မရမ်းကုန်းမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်ရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

 416

နာမူ (NP News) - အောက်တိုဘာ ၂၃

ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ယာဉ်(၃)စီး ဆင့်တိုက်ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီ‌ရေးအသင်းထံမှ သိရသည်။ ဖြစ် စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၃ ရက်) မွန်းလွဲ ၁၂နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇန္တာလမ်းတွင် အိမ်စီးကားတစ်စီး နှင့် တက္ကစီ(၂)စီးတို့ ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဝေဇန္တာလမ်း တံတားအကျော်လေးမှာပါ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ (၃)စီးတိုက်တာပါ။ ဘယ်လိုတိုက်လဲဆိုတာတော့ သေချာမသိဘူး။ သူတို့ပြောတာတော့ တက္ကစီက ရပ်ထားတယ်လို့လည်း ပြောတယ်။ အရှိန်လွန်ပြီးတိုက်တယ်လို့လည်း ပြောတယ်။ ကိုယ်ပိုင်ကားတစ်စီးရယ်၊ တက္ကစီနှစ်စီးရယ်ပါ။ ဒဏ်ရာရတဲ့လူက အဲဒီမှာ ရပ်ထားတဲ့ဆိုက်ကားသမားလို့ပြောတယ်"ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ယာဉ်တိုက်မှုကြောင့် အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး မျက်နှာ ၊ ပေါင်နှင့် ခါးတို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူကို မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
မရမ္းကုန္းၿမိဳ႕နယ္တြင္ ယာဥ္(၃)စီးဆင့္တိုက္ရာမွ အမ်ိဳးသားတစ္ဦး ဒဏ္ရာရရွိ
နာမူ (NP News) - ေအာက္တိုဘာ ၂၃

ရန္ကုန္တိုင္း‌ေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ ယာဥ္(၃)စီး ဆင့္တိုက္ရာမွ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာ့ၾကယ္ျဖဴလူမႈကူညီ‌ေရးအသင္းထံမွ သိရသည္။ ျဖစ္ စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၂၃ ရက္) မြန္းလြဲ ၁၂နာရီခန႔္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ ေဝဇႏၲာလမ္းတြင္ အိမ္စီးကားတစ္စီး ႏွင့္ တကၠစီ(၂)စီးတို႔ ဆင့္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔ ေဝဇႏၲာလမ္း တံတားအေက်ာ္ေလးမွာပါ။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ (၃)စီးတိုက္တာပါ။ ဘယ္လိုတိုက္လဲဆိုတာေတာ့ ေသခ်ာမသိဘူး။ သူတို႔ေျပာတာေတာ့ တကၠစီက ရပ္ထားတယ္လို႔လည္း ေျပာတယ္။ အရွိန္လြန္ၿပီးတိုက္တယ္လို႔လည္း ေျပာတယ္။ ကိုယ္ပိုင္ကားတစ္စီးရယ္၊ တကၠစီႏွစ္စီးရယ္ပါ။ ဒဏ္ရာရတဲ့လူက အဲဒီမွာ ရပ္ထားတဲ့ဆိုက္ကားသမားလို႔ေျပာတယ္"ဟု ျမန္မာ့ၾကယ္ျဖဴလူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ယာဥ္တိုက္မႈေၾကာင့္ အသက္ (၅၁)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး မ်က္ႏွာ ၊ ေပါင္ႏွင့္ ခါးတို႔တြင္ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါထိခိုက္ဒဏ္ရာရရွိသူကို ျမန္မာ့ၾကယ္ျဖဴလူမႈကူညီေရးအသင္းမွ ေျမာက္ဥကၠလာပ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.