နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ
586
ကျွန်းသားငမန်း (NP News) - နိုဝင်ဘာ ၁
နိုင်ငံရေးဆိုသည်မှာ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော နိုင်ငံသား ပြည်သူများအားလုံး၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လူမှုဘဝအရေးကိစ္စစသည့် အရာများအားလုံးနှင့် ဆက်စပ်လျက်ရှိသည်။ နိုင်ငံရေး ပါတီဆိုသည်မှာ နိုင်ငံ့အရေးကိုဆောင်ရွက်ရန် စိတ်ပါဝင်စားသောသူ များ (နိုင်ငံရေးသမားများ)ဖြင့် စိတ်သဘောထားချင်းတူရာစုဖွဲ့ထားသော အစုအဖွဲ့တစ်ခု ဖြစ်သည်။ ဆိုရလျှင် နိုင်ငံရေးမူ ဝါဒသဘောတရား တစ်ရပ်အပေါ်အခြေခံပြီး မိမိတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စုဖွဲ့ထားသောအဖွဲ့အစည်းတစ်ရပ်လည်းဖြစ်သည်။
နိုင်ငံရေးပါတီများသည် ပါတီစုံဒီမိုကရေ စီစနစ်၏ အဓိက၊ အရေးကြီးဟုဆိုအပ်သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများတွင် ပြည်သူကို ကိုယ်စား ပြုပြီး တိုင်းပြည် တာဝန်များကို ဦးဆောင်ဦးရွက်ပြုကြရမည့်သူများ ဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ တိုင်းပြည်၏ အနာဂတ်အရေးသည် နိုင်ငံရေးပါတီများ၏ မူဝါဒနှင့်သဘော တရားရေးရာ ဦးတည်ဆောင်ရွက်မှုများတွင် မူတည်နေသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလ၊ နိုင်ငံလွတ်လပ် ရေးရပြီးကာလများတွင် နိုင်ငံရေးပါတီများ နှင့် နိုင်ငံရေးအင်အားစုများ အသွင် သဏ္ဌာန်အမျိုးမျိုးဖြင့် ပေါ်ပေါက်ခဲ့သည်။ သို့ရာတွင် နိုင်ငံရေးပါတီများကို နိုင်ငံတော်မှစနစ်တကျ ကိုင်တွယ်ထိန်းချုပ်ထားခြင်းမရှိခဲ့။ ထိုကြောင့်လည်း နိုင်ငံတော်အားဆန့်ကျင်သော သောင်း ကျန်းသူအဖွဲ့အ စည်းများနှင့်ဆက်စပ်နေသည့် (ပမညတ)ကဲ့သို့ နိုင်ငံ ရေးပါတီများပင်ပေါ်ပေါက်လာကာ တည်ဆဲ နိုင်ငံ တော်အစိုးရတို့အား နိုင်ငံရေး၊ စစ်ရေးအားဖြင့် မြေပေါ်၊ မြေအောက် နှစ်ဖက်ညှပ်ပူးသတ်ရန်ကြိုးပမ်း ခဲ့သည့်ဖြစ်စဉ် များကို တွေ့ခဲ့ရသည်။
နိုင်ငံရေးပါတီများ
(၁၉၈၈)ခုနှစ်တွင် တပ်မတော်မှနိုင်ငံတော် အာဏာကိုရယူခဲ့ပြီးနောက် တစ်ပါတီစနစ်မှ ပါတီစုံ စနစ်သို့ကူး ပြောင်းရန် စီစဉ်ခဲ့သည်။ ပါတီစုံစနစ်သို့ကူးပြောင်းချိန်တွင် ပါတီအဖွဲ့အစည်းများကို စည်းကမ်းတကျဥပဒေနှင့်အညီ ဖွဲ့စည်းနိုင်ရေးအတွက် (၁၉၈၈) ခုနှစ် စက်တင်ဘာလ (၂၇)ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ် ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၄/ ၈၈)ကို ပြဋ္ဌာန်းပေးခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးပါ တီဆိုသည်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပ ဒေနှင့်အညီ မှတ်ပုံတင်ထားသောအဖွဲ့အစည်းများ ဖြစ်ကြသည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပ ဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသော အစုအဖွဲ့ များကို နိုင်ငံရေးပါတီဟု သတ်မှတ်ခြင်းမပြုနိုင်ပေ။
နိုင်ငံရေးပါတီများသည် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ရန် မွန်မြတ်သည့် စိတ်ထား များထားရှိသည့် နိုင်ငံရေးသမားများဖြင့်စုဖွဲ့ ထားခြင်းဖြစ်ရာ ပါတီတစ်ခုချင်းသည် ပြည်သူကို ဗဟိုပြု၍ ပြည်သူ့ အကျိုးကိုမျက်နှာမူရသည့် နိုင်ငံရေး အင်အားစုများဖြစ်သည်။ နိုင်ငံရေးပါတီများသည် အစိုးရနှင့်ပြည်သူအကြား ပေါင်းကူးသဖွယ် ထိန်းညှိ ပေးရသည့်အဖွဲ့အစည်းလည်းဖြစ်သည်။ တစ်ဖက်တွင်လည်း ပါတီစုံဒီမိုကရေစီစနစ်ဖော် ဆောင်ရာတွင် အရေးကြီးဟုဆိုအပ်သည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံတော်၏ ဥပေဒပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် ပြည် သူကိုကိုယ်စားပြုပြီး တိုင်းပြည်တာဝန်ကိုများကို ဦးဆောင်ဦးရွက် ပြုကြရမည့်သူများဖြစ်ကြသည်။
ထိုကြောင့် နိုင်ငံရေးပါတီများသည် ခိုင်မာအားကောင်းပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်နိုင်သည့် နိုင်ငံရေးပါတီ များဖြစ်ကြသည်။ ထို့ပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ ရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုရေစီစနစ်ကို လက်ခံကျင့် သုံးသောနိုင်ငံရေးပါတီများဖြစ်ရန်လိုအပ်သည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီများသည် အောက်ပါအချက်များကို စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်းဝန်ခံချက်ဖြင့် လျှောက်ထားကြရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အခန်း(၂)၊ ပုဒ်မ -၆ တွင် ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။
ထိုဝန်ခံချက်များမှာ-(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြို ကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊(ခ) တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်း သာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ဂ) ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာရေး၊ (ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့်တရားကိုထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုမပြုလုပ်ရေး၊ (င) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊ (စ)နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ဩဇာခံယူခြင်းမပြုရေး စသည့်အချက်များဖြစ်သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီအဖြစ်လျှောက်ထားခဲ့ကြရာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးသည့် နိုင်ငံရေးပါတီပေါင်းမှာ (၂၀၂၄) ခုနှစ် အောက်တို ဘာလလယ်အထိ (၅၂)ပါတီရှိခဲ့ပြီးဖြစ်သည်။ ယင်းတို့အနက် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ဥပဒေစည်း မျဉ်းများနှင့်ကိုက်ညီခြင်း မရှိ၍လည်းကောင်း၊ မြိုတိုင်းရင်းသား ပါတီမှာ ပါတီဖျက်သိမ်းခွင့်ပြုရန်တင်ပြချက်အရ လည်း ကောင်း UEC မှ ပါတီမှတ်ပုံတင်ခြင်းကိုဖျက်သိမ်းခဲ့သည်။
ပါတီထူထောင်ရန် လျှောက်ထားခဲ့သည့် ပါတီများအနက် အချို့မှာ့နဃ မှသတ်မှတ်ထား သောစည်း ကမ်းချက်နှင့် ကိုက်ညီခြင်းမရှိ၍ ပါတီထူထောင်ခွင့်မပြုဘဲ ငြင်းပယ်ခံလိုက်ရသောပါတီ အချို့ရှိခဲ့သည်ကိုလည်း တွေ့ရသည်။ ပါတီမှတ်ပုံ တင်ခွင့်ရရှိပြီးသည့် နိုင်ငံရေးပါတီများတွင် နယ်မြေ ဒေသနှင့် တိုင်းရင်းသားလူမျိုး ဝိသေသ လက္ခဏာကို မဏ္ဍိုင်ပြု၍ မိမိဒေသ၊ မိမိလူမျိုးအကျိုးစီးပွားအတွက်ရပ်တည်သော တိုင်းရင်းသားပါတီများ ပါရှိလာ သည်မှာ အားရဖွယ်လည်းဖြစ်သည်။ တိုင်းရင်းသား လူမျိုးများအနေဖြင့် မိမိတို့ရယူလိုသောနိုင်ငံရေး အခွင့်အရေးများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဟုတ်ဘဲ လွှတ်တော်လမ်းကြောင်းမှညှိနှိုင်းတောင်းဆိုရန် တစ်နည်းအားဖြင့် ငြိမ်းချမ်းစွာ တောင်းဆို သွားရန်ဆုံးဖြတ်ထားသည့် တိုင်းရင်းသားနိုင်ငံရေး သမားများကို တွေ့ရခြင်းပင်ဖြစ်သည်။
နိုင်ငံရေးသမားများ
နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူကိုဗဟိုပြု၍ ပြည်သူ့အကျိုးကိုမျက်နှာမူရသည့် နိုင်ငံရေးသ မားများဖြင့်စုဖွဲ့ ထားသော နိုင်ငံရေးအင်အားစုတစ်ရပ် ဖြစ်ပြီး ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက် မိမိတို့မူဝါဒ သဘောတရားများ နှင့်အညီ နိုင်ငံတော်၏ အကျိုး၊ ပြည်သူ၏အကျိုးကို လွှတ်တော်တွင်းမှပြောဆိုဆွေး နွေးဆောင်ရွက်ကြမည့်သူများ ဖြစ်ကြသည်။
ထို့ကြောင့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်၏ အမြင့်မားဆုံးသောရည်မှန်းချက်ကို အကောင်အထည် ဖော်ရသည့် စနစ်တစ်ခုဖြစ်သည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ရွေးကောက်တင်မြှောက် လိုက်သော လွှတ်တော် ကိုယ်စားလှယ်(အမတ်များ)ဖြင့်စုစည်းဖွဲ့စည်းထားသည့် လွှတ်တော်မှတစ်ဆင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင် ရေးအာဏာကိုဖော်ဆောင်ရာတွင် တာဝန်ထမ်း ဆောင်ကြမည့် နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့၊ တရားလွှတ်တော် တရားသူကြီးချုပ်စသည်များကို ရွေး ချယ်တာဝန် ပေးအပ်ကြရမည်ဖြစ်သည်။ ဆိုရလျှင် ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အခြေခံပင် ဖြစ်သည်။ နိုင်ငံရေး ပါတီများအနေဖြင့် ရွေးကောက်ပွဲ တွင်အနိုင်ရ၍ မည်သည့်ပါတီက နိုင်ငံကိုအုပ်ချုပ်ရ သည်ဖြစ်စေ၊ အစိုးရမဖွဲ့နိုင်၍ အစိုးရကိုထိန်းကျောင်းပေးသည့် အတိုက်အခံပါတီပင်ဖြစ်စေ မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားကိုသာ တစ်စိုက်မတ်မတ်ဆောင်ရွက်ရသည့် နိုင်ငံရေးယဉ်ကျေးမှုကို လိုက်နာကျင့်သုံး ကြရန်ပင်ဖြစ်သည်။
မြန်မာနိုင်ငံကား ဒီမိုကရေစီအသွင် ကူးပြောင်း ဆဲနိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံရေးအင်အားစုများအနေဖြင့် အတိတ်ကိုသင်ခန်းစာယူ၊ ပစ္စုပ္ပန်ကို မှန်ကန် စွာတည်ဆောက်ပြီး အနာဂတ်ကိုတက်လှမ်းနိုင်ရန် ကြိုးစားကြရပေမည်။ ပါတီစုံ ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်၍ မည်သည့်ပါတီက နိုင်ငံကိုအုပ်ချုပ်ရသည်ဖြစ်စေ၊ အစိုးရမဖွဲ့နိုင်၍အစိုးရကိုထိန်း ကျောင်းပေးသည့် အတိုက်အခံပါတီပင်ဖြစ်စေ မိမိ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကိုသာ ဦးတည်သည့် နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းရန်လိုသည်။ ဤသို့ ခိုင်မာအားကောင်းရန်အတွက် နိုင်ငံရေးပါတီ များသည် ပြည်သူနှင့်တစ်သားတည်းရှိနေရန်လည်းလိုအပ်သည်။
ဖြတ်သန်းခဲ့ပြီးသော ပါတီစုံခေတ် နိုင်ငံရေး ပါတီများကိုလေ့လာကြည့်သောအခါ နိုင်ငံရေးဝါဒ အခြေပြု နိုင်ငံရေးပါတီများ၊ လူမှုဝန်းကျင်အကျိုးပြုပါတီဟုဆိုရမည့် တိုင်းပြည်အတွက်၊ အမျိုးသား အကျိုးစီးပွားကို မဏ္ဍိုင်ပြု၍ ရပ်တည်သည့်ပါတီများ၊ နယ်မြေဒေသနှင့် တိုင်းရင်းသားလူမျိုးဝိသေသလက္ခ ဏာကို မဏ္ဍိုင်ပြု၍ မိမိဒေသ၊ မိမိလူမျိုး အကျိုးစီးပွား အတွက်ရပ်တည်သော ပါတီများပေါ်ထွက်လာခဲ့သည်။ အချို့ပါတီများကား နိုင်ငံရေးအာဏာရရှိ ရန်အတွက်မဟုတ်ဘဲ နိုင်ငံရေးပလက်ဖောင်းတစ်ခုရရှိရန်နှင့် အစိုးရကိုထိန်းကျောင်းရန် အတိုက်အခံသဘော ရပ်တည် လိုသည့်ပါတီများလည်းပေါ်ထွက်လာခဲ့သည်။ ဤသည်ကို ယခု နိုင်ငံရေးပါတီများမှတ်ပုံတင် ရန်လျှောက်ထားသော ပါတီများကိုလေ့လာတွေ့မြင်ရသည်။ အထူးသဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများ တွင် ပြည်သူကိုကိုယ်စားပြုပြီး တိုင်းပြည်တာဝန်ကိုများကို ဦးဆောင်ဦးရွက်ပြုကြရန်ရည်ရွယ်ချက်ထားပြီး အစိုး ရတစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထား သည့်ပါတီမှာ (၁၂)ပါတီမျှသာရှိ သည်ကို တွေ့မြင်ရသည်။
ရိုးသားမှုရှိကြပါစေ
(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်တွင် အချုပ်အခြာအာဏာသုံးရပ်ကို တာဝန်ယူခဲ့ရသည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ကိုချမှတ်ခဲ့သည်။ ထိုနိုင်ငံရေးရည်မှန်းချက် (၂) ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး စသည်များ ဖြစ်သည်။ အဆိုပါ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်အောင်မြင်စေရန်မှာ နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်ရန်လိုသည်။ အထူးသဖြင့် ပြည်သူကိုဗဟို ပြု၍ ပြည်သူ့အကျိုးကိုမျက်နှာမူရသည့် နိုင်ငံရေးပါ တီများ၊ နိုင်ငံရေးအင်အားစုများ ပါဝင်ရန်လိုအပ် သည်။ နိုင်ငံရေးသမားတို့ နိုင်ငံရေးလုပ်သည်မှာ အများအကျိုး၊ မိမိနိုင်ငံမိမိပြည်သူလူထုအကျိုးအတွက် မိမိကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် မိမိဘာသာတာဝန်ယူကာလုပ်ကိုင်သောသူများဖြစ်ကြသည်။
နိုင်ငံရေးပါတီများသည် ထိုထိုသောနိုင်ငံရေး သမားနှင့်စိတ်သဘောထားချင်းတူရာ လူပုဂ္ဂိုလ်များ နှင့်စုဖွဲ့ထား သောအစုအဖွဲ့ဖြစ်ရာ နိုင်ငံရေးပါတီများ၏ရပ်တည်ချက်မှန်ကန်ရေးမှာလည်းအရေးကြီးသည်။ ဆိုရလျှင် နိုင်ငံရေးပါတီ များတွင်ပါဝင်ကြသည့် နိုင်ငံရေး သမားများသည်ပြည်သူနှင့်နိုင်ငံအပေါ် စိတ်စေတနာကောင်း ထားတတ်သူများဖြစ် ရန်လိုအပ်သည်။
ပါတီတည်ထောင်ခွင့် လျှောက်ထားခွင့်ပြု ခဲ့ပြီးသည့်ပါတီများကို စနစ်တကျစိစစ်၍ ပါတီမှတ် ပုံတင်ခွင့် များထုတ်ပေးခဲ့ကာ ပါတီထူထောင် ရပ်တည်ခွင့်ရရှိပြီးဖြစ်သော ပါတီများ၊ နောက်လည်းရ လာအံ့သောပါတီများ အနေဖြင့် နိုင်ငံ့အရေးကိုသုံး သပ်ကြည့်ကြရန်လည်းလိုသည်။ လက်ရှိဖြစ်ပေါ်နေသောအခြေအနေများ နှင့်ပတ်သက်၍ လည်း ပြောသင့်သည်များကို ပြောနိုင်ကြရမည်။ ဝေဖန်သင့်သည် များကိုဝေဖန်ကြရမည်။ နိုင်ငံရေးပါတီတိုင်းသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် နိုင်ငံတော်၏ ခက်မသုံး ဖြာကို ကိုင်တွယ်ထမ်းဆောင်ရမည့်သူများလည်း ဖြစ်ကြသည်။
နိုင်ငံတော်မှရည်မှန်းထားသည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့်ဦးတည်ချက် များကိုလည်း မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီများ အလေးအနက်ထားကြရန်လိုသည်။ နိုင်ငံရေးပါတီများတွင်ပါဝင်သည့် နိုင်ငံရေး သမားများသည်လည်း မတရားမှုကိုဆန့်ကျင်သူများ၊ မျှတမှု၊ တန်းတူညီမျှမှုကိုအလေးအနက်ထားသူများဖြစ်ဖို့ လိုအပ်သည်။ နိုင်ငံရေးပါတီများသည် နိုင်ငံတည်ဆောက်ရေးတွင် ဦးဆောင်ရမည့်သူများဖြစ်ကြသည်။ သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးကို မျှော်ကိုးကာရိုးရိုးသားသား စိတ်ရင်း စေတနာကောင်းဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံရေး သမားကောင်းများ ပါဝင်သော နိုင်ငံရေးပါတီကောင်းများဖြစ်ကြစေဖို့ လိုအပ်ကြောင်း တိုက်တွန်းရေးသားရပါသည်။
zawgyi version
ႏိုင္ငံတည္ေဆာက္ေရး ႏွင့္ ႏိုင္ငံေရးပါတီမ်ား
ကြၽန္းသားငမန္း (NP News) - ႏိုဝင္ဘာ ၁
ႏိုင္ငံေရးဆိုသည္မွာ ႏိုင္ငံအတြင္းမွီတင္း ေနထိုင္ၾကေသာ ႏိုင္ငံသား ျပည္သူမ်ားအားလုံး၏ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး၊ လူမႈေရး၊ တရားဥပေဒစိုးမိုးေရး စသည့္ လူမႈဘဝအေရးကိစၥစသည့္ အရာမ်ားအားလုံးႏွင့္ ဆက္စပ္လ်က္ရွိသည္။ ႏိုင္ငံေရး ပါတီဆိုသည္မွာ ႏိုင္ငံ့အေရးကိုေဆာင္႐ြက္ရန္ စိတ္ပါဝင္စားေသာသူ မ်ား (ႏိုင္ငံေရးသမားမ်ား)ျဖင့္ စိတ္သေဘာထားခ်င္းတူရာစုဖြဲ႕ထားေသာ အစုအဖြဲ႕တစ္ခု ျဖစ္သည္။ ဆိုရလွ်င္ ႏိုင္ငံေရးမူ ဝါဒသေဘာတရား တစ္ရပ္အေပၚအေျခခံၿပီး မိမိတို႔၏လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ စုဖြဲ႕ထားေသာအဖြဲ႕အစည္းတစ္ရပ္လည္းျဖစ္သည္။
ႏိုင္ငံေရးပါတီမ်ားသည္ ပါတီစုံဒီမိုကေရ စီစနစ္၏ အဓိက၊ အေရးႀကီးဟုဆိုအပ္သည့္ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ ႏိုင္ငံေတာ္၏ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရး က႑မ်ားတြင္ ျပည္သူကို ကိုယ္စား ျပဳၿပီး တိုင္းျပည္ တာဝန္မ်ားကို ဦးေဆာင္ဦး႐ြက္ျပဳၾကရမည့္သူမ်ား ျဖင့္ဖြဲ႕စည္းထားျခင္းျဖစ္သည္။ တိုင္းျပည္၏ အနာဂတ္အေရးသည္ ႏိုင္ငံေရးပါတီမ်ား၏ မူဝါဒႏွင့္သေဘာ တရားေရးရာ ဦးတည္ေဆာင္႐ြက္မႈမ်ားတြင္ မူတည္ေနသည္။ ျမန္မာႏိုင္ငံတြင္ လြတ္လပ္ေရးႀကိဳးပမ္းမႈ ကာလ၊ ႏိုင္ငံလြတ္လပ္ ေရးရၿပီးကာလမ်ားတြင္ ႏိုင္ငံေရးပါတီမ်ား ႏွင့္ ႏိုင္ငံေရးအင္အားစုမ်ား အသြင္ သဏၭာန္အမ်ိဳးမ်ိဳးျဖင့္ ေပၚေပါက္ခဲ့သည္။ သို႔ရာတြင္ ႏိုင္ငံေရးပါတီမ်ားကို ႏိုင္ငံေတာ္မွစနစ္တက် ကိုင္တြယ္ထိန္းခ်ဳပ္ထားျခင္းမရွိခဲ့။ ထိုေၾကာင့္လည္း ႏိုင္ငံေတာ္အားဆန႔္က်င္ေသာ ေသာင္း က်န္းသူအဖြဲ႕အ စည္းမ်ားႏွင့္ဆက္စပ္ေနသည့္ (ပမညတ)ကဲ့သို႔ ႏိုင္ငံ ေရးပါတီမ်ားပင္ေပၚေပါက္လာကာ တည္ဆဲ ႏိုင္ငံ ေတာ္အစိုးရတို႔အား ႏိုင္ငံေရး၊ စစ္ေရးအားျဖင့္ ေျမေပၚ၊ ေျမေအာက္ ႏွစ္ဖက္ညႇပ္ပူးသတ္ရန္ႀကိဳးပမ္း ခဲ့သည့္ျဖစ္စဥ္ မ်ားကို ေတြ႕ခဲ့ရသည္။
ႏိုင္ငံေရးပါတီမ်ား
(၁၉၈၈)ခုႏွစ္တြင္ တပ္မေတာ္မွႏိုင္ငံေတာ္ အာဏာကိုရယူခဲ့ၿပီးေနာက္ တစ္ပါတီစနစ္မွ ပါတီစုံ စနစ္သို႔ကူး ေျပာင္းရန္ စီစဥ္ခဲ့သည္။ ပါတီစုံစနစ္သို႔ကူးေျပာင္းခ်ိန္တြင္ ပါတီအဖြဲ႕အစည္းမ်ားကို စည္းကမ္းတက်ဥပေဒႏွင့္အညီ ဖြဲ႕စည္းႏိုင္ေရးအတြက္ (၁၉၈၈) ခုႏွစ္ စက္တင္ဘာလ (၂၇)ရက္တြင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ (ႏိုင္ငံေတာ္ၿငိမ္ ဝပ္ပိျပားမႈတည္ေဆာက္ေရးအဖြဲ႕ ဥပေဒအမွတ္ ၄/ ၈၈)ကို ျပ႒ာန္းေပးခဲ့သည္။ ထို႔ေၾကာင့္ ႏိုင္ငံေရးပါ တီဆိုသည္မွာ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပ ေဒႏွင့္အညီ မွတ္ပုံတင္ထားေသာအဖြဲ႕အစည္းမ်ား ျဖစ္ၾကသည္။ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပ ေဒႏွင့္အညီ မွတ္ပုံတင္ထားျခင္းမရွိေသာ အစုအဖြဲ႕ မ်ားကို ႏိုင္ငံေရးပါတီဟု သတ္မွတ္ျခင္းမျပဳႏိုင္ေပ။
ႏိုင္ငံေရးပါတီမ်ားသည္ ႏိုင္ငံ့အက်ိဳး၊ ျပည္သူ႔အက်ိဳးကို သယ္ပိုးေဆာင္႐ြက္ရန္ မြန္ျမတ္သည့္ စိတ္ထား မ်ားထားရွိသည့္ ႏိုင္ငံေရးသမားမ်ားျဖင့္စုဖြဲ႕ ထားျခင္းျဖစ္ရာ ပါတီတစ္ခုခ်င္းသည္ ျပည္သူကို ဗဟိုျပဳ၍ ျပည္သူ႔ အက်ိဳးကိုမ်က္ႏွာမူရသည့္ ႏိုင္ငံေရး အင္အားစုမ်ားျဖစ္သည္။ ႏိုင္ငံေရးပါတီမ်ားသည္ အစိုးရႏွင့္ျပည္သူအၾကား ေပါင္းကူးသဖြယ္ ထိန္းညႇိ ေပးရသည့္အဖြဲ႕အစည္းလည္းျဖစ္သည္။ တစ္ဖက္တြင္လည္း ပါတီစုံဒီမိုကေရစီစနစ္ေဖာ္ ေဆာင္ရာတြင္ အေရးႀကီးဟုဆိုအပ္သည့္ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ ႏိုင္ငံေတာ္၏ ဥေပဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးက႑မ်ားတြင္ ျပည္ သူကိုကိုယ္စားျပဳၿပီး တိုင္းျပည္တာဝန္ကိုမ်ားကို ဦးေဆာင္ဦး႐ြက္ ျပဳၾကရမည့္သူမ်ားျဖစ္ၾကသည္။
ထိုေၾကာင့္ ႏိုင္ငံေရးပါတီမ်ားသည္ ခိုင္မာအားေကာင္းၿပီး ျပည္သူ႔အက်ိဳးကို ေဆာင္႐ြက္ႏိုင္သည့္ ႏိုင္ငံေရးပါတီ မ်ားျဖစ္ၾကသည္။ ထို႔ျပင္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ မႈမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာ အာဏာတည္တံ့ခိုင္ၿမဲ ေရးတို႔ကို ဦးတည္ခ်က္ထားရွိေသာ၊ ႏိုင္ငံေတာ္၏ေက်းဇူးသစၥာကို ေစာင့္သိ႐ိုေသေသာ၊ စစ္မွန္၍စည္း ကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုေရစီစနစ္ကို လက္ခံက်င့္ သုံးေသာႏိုင္ငံေရးပါတီမ်ားျဖစ္ရန္လိုအပ္သည္။ ထို႔ေၾကာင့္လည္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီမွထုတ္ျပန္ခဲ့ေသာ ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒအရ ႏိုင္ငံေရးပါတီမ်ားသည္ ေအာက္ပါအခ်က္မ်ားကို ေစာင့္ထိန္းလိုက္နာမည္ ျဖစ္ေၾကာင္းဝန္ခံခ်က္ျဖင့္ ေလွ်ာက္ထားၾကရမည္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ အခန္း(၂)၊ ပုဒ္မ -၆ တြင္ ျပ႒ာန္းသတ္မွတ္ခဲ့သည္။
ထိုဝန္ခံခ်က္မ်ားမွာ-(က) ျပည္ေထာင္စု မၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈမၿပိဳ ကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးကို ထိန္းသိမ္းေစာင့္ေရွာက္ေရး၊(ခ) တရားဥပေဒ စိုးမိုးေရးႏွင့္ ေအးခ်မ္း သာယာေရးကို ထိန္းသိမ္းေစာင့္ေရွာက္ေရး၊ (ဂ) ျပည္ေထာင္စု ျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေလးစား လိုက္နာေရး၊ (ဃ) လူမ်ိဳးေရး သို႔မဟုတ္ ဘာသာေရး သို႔မဟုတ္ လူတစ္ဦးခ်င္း သို႔မဟုတ္ လူအမ်ားႏွင့္ပတ္သက္၍ ပဋိပကၡျဖစ္ေပၚေစႏိုင္သည့္ သိကၡာႏွင့္ကိုယ္က်င့္တရားကိုထိခိုက္ေစႏိုင္သည့္ ေရးသားမႈ၊ ေဟာေျပာမႈ၊ သို႔မဟုတ္ စည္း႐ုံးလႈံ႕ေဆာ္မႈမျပဳလုပ္ေရး၊ (င) ဘာသာေရးကို ႏိုင္ငံေရးအတြက္ အလြဲသုံးစားမျပဳလုပ္ေရး၊ (စ)ႏိုင္ငံျခားတိုင္းျပည္ တစ္ခုခု၏ အစိုးရ သို႔မဟုတ္ ဘာသာေရးအဖြဲ႕အစည္း သို႔မဟုတ္ အျခားအဖြဲ႕အစည္းတစ္ခုခု သို႔မဟုတ္ ပုဂၢိဳလ္ တစ္ဦးဦးထံမွ ေငြေၾကး၊ ပစၥည္း၊ အျခားအေထာက္အပံ့ကို တိုက္႐ိုက္ ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ရယူသုံးစြဲျခင္း သို႔မဟုတ္ ယင္းတို႔၏ဩဇာခံယူျခင္းမျပဳေရး စသည့္အခ်က္မ်ားျဖစ္သည္။
ႏိုင္ငံေရးပါတီမ်ား မွတ္ပုံတင္ျခင္းဥပေဒႏွင့္အညီ ႏိုင္ငံေရးပါတီအျဖစ္ေလွ်ာက္ထားခဲ့ၾကရာ ျပည္ေထာင္စုေ႐ြး ေကာက္ပြဲေကာ္မရွင္က ပါတီအျဖစ္ မွတ္ပုံတင္ခြင့္ျပဳခဲ့ၿပီးသည့္ ႏိုင္ငံေရးပါတီေပါင္းမွာ (၂၀၂၄) ခုႏွစ္ ေအာက္တို ဘာလလယ္အထိ (၅၂)ပါတီရွိခဲ့ၿပီးျဖစ္သည္။ ယင္းတို႔အနက္ ရွမ္းျပည္ကိုးကန႔္ဒီမိုကရက္တစ္ပါတီကို ဥပေဒစည္း မ်ဥ္းမ်ားႏွင့္ကိုက္ညီျခင္း မရွိ၍လည္းေကာင္း၊ ၿမိဳတိုင္းရင္းသား ပါတီမွာ ပါတီဖ်က္သိမ္းခြင့္ျပဳရန္တင္ျပခ်က္အရ လည္း ေကာင္း UEC မွ ပါတီမွတ္ပုံတင္ျခင္းကိုဖ်က္သိမ္းခဲ့သည္။
ပါတီထူေထာင္ရန္ ေလွ်ာက္ထားခဲ့သည့္ ပါတီမ်ားအနက္ အခ်ိဳ႕မွာ့နဃ မွသတ္မွတ္ထား ေသာစည္း ကမ္းခ်က္ႏွင့္ ကိုက္ညီျခင္းမရွိ၍ ပါတီထူေထာင္ခြင့္မျပဳဘဲ ျငင္းပယ္ခံလိုက္ရေသာပါတီ အခ်ိဳ႕ရွိခဲ့သည္ကိုလည္း ေတြ႕ရသည္။ ပါတီမွတ္ပုံ တင္ခြင့္ရရွိၿပီးသည့္ ႏိုင္ငံေရးပါတီမ်ားတြင္ နယ္ေျမ ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳး ဝိေသသ လကၡဏာကို မ႑ိဳင္ျပဳ၍ မိမိေဒသ၊ မိမိလူမ်ိဳးအက်ိဳးစီးပြားအတြက္ရပ္တည္ေသာ တိုင္းရင္းသားပါတီမ်ား ပါရွိလာ သည္မွာ အားရဖြယ္လည္းျဖစ္သည္။ တိုင္းရင္းသား လူမ်ိဳးမ်ားအေနျဖင့္ မိမိတို႔ရယူလိုေသာႏိုင္ငံေရး အခြင့္အေရးမ်ားကို လက္နက္ကိုင္နည္းလမ္းျဖင့္ မဟုတ္ဘဲ လႊတ္ေတာ္လမ္းေၾကာင္းမွညႇိႏႈိင္းေတာင္းဆိုရန္ တစ္နည္းအားျဖင့္ ၿငိမ္းခ်မ္းစြာ ေတာင္းဆို သြားရန္ဆုံးျဖတ္ထားသည့္ တိုင္းရင္းသားႏိုင္ငံေရး သမားမ်ားကို ေတြ႕ရျခင္းပင္ျဖစ္သည္။
ႏိုင္ငံေရးသမားမ်ား
ႏိုင္ငံေရးပါတီဆိုသည္မွာ ျပည္သူကိုဗဟိုျပဳ၍ ျပည္သူ႔အက်ိဳးကိုမ်က္ႏွာမူရသည့္ ႏိုင္ငံေရးသ မားမ်ားျဖင့္စုဖြဲ႕ ထားေသာ ႏိုင္ငံေရးအင္အားစုတစ္ရပ္ ျဖစ္ၿပီး ေ႐ြးေကာက္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္လ်က္ မိမိတို႔မူဝါဒ သေဘာတရားမ်ား ႏွင့္အညီ ႏိုင္ငံေတာ္၏ အက်ိဳး၊ ျပည္သူ၏အက်ိဳးကို လႊတ္ေတာ္တြင္းမွေျပာဆိုေဆြး ေႏြးေဆာင္႐ြက္ၾကမည့္သူမ်ား ျဖစ္ၾကသည္။
ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲမ်ားသည္ ဒီမိုကေရစီစနစ္၏ အျမင့္မားဆုံးေသာရည္မွန္းခ်က္ကို အေကာင္အထည္ ေဖာ္ရသည့္ စနစ္တစ္ခုျဖစ္သည္။ ေ႐ြးေကာက္ပြဲမ်ားမွတစ္ဆင့္ ေ႐ြးေကာက္တင္ေျမႇာက္ လိုက္ေသာ လႊတ္ေတာ္ ကိုယ္စားလွယ္(အမတ္မ်ား)ျဖင့္စုစည္းဖြဲ႕စည္းထားသည့္ လႊတ္ေတာ္မွတစ္ဆင့္ ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာ၏ ခက္မသုံးျဖာ ျဖစ္သည့္ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္တရားစီရင္ ေရးအာဏာကိုေဖာ္ေဆာင္ရာတြင္ တာဝန္ထမ္း ေဆာင္ၾကမည့္ ႏိုင္ငံေတာ္သမၼတ၊ အစိုးရအဖြဲ႕၊ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္စသည္မ်ားကို ေ႐ြး ခ်ယ္တာဝန္ ေပးအပ္ၾကရမည္ျဖစ္သည္။ ဆိုရလွ်င္ ေ႐ြးေကာက္ပြဲသည္ ဒီမိုကေရစီစနစ္၏ အေျခခံပင္ ျဖစ္သည္။ ႏိုင္ငံေရး ပါတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲ တြင္အႏိုင္ရ၍ မည္သည့္ပါတီက ႏိုင္ငံကိုအုပ္ခ်ဳပ္ရ သည္ျဖစ္ေစ၊ အစိုးရမဖြဲ႕ႏိုင္၍ အစိုးရကိုထိန္းေက်ာင္းေပးသည့္ အတိုက္အခံပါတီပင္ျဖစ္ေစ မိမိႏိုင္ငံ၏အမ်ိဳးသားအက်ိဳးစီးပြားကိုသာ တစ္စိုက္မတ္မတ္ေဆာင္႐ြက္ရသည့္ ႏိုင္ငံေရးယဥ္ေက်းမႈကို လိုက္နာက်င့္သုံး ၾကရန္ပင္ျဖစ္သည္။
ျမန္မာႏိုင္ငံကား ဒီမိုကေရစီအသြင္ ကူးေျပာင္း ဆဲႏိုင္ငံတစ္ခုျဖစ္သည္။ ႏိုင္ငံေရးအင္အားစုမ်ားအေနျဖင့္ အတိတ္ကိုသင္ခန္းစာယူ၊ ပစၥဳပၸန္ကို မွန္ကန္ စြာတည္ေဆာက္ၿပီး အနာဂတ္ကိုတက္လွမ္းႏိုင္ရန္ ႀကိဳးစားၾကရေပမည္။ ပါတီစုံ ဒီမိုကေရစီေခတ္တြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္၍ မည္သည့္ပါတီက ႏိုင္ငံကိုအုပ္ခ်ဳပ္ရသည္ျဖစ္ေစ၊ အစိုးရမဖြဲ႕ႏိုင္၍အစိုးရကိုထိန္း ေက်ာင္းေပးသည့္ အတိုက္အခံပါတီပင္ျဖစ္ေစ မိမိ ႏိုင္ငံ၏အမ်ိဳးသားအက်ိဳးစီးပြားကိုသာ ဦးတည္သည့္ ႏိုင္ငံေရးပါတီမ်ား ခိုင္မာအားေကာင္းရန္လိုသည္။ ဤသို႔ ခိုင္မာအားေကာင္းရန္အတြက္ ႏိုင္ငံေရးပါတီ မ်ားသည္ ျပည္သူႏွင့္တစ္သားတည္းရွိေနရန္လည္းလိုအပ္သည္။
ျဖတ္သန္းခဲ့ၿပီးေသာ ပါတီစုံေခတ္ ႏိုင္ငံေရး ပါတီမ်ားကိုေလ့လာၾကည့္ေသာအခါ ႏိုင္ငံေရးဝါဒ အေျချပဳ ႏိုင္ငံေရးပါတီမ်ား၊ လူမႈဝန္းက်င္အက်ိဳးျပဳပါတီဟုဆိုရမည့္ တိုင္းျပည္အတြက္၊ အမ်ိဳးသား အက်ိဳးစီးပြားကို မ႑ိဳင္ျပဳ၍ ရပ္တည္သည့္ပါတီမ်ား၊ နယ္ေျမေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးဝိေသသလကၡ ဏာကို မ႑ိဳင္ျပဳ၍ မိမိေဒသ၊ မိမိလူမ်ိဳး အက်ိဳးစီးပြား အတြက္ရပ္တည္ေသာ ပါတီမ်ားေပၚထြက္လာခဲ့သည္။ အခ်ိဳ႕ပါတီမ်ားကား ႏိုင္ငံေရးအာဏာရရွိ ရန္အတြက္မဟုတ္ဘဲ ႏိုင္ငံေရးပလက္ေဖာင္းတစ္ခုရရွိရန္ႏွင့္ အစိုးရကိုထိန္းေက်ာင္းရန္ အတိုက္အခံသေဘာ ရပ္တည္ လိုသည့္ပါတီမ်ားလည္းေပၚထြက္လာခဲ့သည္။ ဤသည္ကို ယခု ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ ရန္ေလွ်ာက္ထားေသာ ပါတီမ်ားကိုေလ့လာေတြ႕ျမင္ရသည္။ အထူးသျဖင့္ ႏိုင္ငံေတာ္၏ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးက႑မ်ား တြင္ ျပည္သူကိုကိုယ္စားျပဳၿပီး တိုင္းျပည္တာဝန္ကိုမ်ားကို ဦးေဆာင္ဦး႐ြက္ျပဳၾကရန္ရည္႐ြယ္ခ်က္ထားၿပီး အစိုး ရတစ္ရပ္ကို ဦးေဆာင္ဖြဲ႕စည္းႏိုင္ရန္ ရည္႐ြယ္ကာ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ေလွ်ာက္ထား သည့္ပါတီမွာ (၁၂)ပါတီမွ်သာရွိ သည္ကို ေတြ႕ျမင္ရသည္။
႐ိုးသားမႈရွိၾကပါေစ
(၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁)ရက္တြင္ အခ်ဳပ္အျခာအာဏာသုံးရပ္ကို တာဝန္ယူခဲ့ရသည့္ ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ ႏိုင္ငံေရးရည္မွန္းခ်က္ (၂) ရပ္ကိုခ်မွတ္ခဲ့သည္။ ထိုႏိုင္ငံေရးရည္မွန္းခ်က္ (၂) ရပ္မွာ စစ္မွန္စည္းကမ္းျပည့္ဝသည့္ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာေရးႏွင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရး စသည္မ်ား ျဖစ္သည္။ အဆိုပါ ႏိုင္ငံေရးရည္မွန္းခ်က္ (၂)ရပ္ေအာင္ျမင္ေစရန္မွာ ႏိုင္ငံသားတိုင္း ပူးေပါင္းေဆာင္႐ြက္ရန္လိုသည္။ အထူးသျဖင့္ ျပည္သူကိုဗဟို ျပဳ၍ ျပည္သူ႔အက်ိဳးကိုမ်က္ႏွာမူရသည့္ ႏိုင္ငံေရးပါ တီမ်ား၊ ႏိုင္ငံေရးအင္အားစုမ်ား ပါဝင္ရန္လိုအပ္ သည္။ ႏိုင္ငံေရးသမားတို႔ ႏိုင္ငံေရးလုပ္သည္မွာ အမ်ားအက်ိဳး၊ မိမိႏိုင္ငံမိမိျပည္သူလူထုအက်ိဳးအတြက္ မိမိကိုယ္ပိုင္အသိစိတ္ဓာတ္ျဖင့္ မိမိဘာသာတာဝန္ယူကာလုပ္ကိုင္ေသာသူမ်ားျဖစ္ၾကသည္။
ႏိုင္ငံေရးပါတီမ်ားသည္ ထိုထိုေသာႏိုင္ငံေရး သမားႏွင့္စိတ္သေဘာထားခ်င္းတူရာ လူပုဂၢိဳလ္မ်ား ႏွင့္စုဖြဲ႕ထား ေသာအစုအဖြဲ႕ျဖစ္ရာ ႏိုင္ငံေရးပါတီမ်ား၏ရပ္တည္ခ်က္မွန္ကန္ေရးမွာလည္းအေရးႀကီးသည္။ ဆိုရလွ်င္ ႏိုင္ငံေရးပါတီ မ်ားတြင္ပါဝင္ၾကသည့္ ႏိုင္ငံေရး သမားမ်ားသည္ျပည္သူႏွင့္ႏိုင္ငံအေပၚ စိတ္ေစတနာေကာင္း ထားတတ္သူမ်ားျဖစ္ ရန္လိုအပ္သည္။
ပါတီတည္ေထာင္ခြင့္ ေလွ်ာက္ထားခြင့္ျပဳ ခဲ့ၿပီးသည့္ပါတီမ်ားကို စနစ္တက်စိစစ္၍ ပါတီမွတ္ ပုံတင္ခြင့္ မ်ားထုတ္ေပးခဲ့ကာ ပါတီထူေထာင္ ရပ္တည္ခြင့္ရရွိၿပီးျဖစ္ေသာ ပါတီမ်ား၊ ေနာက္လည္းရ လာအံ့ေသာပါတီမ်ား အေနျဖင့္ ႏိုင္ငံ့အေရးကိုသုံး သပ္ၾကည့္ၾကရန္လည္းလိုသည္။ လက္ရွိျဖစ္ေပၚေနေသာအေျခအေနမ်ား ႏွင့္ပတ္သက္၍ လည္း ေျပာသင့္သည္မ်ားကို ေျပာႏိုင္ၾကရမည္။ ေဝဖန္သင့္သည္ မ်ားကိုေဝဖန္ၾကရမည္။ ႏိုင္ငံေရးပါတီတိုင္းသည္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္တြင္ ႏိုင္ငံေတာ္၏ ခက္မသုံး ျဖာကို ကိုင္တြယ္ထမ္းေဆာင္ရမည့္သူမ်ားလည္း ျဖစ္ၾကသည္။
ႏိုင္ငံေတာ္မွရည္မွန္းထားသည့္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရးႏွင့္ ဒီမိုက ေရစီႏွင့္ ဖက္ဒရယ္စနစ္အေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးဆိုသည့္ဦးတည္ခ်က္ မ်ားကိုလည္း မွတ္ပုံတင္ခြင့္ ရရွိခဲ့ၿပီးျဖစ္ေသာ ႏိုင္ငံေရးပါတီမ်ား အေလးအနက္ထားၾကရန္လိုသည္။ ႏိုင္ငံေရးပါတီမ်ားတြင္ပါဝင္သည့္ ႏိုင္ငံေရး သမားမ်ားသည္လည္း မတရားမႈကိုဆန႔္က်င္သူမ်ား၊ မွ်တမႈ၊ တန္းတူညီမွ်မႈကိုအေလးအနက္ထားသူမ်ားျဖစ္ဖို႔ လိုအပ္သည္။ ႏိုင္ငံေရးပါတီမ်ားသည္ ႏိုင္ငံတည္ေဆာက္ေရးတြင္ ဦးေဆာင္ရမည့္သူမ်ားျဖစ္ၾကသည္။ သို႔ျဖစ္ရာ ႏိုင္ငံေတာ္ႏွင့္ ျပည္သူမ်ား၏အက်ိဳးကို ေမွ်ာ္ကိုးကာ႐ိုး႐ိုးသားသား စိတ္ရင္း ေစတနာေကာင္းျဖင့္ ေဆာင္႐ြက္ႏိုင္သည့္ ႏိုင္ငံေရး သမားေကာင္းမ်ား ပါဝင္ေသာ ႏိုင္ငံေရးပါတီေကာင္းမ်ားျဖစ္ၾကေစဖို႔ လိုအပ္ေၾကာင္း တိုက္တြန္းေရးသားရပါသည္။