အခြေခံရည်ညွှန်းစပါးဈေး ကျပ်(၉)သိန်းခွဲသည် တောင်သူလယ်သမားများအတွက်နစ်နာ မှုများရှိနေ

 1579

ယွန်း (NP News) - အောက်တိုဘာ ၂၈

အခြေခံ ရည်ညွှန်းစပါးဈေးကို ကျပ် (၉)သိန်းခွဲသတ်မှတ်လိုက်ခြင်းသည် မြေပြင်ရှိ တောင်သူလယ်သမားများအတွက် နစ်နာမှုများရှိလာနေကြောင်း NP News က စပါးစိုက်လယ်သမား များထံ မေးမြန်းထားချက်များအရ သိရသည်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အစိုဓာတ် (၁၄) ရာခိုင်နှုန်း၊ အဖျင်း၊ အမှော်၊ ဖုန်၊သဲ၊ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီသည့် စပါးတင်း (၁၀ဝ)လျှင် အခြေခံရည်òန်းပေါက်ဈေး(၉၅၀ဝဝဝ)ကျပ် သတ် မှတ်လိုက်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထားသည်။ ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါက ဈေး ကွက်ပေါက်ဈေးအတိုင်းဝယ်ယူရန်နှင့် ဈေးကွက် ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက်တွင် ဖြစ်ပေါ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ် ယူရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ မိုးစပါးရိတ်သိမ်းချိန်ကာလတွင် စပါးတင်း (၁၀ဝ) အတွက် ဈေးကွက်ပေါက်ဈေးမှာ (၁၆)သိန်းခွဲနှင့် (၁၇)သိန်းဝန်းကျင်ရှိနေသော်လည်း အဆိုပါ ပေါက်ဈေးမှာ တောင်သူများအတွက် အရင်းကြေရုံသာရှိကြောင်း သိရသည်။

“ သူတို့ပြောတဲ့ (၉)သိန်းခွဲဆိုရင် ဘယ်လိုမှ အဆင်မပြေဘူးလေ။ (၁၆)သိန်း၊ (၁၇)သိန်း ဆိုရင် တောင် နည်းနည်းပဲမြတ်တာလေ။ အရင်းကြေရုံ ပဲရှိတာ။ စပါးမထွက်ရင် ရှုံးတောင်ရှုံးမယ်။ အခုဆိုရင် မိုးတွေကလည်း ရွာနေတော့ စပါးတွေလည်းမရိတ်ရသေးတဲ့သူတွေရှိတယ်။ ဒီကြားထဲမှာ ဈေးမကျသွားရင်တော့ကောင်းတာပေါ့ ” ဟု ဧရာဝတီ တိုင်း မှ လယ်သမားတစ်ဦးက NP News ကိုပြောသည်။ တောင်သူများအနေဖြင့် ဓာတ်မြေဩ ဇာဈေးနှုန်း ကြီးမြင့်ခြင်းအပြင် လုပ်အားခဈေးနှုန်းကြီး မြင့်ခြင်း၊ ရိတ်ခြွေခ ကြီးမြင့်ခြင်းများကိုလည်း ကြုံတွေ့နေရပြီး ထိုသို့ စပါးဈေး(၉)သိန်းခွဲ သက်မှတ်လိုက် ခြင်းသည် ၎င်းတို့ အတွက် အဆင်မပြေကြောင်း သုံး သပ်မှုများလည်း ရှိနေသည်။

“ပြီးခဲ့တဲ့ (၄)၊(၅)ရက် လောက်ကတည်း က (၁၉)သိန်းလောက်နဲ့ပေါက်နေတာ။ စပါးဈေးက အခု ဒီရက်တည်းမှာတော့ (၂၁) သိန်း၊ သိန်း (၂၀) လောက် ရတယ်။ (၉)သိန်းနဲ့က တော့ မရဘူးလေ၊ မြေဆီဖိုး၊ ဆီဖိုးတွေ၊ စပါးရိတ်ဖို့ စက်ဖိုးတွေနဲ့တင် တော်တော်ကုန်နေပြီ။ ဒီဈေးနဲ့က တော့ ဘယ်လိုမှမဖြစ်ဘူးပေါ့။ သူတို့ ရည်ညွှန်းဈေး (၉)သိန်းခွဲနဲ့ ဆိုရင်တော့ ဘယ်လိုလုပ်အဆင်ပြေမှာ လဲ။ အခုဆိုရင် ဓာတ်ဆားက (၁)သိန်းခွဲဖြစ်နေပြီ။ ရိတ်ခြွေခ ကလည်း မနှစ်ကထက် (၆၀ဝဝဝ) လောက် တက်တယ်။ ဒီနှစ်က တစ်ဧကကို (၁)သိန်းခွဲဖြစ်နေပြီ။ လူနဲ့ရိတ်တာကလည်း အပြတ် (၁)ဧကကို တစ်သိန်း ပေးရတယ်။ နေ့စားဆိုရင်တောင် တစ်ယောက်ကို (၁၀ဝဝဝ)ပေးရတယ်” ဟု ပဲခူးတိုင်းမှ စပါးစိုက် တောင်သူတစ်ဦးကဆိုသည်။

သို့သော် အချို့ကုန်သည်များမှာ အခြေခံ ရည်òန်းစပါးဈေး ပြောင်းလဲမှုပေါ်မူတည်၍ ဈေး ကွက်‌ပေါက်ဈေးများကို လျှော့ချ၍ ရောင်းဝယ်မှုများလည်း ရှိနေကြောင်း သိရသည်။ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် ဈေးကွက် ပေါက်ဈေးတွင် ဧည့်မထစပါးဈေးနှုန်းမှာ (၁၅) သိန်း မှ သိန်း(၂၀)အထိ ရှိခဲ့ပြီး အခြေခံရည်ညွှန်းဈေး မှာလည်း တစ်တင်းလျှင် (၇၅၀ဝ) ကျပ်သာရှိခဲ့သဖြင့် အခြေခံရည်ညွှန်းဈေးမှာ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရမည့်စပါးဈေးကို ဆိုလိုခြင်းမဟုတ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိ ပေးထားသည်။ လက်ရှိ (၂၀၂၄) ခုနှစ် အောက်တိုဘာလ ကောက်စောစပါးများပေါ်ချိန်တွင် စပါးဈေး များသည် ကွင်းများတွင် စပါးအစို တင်း(၁၀ဝ)လျှင် (၁၅)သိန်းမှ(၁၆)သိန်း ဈေးကွက်ပေါက်ဈေးဖြစ်ပြီး ဆန်စက်များသို့ ခြောက်သွေ့သော စပါးများရောင်း ဈေးသည် (၁၇)သိန်းမှ သိန်း(၂၀) ဝန်းကျင်ဖြစ်ကြောင်းသိရသည်။ အခြေခံပြည်သူများ စားသုံးမှုများ သည့် ဆင်းသုခတစ်အိတ်လျှင် ငွေကျပ် (၈၀ဝဝဝ)ခန့်ရှိနေပြီး ပေါ်ဆန်း ဆန်တစ်အိတ်လျှင် ငွေကျပ်(၂) သိန်းနီးပါးဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

zawgyi version
အေျခခံရည္ၫႊန္းစပါးေဈး က်ပ္(၉)သိန္းခြဲသည္ ေတာင္သူလယ္သမားမ်ားအတြက္နစ္နာ မႈမ်ားရွိေန
ယြန္း (NP News) - ေအာက္တိုဘာ ၂၈

အေျခခံ ရည္ၫႊန္းစပါးေဈးကို က်ပ္ (၉)သိန္းခြဲသတ္မွတ္လိုက္ျခင္းသည္ ေျမျပင္ရွိ ေတာင္သူလယ္သမားမ်ားအတြက္ နစ္နာမႈမ်ားရွိလာေနေၾကာင္း NP News က စပါးစိုက္လယ္သမား မ်ားထံ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

ေတာင္သူလယ္သမား အခြင့္အေရးကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရးဦးေဆာင္အဖြဲ႕က အစိုဓာတ္ (၁၄) ရာခိုင္ႏႈန္း၊ အဖ်င္း၊ အေမွာ္၊ ဖုန္၊သဲ၊ခဲ ကင္းစင္ၿပီး အရည္အေသြးဆိုင္ရာ သတ္မွတ္စံခ်ိန္ စံၫႊန္းမ်ားႏွင့္ ကိုက္ညီသည့္ စပါးတင္း (၁၀ဝ)လွ်င္ အေျခခံရည္òန္းေပါက္ေဈး(၉၅၀ဝဝဝ)က်ပ္ သတ္ မွတ္လိုက္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက အသိေပးထားသည္။ ေဈးကြက္ေပါက္ေဈးသည္ အေျခခံ ရည္ၫႊန္းစပါးေဈးႏႈန္းအေပၚတြင္ ျဖစ္ပါက ေဈး ကြက္ေပါက္ေဈးအတိုင္းဝယ္ယူရန္ႏွင့္ ေဈးကြက္ ေပါက္ေဈးသည္ အေျခခံရည္ၫႊန္းစပါးေဈးႏႈန္း ေအာက္တြင္ ျဖစ္ေပၚပါက အေျခခံေဈးႏႈန္းအတိုင္း ဝယ္ ယူရန္ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

လက္ရွိ မိုးစပါးရိတ္သိမ္းခ်ိန္ကာလတြင္ စပါးတင္း (၁၀ဝ) အတြက္ ေဈးကြက္ေပါက္ေဈးမွာ (၁၆)သိန္းခြဲႏွင့္ (၁၇)သိန္းဝန္းက်င္ရွိေနေသာ္လည္း အဆိုပါ ေပါက္ေဈးမွာ ေတာင္သူမ်ားအတြက္ အရင္းေၾက႐ုံသာရွိေၾကာင္း သိရသည္။

“ သူတို႔ေျပာတဲ့ (၉)သိန္းခြဲဆိုရင္ ဘယ္လိုမွ အဆင္မေျပဘူးေလ။ (၁၆)သိန္း၊ (၁၇)သိန္း ဆိုရင္ ေတာင္ နည္းနည္းပဲျမတ္တာေလ။ အရင္းေၾက႐ုံ ပဲရွိတာ။ စပါးမထြက္ရင္ ရႈံးေတာင္ရႈံးမယ္။ အခုဆိုရင္ မိုးေတြကလည္း ႐ြာေနေတာ့ စပါးေတြလည္းမရိတ္ရေသးတဲ့သူေတြရွိတယ္။ ဒီၾကားထဲမွာ ေဈးမက်သြားရင္ေတာ့ေကာင္းတာေပါ့ ” ဟု ဧရာဝတီ တိုင္း မွ လယ္သမားတစ္ဦးက NP News ကိုေျပာသည္။ ေတာင္သူမ်ားအေနျဖင့္ ဓာတ္ေျမဩ ဇာေဈးႏႈန္း ႀကီးျမင့္ျခင္းအျပင္ လုပ္အားခေဈးႏႈန္းႀကီး ျမင့္ျခင္း၊ ရိတ္ေႁခြခ ႀကီးျမင့္ျခင္းမ်ားကိုလည္း ႀကဳံေတြ႕ေနရၿပီး ထိုသို႔ စပါးေဈး(၉)သိန္းခြဲ သက္မွတ္လိုက္ ျခင္းသည္ ၎တို႔ အတြက္ အဆင္မေျပေၾကာင္း သုံး သပ္မႈမ်ားလည္း ရွိေနသည္။

“ၿပီးခဲ့တဲ့ (၄)၊(၅)ရက္ ေလာက္ကတည္း က (၁၉)သိန္းေလာက္နဲ႔ေပါက္ေနတာ။ စပါးေဈးက အခု ဒီရက္တည္းမွာေတာ့ (၂၁) သိန္း၊ သိန္း (၂၀) ေလာက္ ရတယ္။ (၉)သိန္းနဲ႔က ေတာ့ မရဘူးေလ၊ ေျမဆီဖိုး၊ ဆီဖိုးေတြ၊ စပါးရိတ္ဖို႔ စက္ဖိုးေတြနဲ႔တင္ ေတာ္ေတာ္ကုန္ေနၿပီ။ ဒီေဈးနဲ႔က ေတာ့ ဘယ္လိုမွမျဖစ္ဘူးေပါ့။ သူတို႔ ရည္ၫႊန္းေဈး (၉)သိန္းခြဲနဲ႔ ဆိုရင္ေတာ့ ဘယ္လိုလုပ္အဆင္ေျပမွာ လဲ။ အခုဆိုရင္ ဓာတ္ဆားက (၁)သိန္းခြဲျဖစ္ေနၿပီ။ ရိတ္ေႁခြခ ကလည္း မႏွစ္ကထက္ (၆၀ဝဝဝ) ေလာက္ တက္တယ္။ ဒီႏွစ္က တစ္ဧကကို (၁)သိန္းခြဲျဖစ္ေနၿပီ။ လူနဲ႔ရိတ္တာကလည္း အျပတ္ (၁)ဧကကို တစ္သိန္း ေပးရတယ္။ ေန႔စားဆိုရင္ေတာင္ တစ္ေယာက္ကို (၁၀ဝဝဝ)ေပးရတယ္” ဟု ပဲခူးတိုင္းမွ စပါးစိုက္ ေတာင္သူတစ္ဦးကဆိုသည္။

သို႔ေသာ္ အခ်ိဳ႕ကုန္သည္မ်ားမွာ အေျခခံ ရည္òန္းစပါးေဈး ေျပာင္းလဲမႈေပၚမူတည္၍ ေဈး ကြက္‌ေပါက္ေဈးမ်ားကို ေလွ်ာ့ခ်၍ ေရာင္းဝယ္မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္တြင္ ေဈးကြက္ ေပါက္ေဈးတြင္ ဧည့္မထစပါးေဈးႏႈန္းမွာ (၁၅) သိန္း မွ သိန္း(၂၀)အထိ ရွိခဲ့ၿပီး အေျခခံရည္ၫႊန္းေဈး မွာလည္း တစ္တင္းလွ်င္ (၇၅၀ဝ) က်ပ္သာရွိခဲ့သျဖင့္ အေျခခံရည္ၫႊန္းေဈးမွာ ေဈးကြက္အတြင္း အေရာင္းအဝယ္ျပဳလုပ္ရမည့္စပါးေဈးကို ဆိုလိုျခင္းမဟုတ္ ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က အသိ ေပးထားသည္။ လက္ရွိ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလ ေကာက္ေစာစပါးမ်ားေပၚခ်ိန္တြင္ စပါးေဈး မ်ားသည္ ကြင္းမ်ားတြင္ စပါးအစို တင္း(၁၀ဝ)လွ်င္ (၁၅)သိန္းမွ(၁၆)သိန္း ေဈးကြက္ေပါက္ေဈးျဖစ္ၿပီး ဆန္စက္မ်ားသို႔ ေျခာက္ေသြ႕ေသာ စပါးမ်ားေရာင္း ေဈးသည္ (၁၇)သိန္းမွ သိန္း(၂၀) ဝန္းက်င္ျဖစ္ေၾကာင္းသိရသည္။ အေျခခံျပည္သူမ်ား စားသုံးမႈမ်ား သည့္ ဆင္းသုခတစ္အိတ္လွ်င္ ေငြက်ပ္ (၈၀ဝဝဝ)ခန႔္ရွိေနၿပီး ေပၚဆန္း ဆန္တစ္အိတ္လွ်င္ ေငြက်ပ္(၂) သိန္းနီးပါးျဖင့္ ဝယ္ယူေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.