တန်ဇန်းနီးယားမှာ တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေကိုဖမ်းဆီးဖို့ လေ့ကျင့်ထားတဲ့ ကြွက်တွေ အသုံးပြုမည်
433
ရောင်နီ (NP News) - နိုဝင်ဘာ ၁
တန်ဇန်းနီးယားနိုင်ငံ အခြေစိုက်အကျိုးအမြတ်မယူတဲ့အဖွဲ့ APOPO ဟာ "HeroRATs” လို့ခေါ်တဲ့ ကြောင် အရွယ်အစားနီးပါးရှိတဲ့ လေ့ကျင့်ပြီးသားကြွက်တွေရဲ့မြေမြှုပ်မိုင်း ရှာနိုင်စွမ်း၊ တီဘီရောဂါနဲ့ သဘာဝ ဘေးဒဏ်သင့်ဒေသတွေမှာ အသက်ရှင်ကျန်နေသူတွေကို အနံ့ခံနိုင်စွမ်းနဲ့ပတ်သတ်ပြီး ထုတ်ဖော် ပြသဖူးပါတယ်။
ဒီတစ်ခေါက်လည်း အဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုတွေမှာ ကြွက်အသုံးပြု ဖြေရှင်းနိုင်စွမ်းကို ပြသလာခဲ့ပါတယ်။ ခန့်မှန်းချေ တစ်နှစ်ကို ဒေါ်လာ ၂၃ ဘီလီယံအထိ တန်ကြေးရှိတဲ့ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုဟာ ကမ္ဘာတစ်ဝှမ်း စတုတ္ထ မြောက် အကြီးဆုံး တရားမဝင် ကုန်သွယ်မှု လုပ်ငန်းဖြစ်ပါတယ်။ APOPO မှ ဦးဆောင်ပြီး Frontiers in Conservation Science မှာ ထုတ်ဝေတဲ့သုတေသနအသစ်အရ ကြွက်တွေဟာ ဆင်စွယ်၊ ကြံ့ချို၊ သင်းခွေချပ်အကြေးခွံတွေကို ရှူရှိုက်အနံ့ခံနိုင်တယ်လို့ ဆိုပါတယ်။
ပရောဂျက်ကို ဦးဆောင်တဲ့ သိပ္ပံပညာရှင် ဒေါက်တာအစ်ဇီအက်ဇက်က တောရိုင်းတိရစ္ဆာန်ရောင်းဝယ် ဖောက်ကားမှုကို စစ်ဆေးရာမှာ ခွေးတွေအစား ကြွက်တွေကို ဖြည့်စွက်သုံးဖို့ ၎င်းက အကြံပြုထားပါ တယ်။ ကြွက်တွေဟာ သေးငယ်ပြီး သွက်လက်တဲ့ တိရစ္ဆာန်တွေဖြစ်တာကြောင့် ကွန်တိန်နာတွေကို အလျင်မြန်ဆုံး အတွင်းထဲထိ စစ်ဆေးနိုင်ပြီး သူတို့ကိုလေ့ကျင့်ပေးဖို့ အချိန်လည်း အနည်းငယ်သာပေးရ တယ်လို့ ဆိုပါတယ်။
Zawgyi Version;
တန္ဇန္းနီးယားမွာ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္ေဖာက္ကားမႈေတြကိုဖမ္းဆီးဖို႔ ေလ့က်င့္ထားတဲ့ ႂကြက္ ေတြ အသုံးျပဳမည္
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁
တန္ဇန္းနီးယားႏိုင္ငံ အေျခစိုက္အက်ိဳးအျမတ္မယူတဲ့အဖြဲ႕ APOPO ဟာ "HeroRATs” လို႔ေခၚတဲ့ ေၾကာင္ အ႐ြယ္အစားနီးပါးရွိတဲ့ ေလ့က်င့္ၿပီးသားႂကြက္ေတြရဲ႕ေျမျမႇဳပ္မိုင္း ရွာႏိုင္စြမ္း၊ တီဘီေရာဂါနဲ႔ သဘာဝ ေဘးဒဏ္သင့္ေဒသေတြမွာ အသက္ရွင္က်န္ေနသူေတြကို အနံ႔ခံႏိုင္စြမ္းနဲ႔ပတ္သတ္ၿပီး ထုတ္ေဖာ္ ျပသဖူးပါတယ္။
ဒီတစ္ေခါက္လည္း အဖြဲ႕အစည္းက ကမာၻလုံးဆိုင္ရာ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္မႈေတြမွာ ႂကြက္အသုံးျပဳ ေျဖရွင္းႏိုင္စြမ္းကို ျပသလာခဲ့ပါတယ္။ ခန႔္မွန္းေခ် တစ္ႏွစ္ကို ေဒၚလာ ၂၃ ဘီလီယံအထိ တန္ေၾကးရွိတဲ့ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္ေဖာက္ကားမႈဟာ ကမာၻတစ္ဝွမ္း စတုတၳ ေျမာက္ အႀကီးဆုံး တရားမဝင္ ကုန္သြယ္မႈ လုပ္ငန္းျဖစ္ပါတယ္။ APOPO မွ ဦးေဆာင္ၿပီး Frontiers in Conservation Science မွာ ထုတ္ေဝတဲ့သုေတသနအသစ္အရ ႂကြက္ေတြဟာ ဆင္စြယ္၊ ႀကံ့ခ်ိဳ၊ သင္းေခြခ်ပ္အေၾကးခြံေတြကို ရႉရႈိက္အနံ႔ခံႏိုင္တယ္လို႔ ဆိုပါတယ္။
ပေရာဂ်က္ကို ဦးေဆာင္တဲ့ သိပၸံပညာရွင္ ေဒါက္တာအစ္ဇီအက္ဇက္က ေတာ႐ိုင္းတိရစာၦန္ေရာင္းဝယ္ ေဖာက္ကားမႈကို စစ္ေဆးရာမွာ ေခြးေတြအစား ႂကြက္ေတြကို ျဖည့္စြက္သုံးဖို႔ ၎က အႀကံျပဳထားပါ တယ္။ ႂကြက္ေတြဟာ ေသးငယ္ၿပီး သြက္လက္တဲ့ တိရစာၦန္ေတြျဖစ္တာေၾကာင့္ ကြန္တိန္နာေတြကို အလ်င္ျမန္ဆုံး အတြင္းထဲထိ စစ္ေဆးႏိုင္ၿပီး သူတို႔ကိုေလ့က်င့္ေပးဖို႔ အခ်ိန္လည္း အနည္းငယ္သာေပးရ တယ္လို႔ ဆိုပါတယ္။