"(၁၀၂၇)ကျူးကျော်စစ် တစ်နှစ်ပြည့်ခဲ့သော်လည်း တစ်မြို့မှပြန်မယူနိုင်ခြင်းသည် အဘယ်ကြောင့်နည်း..??"
5659
မျိုးမင်း(မကျည်းလဟာ) (NP News) - အောက်တိုဘာ ၂၈
(၁၀၂၇)ကျူးကျော်မှု တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
(၂၀၂၃) ခုနှစ် အောက်တိုဘာ(၂၇)ရက်တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သော MNDAA၊ TNLA နှင့် AA တို့က ကျားဖြန့်ခေါင်းစဉ်၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးခေါင်းစဉ်၊ တရုတ်အကျိုးစီးပွား များကို ကာကွယ်ရေးခေါင်းစဉ် စသည်တို့ဖြင့် ရှမ်းမြောက်ကို စတင်တိုက်ခိုက်သည်။
ပထမဆုံးတိုက်ခိုက်မှုသည် တရုတ်-မြန် မာနှင့် UWSA နယ်စပ် ချင်းရွှေဟော်မြို့ကိုပင် ဖြစ် ၏။ ထိုမှတစ်ဆင့် (၁၀၂၇) ပထမလှိုင်းခေါင်းစဉ်နှင့် အတူ မြို့ပေါင်း(၁၆)မြို့ထက်မနည်း ကိုးကန့်သူပုန် များနှင့် ပလောင်သူပုန်များ၏လက်တွင်းသို့ ကျရောက်ခဲ့သည်။ တရုတ်နိုင်ငံက ကြားဝင်၍ ဟိုင်ဂင်သဘောတူညီချက်လုပ်ပေးခဲ့သော်လည်း (၂၀၂၄) ခုနှစ် မေလအထိသာ နှစ်ဖက်ဆွေးနွေးမှုများရှိခဲ့ပြီး နစကအစိုးရဘက်က ဆက်လက်ဆွေးနွေးခြင်းမရှိတော့ပေ။ ဟိုင်ဂင်အစည်းအဝေး ငါးကြိမ်အတွင်း မြောက်ပိုင်းသုံးဖွဲ့၏ တောင်းဆိုချက်များအတွင်း၌ တိုက်ယူ၍ရထားသောနယ်မြေများကို ပြန်လိုချင်ပါက ပြန်တိုက်ယူရန်ဟု အဓိပ္ပာယ်ရသောရင့်သီးလွန်း သည့်စကားများလည်း ပါဝင်လာသည့်အတွက် တပ်မ တော်ခေါင်းဆောင်များက ဘဝင်မတွေ့ကြပေ။ ထို့နောက် မေလမှစ၍ ဆက်လက်ဆွေးနွေးခြင်း မရှိ တော့ဘဲ ဟိုင်ဂင်ပျက်ပြယ်သွားသည်။
မြောက်ပိုင်းသုံးဖွဲ့ဘက်ကလည်း ရှမ်း မြောက်တိုင်းစစ်ဌာနချုပ်မြို့ လားရှိုးကိုပါ တိုက်ခိုက် သိမ်းပိုက်နိုင်သည်အထိ ခြေလှမ်းများကျဲခဲ့သည့်။ တစ်နည်းအားဖြင့် ရှမ်းမြောက်ရှိ နောင်ချို-ကျောက် မဲ-သီပေါ-လားရှိုး-သိန္နီ ထိုမှတစ်ဆင့် ကွတ်ခိုင်- မူဆယ်(၁၀၅)မိုင်သို့လည်းကောင်း၊ သိန္နီမှတစ်ဆင့် ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်အထိလည်း ကောင်း ကျယ်ပြန့်လှသည့် နယ်မြေများစွာကို TNLA နှင့် MNDAA တို့က သိမ်းပိုက်ရရှိသွားသည်။
ရှမ်းမြောက်တွင် စစ်ရေးတင်းမာမှု မြင့် တက်နေစဉ်အတွင်း AA ကလည်း ရခိုင်ပြည်နယ်၌ (၂၀၂၃) ခုနှစ် နိုဝင်ဘာ(၁၃)ရက်တွင် တိုက်ပွဲဖော် ဆောင်ခဲ့သည်။ အဆိုပါနေရာများအားလုံးသည် တရုတ်-မြန်မာ အထူးစီမံကိန်းများ ဖြတ်သန်းရန်လျာ ထားသည့်နယ်မြေများ ဖြစ်နေပြီး ၎င်းနှင့်ဆက်စပ် သောနယ်မြေများအဖြစ် နမ္မတူ-နမ့်ဆန်၊ နမ့်ခမ်း၊ မိုးကုတ်-မိုးမိတ်- မဘိမ်းအပါအဝင် မြို့နယ်အငယ် များကိုပါ TNLA က သိမ်းပိုက်ထားသည်။ (၁၀၂၇) တစ်နှစ်ပြည့်လာသော်လည်း ရှမ်းမြောက်နှင့် ရခိုင် ပြည်နယ်ထဲမှ မည်သည့်မြို့များကိုမဆို တပ်မတော် ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။
တစ်နည်းအားဖြင့် ရှမ်းမြောက်ထိုးစစ်ဆင် မှုကို တိတိပပ ပြန်လည်စတင်ခြင်းမရှိသေးဘဲ အခြေ အနေတစ်ခုခုကို စောင့်ဆိုင်းနေပုံရသည်။ နိုင်ငံတစ်ဝန်း၌ လူထုစိုးရိမ်မှုမြင့်တက်ခဲ့သော ကိစ္စမှာ လားရှိုး မြို့ကို ကိုးကန့်သူပုန်များက သိမ်းပိုက်ခဲ့သော အခြေ အနေတွင်ဖြစ်ပြီး ပြင်ဦးလွင်မှသည် မန္တလေးအထိ ထိုးစစ်ဆင်လာနိုင်ကြောင်း သတင်းများကြောင့် နစကအစိုးရဘက်က အထူးသတိထား ထိန်းကျောင်း ခဲ့ရသည်။ ကိုးကန့်သူပုန်များနှင့် ပလောင်သူပုန်များ၏ ထိုးစစ်မှာ ပြင်ဦးလွင်နှင့် မန္တလေးအထိ ခြိမ်းခြောက် မှုများရှိနေချိန်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာပြည်သို့ ဩဂုတ်လလယ်၌ လာရောက်ခဲ့၏။ထူးခြားစွာဖြင့် ဝမ်ယိ၏ခရီးစဉ်ပြီးသွားကတည်းက ရှမ်းမြောက်၌ ကြီးမားသောထိုးစစ်များ မမြင်ရတော့ဘဲ သာမန်တိုက်ပွဲငယ်များသာ ဖြစ်ပေါ်ခဲ့သည်။ တိုက်ဆိုင်လှ၏။ ဝမ်ယိ၏ခရီးစဉ်နှင့်အတူ တပ်မတော်ဘက်က လေကြောင်းထိုးစစ်ဆင်ခြင်းများလည်း ဆက် တိုက်ရှိလာသည်။ လောက်ကိုင်ကို ဗုံးကျဲသည်။ လားရှိုး၊ ကွတ်ခိုင်နှင့်ကျောက်မဲ၊ သီပေါမချန် လေ ကြောင်းမှဗုံးကျဲသည်။ သို့သော်လည်း မြေပြင်ထိုးစစ် ကိုမူ စတင်နိုင်ခြင်းမရှိသေးပေ။ ရှမ်းမြောက်တစ်ခွင်၌ တပ်မတော်၏လေကြောင်း ထိုးစစ်ဆင်မှုသည် (၂၀၂၄)ခုနှစ် အောက်တိုဘာ(၂၆)ရက်အထိ နှစ်လ ကျော်အတွင်း အကြိမ်ရေ(၁၀ဝ)နီးပါး ရှိလာသည်။ အတည်ပြုရန်ခက်ခဲလှသော သတင်းများအရ လားရှိုးမြို့ကို ကိုးကန့်သူပုန်များက ပြန်လည်ပေးအပ်လိုနေပြီး ယင်းအတွက်အလျော်အစားအဖြစ် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၎င်းတို့အား တရားဝင် အုပ်ချုပ်ခွင့်ပေးစေလိုနေသည်။ နစကအစိုးရဘက်ကမူ ယင်းအချက်ကို လက်သင့်မခံဘဲ ဂုဏ်သိက္ခာအရ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့်သာ ပြန်လည်အနိုင်ယူ လိုနေသည်ဟု ယူဆမိ၏။
တရုတ်ဘက်ကလည်း နစကအစိုးရနှင့် သဘောတူညီမှုရှိထားခြင်းကြောင့် ကိုးကန့်သူပုန်များ အား ဗုံးကျဲခြင်းကို ကန့်ကွက်ခြင်းမရှိပေ။ အထူးသဖြင့် UWSA ခေါင်းဆောင်ပိုင်းကိုပါ ခေါ်ယူတွေ့ဆုံ၍ သတိပေးချက်များ လုပ်ထားသည်။ ပေါက်ကြားလာ သောစာအရလည်း တရုတ်က နစကအစိုးရအား ပုန်ကန်နေသည့် လက်နက်ကိုင်များကို ဖိအားပေး ခြင်းများသာ လုပ်တော့မည်ဟု ကောက်ချက်ချစရာဖြစ် လာသည်။ သို့သော်လည်း တရုတ်တို့အား ရာနှုန်း ပြည့်ယုံကြည်ရန်ခက်၏။ ဤနေရာတွင် မြောက်ပိုင်း သုံးဖွဲ့နှင့်UWSA သက်ဆိုင်မှုရှိမရှိကို ဒွိဟဖြစ်နိုင် သည်။ (၁၀၂၇) စတင်စဉ်ကတည်းက ထောက် ပြဖူးသည်။ UWSA နှင့် ချင်းရွှေဟော်နယ်စပ် တံ တားနှစ်စင်းရှိရာတွင် တစ်စင်းကို ကိုးကန့်သူပုန်တို့က ချိုးဖျက်ပစ်ခဲ့သော်လည်း UWSA ဘက်မှလာမည့် ကူညီပစ္စည်းမျိုးစုံတင်ဆောင်လာသော ကားများ ဖြတ်သန်းသည့် တရုတ်-UWSA -ချင်းရွှေဟော် နယ်စပ်မှတံတားကိုမူ ချိုးဖျက်ခဲ့ခြင်းမရှိပေ။ အဆိုပါ တံတားမှတစ်ဆင့်UWSA တို့က စစ်ပွဲအသုံးအ ဆောင်မျိုးစုံကို ထောက်ပံ့ခဲ့သည်။ ထိုအချက်ကို တရုတ်တို့က သိသည်။ နစကအစိုးရလည်း သိသည်။ ပြည်သူများ မသိ။ ထို့အတွက်ကြောင့် FPNCC ဟု ခေါ်ဆိုသော မြောက်ပိုင်း(၇)ဖွဲ့၏ ခေါင်းဆောင်မှု တာဝန်ယူထားသူ UWSA ထံ တရုတ်တို့က သတိပေးချက်ထုတ်ခြင်းလည်း ဖြစ်သည်။
UWSA ကလည်း တရုတ်တို့၏ ဖိအားပေးခြင်းကို မနှစ်သက်ပေ။ သို့သော်လည်း မတတ်သာ သည့်အဆုံး၌ တရုတ်ဘက်မှ နယ်စပ်ဂိတ်များ ပိတ် ဆို့ခြင်းကို လက်ခံပေးလိုက်ရသည်။ မြောက်ပိုင်းသုံး ဖွဲ့၏နောက်တွင် UWSA ရှိသည်။ FPNCC ၏ နောက်တွင် တရုတ်တို့က တစ်နည်းတစ်ဖုံ ပတ်သက် နေသည်။ (၁၀၂၇) ကျူးကျော်မှုသည် တရုတ်တို့၏ မျက်စိမှိတ်ပြခြင်းမရှိလျှင် မည်သူမျှ လုပ်ရဲမည် မဟုတ်ပေ။ နယ်မြေလုလိုသော မြောက်ပိုင်းမဟာမိတ် အဖွဲ့များအတွက် အင်အားဖြစ်စေသည်က NUG ၏ PDF-BPLA အစရှိသော နစကအစိုးရအား တော် လှန်ပုန်ကန်ရေးအဖွဲ့များပင် ဖြစ်သည်။
(၁၀၂၇) ကျူးကျော်စစ် မစတင်မီ FPNCC က (၂၀၂၃) ခုနှစ် ဧပြီ၌ UWSAနယ်မြေ တွင် အစည်းအဝေးလုပ်ခဲ့ကြသည်။ ထိုအစည်းအ ဝေး၌ ပြောစကားတစ်ခုသည် စစ်ပွဲအတွက် လူအင် အားမည်သည့်နေရာမှ ရမည်နည်းဆိုသောအချက် ပင်။ ထို့အတွက် NUG ၏အင်အားများကို သုံးစွဲရန်နှင့် အလဲအလှယ်အဖြစ် လူနှင့်လက်နက်လှဲလှယ်ခြင်းကို အတည်ပြုကြသည်။ NUG ဘက်ကလည်း ထိုအချက်ကို လက်ခံသည်။ မောင်ဆောင်းခ၏ BPLA ကလည်း ပူးပေါင်းပါဝင်ခဲ့သည်။ စစ်ပွဲအတွက် ကုန် ကျစရိတ်ကို ကိုးကန့်သူပုန်များအတွက် ဖုန်တာရွှင့်၏ မိသားစု စုဆောင်းငွေနှင့် TNLA နှင့် AA တို့အတွက် UWSA ၏ ထုတ်ချေးငွေများက အတည်ပြုပြီး သားဖြစ်သည်။ စစ်ပွဲအသုံးစရိတ်များကိုမူ သိမ်းပိုက်ရရှိခဲ့သော နယ်မြေများထံမှ တစ်နည်းနည်း ဖြင့် ပြန်လည်ရယူမည်ဟု ခွဲတမ်းချထားသည်။ ဥပမာ အားဖြင့် သတ္တုတူးဖော်ခြင်း၊ သစ်ခုတ်၍ရောင်းချခြင်း၊ အခွန်ကောက်ခံခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်ခရယူခြင်း အစရှိသည်တို့ အပြင် မူးယစ်မှောင်ခိုလုပ်ငန်းများလည်း ရှိသည်။ အနီးစပ်ဆုံးအဖြစ် မိုးကုတ်မြို့၌ TNLA ၏ အကူအ ညီဖြင့် UWSA ကိုယ်စားလှယ်များက မိုးကုတ်ဂေါက် ကွင်းတွင် ကျောက်တူးနေပြီဖြစ်သည်။ စစ်ပွဲစရိတ်အတွက် အကြွေးကျပ်(၁၉၈)ဘီလျံကိုTNLAတို့က မိုးကုတ် ဂေါက်ကွင်း၌ သတ္တုတူးခွင့်ဖြင့် UWSA ထံ အကြွေးဆပ်သည်။ လူအင်အားအဖြစ် အညာဒေသမှ ဗမာလူငယ်သောင်းဂဏန်းကို စစ်ပညာသင်ပေးမည်၊ လက်နက်တပ်ဆင်ပေးမည်၊ စစ်ပွဲအတွေ့အကြုံများပေးမည်ဟု စည်းရုံး၍ (၁၀၂၇) ကျူးကျော်စစ်အတွင်း ပါဝင်စေခဲ့သည်။
မဟာဗျူဟာပိုင်း သဘောတူညီမှုအဖြစ် ရှမ်းမြောက်ဒေသကို ထိုးစစ်ဆင်ရရှိပြီးသည့်နောက် တွင် ယူနီဖောင်းလဲဝတ်၍ ဗမာ PDF များနောက်မှ မန္တလေးသို့ ဝင်တိုက်ပေးမည်၊ နေပြည်တော်သို့ ဝင် တိုက်ပေးမည်ဟု ကတိကဝတ်များ ထားရှိကြသည်။ ထို့အတွက် အညာသား ဗမာ PDF လူငယ်များ၏ အ လောင်းများက ရှမ်းမြောက်တွင် မြေခပေးခဲ့ရ၏။ တစ်နှစ်ပြည့်ချိန်တွင်မူ NUG -BPLA နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ သဘောတူညီချက်များက ရုပ်လုံးပေါ်လာသည်။
မြောက်ပိုင်းသုံးဖွဲ့၏ တိုက်ခိုက်ရေးနည်း ပညာနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများသည်လည်း တရုတ်တို့ဘက်မှလာသည်ဟု ကောက်ချက်ချနိုင်သောအချက်များစွာ ရှိသည်။ တိုင်းရင်းသားအမည် ခံထားသော မြောက်ပိုင်းလက်နက်ကိုင်များသည် စစ် အာဏာရှင်ချုပ်ငြိမ်းရေး ခေါင်းစဉ်ကို ခပ်တွင်တွင်သုံး ၍ NUG နှင့် အညာသားဗမာ PDFများကိုလှည့်စား ထားသော်လည်း ကတိကဝတ်များတည်ရန်ကိုမူ တရုတ်မျက်နှာကြည့်နေ၏။ ရှမ်းမြောက်တိုက်ပွဲများအတွင်း၌ တရုတ်တို့၏ နောက်ကွယ်မှပါဝင်ပတ်သက်မှု လက် သည်းခြေသည်းများ ပေါ်လွင်လာသည့်အချိန်၌ တရုတ်တို့ကလည်း ခြေရာဖျောက်ရန်ကြိုးစားလာပုံရ သည်။ တရုတ်စစ်ပြန်များကိုယ်တိုင် ယူနီဖောင်း ပြောင်းဝတ်၍ နည်းပညာစစ်ပွဲကို အားပြုပေးခဲ့ဖူးသော် လည်း စစ်ပွဲ၏နောက်ကွယ်တွင် CIA တို့ ခြေရှုပ် လာသည်ဟု UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိန့်ရှီကျွမ်းတို့ တွေ့ဆုံစဉ်တွင် စကားစထုတ်ခဲ့သည်။
ထိုအချက်ကြောင့်ပင် တရုတ်တို့၏ ပါဝင် ပတ်သက်မှုခြေရာများကို စတင်ဖျောက်ဖျက်ပစ်ခြင်း ဖြစ်နိုင်သည်ဟု ကောက်ချက်ဆွဲသည်။ အထူးသဖြင့် ဝမ်ယိ၏ခရီးစဉ်သည် တရုတ်တို့၏ခြေရာလက်ရာ များကို စတင်ဖျောက်ဖျက်ရန် အရေးကြီးသော အလှည့်အပြောင်းဖြစ်သွားသည်။ (၁၀၂၇) ကျူးကျော်မှု တစ်နှစ်မပြည့်မီ အောက်တိုဘာတတိယပတ်မှစ၍ တရုတ်ဘက်က နယ်စပ်ဂိတ်များကို ပိတ်ပေးသည်။ တရားဝင်ပိတ်သည်ဟု ယူဆနိုင်သော်လည်း တရား မဝင်လမ်းကြောင်းများ၏အလားအလာကို မသိနိုင် ပေ။ စားနပ်ရိက္ခာနှင့်စစ်လက်နက်မှောင်ခိုလမ်း ကြောင်းများကို ဖြတ်တောက်ခြင်းဟု ယူဆနိုင်ပြီး အဆိုပါပိတ်ဆို့မှုအားလုံးသည် တိန့်ရှီကျွမ်းနှင့် UWSA ခေါင်းဆောင်များ၊ KIA ခေါင်းဆောင်များ၊ TNLA နှင့် MNDAA ခေါင်းဆောင်များအား တွေ့ ဆုံပြီးသည့်နောက်ပိုင်းတွင် ဖြစ်သည်။
တရုတ်တို့၏ တောင်းဆိုမှုများတွင် ထိုးစစ် ဆင်နေမှုများကို ရပ်တန့်ရန်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနယ်မြေများသို့သာ ပြန်သွားရန် ပါဝင်နေပြီး အ နောက်အုပ်စုနှင့်ထိတွေ့ဆက်ဆံမှုများ မလုပ်ရန် တင်းတင်းကြပ်ကြပ်သတိပေးထားသည်။ မြောက် ပိုင်းသုံးဖွဲ့ထဲမှ နှစ်ဖွဲ့ကိုသာ သတိပေးခဲ့သော်လည်း AA ကိုမူ နှုတ်ဆိတ်၍မသိကျိုးကျွန်ပြုထားသည်။ တရုတ်ဘက်မှ ယခုတစ်ကြိမ် ကြားဝင်ညှိနှိုင်းပေး ခြင်းများသည် ဟိုင်ဂင်ထက်ပို၍ တင်းမာသော သဘောထားများ ပြသခဲ့ပြီး နစကအစိုးရဘက်ကိုသာ ပုံ အောတော့မည်ဟု သတင်းစကားပေးနေခြင်းလည်း ဖြစ်လာ၏။ နစကအစိုးရအနေဖြင့်လည်း ဂုဏ်သိက္ခာ အရ လားရှိုးတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ရရှိရေး အ တွက် ထိုးစစ်ဆင်ခြင်းများ မဖြစ်မနေလုပ်မည်မှာ သေချာသည်။ သို့သော်လည်း ကမူးရှူးထိုး စစ်ဆင်ရေး ထက် ဝေဟင်စိုးမိုးမှုနှင့်အတူ ယာလည်းညက် ကြက်လည်းမောစေသော ချွေးထွက်(သွေးထွက်)နည်းမည့် ဗျူဟာကို သုံးလာပုံရ၏။
မိုင်းရယ်ဘက်တွင် ထိုးစစ်ဆင်မည့်တပ်မများ ပို့ဆောင်ထားသကဲ့သို့ နောင်ချိုဘက်သို့လည်း စစ်ကြောင်းများ စတင်နေပြီဖြစ်သည်။ အလားတူ မည်သည့်နေရာမှ ပေါ်လာမည်မသိနိုင်သော တပ်မ တော်ထိုးစစ်များလည်း ရှိလာနိုင်ပြီး ယခုတစ်ကြိမ် သည် ကိုးကန့်သူပုန်နှင့် ပလောင်သူပုန်များအတွက် မျိုးဆက်မပြတ်ရေးအထိပင် စဉ်းစားစရာဖြစ်လာနိုင် သည်။ သို့သော်လည်း တပ်မတော်အနေဖြင့် တစ်နှစ် ပြည့်သည်အထိ မည်သည့်မြို့တစ်မြို့ကိုမှ ပြန်လည် ရယူနိုင်ခြင်းမရှိမှုက မေးခွန်းထုတ်စရာဖြစ်နေပြီး တပ် မတော်အပေါ် အားမလိုအားမရဖြစ်မှုများနှင့် ရင်ဆိုင်နေရသည်။
နစကအစိုးရခေါင်းဆောင်များ၏ စိတ်ကူးထဲတွင်လည်း ရှမ်းမြောက်ထိုးစစ်အတွက် ပြင်ဆင်ပြီး ဖြစ်နေမည်ဟု တွက်ဆနိုင်သော်လည်း စောင့်ကြည့် ရဦးမည်ဖြစ်သည်။ တစ်နှစ်ပြည့်လာသည့်တိုင် မည် သည့်မြို့မှ ပြန်လည်သိမ်းပိုက်ခြင်းမပြုသေးဘဲ အချိန်ယူနေခြင်းက ဆင်တစ်ကောင် သားဖွားရန်ပြင်ဆင် နေခြင်းမျိုးလောဟု တွက်ဆလိုသည်။ ဗိုလ်ချုပ် မှူးကြီး၏ တရုတ်ပြည်ခရီးစဉ်အပြီး လာမည့်ပွင့် လင်းရာသီ နှောင်းပိုင်း၌ တစ်စုံတစ်ရာများ မြင်လာရ နိုင်ခြေရှိသည်ဟု ကြိုတင်ခန့်မှန်းလိုမိသည်။
zawgyi version
"(၁၀၂၇)က်ဴးေက်ာ္စစ္ တစ္ႏွစ္ျပည့္ခဲ့ေသာ္လည္း တစ္ၿမိဳ႕မွျပန္မယူႏိုင္ျခင္းသည္ အဘယ္ ေၾကာင့္နည္း..??"
မ်ိဳးမင္း(မက်ည္းလဟာ) (NP News) - ေအာက္တိုဘာ ၂၈
(၁၀၂၇)က်ဴးေက်ာ္မႈ တစ္ႏွစ္ျပည့္ခဲ့ၿပီျဖစ္သည္။
(၂၀၂၃) ခုႏွစ္ ေအာက္တိုဘာ(၂၇)ရက္တြင္ ေျမာက္ပိုင္းမဟာမိတ္သုံးဖြဲ႕ျဖစ္ေသာ MNDAA၊ TNLA ႏွင့္ AA တို႔က က်ားျဖန႔္ေခါင္းစဥ္၊ စစ္အာဏာရွင္ခ်ဳပ္ၿငိမ္းေရးေခါင္းစဥ္၊ တ႐ုတ္အက်ိဳးစီးပြား မ်ားကို ကာကြယ္ေရးေခါင္းစဥ္ စသည္တို႔ျဖင့္ ရွမ္းေျမာက္ကို စတင္တိုက္ခိုက္သည္။
ပထမဆုံးတိုက္ခိုက္မႈသည္ တ႐ုတ္-ျမန္ မာႏွင့္ UWSA နယ္စပ္ ခ်င္းေ႐ႊေဟာ္ၿမိဳ႕ကိုပင္ ျဖစ္ ၏။ ထိုမွတစ္ဆင့္ (၁၀၂၇) ပထမလႈိင္းေခါင္းစဥ္ႏွင့္ အတူ ၿမိဳ႕ေပါင္း(၁၆)ၿမိဳ႕ထက္မနည္း ကိုးကန႔္သူပုန္ မ်ားႏွင့္ ပေလာင္သူပုန္မ်ား၏လက္တြင္းသို႔ က်ေရာက္ခဲ့သည္။ တ႐ုတ္ႏိုင္ငံက ၾကားဝင္၍ ဟိုင္ဂင္သေဘာတူညီခ်က္လုပ္ေပးခဲ့ေသာ္လည္း (၂၀၂၄) ခုႏွစ္ ေမလအထိသာ ႏွစ္ဖက္ေဆြးေႏြးမႈမ်ားရွိခဲ့ၿပီး နစကအစိုးရဘက္က ဆက္လက္ေဆြးေႏြးျခင္းမရွိေတာ့ေပ။ ဟိုင္ဂင္အစည္းအေဝး ငါးႀကိမ္အတြင္း ေျမာက္ပိုင္းသုံးဖြဲ႕၏ ေတာင္းဆိုခ်က္မ်ားအတြင္း၌ တိုက္ယူ၍ရထားေသာနယ္ေျမမ်ားကို ျပန္လိုခ်င္ပါက ျပန္တိုက္ယူရန္ဟု အဓိပၸာယ္ရေသာရင့္သီးလြန္း သည့္စကားမ်ားလည္း ပါဝင္လာသည့္အတြက္ တပ္မ ေတာ္ေခါင္းေဆာင္မ်ားက ဘဝင္မေတြ႕ၾကေပ။ ထို႔ေနာက္ ေမလမွစ၍ ဆက္လက္ေဆြးေႏြးျခင္း မရွိ ေတာ့ဘဲ ဟိုင္ဂင္ပ်က္ျပယ္သြားသည္။
ေျမာက္ပိုင္းသုံးဖြဲ႕ဘက္ကလည္း ရွမ္း ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ၿမိဳ႕ လားရႈိးကိုပါ တိုက္ခိုက္ သိမ္းပိုက္ႏိုင္သည္အထိ ေျခလွမ္းမ်ားက်ဲခဲ့သည့္။ တစ္နည္းအားျဖင့္ ရွမ္းေျမာက္ရွိ ေနာင္ခ်ိဳ-ေက်ာက္ မဲ-သီေပါ-လားရႈိး-သိႏၷီ ထိုမွတစ္ဆင့္ ကြတ္ခိုင္- မူဆယ္(၁၀၅)မိုင္သို႔လည္းေကာင္း၊ သိႏၷီမွတစ္ဆင့္ ကြမ္းလုံ-ခ်င္းေ႐ႊေဟာ္-ေလာက္ကိုင္အထိလည္း ေကာင္း က်ယ္ျပန႔္လွသည့္ နယ္ေျမမ်ားစြာကို TNLA ႏွင့္ MNDAA တို႔က သိမ္းပိုက္ရရွိသြားသည္။
ရွမ္းေျမာက္တြင္ စစ္ေရးတင္းမာမႈ ျမင့္ တက္ေနစဥ္အတြင္း AA ကလည္း ရခိုင္ျပည္နယ္၌ (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာ(၁၃)ရက္တြင္ တိုက္ပြဲေဖာ္ ေဆာင္ခဲ့သည္။ အဆိုပါေနရာမ်ားအားလုံးသည္ တ႐ုတ္-ျမန္မာ အထူးစီမံကိန္းမ်ား ျဖတ္သန္းရန္လ်ာ ထားသည့္နယ္ေျမမ်ား ျဖစ္ေနၿပီး ၎ႏွင့္ဆက္စပ္ ေသာနယ္ေျမမ်ားအျဖစ္ နမၼတူ-နမ့္ဆန္၊ နမ့္ခမ္း၊ မိုးကုတ္-မိုးမိတ္- မဘိမ္းအပါအဝင္ ၿမိဳ႕နယ္အငယ္ မ်ားကိုပါ TNLA က သိမ္းပိုက္ထားသည္။ (၁၀၂၇) တစ္ႏွစ္ျပည့္လာေသာ္လည္း ရွမ္းေျမာက္ႏွင့္ ရခိုင္ ျပည္နယ္ထဲမွ မည္သည့္ၿမိဳ႕မ်ားကိုမဆို တပ္မေတာ္ ဘက္က ျပန္လည္သိမ္းပိုက္ႏိုင္ျခင္းမရွိေသးသည္ကို ေတြ႕ရသည္။
တစ္နည္းအားျဖင့္ ရွမ္းေျမာက္ထိုးစစ္ဆင္ မႈကို တိတိပပ ျပန္လည္စတင္ျခင္းမရွိေသးဘဲ အေျခ အေနတစ္ခုခုကို ေစာင့္ဆိုင္းေနပုံရသည္။ ႏိုင္ငံတစ္ဝန္း၌ လူထုစိုးရိမ္မႈျမင့္တက္ခဲ့ေသာ ကိစၥမွာ လားရႈိး ၿမိဳ႕ကို ကိုးကန႔္သူပုန္မ်ားက သိမ္းပိုက္ခဲ့ေသာ အေျခ အေနတြင္ျဖစ္ၿပီး ျပင္ဦးလြင္မွသည္ မႏၲေလးအထိ ထိုးစစ္ဆင္လာႏိုင္ေၾကာင္း သတင္းမ်ားေၾကာင့္ နစကအစိုးရဘက္က အထူးသတိထား ထိန္းေက်ာင္း ခဲ့ရသည္။ ကိုးကန႔္သူပုန္မ်ားႏွင့္ ပေလာင္သူပုန္မ်ား၏ ထိုးစစ္မွာ ျပင္ဦးလြင္ႏွင့္ မႏၲေလးအထိ ၿခိမ္းေျခာက္ မႈမ်ားရွိေနခ်ိန္၌ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ျမန္မာျပည္သို႔ ဩဂုတ္လလယ္၌ လာေရာက္ခဲ့၏။ထူးျခားစြာျဖင့္ ဝမ္ယိ၏ခရီးစဥ္ၿပီးသြားကတည္းက ရွမ္းေျမာက္၌ ႀကီးမားေသာထိုးစစ္မ်ား မျမင္ရေတာ့ဘဲ သာမန္တိုက္ပြဲငယ္မ်ားသာ ျဖစ္ေပၚခဲ့သည္။ တိုက္ဆိုင္လွ၏။ ဝမ္ယိ၏ခရီးစဥ္ႏွင့္အတူ တပ္မေတာ္ဘက္က ေလေၾကာင္းထိုးစစ္ဆင္ျခင္းမ်ားလည္း ဆက္ တိုက္ရွိလာသည္။ ေလာက္ကိုင္ကို ဗုံးက်ဲသည္။ လားရႈိး၊ ကြတ္ခိုင္ႏွင့္ေက်ာက္မဲ၊ သီေပါမခ်န္ ေလ ေၾကာင္းမွဗုံးက်ဲသည္။ သို႔ေသာ္လည္း ေျမျပင္ထိုးစစ္ ကိုမူ စတင္ႏိုင္ျခင္းမရွိေသးေပ။ ရွမ္းေျမာက္တစ္ခြင္၌ တပ္မေတာ္၏ေလေၾကာင္း ထိုးစစ္ဆင္မႈသည္ (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာ(၂၆)ရက္အထိ ႏွစ္လ ေက်ာ္အတြင္း အႀကိမ္ေရ(၁၀ဝ)နီးပါး ရွိလာသည္။ အတည္ျပဳရန္ခက္ခဲလွေသာ သတင္းမ်ားအရ လားရႈိးၿမိဳ႕ကို ကိုးကန႔္သူပုန္မ်ားက ျပန္လည္ေပးအပ္လိုေနၿပီး ယင္းအတြက္အေလ်ာ္အစားအျဖစ္ ကိုးကန႔္ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသကို ၎တို႔အား တရားဝင္ အုပ္ခ်ဳပ္ခြင့္ေပးေစလိုေနသည္။ နစကအစိုးရဘက္ကမူ ယင္းအခ်က္ကို လက္သင့္မခံဘဲ ဂုဏ္သိကၡာအရ ထိုးစစ္ဆင္တိုက္ခိုက္ျခင္းျဖင့္သာ ျပန္လည္အႏိုင္ယူ လိုေနသည္ဟု ယူဆမိ၏။
တ႐ုတ္ဘက္ကလည္း နစကအစိုးရႏွင့္ သေဘာတူညီမႈရွိထားျခင္းေၾကာင့္ ကိုးကန႔္သူပုန္မ်ား အား ဗုံးက်ဲျခင္းကို ကန႔္ကြက္ျခင္းမရွိေပ။ အထူးသျဖင့္ UWSA ေခါင္းေဆာင္ပိုင္းကိုပါ ေခၚယူေတြ႕ဆုံ၍ သတိေပးခ်က္မ်ား လုပ္ထားသည္။ ေပါက္ၾကားလာ ေသာစာအရလည္း တ႐ုတ္က နစကအစိုးရအား ပုန္ကန္ေနသည့္ လက္နက္ကိုင္မ်ားကို ဖိအားေပး ျခင္းမ်ားသာ လုပ္ေတာ့မည္ဟု ေကာက္ခ်က္ခ်စရာျဖစ္ လာသည္။ သို႔ေသာ္လည္း တ႐ုတ္တို႔အား ရာႏႈန္း ျပည့္ယုံၾကည္ရန္ခက္၏။ ဤေနရာတြင္ ေျမာက္ပိုင္း သုံးဖြဲ႕ႏွင့္UWSA သက္ဆိုင္မႈရွိမရွိကို ဒြိဟျဖစ္ႏိုင္ သည္။ (၁၀၂၇) စတင္စဥ္ကတည္းက ေထာက္ ျပဖူးသည္။ UWSA ႏွင့္ ခ်င္းေ႐ႊေဟာ္နယ္စပ္ တံ တားႏွစ္စင္းရွိရာတြင္ တစ္စင္းကို ကိုးကန႔္သူပုန္တို႔က ခ်ိဳးဖ်က္ပစ္ခဲ့ေသာ္လည္း UWSA ဘက္မွလာမည့္ ကူညီပစၥည္းမ်ိဳးစုံတင္ေဆာင္လာေသာ ကားမ်ား ျဖတ္သန္းသည့္ တ႐ုတ္-UWSA -ခ်င္းေ႐ႊေဟာ္ နယ္စပ္မွတံတားကိုမူ ခ်ိဳးဖ်က္ခဲ့ျခင္းမရွိေပ။ အဆိုပါ တံတားမွတစ္ဆင့္UWSA တို႔က စစ္ပြဲအသုံးအ ေဆာင္မ်ိဳးစုံကို ေထာက္ပံ့ခဲ့သည္။ ထိုအခ်က္ကို တ႐ုတ္တို႔က သိသည္။ နစကအစိုးရလည္း သိသည္။ ျပည္သူမ်ား မသိ။ ထို႔အတြက္ေၾကာင့္ FPNCC ဟု ေခၚဆိုေသာ ေျမာက္ပိုင္း(၇)ဖြဲ႕၏ ေခါင္းေဆာင္မႈ တာဝန္ယူထားသူ UWSA ထံ တ႐ုတ္တို႔က သတိေပးခ်က္ထုတ္ျခင္းလည္း ျဖစ္သည္။
UWSA ကလည္း တ႐ုတ္တို႔၏ ဖိအားေပးျခင္းကို မႏွစ္သက္ေပ။ သို႔ေသာ္လည္း မတတ္သာ သည့္အဆုံး၌ တ႐ုတ္ဘက္မွ နယ္စပ္ဂိတ္မ်ား ပိတ္ ဆို႔ျခင္းကို လက္ခံေပးလိုက္ရသည္။ ေျမာက္ပိုင္းသုံး ဖြဲ႕၏ေနာက္တြင္ UWSA ရွိသည္။ FPNCC ၏ ေနာက္တြင္ တ႐ုတ္တို႔က တစ္နည္းတစ္ဖုံ ပတ္သက္ ေနသည္။ (၁၀၂၇) က်ဴးေက်ာ္မႈသည္ တ႐ုတ္တို႔၏ မ်က္စိမွိတ္ျပျခင္းမရွိလွ်င္ မည္သူမွ် လုပ္ရဲမည္ မဟုတ္ေပ။ နယ္ေျမလုလိုေသာ ေျမာက္ပိုင္းမဟာမိတ္ အဖြဲ႕မ်ားအတြက္ အင္အားျဖစ္ေစသည္က NUG ၏ PDF-BPLA အစရွိေသာ နစကအစိုးရအား ေတာ္ လွန္ပုန္ကန္ေရးအဖြဲ႕မ်ားပင္ ျဖစ္သည္။
(၁၀၂၇) က်ဴးေက်ာ္စစ္ မစတင္မီ FPNCC က (၂၀၂၃) ခုႏွစ္ ဧၿပီ၌ UWSAနယ္ေျမ တြင္ အစည္းအေဝးလုပ္ခဲ့ၾကသည္။ ထိုအစည္းအ ေဝး၌ ေျပာစကားတစ္ခုသည္ စစ္ပြဲအတြက္ လူအင္ အားမည္သည့္ေနရာမွ ရမည္နည္းဆိုေသာအခ်က္ ပင္။ ထို႔အတြက္ NUG ၏အင္အားမ်ားကို သုံးစြဲရန္ႏွင့္ အလဲအလွယ္အျဖစ္ လူႏွင့္လက္နက္လွဲလွယ္ျခင္းကို အတည္ျပဳၾကသည္။ NUG ဘက္ကလည္း ထိုအခ်က္ကို လက္ခံသည္။ ေမာင္ေဆာင္းခ၏ BPLA ကလည္း ပူးေပါင္းပါဝင္ခဲ့သည္။ စစ္ပြဲအတြက္ ကုန္ က်စရိတ္ကို ကိုးကန႔္သူပုန္မ်ားအတြက္ ဖုန္တာ႐ႊင့္၏ မိသားစု စုေဆာင္းေငြႏွင့္ TNLA ႏွင့္ AA တို႔အတြက္ UWSA ၏ ထုတ္ေခ်းေငြမ်ားက အတည္ျပဳၿပီး သားျဖစ္သည္။ စစ္ပြဲအသုံးစရိတ္မ်ားကိုမူ သိမ္းပိုက္ရရွိခဲ့ေသာ နယ္ေျမမ်ားထံမွ တစ္နည္းနည္း ျဖင့္ ျပန္လည္ရယူမည္ဟု ခြဲတမ္းခ်ထားသည္။ ဥပမာ အားျဖင့္ သတၱဳတူးေဖာ္ျခင္း၊ သစ္ခုတ္၍ေရာင္းခ်ျခင္း၊ အခြန္ေကာက္ခံျခင္း၊ ကုန္သြယ္ေရးလမ္းေၾကာင္းကို ထိန္းသိမ္းေစာင့္ေရွာက္ခရယူျခင္း အစရွိသည္တို႔ အျပင္ မူးယစ္ေမွာင္ခိုလုပ္ငန္းမ်ားလည္း ရွိသည္။ အနီးစပ္ဆုံးအျဖစ္ မိုးကုတ္ၿမိဳ႕၌ TNLA ၏ အကူအ ညီျဖင့္ UWSA ကိုယ္စားလွယ္မ်ားက မိုးကုတ္ေဂါက္ ကြင္းတြင္ ေက်ာက္တူးေနၿပီျဖစ္သည္။ စစ္ပြဲစရိတ္အတြက္ အေႂကြးက်ပ္(၁၉၈)ဘီလ်ံကိုTNLAတို႔က မိုးကုတ္ ေဂါက္ကြင္း၌ သတၱဳတူးခြင့္ျဖင့္ UWSA ထံ အေႂကြးဆပ္သည္။ လူအင္အားအျဖစ္ အညာေဒသမွ ဗမာလူငယ္ေသာင္းဂဏန္းကို စစ္ပညာသင္ေပးမည္၊ လက္နက္တပ္ဆင္ေပးမည္၊ စစ္ပြဲအေတြ႕အႀကဳံမ်ားေပးမည္ဟု စည္း႐ုံး၍ (၁၀၂၇) က်ဴးေက်ာ္စစ္အတြင္း ပါဝင္ေစခဲ့သည္။
မဟာဗ်ဴဟာပိုင္း သေဘာတူညီမႈအျဖစ္ ရွမ္းေျမာက္ေဒသကို ထိုးစစ္ဆင္ရရွိၿပီးသည့္ေနာက္ တြင္ ယူနီေဖာင္းလဲဝတ္၍ ဗမာ PDF မ်ားေနာက္မွ မႏၲေလးသို႔ ဝင္တိုက္ေပးမည္၊ ေနျပည္ေတာ္သို႔ ဝင္ တိုက္ေပးမည္ဟု ကတိကဝတ္မ်ား ထားရွိၾကသည္။ ထို႔အတြက္ အညာသား ဗမာ PDF လူငယ္မ်ား၏ အ ေလာင္းမ်ားက ရွမ္းေျမာက္တြင္ ေျမခေပးခဲ့ရ၏။ တစ္ႏွစ္ျပည့္ခ်ိန္တြင္မူ NUG -BPLA ႏွင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕မ်ား၏ သေဘာတူညီခ်က္မ်ားက ႐ုပ္လုံးေပၚလာသည္။
ေျမာက္ပိုင္းသုံးဖြဲ႕၏ တိုက္ခိုက္ေရးနည္း ပညာႏွင့္ စစ္ဘက္ဆိုင္ရာ နည္းပညာမ်ားသည္လည္း တ႐ုတ္တို႔ဘက္မွလာသည္ဟု ေကာက္ခ်က္ခ်ႏိုင္ေသာအခ်က္မ်ားစြာ ရွိသည္။ တိုင္းရင္းသားအမည္ ခံထားေသာ ေျမာက္ပိုင္းလက္နက္ကိုင္မ်ားသည္ စစ္ အာဏာရွင္ခ်ဳပ္ၿငိမ္းေရး ေခါင္းစဥ္ကို ခပ္တြင္တြင္သုံး ၍ NUG ႏွင့္ အညာသားဗမာ PDFမ်ားကိုလွည့္စား ထားေသာ္လည္း ကတိကဝတ္မ်ားတည္ရန္ကိုမူ တ႐ုတ္မ်က္ႏွာၾကည့္ေန၏။ ရွမ္းေျမာက္တိုက္ပြဲမ်ားအတြင္း၌ တ႐ုတ္တို႔၏ ေနာက္ကြယ္မွပါဝင္ပတ္သက္မႈ လက္ သည္းေျခသည္းမ်ား ေပၚလြင္လာသည့္အခ်ိန္၌ တ႐ုတ္တို႔ကလည္း ေျခရာေဖ်ာက္ရန္ႀကိဳးစားလာပုံရ သည္။ တ႐ုတ္စစ္ျပန္မ်ားကိုယ္တိုင္ ယူနီေဖာင္း ေျပာင္းဝတ္၍ နည္းပညာစစ္ပြဲကို အားျပဳေပးခဲ့ဖူးေသာ္ လည္း စစ္ပြဲ၏ေနာက္ကြယ္တြင္ CIA တို႔ ေျခရႈပ္ လာသည္ဟု UWSA ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ တိန႔္ရွီကြၽမ္းတို႔ ေတြ႕ဆုံစဥ္တြင္ စကားစထုတ္ခဲ့သည္။
ထိုအခ်က္ေၾကာင့္ပင္ တ႐ုတ္တို႔၏ ပါဝင္ ပတ္သက္မႈေျခရာမ်ားကို စတင္ေဖ်ာက္ဖ်က္ပစ္ျခင္း ျဖစ္ႏိုင္သည္ဟု ေကာက္ခ်က္ဆြဲသည္။ အထူးသျဖင့္ ဝမ္ယိ၏ခရီးစဥ္သည္ တ႐ုတ္တို႔၏ေျခရာလက္ရာ မ်ားကို စတင္ေဖ်ာက္ဖ်က္ရန္ အေရးႀကီးေသာ အလွည့္အေျပာင္းျဖစ္သြားသည္။ (၁၀၂၇) က်ဴးေက်ာ္မႈ တစ္ႏွစ္မျပည့္မီ ေအာက္တိုဘာတတိယပတ္မွစ၍ တ႐ုတ္ဘက္က နယ္စပ္ဂိတ္မ်ားကို ပိတ္ေပးသည္။ တရားဝင္ပိတ္သည္ဟု ယူဆႏိုင္ေသာ္လည္း တရား မဝင္လမ္းေၾကာင္းမ်ား၏အလားအလာကို မသိႏိုင္ ေပ။ စားနပ္ရိကၡာႏွင့္စစ္လက္နက္ေမွာင္ခိုလမ္း ေၾကာင္းမ်ားကို ျဖတ္ေတာက္ျခင္းဟု ယူဆႏိုင္ၿပီး အဆိုပါပိတ္ဆို႔မႈအားလုံးသည္ တိန႔္ရွီကြၽမ္းႏွင့္ UWSA ေခါင္းေဆာင္မ်ား၊ KIA ေခါင္းေဆာင္မ်ား၊ TNLA ႏွင့္ MNDAA ေခါင္းေဆာင္မ်ားအား ေတြ႕ ဆုံၿပီးသည့္ေနာက္ပိုင္းတြင္ ျဖစ္သည္။
တ႐ုတ္တို႔၏ ေတာင္းဆိုမႈမ်ားတြင္ ထိုးစစ္ ဆင္ေနမႈမ်ားကို ရပ္တန႔္ရန္ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရနယ္ေျမမ်ားသို႔သာ ျပန္သြားရန္ ပါဝင္ေနၿပီး အ ေနာက္အုပ္စုႏွင့္ထိေတြ႕ဆက္ဆံမႈမ်ား မလုပ္ရန္ တင္းတင္းၾကပ္ၾကပ္သတိေပးထားသည္။ ေျမာက္ ပိုင္းသုံးဖြဲ႕ထဲမွ ႏွစ္ဖြဲ႕ကိုသာ သတိေပးခဲ့ေသာ္လည္း AA ကိုမူ ႏႈတ္ဆိတ္၍မသိက်ိဳးကြၽန္ျပဳထားသည္။ တ႐ုတ္ဘက္မွ ယခုတစ္ႀကိမ္ ၾကားဝင္ညႇိႏႈိင္းေပး ျခင္းမ်ားသည္ ဟိုင္ဂင္ထက္ပို၍ တင္းမာေသာ သေဘာထားမ်ား ျပသခဲ့ၿပီး နစကအစိုးရဘက္ကိုသာ ပုံ ေအာေတာ့မည္ဟု သတင္းစကားေပးေနျခင္းလည္း ျဖစ္လာ၏။ နစကအစိုးရအေနျဖင့္လည္း ဂုဏ္သိကၡာ အရ လားရႈိးတိုင္းစစ္ဌာနခ်ဳပ္ကို ျပန္လည္ရရွိေရး အ တြက္ ထိုးစစ္ဆင္ျခင္းမ်ား မျဖစ္မေနလုပ္မည္မွာ ေသခ်ာသည္။ သို႔ေသာ္လည္း ကမူးရႉးထိုး စစ္ဆင္ေရး ထက္ ေဝဟင္စိုးမိုးမႈႏွင့္အတူ ယာလည္းညက္ ၾကက္လည္းေမာေစေသာ ေခြၽးထြက္(ေသြးထြက္)နည္းမည့္ ဗ်ဴဟာကို သုံးလာပုံရ၏။
မိုင္းရယ္ဘက္တြင္ ထိုးစစ္ဆင္မည့္တပ္မမ်ား ပို႔ေဆာင္ထားသကဲ့သို႔ ေနာင္ခ်ိဳဘက္သို႔လည္း စစ္ေၾကာင္းမ်ား စတင္ေနၿပီျဖစ္သည္။ အလားတူ မည္သည့္ေနရာမွ ေပၚလာမည္မသိႏိုင္ေသာ တပ္မ ေတာ္ထိုးစစ္မ်ားလည္း ရွိလာႏိုင္ၿပီး ယခုတစ္ႀကိမ္ သည္ ကိုးကန႔္သူပုန္ႏွင့္ ပေလာင္သူပုန္မ်ားအတြက္ မ်ိဳးဆက္မျပတ္ေရးအထိပင္ စဥ္းစားစရာျဖစ္လာႏိုင္ သည္။ သို႔ေသာ္လည္း တပ္မေတာ္အေနျဖင့္ တစ္ႏွစ္ ျပည့္သည္အထိ မည္သည့္ၿမိဳ႕တစ္ၿမိဳ႕ကိုမွ ျပန္လည္ ရယူႏိုင္ျခင္းမရွိမႈက ေမးခြန္းထုတ္စရာျဖစ္ေနၿပီး တပ္ မေတာ္အေပၚ အားမလိုအားမရျဖစ္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသည္။
နစကအစိုးရေခါင္းေဆာင္မ်ား၏ စိတ္ကူးထဲတြင္လည္း ရွမ္းေျမာက္ထိုးစစ္အတြက္ ျပင္ဆင္ၿပီး ျဖစ္ေနမည္ဟု တြက္ဆႏိုင္ေသာ္လည္း ေစာင့္ၾကည့္ ရဦးမည္ျဖစ္သည္။ တစ္ႏွစ္ျပည့္လာသည့္တိုင္ မည္ သည့္ၿမိဳ႕မွ ျပန္လည္သိမ္းပိုက္ျခင္းမျပဳေသးဘဲ အခ်ိန္ယူေနျခင္းက ဆင္တစ္ေကာင္ သားဖြားရန္ျပင္ဆင္ ေနျခင္းမ်ိဳးေလာဟု တြက္ဆလိုသည္။ ဗိုလ္ခ်ဳပ္ မႉးႀကီး၏ တ႐ုတ္ျပည္ခရီးစဥ္အၿပီး လာမည့္ပြင့္ လင္းရာသီ ေႏွာင္းပိုင္း၌ တစ္စုံတစ္ရာမ်ား ျမင္လာရ ႏိုင္ေျခရွိသည္ဟု ႀကိဳတင္ခန႔္မွန္းလိုမိသည္။