ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ

 290

ယွန်း (NP News) - အောက်တိုဘာ ၂၃

ပြည်ပလုပ်သားစေလွှတ်ရေး ရပ်ဆိုင်းခံထားရသည့်အေဂျင်စီများကို သက်ဆိုင်ရာမှ ပြန်လည် ခွင့်ပြုထားသော်လည်း ထပ်မံအရေးယူခံရမည့် အေဂျင်စီ(၅၀)ထက်မနည်း ရှိနေကြောင်း ပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်တစ်ဦးက NP News ကိုပြော သည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ထုတ်ပြန်ချက်အရ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၁၅၀) နီးပါးကို အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ အထောက်အထား မပြနိုင်သည့်အတွက် အရေးယူထားခဲ့ကြောင်း သိရသည်။

သို့သော်လက်ရှိတွင် မိသားစုလွှဲပို့ငွေကိစ္စနှင့်ပတ်သက်၍ အေဂျင်စီများ၏ တင်ပြမှုများအရ ဝန်ကြီးဌာနအနေဖြင့် ဖြေလျှော့မှုအချို့ပေးထားပြီး အရေးယူထားသည့် အေဂျင်စီ(၁၅၀)ကိုလည်း ယခင်အတိုင်း အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။

“အလုပ်သမားတွေနဲ့ ကျွန်တော်တို့ အေဂျင်စီတွေကြားမှာ မိသားစုလွှဲပို့ငွေကိစ္စက ထင်ယောင် ထင်မှား ဖြစ်ပြီးတော့လွဲနေတာလည်းပါတယ်။ တချို့လူမှုကွန်ရက်တွေမှာရေးတာတွေ လည်းရှိတယ်လေ။ ဒီ (၂၅) ရာခိုင်နှုန်းက နစကကို ပေးရတယ်ဆိုပြီးရေးကြတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ဘူး လေ။ တချို့တွေကျတော့လည်း ဘဏ်နဲ့လွှဲတာတွေလည်းရှိကြပါတယ်။ အပြင်ပေါက်ဈေးနဲ့ မိသားစုလွှဲ ပို့ငွေမကွာရင်တော့လည်း အကုန်လုံးက တရားဝင်ပဲလွှဲကြမှာပါ။ ပြီးခဲ့တဲ့လတုန်းက အေဂျင်စီတွေ စုပြီးတော့ အစည်းအဝေးလုပ်ပြီး ဖြေလျှော့ပေးဖို့ပြန်တင်ပြတယ်။ သူတို့ဘက်ကလည်း ဖြေလျှော့မှုလေး တွေလုပ်တယ်။ အဲဒီလိုဖြေလျှော့ လိုက်တဲ့အတွက် အေဂျင်စီတွေ အများကြီးပြန်ထွက် လာတယ်။ အရင် က ဆိုင်းငံ့ထားခံရတဲ့ အေဂျင်စီ (၁၅၀) လောက်ကိုလည်း ပြန်ပြီးတော့ခွင့်ပြုလိုက်တယ်”ဟု အထက်ပါ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်က ပြောသည်။

လက်ရှိတွင် အေဂျင်စီများအနေဖြင့် ယခု (၂၀၂၄) ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ (၄)လစာ မိသားစု လွှဲပို့ငွေအထောက်အထားများကို တင်ပြထားရပြီး ထိုသို့တင်ပြရာ၌ အထောက်အထား လုံးဝမပြနိုင်သည့် အေဂျင်စီ(၅၀)ကျော်ရှိနေကြောင်း သိရသည်။

“အေဂျင်စီတွေကို ပြန်လုပ်ကိုင်ခွင့်ပြုလိုက်ပေမယ့် အခုဆိုရင် (၄)လစာ မိသားစုလွှဲပို့ငွေကို တင်ပြထားရတယ်။ အဲဒီအထဲမှာ လုံးဝတင်ပြထားခြင်းမရှိတဲ့ အေဂျင်စီက (၅၀) ကျော်လောက်ရှိတယ်။ ကျန်တဲ့တင်ပြတဲ့အထဲမှာလည်း အရေအတွက် မပြည့်မီတဲ့အေဂျင်စီတွေကလည်း အများကြီးရှိတယ်။ အဲဒီတော့ အဲဒါတွေကလည်း စာရင်းတွေထွက်လာဦးမှာ။ အရေးယူခံရမယ့် အေဂျင်စီတွေထပ်ရှိဦးမှာ။ လောလောဆယ်(၅၀)လောက်ကတော့ သေချာနေပြီ။ အေဂျင်စီတွေအနေနဲ့လည်း အခုချိန်ကတော့ တော်တော်အခက်အခဲဖြစ်နေတာ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် အေဂျင်စီများအနေဖြင့် မိသားစု လွှဲပို့ငွေအထောက်အထား ရာခိုင်နှုန်းမပြည့်ပါက အေဂျင်စီ ပိတ်သိမ်းခံရမည်ကို စိုးရိမ်သည့်အတွက် အမည်ခံငွေလွှဲကာ စာရင်းတင်ပြမှုများလည်း ရှိနေကြောင်း သိရသည်။ လက်ရှိတွင် ပြည်ပရောက်လုပ်သားများ၏ မိသားစုလွှဲပို့ငွေအထားကို ရာနှုန်းပြည့် တင်ပြရမည့်အစား (၄၀)ရာခိုင်နှုန်း အထက်သာတင်ပြရန် ဖြေလျှော့ထားသော်လည်း မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ အလုပ်သမားများထံမှ မိသားစုလွှဲပို့ငွေရရှိနိုင်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

“ မိသားစုလွှဲပို့ငွေမရရင် ကျွန်တော်တို့ကို အရေးယူမယ်ပဲတောက်လျှောက်ပြောနေတာ။ အေဂျင်စီ (၁၅၀)ကို ပြန်ပြီးတော့ခွင့်ပြုလိုက်တယ်ဆိုတာကလည်း ဂျပန်ပြနိုင်ရင် ဂျပန်ဖွင့်၊ မလေးရှား ပြနိုင်ရင် မလေးရှားဖွင့်၊ မပြနိုင်တဲ့နိုင်ငံကိုတော့ ပိတ်ပေါ့ဆိုပြီး အဲဒီလိုမျိုးတော့ရှိတယ်။ မလေးရှား တို့၊ ထိုင်းတို့ကျတော့လည်း တော်တော်လေးခက်ခဲတယ်။ အေဂျင်စီတွေတာင်းလည်း မပေးကြဘူး။ အဲဒီလို ကျတော့လည်း အေဂျင်စီတော်တော်များများက အလုပ်ရှာဖွေရေးအတွက်ကိုမလုပ်ရဘူး။ အဲဒါတွေ အတွက်ကိုပဲ စိုးရိမ်စိတ်တွေများနေရတယ် ” ဟု အထက်ပါ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၉)ရက်အထိ နိုင်ငံတစ်ဝန်း၌ လက်ရှိလုပ်ငန်း‌ဆောင်ရွက်နေသည့် အေဂျင်စီ (၅၆၁) ခုရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

zawgyi version
ျပည္ပလုပ္သားေစလႊတ္ေရးအတြက္ ထပ္မံအေရးယူခံရမည့္ ေအဂ်င္စီ (၅၀) ထက္မနည္းရွိေန
ယြန္း (NP News) - ေအာက္တိုဘာ ၂၃

ျပည္ပလုပ္သားေစလႊတ္ေရး ရပ္ဆိုင္းခံထားရသည့္ေအဂ်င္စီမ်ားကို သက္ဆိုင္ရာမွ ျပန္လည္ ခြင့္ျပဳထားေသာ္လည္း ထပ္မံအေရးယူခံရမည့္ ေအဂ်င္စီ(၅၀)ထက္မနည္း ရွိေနေၾကာင္း ျပည္ပ အလုပ္ အကိုင္ ဝန္ေဆာင္မႈလုပ္ငန္းရွင္တစ္ဦးက NP News ကိုေျပာ သည္။

အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္း ထုတ္ျပန္ခ်က္အရ ျပည္ပ အလုပ္အကိုင္ရွာေဖြေရး ေအဂ်င္စီ (၁၅၀) နီးပါးကို အလုပ္သမားမ်ား၏ မိသားစုလႊဲပို႔ေငြ အေထာက္အထား မျပႏိုင္သည့္အတြက္ အေရးယူထားခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လက္ရွိတြင္ မိသားစုလႊဲပို႔ေငြကိစၥႏွင့္ပတ္သက္၍ ေအဂ်င္စီမ်ား၏ တင္ျပမႈမ်ားအရ ဝန္ႀကီးဌာနအေနျဖင့္ ေျဖေလွ်ာ့မႈအခ်ိဳ႕ေပးထားၿပီး အေရးယူထားသည့္ ေအဂ်င္စီ(၁၅၀)ကိုလည္း ယခင္အတိုင္း အလုပ္သမားေစလႊတ္ေရးလုပ္ငန္းစဥ္မ်ားကို ေဆာင္႐ြက္ခြင့္ျပဳလိုက္ေၾကာင္း သိရသည္။

“အလုပ္သမားေတြနဲ႔ ကြၽန္ေတာ္တို႔ ေအဂ်င္စီေတြၾကားမွာ မိသားစုလႊဲပို႔ေငြကိစၥက ထင္ေယာင္ ထင္မွား ျဖစ္ၿပီးေတာ့လြဲေနတာလည္းပါတယ္။ တခ်ိဳ႕လူမႈကြန္ရက္ေတြမွာေရးတာေတြ လည္းရွိတယ္ေလ။ ဒီ (၂၅) ရာခိုင္ႏႈန္းက နစကကို ေပးရတယ္ဆိုၿပီးေရးၾကတယ္။ တကယ္ေတာ့ အဲဒီလိုမဟုတ္ဘူး ေလ။ တခ်ိဳ႕ေတြက်ေတာ့လည္း ဘဏ္နဲ႔လႊဲတာေတြလည္းရွိၾကပါတယ္။ အျပင္ေပါက္ေဈးနဲ႔ မိသားစုလႊဲ ပို႔ေငြမကြာရင္ေတာ့လည္း အကုန္လုံးက တရားဝင္ပဲလႊဲၾကမွာပါ။ ၿပီးခဲ့တဲ့လတုန္းက ေအဂ်င္စီေတြ စုၿပီးေတာ့ အစည္းအေဝးလုပ္ၿပီး ေျဖေလွ်ာ့ေပးဖို႔ျပန္တင္ျပတယ္။ သူတို႔ဘက္ကလည္း ေျဖေလွ်ာ့မႈေလး ေတြလုပ္တယ္။ အဲဒီလိုေျဖေလွ်ာ့ လိုက္တဲ့အတြက္ ေအဂ်င္စီေတြ အမ်ားႀကီးျပန္ထြက္ လာတယ္။ အရင္ က ဆိုင္းငံ့ထားခံရတဲ့ ေအဂ်င္စီ (၁၅၀) ေလာက္ကိုလည္း ျပန္ၿပီးေတာ့ခြင့္ျပဳလိုက္တယ္”ဟု အထက္ပါ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္က ေျပာသည္။

လက္ရွိတြင္ ေအဂ်င္စီမ်ားအေနျဖင့္ ယခု (၂၀၂၄) ခုႏွစ္ ဇန္နဝါရီလမွ ဧၿပီလအထိ (၄)လစာ မိသားစု လႊဲပို႔ေငြအေထာက္အထားမ်ားကို တင္ျပထားရၿပီး ထိုသို႔တင္ျပရာ၌ အေထာက္အထား လုံးဝမျပႏိုင္သည့္ ေအဂ်င္စီ(၅၀)ေက်ာ္ရွိေနေၾကာင္း သိရသည္။

“ေအဂ်င္စီေတြကို ျပန္လုပ္ကိုင္ခြင့္ျပဳလိုက္ေပမယ့္ အခုဆိုရင္ (၄)လစာ မိသားစုလႊဲပို႔ေငြကို တင္ျပထားရတယ္။ အဲဒီအထဲမွာ လုံးဝတင္ျပထားျခင္းမရွိတဲ့ ေအဂ်င္စီက (၅၀) ေက်ာ္ေလာက္ရွိတယ္။ က်န္တဲ့တင္ျပတဲ့အထဲမွာလည္း အေရအတြက္ မျပည့္မီတဲ့ေအဂ်င္စီေတြကလည္း အမ်ားႀကီးရွိတယ္။ အဲဒီေတာ့ အဲဒါေတြကလည္း စာရင္းေတြထြက္လာဦးမွာ။ အေရးယူခံရမယ့္ ေအဂ်င္စီေတြထပ္ရွိဦးမွာ။ ေလာေလာဆယ္(၅၀)ေလာက္ကေတာ့ ေသခ်ာေနၿပီ။ ေအဂ်င္စီေတြအေနနဲ႔လည္း အခုခ်ိန္ကေတာ့ ေတာ္ေတာ္အခက္အခဲျဖစ္ေနတာ”ဟု ၎က ဆိုသည္။

ထို႔ျပင္ ေအဂ်င္စီမ်ားအေနျဖင့္ မိသားစု လႊဲပို႔ေငြအေထာက္အထား ရာခိုင္ႏႈန္းမျပည့္ပါက ေအဂ်င္စီ ပိတ္သိမ္းခံရမည္ကို စိုးရိမ္သည့္အတြက္ အမည္ခံေငြလႊဲကာ စာရင္းတင္ျပမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။ လက္ရွိတြင္ ျပည္ပေရာက္လုပ္သားမ်ား၏ မိသားစုလႊဲပို႔ေငြအထားကို ရာႏႈန္းျပည့္ တင္ျပရမည့္အစား (၄၀)ရာခိုင္ႏႈန္း အထက္သာတင္ျပရန္ ေျဖေလွ်ာ့ထားေသာ္လည္း မေလးရွားႏွင့္ ထိုင္းႏိုင္ငံတို႔ရွိ အလုပ္သမားမ်ားထံမွ မိသားစုလႊဲပို႔ေငြရရွိႏိုင္ရန္ အခက္အခဲမ်ားရွိေနေၾကာင္း သိရသည္။

“ မိသားစုလႊဲပို႔ေငြမရရင္ ကြၽန္ေတာ္တို႔ကို အေရးယူမယ္ပဲေတာက္ေလွ်ာက္ေျပာေနတာ။ ေအဂ်င္စီ (၁၅၀)ကို ျပန္ၿပီးေတာ့ခြင့္ျပဳလိုက္တယ္ဆိုတာကလည္း ဂ်ပန္ျပႏိုင္ရင္ ဂ်ပန္ဖြင့္၊ မေလးရွား ျပႏိုင္ရင္ မေလးရွားဖြင့္၊ မျပႏိုင္တဲ့ႏိုင္ငံကိုေတာ့ ပိတ္ေပါ့ဆိုၿပီး အဲဒီလိုမ်ိဳးေတာ့ရွိတယ္။ မေလးရွား တို႔၊ ထိုင္းတို႔က်ေတာ့လည္း ေတာ္ေတာ္ေလးခက္ခဲတယ္။ ေအဂ်င္စီေတြတာင္းလည္း မေပးၾကဘူး။ အဲဒီလို က်ေတာ့လည္း ေအဂ်င္စီေတာ္ေတာ္မ်ားမ်ားက အလုပ္ရွာေဖြေရးအတြက္ကိုမလုပ္ရဘူး။ အဲဒါေတြ အတြက္ကိုပဲ စိုးရိမ္စိတ္ေတြမ်ားေနရတယ္ ” ဟု အထက္ပါ ျပည္ပအလုပ္အကိုင္ဝန္ေဆာင္မႈလုပ္ငန္းရွင္က ေျပာသည္။

ၿပီးခဲ့သည့္ ဇြန္လ(၉)ရက္အထိ ႏိုင္ငံတစ္ဝန္း၌ လက္ရွိလုပ္ငန္း‌ေဆာင္႐ြက္ေနသည့္ ေအဂ်င္စီ (၅၆၁) ခုရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Picture

Kyaw Win

23/10/2024 13:01

ပြည်ပ၌အလုပ်လုပ်နေသူအနေနဲ့နိုင်ငံတော်ကိုသတ်မှတ်တဲ့နန်းနဲ့ပို့ချင်သော်လည်းဘယ်ဘဏ်နဲ့ချိတ်ရမလည်းမသိဘယ်လို့ပို့ပြီးသွင်းထုတ်ရမယ်ဆိုတာမကြေငြာမသတ်မှတိအသိပေးမကြေငြာဘဲအလုပ်သမားကဘယ်လိုလွှဲရမလည်းမသိလို့မလွှဲကြတာအများကြီး

Related news

© 2021. All rights reserved.