အီဂျစ်ရဲ့ဒုတိယအမြင့်ဆုံး ရှေးဟောင်းပိရမစ်ထိပ်မှာ ခွေးတစ်ကောင် တွေ့ရှိ

 1803

ရောင်နီ (NP News) - အောက်တိုဘာ ၂ဝ

ကမ္ဘာကျော် ပိရမစ်ကြီးတွေကြောင့် နာမည်ကျော်ကြားတဲ့ အီဂျစ်နိုင်ငံရဲ့ဒုတိယအမြင့်ဆုံး ပိရမစ်ကြီးတစ်ခုရဲ့ထိပ် မှာ ခွေးတစ်ကောင်ရှိနေတာကို လေထီးခုန် စွန့်စားသူတစ်ယောက်က တွေ့ရှိမှတ်တမ်းတင်ခဲ့ပါတယ်။

အဆိုပါခွေးဟာ အီဂျစ်ရဲ့ဒုတိယအမြင့်ဆုံးဖြစ်တဲ့ Khafre ပိရမစ်ထိပ်မှာ ရှိနေခဲ့တာဖြစ်ပြီး လေထီးခုန် စွန့်စားသူ မိုရှာက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပိရမစ်ထိပ်မှာ လှုပ်ရှားနေတဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပြီး ဖုန်းနဲ့ အမြန်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ပိရမစ်ဟာ အမြင့်ပေ ၄၅၅ ပေထိ မြင့်ပြီး သာမန်လူတစ်ယောက်အနေနဲ့ ပိရမစ်ထိပ်ကို တက်နိုင်ဖို့ မလွယ်ကူနိုင်တဲ့အမြင့်ပဲဖြစ်ပါတယ်။ အဆိုပါ ခွေးလေးကတော့ ပိရမစ်ထိက်ထိတက်နိုင်ပြီး မြေပြင်ကိုလည်း သူ့ဘာသာပြန်ဆင်းလာခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းဝေဖန်သူအချို့ကတော့ ရှေးခေတ် အီဂျစ်နတ်ဘုရား အနူဘစ်ဟာ မြွေခွေးခေါင်းနဲ့ လူကိုယ်လုံးရှိတဲ့ နတ်ဘုရားဖြစ်တာကြောင့် ခွေးနဲ့ဆက်စပ်မှုရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ပိရမစ်ထိပ်က ခွေးရဲ့ဗီဒီယိုဖိုင်ကတော့ ဆိုရှယ်မီဒီယာမှာ တစ်ညတည်းနဲ့ ကြည့်ရှုသူသန်းနဲ့ချီ ရရှိခဲ့ပါတယ်။

Zawgyi Version;
အီဂ်စ္ရဲ႕ဒုတိယအျမင့္ဆုံး ေရွးေဟာင္းပိရမစ္ထိပ္မွာ ေခြးတစ္ေကာင္ ေတြ႕ရွိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂ဝ

ကမာၻေက်ာ္ ပိရမစ္ႀကီးေတြေၾကာင့္ နာမည္ေက်ာ္ၾကားတဲ့ အီဂ်စ္ႏိုင္ငံရဲ႕ဒုတိယအျမင့္ဆုံး ပိရမစ္ႀကီးတစ္ခုရဲ႕ထိပ္ မွာ ေခြးတစ္ေကာင္ရွိေနတာကို ေလထီးခုန္ စြန႔္စားသူတစ္ေယာက္က ေတြ႕ရွိမွတ္တမ္းတင္ခဲ့ပါတယ္။

အဆိုပါေခြးဟာ အီဂ်စ္ရဲ႕ဒုတိယအျမင့္ဆုံးျဖစ္တဲ့ Khafre ပိရမစ္ထိပ္မွာ ရွိေနခဲ့တာျဖစ္ၿပီး ေလထီးခုန္ စြန႔္စားသူ မိုရွာက ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ပိရမစ္ထိပ္မွာ လႈပ္ရွားေနတဲ့အရာတစ္ခုကို ေတြ႕ရွိခဲ့ၿပီး ဖုန္းနဲ႔ အျမန္႐ိုက္ကူးခဲ့တယ္လို႔ သိရပါတယ္။ အဲဒီ ပိရမစ္ဟာ အျမင့္ေပ ၄၅၅ ေပထိ ျမင့္ၿပီး သာမန္လူတစ္ေယာက္အေနနဲ႔ ပိရမစ္ထိပ္ကို တက္ႏိုင္ဖို႔ မလြယ္ကူႏိုင္တဲ့အျမင့္ပဲျဖစ္ပါတယ္။ အဆိုပါ ေခြးေလးကေတာ့ ပိရမစ္ထိက္ထိတက္ႏိုင္ၿပီး ေျမျပင္ကိုလည္း သူ႔ဘာသာျပန္ဆင္းလာခဲ့တယ္လို႔ သိရပါတယ္။

အြန္လိုင္းေဝဖန္သူအခ်ိဳ႕ကေတာ့ ေရွးေခတ္ အီဂ်စ္နတ္ဘုရား အႏူဘစ္ဟာ ေႁမြေခြးေခါင္းနဲ႔ လူကိုယ္လုံးရွိတဲ့ နတ္ဘုရားျဖစ္တာေၾကာင့္ ေခြးနဲ႔ဆက္စပ္မႈရွိႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ပိရမစ္ထိပ္က ေခြးရဲ႕ဗီဒီယိုဖိုင္ကေတာ့ ဆိုရွယ္မီဒီယာမွာ တစ္ညတည္းနဲ႔ ၾကည့္ရႈသူသန္းနဲ႔ခ်ီ ရရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.