မလေးရှားတွင် ကျင်းပသည့် ယာဉ်မတော်တဆမှု ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ၌ မြန်မာမီးသတ်အရာရှိတစ်ဦး Best Team Leader ဆု ပထမဆုံးအကြိမ်ရရှိ

 704

စော (NP News) - အောက်တိုဘာ ၂၆

မလေးရှားတွင် ကျင်းပသည့် ယာဉ်မတော်တဆမှု ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ၌ မြန်မာမီးသတ်အရာရှိတစ်ဦး Best Team Leader ဆု ပထမဆုံးအကြိမ်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး အိမ်ရှင်မလေးရှားနိုင်ငံ အပါအဝင် မကာအို၊ စင်ကာပူ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ်တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

၎င်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နောင်က Best Team Leader ဆုကို ရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက NP News ကို ပြောသည်။

“Best Team Leader ဆုကတော့ ကျွန်တော်တို့ဆီက လက်ထောက်ညွှန်ကြားရေးမှူး ကိုကောင်းမြတ်နောင်က ရသွားတယ်။ accident တစ်ခုဖြစ်စဉ်မှာ ကားနှစ်စီးထပ်ပြီးတော့ တိုက်နေတာ အဲဒီမှာလူက အထဲမှာ ရှိနေတယ်။ အဲဒီလူကို ကွန်မန်ဒါတစ်ယောက်အနေနဲ့ ဘယ်လိုစီမံခန့်ခွဲလဲဆိုတာကို အမှတ်ပေးတာ သူကအကိုင်အတွယ်မှားရင်လည်း အထဲမှာ လူနာသေသွားနိုင်တာပေ့ါ။ အဲဒီတော့ လူနာထိခိုက်မှုအနည်းဆုံးနဲ့ ဆွဲထုတ်နိုင်မှုနဲ့ အချိန်မှီဘယ်လိုလုပ်သွားလဲ။ သူ့ရဲ့စီမံခန့်ခွဲမှုကို အမှတ်ပေးတာ။ အဲဒီအပေါ်မှာ သူအမှတ်ရသွားတာပေါ့” ဟု ဦးသိန်းထွန်းဦး က ပြောသည်။

မလေးရှားနိုင်ငံတွင် ကျင်းပသည့်ပြိုင်ပွဲကို သွားရောက်မယှဉ်ပြိုင်ခင် မြန်မာနိုင်ငံ၌ ကား အဟောင်း (၁၀)စီးခန့် ကို အသုံးပြုကာ ကြိုတင်ပြင်ဆင်လေ့ကျင်မှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကယ်ဆယ်ရေးသင်တန်းကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်း၌ စက်တင်ဘာ (၂)ရက်မှ (၁၈)ရက်အထိ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ ဗဟိုမီးသတ်သင်တန်းကျောင်း၊ နေပြည်တော်နယ်မြေအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းနယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြပြီး သင်တန်းမှ ထူးချွန်သင်တန်းသား တပ်ဖွဲ့ဝင်များကို ‌ရွေးချယ်၍ စေလွှတ်ပါဝင်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ဒီပြိုင်ပွဲတစ်ခါမှမဝင်ဖူးဘူး။ မဝင်ဖူးတဲ့အခါကျတော့ ဒီနှစ်ကျတော့ ဒီမလေးရှားမှာ ပြိုင်ပွဲရှိတယ်ဆိုတဲ့ဟာကို ပြီးခဲ့တဲ့နှစ်ထဲက သတင်းရတယ်။ အဲဒီအခါကျတော့ ဒီနှစ်ထဲမှာပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ စုစည်းပြီးတော့မှ သင်တန်းအရင်ဖွင့်လိုက်တာပေါ့။ အဲဒီထဲကမှ အကောင်းဆုံးလူတွေရွေးထုတ်၊ ရွေးထုတ်ပြီးတော့ နိုင်ငံတကာမှာ လုပ်နေတဲ့ road traffic accident ပြိုင်ပွဲတွေကို ကျွန်တော်တို့က အွန်လိုင်း ကနေကြည့်ပေါ့။ ကြည့်ပြီးတော့မှသူတို့ ပြိုင်ပွဲနည်းစနစ်တွေကြည့်ပြီးတော့မှ ကျွန်တော်တို့လည်း လေ့ကျင့်သွားတာ” ဟု ၎င်းက ပြောသည်။

နိုင်ငံတကာစွမ်းရည်ပြိုင်ပွဲတွင် Best Team Leader ဆုကို ပထမဆုံးအကြိမ်ရရှိနိုင်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာမီးငြှိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာမီးသတ်အရာရှိတစ်ဦးက တတိယဆုကို ရရှိခဲ့ဘူးကာ နိုင်ငံဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ဆိုသည်။

Zawgyi Version;
မေလးရွားတြင္ က်င္းပသည့္ ယာဥ္မေတာ္တဆမႈ ကယ္ဆယ္ေရးစြမ္းရည္ၿပိဳင္ပြဲ၌ ျမန္မာမီးသတ္အရာရွိတစ္ဦး Best Team Leader ဆု ပထမဆုံးအႀကိမ္ရရွိ
ေစာ (NP News) - ေအာက္တိုဘာ ၂၆

မေလးရွားတြင္ က်င္းပသည့္ ယာဥ္မေတာ္တဆမႈ ကယ္ဆယ္ေရးစြမ္းရည္ၿပိဳင္ပြဲ၌ ျမန္မာမီးသတ္အရာရွိတစ္ဦး Best Team Leader ဆု ပထမဆုံးအႀကိမ္ရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါၿပိဳင္ပြဲကို ေအာက္တိုဘာလ ၂၂ ရက္မွ ၂၄ ရက္အထိ က်င္းပျပဳလုပ္ခဲ့ၿပီး အိမ္ရွင္မေလးရွားႏိုင္ငံ အပါအဝင္ မကာအို၊ စင္ကာပူ၊ ေဟာင္ေကာင္၊ ဖိလစ္ပိုင္၊ ျမန္မာ၊ ဘ႐ူႏိုင္း၊ အင္ဒိုနီးရွား ႏွင့္ ဗီယက္နမ္တို႔က ပါဝင္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

၎ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးေကာင္းျမတ္ေနာင္က Best Team Leader ဆုကို ရရွိခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးသိန္းထြန္းဦးက NP News ကို ေျပာသည္။

“Best Team Leader ဆုကေတာ့ ကြၽန္ေတာ္တို႔ဆီက လက္ေထာက္ၫႊန္ၾကားေရးမႉး ကိုေကာင္းျမတ္ေနာင္က ရသြားတယ္။ accident တစ္ခုျဖစ္စဥ္မွာ ကားႏွစ္စီးထပ္ၿပီးေတာ့ တိုက္ေနတာ အဲဒီမွာလူက အထဲမွာ ရွိေနတယ္။ အဲဒီလူကို ကြန္မန္ဒါတစ္ေယာက္အေနနဲ႔ ဘယ္လိုစီမံခန႔္ခြဲလဲဆိုတာကို အမွတ္ေပးတာ သူကအကိုင္အတြယ္မွားရင္လည္း အထဲမွာ လူနာေသသြားႏိုင္တာေပ့ါ။ အဲဒီေတာ့ လူနာထိခိုက္မႈအနည္းဆုံးနဲ႔ ဆြဲထုတ္ႏိုင္မႈနဲ႔ အခ်ိန္မွီဘယ္လိုလုပ္သြားလဲ။ သူ႔ရဲ႕စီမံခန႔္ခြဲမႈကို အမွတ္ေပးတာ။ အဲဒီအေပၚမွာ သူအမွတ္ရသြားတာေပါ့” ဟု ဦးသိန္းထြန္းဦး က ေျပာသည္။

မေလးရွားႏိုင္ငံတြင္ က်င္းပသည့္ၿပိဳင္ပြဲကို သြားေရာက္မယွဥ္ၿပိဳင္ခင္ ျမန္မာႏိုင္ငံ၌ ကား အေဟာင္း (၁၀)စီးခန႔္ ကို အသုံးျပဳကာ ႀကိဳတင္ျပင္ဆင္ေလ့က်င္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ေမာ္ေတာ္ယာဥ္မေတာ္တဆမႈျဖစ္စဥ္ ကယ္ဆယ္ေရးစြမ္းရည္ၿပိဳင္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ႏိုင္ေရးအတြက္ ေမာ္ေတာ္ယာဥ္မေတာ္တဆမႈျဖစ္စဥ္ကယ္ဆယ္ေရးသင္တန္းကို ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္မီးသတ္စခန္း၌ စက္တင္ဘာ (၂)ရက္မွ (၁၈)ရက္အထိ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါသင္တန္းကို ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ အထူးရွာေဖြကယ္ဆယ္ေရး တပ္ဖြဲ႕ဝင္မ်ား၊ ဗဟိုမီးသတ္သင္တန္းေက်ာင္း၊ ေနျပည္ေတာ္နယ္ေျမအတြင္းရွိ ၿမိဳ႕နယ္မ်ားႏွင့္ ရန္ကုန္-မႏၲေလးအျမန္လမ္းနယ္ေျမမီးသတ္စခန္းမ်ားမွ ရွာေဖြကယ္ဆယ္ေရးတပ္ဖြဲ႕ဝင္မ်ား ပါဝင္တက္ေရာက္ခဲ့ၾကၿပီး သင္တန္းမွ ထူးခြၽန္သင္တန္းသား တပ္ဖြဲ႕ဝင္မ်ားကို ‌ေ႐ြးခ်ယ္၍ ေစလႊတ္ပါဝင္ယွဥ္ၿပိဳင္ေစခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔လည္း ဒီၿပိဳင္ပြဲတစ္ခါမွမဝင္ဖူးဘူး။ မဝင္ဖူးတဲ့အခါက်ေတာ့ ဒီႏွစ္က်ေတာ့ ဒီမေလးရွားမွာ ၿပိဳင္ပြဲရွိတယ္ဆိုတဲ့ဟာကို ၿပီးခဲ့တဲ့ႏွစ္ထဲက သတင္းရတယ္။ အဲဒီအခါက်ေတာ့ ဒီႏွစ္ထဲမွာပဲ တစ္ႏိုင္ငံလုံးမွာရွိတဲ့ တပ္ဖြဲ႕ဝင္ေတြ စုစည္းၿပီးေတာ့မွ သင္တန္းအရင္ဖြင့္လိုက္တာေပါ့။ အဲဒီထဲကမွ အေကာင္းဆုံးလူေတြေ႐ြးထုတ္၊ ေ႐ြးထုတ္ၿပီးေတာ့ ႏိုင္ငံတကာမွာ လုပ္ေနတဲ့ road traffic accident ၿပိဳင္ပြဲေတြကို ကြၽန္ေတာ္တို႔က အြန္လိုင္း ကေနၾကည့္ေပါ့။ ၾကည့္ၿပီးေတာ့မွသူတို႔ ၿပိဳင္ပြဲနည္းစနစ္ေတြၾကည့္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔လည္း ေလ့က်င့္သြားတာ” ဟု ၎က ေျပာသည္။

ႏိုင္ငံတကာစြမ္းရည္ၿပိဳင္ပြဲတြင္ Best Team Leader ဆုကို ပထမဆုံးအႀကိမ္ရရွိႏိုင္ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္တြင္ စင္ကာပူႏိုင္ငံ၌ က်င္းပသည့္ ႏိုင္ငံတကာမီးျငႇိမ္းသတ္ေရး ႏွင့္ ရွာေဖြကယ္ဆယ္ေရးစြမ္းရည္ၿပိဳင္ပြဲတြင္ ျမန္မာမီးသတ္အရာရွိတစ္ဦးက တတိယဆုကို ရရွိခဲ့ဘူးကာ ႏိုင္ငံဂုဏ္ကို ျမႇင့္တင္ႏိုင္ခဲ့ေၾကာင္း မီးသတ္ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးသိန္းထြန္းဦးက ဆိုသည္။

Related news

© 2021. All rights reserved.