ ေသေနတာေပါ့။ ေကာင္မေလးတစ္ေယာက္နဲ႔ ေယာက်ၤားေလးတစ္ေယာက္ေတာ့ က်န္ခဲ့တယ္။ ၅ ႏွစ္နဲ႔ ၃ ႏွစ္အ႐ြယ္ေလာက္ေလးေတြ။ ရဲေကာက္ခ်က္ခ်တာေတာ့ လင္မယားရန္ျဖစ္တာလို႔ သိရတယ္"ဟု အထက္ပါ ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္ (၃၅)ႏွစ္အ႐ြယ္မိခင္ျဖစ္သူ ႏွင့္ အသက္ (၁၄)ႏွစ္အ႐ြယ္သမီးျဖစ္သူတို႔ ေသဆုံးခဲ့ၿပီး အထက္ပါပရဟိတအသင္းမွ ကုတင္၂၀၀ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ ၎အမႈႏွင့္ ပက္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လိုအပ္သည္မ်ားကို ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္ ။

Related news

© 2021. All rights reserved.