နျူကလီးယားဒုံးကျည်တပ်ဖွဲ့၏ တိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှုများကို ရုရှားအစိုးရ စမ်းသပ်

 332

Pika (NP News) - အောက်တိုဘာ ၂၁

ရုရှားအစိုးရသည် မော်စကိုမြို့အနောက်မြောက်ဘက်ဒေသတွင် Yars တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားသည့်တပ်ဖွဲ့၏ တိုက်ခိုက်ရေးအ ဆင်သင့်ဖြစ်မှုများကို စမ်းသပ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ကိုကိုးကားပြီး သတင်းအေဂျင်စီများက အောက်တိုဘာလ(၁၈)ရက်တွင် ရေးသားဖော်ပြခဲ့သည်။ silos သို့မဟုတ် မိုဘိုင်း လောင်ချာများပေါ်တွင် တပ်ဆင်နိုင်သည့် Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် အကွာအဝေး (၁၁၀ဝဝ) ကီလိုမီတာအထိ ပျံသန်းနိုင်ပြီး နျူကလီးယားထိပ်ဖူးပေါင်းများစွာကို သယ်ဆောင်နိုင် စွမ်းရှိကြောင်းလည်း သိရသည်။ ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲကို အနောက်အုပ်စုနိုင်ငံများက ဝင်ရောက် စွက်ဖက်နေခြင်းမှ ဟန့်တားရန် ရည်ရွယ်သည့်အချက်ပြမှုများအဖြစ် ရုရှားအစိုးရသည် ယခုနှစ်အတွင်း နျူကလီးယားစစ်ရေးလေ့ကျင့်မှုများ ကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နေတိုးအဖွဲ့က ၎င်း၏ နှစ်စဉ် နျူကလီးယား လေ့ကျင့်မှုများကိုလုပ်ဆောင်ခဲ့ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးက ၎င်း၏အောင်ပွဲအစီအစဉ်ကို ထုတ်ပြန်ပြသခဲ့သည့် သီတင်းပတ်(၁)ပတ်အတွင်းတွင်ပင် ရုရှားအစိုးရ ၏ နျူကလီးယားစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် ရုရှားအစိုးရသည် နျူကလီးယား လက်နက်များအသုံးပြုမှုနှင့်ပတ်သက်သည့် အခြေအနေ များကို ယခုလအစောပိုင်းတွင် ပြုပြင်ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ နျူကလီးယားလက်နက်မူဝါဒဆိုင်ရာ ပြောင်းလဲမှုက ရုရှားကိုတိုက်ခိုက်မှုတွင် ပါဝင်ခဲ့မည်ဆိုလျှင် နောက်ဆက်တွဲ အကျိုးဆက်များရှိလာမည်ဆိုသည့် အချက်ကို အနောက်အုပ်စု နိုင်ငံများကို အချက်ပြခြင်းမျိုးဖြစ်ကြောင်း ရုရှားအစိုးရက ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထုတ်ဖော်ပြောဆို ခဲ့ဖူးသည်။
ရုရှားနိုင်ငံကို ပုံမှန် အသုံးပြုနေကျ ဒုံးကျည်များဖြင့်တိုက်ခိုက်ခဲ့မည်ဆိုလျှင်ပင် နျူကလီးယားလက်နက် များကို ရုရှားက အသုံးပြုနိုင်ကြောင်း သမ္မတ ပူတင်က ပြီးခဲ့သည့်စက်တင်ဘာလ (၂၅) ရက်တွင် ထုတ်ပြန် ပြောဆိုခဲ့ဖူးသည်။ တရားဝင် နျူကလီးယား မူဝါဒကို ပြောင်းလဲရန် ဆုံးဖြတ်ချက်သည် ရုရှားနိုင်ငံ အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အနောက်အုပ်စုနိုင်ငံများ၏ ဒုံးကျည်များကို ယူကရိန်းကို အသုံးပြုခွင့် ပေးနိုင်ခြေ ရှိ/မရှိ ဆိုသည့်အချက်ကို ဆွေးနွေးနေသည့် အမေရိကန်နှင့် ဗြိတိန်တို့အတွက် ရုရှား၏ အဖြေဖြစ် ကြောင်းလည်း ပူတင်က ပြောခဲ့သည်။

Zawgyi Version;
န်ဴကလီးယားဒုံးက်ည္တပ္ဖြဲ႕၏ တိုက္ခိုက္ေရး အဆင္သင့္ျဖစ္မႈမ်ားကို ႐ုရွားအစိုးရ စမ္းသပ္
Pika (NP News) - ေအာက္တိုဘာ ၂၁

႐ုရွားအစိုးရသည္ ေမာ္စကိုၿမိဳ႕အေနာက္ေျမာက္ဘက္ေဒသတြင္ Yars တိုက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္မ်ား တပ္ဆင္ထားသည့္တပ္ဖြဲ႕၏ တိုက္ခိုက္ေရးအ ဆင္သင့္ျဖစ္မႈမ်ားကို စမ္းသပ္ခဲ့ေၾကာင္း ကာကြယ္ေရး ဝန္ႀကီးဌာန ၏ ထုတ္ျပန္ခ်က္ကိုကိုးကားၿပီး သတင္းေအဂ်င္စီမ်ားက ေအာက္တိုဘာလ(၁၈)ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္။ silos သို႔မဟုတ္ မိုဘိုင္း ေလာင္ခ်ာမ်ားေပၚတြင္ တပ္ဆင္ႏိုင္သည့္ Yars တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္သည္ အကြာအေဝး (၁၁၀ဝဝ) ကီလိုမီတာအထိ ပ်ံသန္းႏိုင္ၿပီး န်ဴကလီးယားထိပ္ဖူးေပါင္းမ်ားစြာကို သယ္ေဆာင္ႏိုင္ စြမ္းရွိေၾကာင္းလည္း သိရသည္။ ယူကရိန္းႏွင့္ ျဖစ္ပြားေနေသာ စစ္ပြဲကို အေနာက္အုပ္စုႏိုင္ငံမ်ားက ဝင္ေရာက္ စြက္ဖက္ေနျခင္းမွ ဟန႔္တားရန္ ရည္႐ြယ္သည့္အခ်က္ျပမႈမ်ားအျဖစ္ ႐ုရွားအစိုးရသည္ ယခုႏွစ္အတြင္း န်ဴကလီးယားစစ္ေရးေလ့က်င့္မႈမ်ား ကို ဆက္တိုက္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ေနတိုးအဖြဲ႕က ၎၏ ႏွစ္စဥ္ န်ဴကလီးယား ေလ့က်င့္မႈမ်ားကိုလုပ္ေဆာင္ခဲ့ၿပီး ယူကရိန္းသမၼတ ဇီလန္စကီးက ၎၏ေအာင္ပြဲအစီအစဥ္ကို ထုတ္ျပန္ျပသခဲ့သည့္ သီတင္းပတ္(၁)ပတ္အတြင္းတြင္ပင္ ႐ုရွားအစိုးရ ၏ န်ဴကလီးယားစစ္ေရးေလ့က်င့္မႈ ထြက္ေပၚလာျခင္းျဖစ္သည္။
ထို႔ျပင္ ႐ုရွားအစိုးရသည္ န်ဴကလီးယား လက္နက္မ်ားအသုံးျပဳမႈႏွင့္ပတ္သက္သည့္ အေျခအေန မ်ားကို ယခုလအေစာပိုင္းတြင္ ျပဳျပင္ေျပာင္းလဲခဲ့ေၾကာင္းလည္းသိရသည္။ န်ဴကလီးယားလက္နက္မူဝါဒဆိုင္ရာ ေျပာင္းလဲမႈက ႐ုရွားကိုတိုက္ခိုက္မႈတြင္ ပါဝင္ခဲ့မည္ဆိုလွ်င္ ေနာက္ဆက္တြဲ အက်ိဳးဆက္မ်ားရွိလာမည္ဆိုသည့္ အခ်က္ကို အေနာက္အုပ္စု ႏိုင္ငံမ်ားကို အခ်က္ျပျခင္းမ်ိဳးျဖစ္ေၾကာင္း ႐ုရွားအစိုးရက ၿပီးခဲ့သည့္လေႏွာင္းပိုင္းတြင္ ထုတ္ေဖာ္ေျပာဆို ခဲ့ဖူးသည္။
႐ုရွားႏိုင္ငံကို ပုံမွန္ အသုံးျပဳေနက် ဒုံးက်ည္မ်ားျဖင့္တိုက္ခိုက္ခဲ့မည္ဆိုလွ်င္ပင္ န်ဴကလီးယားလက္နက္ မ်ားကို ႐ုရွားက အသုံးျပဳႏိုင္ေၾကာင္း သမၼတ ပူတင္က ၿပီးခဲ့သည့္စက္တင္ဘာလ (၂၅) ရက္တြင္ ထုတ္ျပန္ ေျပာဆိုခဲ့ဖူးသည္။ တရားဝင္ န်ဴကလီးယား မူဝါဒကို ေျပာင္းလဲရန္ ဆုံးျဖတ္ခ်က္သည္ ႐ုရွားႏိုင္ငံ အတြင္းရွိ ပစ္မွတ္မ်ားကို တိုက္ခိုက္ရန္အတြက္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ဒုံးက်ည္မ်ားကို ယူကရိန္းကို အသုံးျပဳခြင့္ ေပးႏိုင္ေျခ ရွိ/မရွိ ဆိုသည့္အခ်က္ကို ေဆြးေႏြးေနသည့္ အေမရိကန္ႏွင့္ ၿဗိတိန္တို႔အတြက္ ႐ုရွား၏ အေျဖျဖစ္ ေၾကာင္းလည္း ပူတင္က ေျပာခဲ့သည္။

Related news

© 2021. All rights reserved.