ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ

 1410

ယွန်း (NP News) - အောက်တိုဘာ ၂၃

ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အ‌ကောင်အထည်ဖော်ရန် ဆန္ဒရှိနေကြောင်း ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

ရန်ကုန်အနောက်ဘက်ကမ်း ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ် တို့မှ မြေဧက (၃၇၀,ဝဝဝ) ကျော်အသုံးပြုသွားမည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ပြင်ဆင်ညှိနှိုင်းလာခဲ့ကြခြင်းဖြစ်ပြီး NLD အစိုးရလက်ထက် (၂၀၁၈) ခုနှစ်တွင် ကျယ်ကျယ်လောင်လောင်စတင်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းကို တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်အထိစီမံကိန်းမှာ စတင်နိုင်ခြင်းမရှိသေးပဲ ရပ်ဆိုင်းထားရကြောင်း သိရသည်။

“ ရန်ကုန်မြို့သစ်စီမံကိန်းက ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ နောက်ဆုံးဖေဖော်ဝါရီလ မှာ စီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်မယ်လို့လုပ်တယ်။ သူတို့အစီအစဉ်အရက မြန်မာပြည် မှာ ရှိတဲ့ ဆောက်လုပ်ရေးအသင်း(၃)သင်း လည်းပါမယ် တရုတ်ဘက်ကလည်းပါမယ်ဆိုပြီးလုပ်ခဲ့တာ။ ဒါပေမယ့် အဲဒါကြီးကရပ်သွားတယ်။ အခု လောလောဆယ် ဘယ်လိုဆက်ပြီးအကောင်အထည် ဖော်မလဲ တော့ မသိဘူး။ လက်ရှိကတော့ စီမံကိန်းကြီးက ရပ်ထားတယ် ဘာမှမလုပ်ဘူး။ ဘာမှမစရသေး ဘူး” ဟု ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို ပြောသည်။

အဆိုပါစီမံကိန်း၏အကျယ်အဝန်းမှာ စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ဝန်းပြီး စုစုပေါင်း အမေ ရိကန်ဒေါ်လာ (၅) ဘီလျံ ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကာ လူ (၂) သန်းကျော်အတွက် အလုပ်အကိုင် ဖန်တီးပေးမည်ဖြစ်ကြောင်း ရန်ကုန် မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC)က ထုတ်ပြန်အသိပေးထားဖူးသည်။ လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ရန် စိတ်ဝင်စားလျက် ရှိနေခြင်း ကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ပြန်လည်အကောင်အထည်ဖော်နိုင် ကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ထားသည်။

“ရန်ကုန်မြို့သစ်စီမံကိန်းက တရုတ်ကအရမ်းလိုချင်တဲ့စီမံကိန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ Geopolitics အရ ကြည့်မယ်ဆိုရင် တရုတ်က ရခိုင် ကျောက်ဖြူကို ထွက်ချင်တိုင်းထွက်လို့ရမယ်ဆိုပြီး လုပ်ခဲ့တာ။ အခုက တရုတ်က Plan ပြောင်းသွားတယ်။ ဘာလဲဆိုတော့ အိန္ဒိယသမုဒ္ဒရာကိုထွက်ဖို့က ရခိုင်ဘက်ကထွက်တာမဟုတ်ဘဲနဲ့ ရန်ကုန်ဘက်က ထွက်တာကို ပြန်စဉ်စားမှရမယ်ဆိုပြီး ရန်ကုန်မြို့ သစ် ကိုပြန်တောင်းတယ်လို့ကြားတယ်။ အတိအကျတော့ မသိဘူး။ အဓိကက သူ(တရုတ်)က ပင်လယ် ပြင် ထွက်ပေါက်လိုချင်တာ အဲဒီအတွက်ကြောင့်တောင်းတာ။ သူကဟိုဘက်မှာ ဘင်္ဂလားဒေ့ရှ်က အပိတ် ခံလိုက်ရတဲ့အခါကျတော့ ဒီဘက်ကိုကျော်ထွက်ဖို့လိုတဲ့အတွက် ဒီရန်ကုန်မြို့သစ်စီမံကိန်းကို သူပြန်လုပ် လိမ့်မယ်တော့ ကျွန်တော်ထင်တယ်။ အစိုးရကိုလည်း ပြီးခဲ့တဲ့တွေ့တဲ့အချိန်မှာလည်း နိုင်ငံခြားရေး ဝန် ကြီးက ထပ်ပြီးတောင်းဆိုခဲ့တယ်လို့ ကြားတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းက ပြန်လုပ်လိမ့်မယ်လို့ ကျွန် တော်က တော့သုံးသပ်တယ်။ တရုတ်အတွက်က အရေးကြီး တယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အဆိုပါမြို့သစ်စီမံကိန်းတွင် စက်မှုဇုန်များ၊ အဆင့်မြင့်အိမ်ရာများ၊ အပန်းဖြေအိမ်ရာများ၊ ဈေးဝယ် စင်တာများ၊ မြို့တွင်းပြေးဆွဲမည့် အမြန်ရထား၊ ဘတ်စ်ကားဆက်သွယ်ရေးလမ်းကြောင်း များ စသည်တို့ကို ထည့်သွင်းတည်ဆောက်၍ နည်းပညာ သုံးစက်မှုမြို့သစ် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။

zawgyi version
ရပ္ဆိုင္းထားသည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို တ႐ုတ္ဘက္က ျပန္လည္အေကာင္အထည္ဖာ္ရန္ ဆႏၵရွိေန
ယြန္း (NP News) - ေအာက္တိုဘာ ၂၃

ရပ္ဆိုင္းထားသည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို တ႐ုတ္ဘက္က ျပန္လည္အ‌ေကာင္အထည္ေဖာ္ရန္ ဆႏၵရွိေနေၾကာင္း ျပည္တြင္းရွိစီးပြားေရးလုပ္ငန္းရွင္အသိုင္းအဝိုင္းထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

ရန္ကုန္အေနာက္ဘက္ကမ္း ဆိပ္ႀကီးခေနာင္တို၊ တြံေတး၊ လႈိင္သာယာ၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ တို႔မွ ေျမဧက (၃၇၀,ဝဝဝ) ေက်ာ္အသုံးျပဳသြားမည့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ဦးသိန္းစိန္အစိုးရ လက္ထက္ကတည္းက ျပင္ဆင္ညႇိႏႈိင္းလာခဲ့ၾကျခင္းျဖစ္ၿပီး NLD အစိုးရလက္ထက္ (၂၀၁၈) ခုႏွစ္တြင္ က်ယ္က်ယ္ေလာင္ေလာင္စတင္ခဲ့ျခင္းျဖစ္သည္။

စီမံကိန္းကို တ႐ုတ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ရန္ စီစဥ္ထားေသာ္လည္း လက္ရွိ အခ်ိန္အထိစီမံကိန္းမွာ စတင္ႏိုင္ျခင္းမရွိေသးပဲ ရပ္ဆိုင္းထားရေၾကာင္း သိရသည္။

“ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းက ေဒၚေအာင္ဆန္းစုၾကည္လက္ထက္မွာ ေနာက္ဆုံးေဖေဖာ္ဝါရီလ မွာ စီမံကိန္းနဲ႔ပတ္သက္ၿပီး အေသးစိတ္ထုတ္ျပန္မယ္လို႔လုပ္တယ္။ သူတို႔အစီအစဥ္အရက ျမန္မာျပည္ မွာ ရွိတဲ့ ေဆာက္လုပ္ေရးအသင္း(၃)သင္း လည္းပါမယ္ တ႐ုတ္ဘက္ကလည္းပါမယ္ဆိုၿပီးလုပ္ခဲ့တာ။ ဒါေပမယ့္ အဲဒါႀကီးကရပ္သြားတယ္။ အခု ေလာေလာဆယ္ ဘယ္လိုဆက္ၿပီးအေကာင္အထည္ ေဖာ္မလဲ ေတာ့ မသိဘူး။ လက္ရွိကေတာ့ စီမံကိန္းႀကီးက ရပ္ထားတယ္ ဘာမွမလုပ္ဘူး။ ဘာမွမစရေသး ဘူး” ဟု ျပည္တြင္းရွိစီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါစီမံကိန္း၏အက်ယ္အဝန္းမွာ စင္ကာပူႏိုင္ငံထက္ ႏွစ္ဆခန႔္က်ယ္ဝန္းၿပီး စုစုေပါင္း အေမ ရိကန္ေဒၚလာ (၅) ဘီလ်ံ ကုန္က်ႏိုင္မည္ဟု ခန႔္မွန္းထားကာ လူ (၂) သန္းေက်ာ္အတြက္ အလုပ္အကိုင္ ဖန္တီးေပးမည္ျဖစ္ေၾကာင္း ရန္ကုန္ ၿမိဳ႕သစ္ဖြံ႕ၿဖိဳးေရးကုမၸဏီလီမိတက္(NYDC)က ထုတ္ျပန္အသိေပးထားဖူးသည္။ လက္ရွိတြင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အဆိုပါ စီမံကိန္းကို ျပန္လည္စတင္ရန္ စိတ္ဝင္စားလ်က္ ရွိေနျခင္း ေၾကာင့္ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို တ႐ုတ္ႏိုင္ငံဘက္မွ ျပန္လည္အေကာင္အထည္ေဖာ္ႏိုင္ ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕က သုံးသပ္ထားသည္။

“ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းက တ႐ုတ္ကအရမ္းလိုခ်င္တဲ့စီမံကိန္းပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ Geopolitics အရ ၾကည့္မယ္ဆိုရင္ တ႐ုတ္က ရခိုင္ ေက်ာက္ျဖဴကို ထြက္ခ်င္တိုင္းထြက္လို႔ရမယ္ဆိုၿပီး လုပ္ခဲ့တာ။ အခုက တ႐ုတ္က Plan ေျပာင္းသြားတယ္။ ဘာလဲဆိုေတာ့ အိႏၵိယသမုဒၵရာကိုထြက္ဖို႔က ရခိုင္ဘက္ကထြက္တာမဟုတ္ဘဲနဲ႔ ရန္ကုန္ဘက္က ထြက္တာကို ျပန္စဥ္စားမွရမယ္ဆိုၿပီး ရန္ကုန္ၿမိဳ႕ သစ္ ကိုျပန္ေတာင္းတယ္လို႔ၾကားတယ္။ အတိအက်ေတာ့ မသိဘူး။ အဓိကက သူ(တ႐ုတ္)က ပင္လယ္ ျပင္ ထြက္ေပါက္လိုခ်င္တာ အဲဒီအတြက္ေၾကာင့္ေတာင္းတာ။ သူကဟိုဘက္မွာ ဘဂၤလားေဒ့ရွ္က အပိတ္ ခံလိုက္ရတဲ့အခါက်ေတာ့ ဒီဘက္ကိုေက်ာ္ထြက္ဖို႔လိုတဲ့အတြက္ ဒီရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို သူျပန္လုပ္ လိမ့္မယ္ေတာ့ ကြၽန္ေတာ္ထင္တယ္။ အစိုးရကိုလည္း ၿပီးခဲ့တဲ့ေတြ႕တဲ့အခ်ိန္မွာလည္း ႏိုင္ငံျခားေရး ဝန္ ႀကီးက ထပ္ၿပီးေတာင္းဆိုခဲ့တယ္လို႔ ၾကားတယ္။ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းက ျပန္လုပ္လိမ့္မယ္လို႔ ကြၽန္ ေတာ္က ေတာ့သုံးသပ္တယ္။ တ႐ုတ္အတြက္က အေရးႀကီး တယ္ ” ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ဆိုသည္။

အဆိုပါၿမိဳ႕သစ္စီမံကိန္းတြင္ စက္မႈဇုန္မ်ား၊ အဆင့္ျမင့္အိမ္ရာမ်ား၊ အပန္းေျဖအိမ္ရာမ်ား၊ ေဈးဝယ္ စင္တာမ်ား၊ ၿမိဳ႕တြင္းေျပးဆြဲမည့္ အျမန္ရထား၊ ဘတ္စ္ကားဆက္သြယ္ေရးလမ္းေၾကာင္း မ်ား စသည္တို႔ကို ထည့္သြင္းတည္ေဆာက္၍ နည္းပညာ သုံးစက္မႈၿမိဳ႕သစ္ စီမံကိန္းအျဖစ္ အေကာင္အထည္ေဖာ္ရန္ စီစဥ္ထားျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.