ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ

 3934

သန့်ဇင် (NP News) - အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါလာသည့် အမျိုးသားတစ်ဦးလျှို့ဝှက်သယ်ဆောင်လာသော လက်နက်ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါလက်နက်ခဲယမ်းများကို ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)၊ ညနေ ၆နာရီ ၅၀မိနစ်အချိန်ခန့်က ဝေါမြို့နယ်၊ ဗျူဟာလမ်းဆုံအနီးတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းဆုံအနီးတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက မော်တော်ယာဉ်များအား X-Ray စက်ဖြင့် စစ်ဆေးဆောင်ရွက်စဉ် မော်လမြိုင်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် “ရာဇာအောင်” ခရီးသည်တင်မှန်လုံယာဉ်အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။ ၎င်းခရီးသည်တင်ကားပေါ်မှ အသက်(၃၂)နှစ်အရွယ် ခရီးသည် ကိုကိုနိုင် (ခ) ကိုနိုင်၏ ထိုင်ခုံရှေ့ ခြေထောက်နှစ်ဖက်ကြားတွင် ညှပ်ထားသည့် Sport တံဆိပ်ပါ အနက်ရောင် ကျောပိုးအိတ်ကိုရှာဖွေစစ်ဆေးခဲ့ရာ ခဲစက္ကူများဖြင့်ပတ်၍ လျှို့ဝှက်သယ်ဆောင်လာသော ပစ္စတို သေနတ် (၁၆)လက်၊ ၎င်းကျည်အိမ် (၃၂)ခု၊ 9mm Luger ကျည် (၃၉ဝ) တောင့်၊ 380 Auto ကျည် (၁၄ဝ) တောင့်၊ စုစုပေါင်းကျည် (၅၃၀) တောင့် တို့အားဖမ်းဆီးရမိခဲ့ကြောင်း ကနဦးရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

အဆိုပါ လက်နက်ခဲယမ်းများသယ်ဆောင်သူအမျိုးသားမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ (၁)ရပ်ကွက်၊ လပြည့်လမ်းတွင်နေထိုင်သူဖြစ်ပြီး ၎င်းနှင့်တစ်မြို့တည်းနေထိုင်သူ နေသက်ပိုင်ဦး၏ စေခိုင်းချက်အရ မန္တလေးမြို့သို့ ပို့ဆောင်ခြင်း ဖြစ် ကြောင်း သိရသည်။ ၎င်းအား ဆက်လက်စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများအား ပို့ဆောင်ရန် မော်လမြိုင်မြို၊နဝရတ်တည်းခိုးခန်းတွင်(၂) ညတည်းခိုခဲ့ကြောင်းနှင့် မော်လမြိုင်မှမန္တလေးမြို့သို့”ရာဇာအောင်”ခရီးသည်တင်မှန်လုံယာဉ်ဖြင့်ဆက်လက်လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သယ်ဆောင်မှုအတွက် သယ်ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀ဝ ရရှိမည် ဖြစ်ကြောင်း ကနဦးသတင်းများအရ လည်း သိရသည်။

လက်ရှိတွင် လက်နက်ခဲယမ်းများအား သယ်ဆောင်လာသူ ကိုကိုနိုင် (ခ) ကိုနိုင်ကို ဖမ်းဆီးအရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေးအတွက် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ေဝါၿမိဳ႕နယ္တြင္ ခရီးသည္တင္ကားေပၚလိုက္ပါသည့္ ခရီးသည္ထံမွ ပစၥတို ေသနတ္(၁၆) လက္ႏွင့္ က်ည္(၅၃ဝ)ဖမ္းဆီးရမိ

သန့်ဇင် (NP News) - အောက်တိုဘာ ၂၄

ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္တြင္ ခရီးသည္တင္ကားေပၚလိုက္ပါလာသည့္ အမ်ိဳးသားတစ္ဦးလွ်ိဳ႕ဝွက္သယ္ေဆာင္လာေသာ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

အဆိုပါလက္နက္ခဲယမ္းမ်ားကို ယမန္ေန႔(ေအာက္တိုဘာ ၂၃ ရက္)၊ ညေန ၆နာရီ ၅၀မိနစ္အခ်ိန္ခန႔္က ေဝါၿမိဳ႕နယ္၊ ဗ်ဴဟာလမ္းဆုံအနီးတြင္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းဆုံအနီးတြင္ လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက ေမာ္ေတာ္ယာဥ္မ်ားအား X-Ray စက္ျဖင့္ စစ္ေဆးေဆာင္႐ြက္စဥ္ ေမာ္လၿမိဳင္ဘက္မွ မႏၲေလးဘက္သို႔ ေမာင္းႏွင္လာသည့္ “ရာဇာေအာင္” ခရီးသည္တင္မွန္လုံယာဥ္အား စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။ ၎ခရီးသည္တင္ကားေပၚမွ အသက္(၃၂)ႏွစ္အ႐ြယ္ ခရီးသည္ ကိုကိုႏိုင္ (ခ) ကိုႏိုင္၏ ထိုင္ခုံေရွ႕ ေျခေထာက္ႏွစ္ဖက္ၾကားတြင္ ညႇပ္ထားသည့္ Sport တံဆိပ္ပါ အနက္ေရာင္ ေက်ာပိုးအိတ္ကိုရွာေဖြစစ္ေဆးခဲ့ရာ ခဲစကၠဴမ်ားျဖင့္ပတ္၍ လွ်ိဳ႕ဝွက္သယ္ေဆာင္လာေသာ ပစၥတို ေသနတ္ (၁၆)လက္၊ ၎က်ည္အိမ္ (၃၂)ခု၊ 9mm Luger က်ည္ (၃၉ဝ) ေတာင့္၊ 380 Auto က်ည္ (၁၄ဝ) ေတာင့္၊ စုစုေပါင္းက်ည္ (၅၃၀) ေတာင့္ တို႔အားဖမ္းဆီးရမိခဲ့ေၾကာင္း ကနဦးရရွိထားသည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါ လက္နက္ခဲယမ္းမ်ားသယ္ေဆာင္သူအမ်ိဳးသားမွာ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕၊ (၁)ရပ္ကြက္၊ လျပည့္လမ္းတြင္ေနထိုင္သူျဖစ္ၿပီး ၎ႏွင့္တစ္ၿမိဳ႕တည္းေနထိုင္သူ ေနသက္ပိုင္ဦး၏ ေစခိုင္းခ်က္အရ မႏၲေလးၿမိဳ႕သို႔ ပို႔ေဆာင္ျခင္း ျဖစ္ ေၾကာင္း သိရသည္။ ၎အား ဆက္လက္စစ္ေဆးခဲ့ရာ လက္နက္ခဲယမ္းမ်ားအား ပို႔ေဆာင္ရန္ ေမာ္လၿမိဳင္ၿမိဳ၊နဝရတ္တည္းခိုးခန္းတြင္(၂) ညတည္းခိုခဲ့ေၾကာင္းႏွင့္ ေမာ္လၿမိဳင္မွမႏၲေလးၿမိဳ႕သို႔”ရာဇာေအာင္”ခရီးသည္တင္မွန္လုံယာဥ္ျဖင့္ဆက္လက္လိုက္ပါလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သယ္ေဆာင္မႈအတြက္ သယ္ေဆာင္ခအျဖစ္ ထိုင္းဘတ္ေငြ ၂၀၀၀ဝ ရရွိမည္ ျဖစ္ေၾကာင္း ကနဦးသတင္းမ်ားအရ လည္း သိရသည္။

လက္ရွိတြင္ လက္နက္ခဲယမ္းမ်ားအား သယ္ေဆာင္လာသူ ကိုကိုႏိုင္ (ခ) ကိုႏိုင္ကို ဖမ္းဆီးအေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး ရမိႏိုင္ေရးအတြက္ ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.