တရုတ်က လက်နက်ကိုင်အဖွဲ့အစည်းအချို့ ကို ပစ်မှတ်ထား၍ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးကို ယာယီပိတ်

 107

ယွန်း (NP News) - အောက်တိုဘာ ၂၇

တရုတ်နိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းအချို့ကို ပစ်မှတ်ထားကာ နယ်စပ်ကုန်သွယ်ရေး စခန်းများ အားလုံးကို ယာယီပိတ်ထားမှုများ ပြုလုပ်ထားကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းနှင့် ဒေသခံများက ဆိုသည်။
မြောက်ပိုင်းသုံးဖွဲ့၏ (၁၀၂၇) ဟုဆိုသော စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ လုံခြုံရေးအခြေ အနေများကြောင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း အပါအဝင် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်ခဲ့ရသည်။
သို့သော် ကုန်သည်များအနေဖြင့် စရိတ်စကကြီးမြင့်ပြီး ခရီးချိန်ကြာမြင့်သော်လည်း ကုန်စည် စီးဆင်းနိုင်ရေး အတွက် မိုင်းလားကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုနေကြရာ ပြီးခဲ့သည့်ရက်ပိုင်းမှ စ၍ အဆိုပါလမ်းကြောင်းအပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို တရုတ် နိုင်ငံဘက်က ပိတ်လိုက်ကြောင်း သိရသည်။
“ဂိတ်ကပိတ်လိုက်ပြီ။ အဝင်အထွက်တွေ လုပ်လို့မရတော့ဘူး။ မိုင်းလားလည်းမရှိတော့ဘူး။ အကုန်ပိတ် သွားပြီ။ ဘာကုန်သွယ်မှုမှလုပ်လို့မရ တော့ဘူး”ဟု မူဆယ်မြို့ခံကုန်သွယ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို ပြော သည်။
ထိုသို့ ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ပိတ်လိုက်သည့်အတွက် ပြည်တွင်းရှိ တရုတ်ထုတ်ကုန် ပစ္စည်းများ အပါအဝင် အခြားကုန်ပစ္စည်းများပါ ဈေးကြီးမြင့်လာနိုင်ပြီး ပစ္စည်းပြတ်လပ်မှုများလည်း ရှိလာနိုင် ကြောင်း စီးပွာ‌ရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။ ‘‘ကျွန်တော်ကြားတာကတော့ မြန်မာဘက်ကနေ Request လုပ်တာလို့လည်း ကြားတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေက တရားမဝင် ကုန်ပစ္စည်းတွေကို အခြေခံပြီးတော့ စီးပွားရှာတာက ကြီး ထွားနေတယ်။ အဲဒီအတွက် ဒီဘက်မှာစစ်ဆင်ရေးလုပ်မယ့် အနေအထားရှိ တယ်ထင်တယ်။ အဲဒါ‌ကြောင့် Request လုပ်တယ်လို့ကြားတယ်။ အဲဒီလိုပိတ်လိုက်တဲ့အတွက် ပြည်တွင်းမှာ တရုတ်ကုန်ပစ္စည်းတွေ ဈေးကြီးလာမယ်။ အခုက မြဝတီဘက်က ဒီလောက်ဝင်လို့ မရဘူး။ ဖမ်းတာတွေရှိတယ်။ ထားဝယ်ဘက်ကလည်း ဝင်လို့မရဘူး။ ဘယ်ဘက်ကမှ ဝင်လို့မရဘူး။ ကုန်ပစ္စည်းတွေကလည်း တင်သွင်းခွင့် မ‌ပေးဘူး။ ပြည်တွင်းမှာလည်း လုံလုံလောက် လောက်မရှိ ဘူးဆိုတော့ ကုန်ပစ္စည်းတွေ ဈေးတက် လာမှာပေါ့။ ပြီးရင် ကုန်ပစ္စည်းရှားပါးမှုတွေ၊ ပြတ်လပ် မှုတွေ ဖြစ်လာနိုင်တယ်။ ပိတ်ထားတာကလည်း လပိုင်းလောက်တော့ ကြာမြင့်မယ်လို့ထင်တယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သော ကာလအတွင်း၌ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွမ်း နှင့် ‘ဝ’လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံဆွေး နွေးခဲ့သည်ဆိုသော အစည်းအဝေးမှတ်တမ်း အချို့သည် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါမှတ်တမ်းများထဲတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ထိန်းချုပ်ရာ ဒေသများကို တရုတ်ကုန် စည်စီးဆင်းမှုများ ရပ်တန့်ရန် ထည့်သွင်းဆွေးနွေး မှုများရှိခဲ့ကြောင်း တွေ့ရသည်။
“အခု တရုတ်ကသွင်းတဲ့ကုန်တွေအကုန် ပြတ်နေတယ်။ ဓာတ်ဆီတွေ၊ ဒီဇယ်တွေ ပြတ်နေပြီ။ ဆီဆိုင်တော် တော်များများလည်း ပိတ်ထားတယ်။ စားသောက်ကုန်တွေလည်း ပြတ်နေပြီ။ တရုတ်ဘက်က ရေသန့် ကအစ ဟင်းသီးဟင်းရွက်အကုန်ဝင်တယ်။ အခုတရုတ်ကမဝင်တော့ ဈေးတွေတက်နေပြီ။ ချမ်းသာတဲ့လူတွေ ကတော့ မြို့ကနေစွန့်ခွာ သွားကြပြီ။ အခုဒေသခံ တော်တော်များများကလည်း မကြိုက်တဲ့ အသံတွေ ထွက်လာနေပြီ” ဟု လောက်ကိုင်မြို့ခံ တစ် ဦးက NP News ကို ပြောသည်။
လက်ရှိတွင် တရုတ်-မြန်မာကုန်သွယ် ရေးလမ်းကြောင်းများအားလုံး ပိတ်ထားသည့်အတွက် ကုန်စည် စီးဆင်းရေးတွင် အခက်အခဲများရှိနေပြီး ကုန်သည်များအနေဖြင့် နယ်‌မြေအမြန်တည်ငြိမ်ရေးနှင့် လမ်းကြောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆန္ဒရှိနေကြောင်း သိရသည်။
“တရုတ်- မြန်မာနယ်စပ်ကို အဓိကထား ပြီးလုပ်နေတဲ့ ကုန်သည်တွေက အများကြီးထိခိုက် တာ‌ပေါ့။ တရုတ်- မြန်မာနယ်စပ်က ဘာမှလုပ်စားလို့ မရတော့ဘူး။ နယ်စပ်ကုန်သွယ်ရေး အရင်လိုပဲ ပြန်ကောင်းလာရင်တော့ အားလုံး လည်း လုပ်စားလို့ ကောင်းတယ်။ အဆင်လည်းပြေတယ်လေ။ ပြီးရင် နယ်စပ်ကုန်သွယ်ရေးက အရင်လိုပဲ အေးအေးချမ်း ချမ်းနဲ့ ရောင်းဝယ်ဖောက်ကားနိုင်အောင် ဆောင်ရွက် သင့်တာ ပေါ့” ဟု မူဆယ်မြို့ခံ ကုန်သွယ်ရေးလုပ် ငန်းရှင်က ပြော သည်။
ပြည်တွင်း၌ နယ်စပ်ကုန်သွယ်ရေးစခန်း ပေါင်း(၁၇)ခုရှိသော်လည်း လက်ရှိကာလ၌ တရုတ်- မြန်မာနယ် စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ် နှင့် ချင်းရွှေဟော်အပါအဝင် နယ် စပ်ကုန်သွယ်ရေးစခန်း များမှာ ရပ်တန့်နေလျက်ရှိသည်။

Zawgyi Version;
တ႐ုတ္က လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ ကို ပစ္မွတ္ထား၍ နယ္စပ္ကုန္သြယ္ေရးစခန္းအားလုံးကို ယာယီပိတ္
ယြန္း (NP News) - ေအာက္တိုဘာ ၂၇

တ႐ုတ္ႏိုင္ငံက လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ကို ပစ္မွတ္ထားကာ နယ္စပ္ကုန္သြယ္ေရး စခန္းမ်ား အားလုံးကို ယာယီပိတ္ထားမႈမ်ား ျပဳလုပ္ထားေၾကာင္း လုပ္ငန္းရွင္အသိုင္းအဝိုင္းႏွင့္ ေဒသခံမ်ားက ဆိုသည္။
ေျမာက္ပိုင္းသုံးဖြဲ႕၏ (၁၀၂၇) ဟုဆိုေသာ စစ္ဆင္ေရးေနာက္ပိုင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၏ လုံၿခဳံေရးအေျခ အေနမ်ားေၾကာင့္ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္ႏွင့္ ခ်င္းေ႐ႊေဟာ္ ကုန္သြယ္ေရးစခန္း အပါအဝင္ အေရးပါသည့္ ကုန္သြယ္ေရးလမ္းေၾကာင္းမ်ား ျပတ္ေတာက္ခဲ့ရၿပီး ကုန္စည္စီးဆင္းမႈမ်ားလည္း ရပ္တန႔္ခဲ့ရသည္။
သို႔ေသာ္ ကုန္သည္မ်ားအေနျဖင့္ စရိတ္စကႀကီးျမင့္ၿပီး ခရီးခ်ိန္ၾကာျမင့္ေသာ္လည္း ကုန္စည္ စီးဆင္းႏိုင္ေရး အတြက္ မိုင္းလားကုန္သြယ္ေရးလမ္းေၾကာင္းကို အသုံးျပဳေနၾကရာ ၿပီးခဲ့သည့္ရက္ပိုင္းမွ စ၍ အဆိုပါလမ္းေၾကာင္းအျပင္ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းအားလုံးကို တ႐ုတ္ ႏိုင္ငံဘက္က ပိတ္လိုက္ေၾကာင္း သိရသည္။
“ဂိတ္ကပိတ္လိုက္ၿပီ။ အဝင္အထြက္ေတြ လုပ္လို႔မရေတာ့ဘူး။ မိုင္းလားလည္းမရွိေတာ့ဘူး။ အကုန္ပိတ္ သြားၿပီ။ ဘာကုန္သြယ္မႈမွလုပ္လို႔မရ ေတာ့ဘူး”ဟု မူဆယ္ၿမိဳ႕ခံကုန္သြယ္ေရး လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို ေျပာ သည္။
ထိုသို႔ ကုန္သြယ္ေရးလမ္းေၾကာင္းအားလုံးကို ပိတ္လိုက္သည့္အတြက္ ျပည္တြင္းရွိ တ႐ုတ္ထုတ္ကုန္ ပစၥည္းမ်ား အပါအဝင္ အျခားကုန္ပစၥည္းမ်ားပါ ေဈးႀကီးျမင့္လာႏိုင္ၿပီး ပစၥည္းျပတ္လပ္မႈမ်ားလည္း ရွိလာႏိုင္ ေၾကာင္း စီးပြာ‌ေရးလုပ္ငန္းရွင္မ်ားက သုံးသပ္ထားသည္။ ‘‘ကြၽန္ေတာ္ၾကားတာကေတာ့ ျမန္မာဘက္ကေန Request လုပ္တာလို႔လည္း ၾကားတယ္။ လက္နက္ကိုင္အဖြဲ႕အစည္းေတြက တရားမဝင္ ကုန္ပစၥည္းေတြကို အေျခခံၿပီးေတာ့ စီးပြားရွာတာက ႀကီး ထြားေနတယ္။ အဲဒီအတြက္ ဒီဘက္မွာစစ္ဆင္ေရးလုပ္မယ့္ အေနအထားရွိ တယ္ထင္တယ္။ အဲဒါ‌ေၾကာင့္ Request လုပ္တယ္လို႔ၾကားတယ္။ အဲဒီလိုပိတ္လိုက္တဲ့အတြက္ ျပည္တြင္းမွာ တ႐ုတ္ကုန္ပစၥည္းေတြ ေဈးႀကီးလာမယ္။ အခုက ျမဝတီဘက္က ဒီေလာက္ဝင္လို႔ မရဘူး။ ဖမ္းတာေတြရွိတယ္။ ထားဝယ္ဘက္ကလည္း ဝင္လို႔မရဘူး။ ဘယ္ဘက္ကမွ ဝင္လို႔မရဘူး။ ကုန္ပစၥည္းေတြကလည္း တင္သြင္းခြင့္ မ‌ေပးဘူး။ ျပည္တြင္းမွာလည္း လုံလုံေလာက္ ေလာက္မရွိ ဘူးဆိုေတာ့ ကုန္ပစၥည္းေတြ ေဈးတက္ လာမွာေပါ့။ ၿပီးရင္ ကုန္ပစၥည္းရွားပါးမႈေတြ၊ ျပတ္လပ္ မႈေတြ ျဖစ္လာႏိုင္တယ္။ ပိတ္ထားတာကလည္း လပိုင္းေလာက္ေတာ့ ၾကာျမင့္မယ္လို႔ထင္တယ္”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ၿပီးခဲ့ေသာ ကာလအတြင္း၌ တ႐ုတ္ႏိုင္ငံ၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ မစၥတာ တိန႔္ရွီကြၽမ္း ႏွင့္ ‘ဝ’လက္နက္ကိုင္အဖြဲ႕တို႔ ေတြ႕ဆုံေဆြး ေႏြးခဲ့သည္ဆိုေသာ အစည္းအေဝးမွတ္တမ္း အခ်ိဳ႕သည္ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီး အဆိုပါမွတ္တမ္းမ်ားထဲတြင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ (MNDAA) ထိန္းခ်ဳပ္ရာ ေဒသမ်ားကို တ႐ုတ္ကုန္ စည္စီးဆင္းမႈမ်ား ရပ္တန႔္ရန္ ထည့္သြင္းေဆြးေႏြး မႈမ်ားရွိခဲ့ေၾကာင္း ေတြ႕ရသည္။
“အခု တ႐ုတ္ကသြင္းတဲ့ကုန္ေတြအကုန္ ျပတ္ေနတယ္။ ဓာတ္ဆီေတြ၊ ဒီဇယ္ေတြ ျပတ္ေနၿပီ။ ဆီဆိုင္ေတာ္ ေတာ္မ်ားမ်ားလည္း ပိတ္ထားတယ္။ စားေသာက္ကုန္ေတြလည္း ျပတ္ေနၿပီ။ တ႐ုတ္ဘက္က ေရသန႔္ ကအစ ဟင္းသီးဟင္း႐ြက္အကုန္ဝင္တယ္။ အခုတ႐ုတ္ကမဝင္ေတာ့ ေဈးေတြတက္ေနၿပီ။ ခ်မ္းသာတဲ့လူေတြ ကေတာ့ ၿမိဳ႕ကေနစြန႔္ခြာ သြားၾကၿပီ။ အခုေဒသခံ ေတာ္ေတာ္မ်ားမ်ားကလည္း မႀကိဳက္တဲ့ အသံေတြ ထြက္လာေနၿပီ” ဟု ေလာက္ကိုင္ၿမိဳ႕ခံ တစ္ ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ တ႐ုတ္-ျမန္မာကုန္သြယ္ ေရးလမ္းေၾကာင္းမ်ားအားလုံး ပိတ္ထားသည့္အတြက္ ကုန္စည္ စီးဆင္းေရးတြင္ အခက္အခဲမ်ားရွိေနၿပီး ကုန္သည္မ်ားအေနျဖင့္ နယ္‌ေျမအျမန္တည္ၿငိမ္ေရးႏွင့္ လမ္းေၾကာင္းမ်ား အျမန္ဆုံး ျပန္လည္ဖြင့္လွစ္ႏိုင္ေရးကို ဆႏၵရွိေနေၾကာင္း သိရသည္။
“တ႐ုတ္- ျမန္မာနယ္စပ္ကို အဓိကထား ၿပီးလုပ္ေနတဲ့ ကုန္သည္ေတြက အမ်ားႀကီးထိခိုက္ တာ‌ေပါ့။ တ႐ုတ္- ျမန္မာနယ္စပ္က ဘာမွလုပ္စားလို႔ မရေတာ့ဘူး။ နယ္စပ္ကုန္သြယ္ေရး အရင္လိုပဲ ျပန္ေကာင္းလာရင္ေတာ့ အားလုံး လည္း လုပ္စားလို႔ ေကာင္းတယ္။ အဆင္လည္းေျပတယ္ေလ။ ၿပီးရင္ နယ္စပ္ကုန္သြယ္ေရးက အရင္လိုပဲ ေအးေအးခ်မ္း ခ်မ္းနဲ႔ ေရာင္းဝယ္ေဖာက္ကားႏိုင္ေအာင္ ေဆာင္႐ြက္ သင့္တာ ေပါ့” ဟု မူဆယ္ၿမိဳ႕ခံ ကုန္သြယ္ေရးလုပ္ ငန္းရွင္က ေျပာ သည္။
ျပည္တြင္း၌ နယ္စပ္ကုန္သြယ္ေရးစခန္း ေပါင္း(၁၇)ခုရွိေသာ္လည္း လက္ရွိကာလ၌ တ႐ုတ္- ျမန္မာနယ္ စပ္ကုန္သြယ္ေရးစခန္းမ်ားျဖစ္သည့္ မူဆယ္၊ လြယ္ဂ်ယ္ ႏွင့္ ခ်င္းေ႐ႊေဟာ္အပါအဝင္ နယ္ စပ္ကုန္သြယ္ေရးစခန္း မ်ားမွာ ရပ္တန႔္ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.