၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်း တရုတ်နိုင်ငံမှာ လက်ထပ်ထိမ်းမြား မှတ်ပုံတင်မှု စံချိန်တင် ကျဆင်း

 640

ရောင်နီ (NP News) - နိုဝင်ဘာ ၄

လူဦးရေ လျော့နည်းကျဆင်းလာမှုကို မြှင့်တင်ဖို့ အစီအမံအချို့ ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ၂၀၂၄ ခုနှစ် ပထမ ကိုးလအတွင်းမှာပဲ လက်ထပ်ထိမ်းမြား မှတ်ပုံတင်မှု စံချိန်တင် ကျဆင်းသွားခဲ့တယ်လို့ အရပ်ဘက်ရေးရာဝန်ကြီး ဌာနရဲ့တရားဝင်အချက်အလက်များအရ သိရပါတယ်။

ယခုနှစ် ပထမသုံးလပတ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုံတွဲပေါင်း ၄.၇၄၇ သန်း လက်ထပ် မှတ်ပုံတင်ခဲ့ ပါတယ်။ ဒါဟာ တစ်နှစ်ထက်တစ်နှစ် ၉၄၃,၀၀၀ ထက်မနည်း လျော့ကျသွားတာဖြစ်တယ်လို့ ရိုက်တာသတင်းရဲ့ တွက်ချက်မှုအရ သိရပါတယ်။ စီးပွားရေးအတွက် ပူပင်မှုနဲ့ နိုင်ငံတစ်ဝှမ်း လူနေမှုစရိတ်တွေ မြင့်တက်လာခြင်း ကြောင့် လူငယ်စုံတွဲတွေဟာ အိမ်ထောင်ပြုဖို့ မစဉ်းစားချင်ကြတော့ပါဘူး။

ကွာရှင်းမှုတွေကတော့ ပြန်လည်ပြင်ဆင်ထားတဲ့ဥပဒေကြမ်းကြောင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ကွာရှင်းမှုပေါင်း ၁.၉၆၇ သန်းသာ စာရင်းသွင်းနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၆,၀၀၀ ထိ ကျဆင်းသွားတယ်လို့ အချက်အလက်များအရ သိရပါတယ်။ ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံတစ်ဝှမ်းမှာ ကလေးမွေးဖွားမှုနှုန်း ဒုတိယ နှစ်မြောက် ကျဆင်းနေခြင်းကြောင့် တရုတ်လူငယ်တွေနဲ့ပတ်သက်ပြီး ခေတ်သစ်အိမ်ထောင်ရေးနဲ့ ကလေးမွေးဖွား မှု ယဉ်ကျေးမှုဖန်တီးဖို့ ပရောဂျက်တွေကို မြို့ကြီးတွေမှာ အစပျိုးမှုလုပ်ဆောင်ဖို့ အစိုးရကို တွန်းအားပေးထား ပါတယ်။

Zawgyi Version;
၂၀၂၄ ခုႏွစ္ ပထမ ကိုးလအတြင္း တ႐ုတ္ႏိုင္ငံမွာ လက္ထပ္ထိမ္းျမား မွတ္ပုံတင္မႈ စံခ်ိန္တင္ က်ဆင္း
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄

လူဦးေရ ေလ်ာ့နည္းက်ဆင္းလာမႈကို ျမႇင့္တင္ဖို႔ အစီအမံအခ်ိဳ႕ ထုတ္ျပန္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံဟာ ၂၀၂၄ ခုႏွစ္ ပထမ ကိုးလအတြင္းမွာပဲ လက္ထပ္ထိမ္းျမား မွတ္ပုံတင္မႈ စံခ်ိန္တင္ က်ဆင္းသြားခဲ့တယ္လို႔ အရပ္ဘက္ေရးရာဝန္ႀကီး ဌာနရဲ႕တရားဝင္အခ်က္အလက္မ်ားအရ သိရပါတယ္။

ယခုႏွစ္ ပထမသုံးလပတ္အတြင္း တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ စုံတြဲေပါင္း ၄.၇၄၇ သန္း လက္ထပ္ မွတ္ပုံတင္ခဲ့ ပါတယ္။ ဒါဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ၉၄၃,၀၀၀ ထက္မနည္း ေလ်ာ့က်သြားတာျဖစ္တယ္လို႔ ႐ိုက္တာသတင္းရဲ႕ တြက္ခ်က္မႈအရ သိရပါတယ္။ စီးပြားေရးအတြက္ ပူပင္မႈနဲ႔ ႏိုင္ငံတစ္ဝွမ္း လူေနမႈစရိတ္ေတြ ျမင့္တက္လာျခင္း ေၾကာင့္ လူငယ္စုံတြဲေတြဟာ အိမ္ေထာင္ျပဳဖို႔ မစဥ္းစားခ်င္ၾကေတာ့ပါဘူး။

ကြာရွင္းမႈေတြကေတာ့ ျပန္လည္ျပင္ဆင္ထားတဲ့ဥပေဒၾကမ္းေၾကာင့္ ၂၀၂၄ ခုႏွစ္ ပထမသုံးလပတ္အတြင္း ကြာရွင္းမႈေပါင္း ၁.၉၆၇ သန္းသာ စာရင္းသြင္းႏိုင္ခဲ့ၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ ၆,၀၀၀ ထိ က်ဆင္းသြားတယ္လို႔ အခ်က္အလက္မ်ားအရ သိရပါတယ္။ ယခုႏွစ္အေစာပိုင္းက တ႐ုတ္ႏိုင္ငံတစ္ဝွမ္းမွာ ကေလးေမြးဖြားမႈႏႈန္း ဒုတိယ ႏွစ္ေျမာက္ က်ဆင္းေနျခင္းေၾကာင့္ တ႐ုတ္လူငယ္ေတြနဲ႔ပတ္သက္ၿပီး ေခတ္သစ္အိမ္ေထာင္ေရးနဲ႔ ကေလးေမြးဖြား မႈ ယဥ္ေက်းမႈဖန္တီးဖို႔ ပေရာဂ်က္ေတြကို ၿမိဳ႕ႀကီးေတြမွာ အစပ်ိဳးမႈလုပ္ေဆာင္ဖို႔ အစိုးရကို တြန္းအားေပးထား ပါတယ္။

Related news

© 2021. All rights reserved.