တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်

 338

ချယ်ရီ (NP News) - နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို မီးပုံးပျံအလုံးရေ(၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ စီမံပြန်ကြားရေး မီးပုံးပျံပညာရှင် ဦးစိုင်းအောင်မျိုးက NP News ကို ပြောသည်။

၂၀၂၄ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာမည့် နိုဝင်ဘာလ (၉)ရက်မှ (၁၅) ရက်အထိ (၇)ရက်တိုင်တိုင် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ တာဝတိံသာရှိ စူဠာမုနိဘုရားကို မီးပူဇော်ခြင်းအားဖြင့် ဘေး အန္တရာယ်ကင်းရှင်းခြင်းနှင့် ကံတက်စေသည့် အဓိပ္ပာယ်ဖြင့် ယခုအချိန်အထိ ခေတ်အဆက်ဆက်လုပ်ဆောင်လာသော မီးပုံးပျံလွှတ်တင်သည့် ရိုးရာဓလေ့ထုံးစံတစ်ခု ဖြစ်ကြောင်း သိရသည်။

“ညလွှတ်မီးပုံးပျံ(မီးကျည်)က (၂၆)လုံး၊ စိန်နားပန်မီးပုံးပျံက (၂၁)လုံးပေါ့။ ပြိုင်ပွဲမှာ အားလုံးပေါင်း (၄၇)လုံး လွှတ်မှာပေါ့။ နေ့လွှတ်မှာ ခြေ(၂)ချောင်းက (၁၄၇)လုံး၊ ခြေလေးချောင်းက အလုံး(၄၀)၊ အုပ်စုက (၂၂)လုံးပေါ့။ အဲဒီတော့ နေ့လွှတ်က အားလုံးပေါင်း (၂၀၉)လုံးပါ။ ပြီးတော့ ကျွန်တော်တို့ ဖွင့်ပွဲ၊ ပိတ်ပွဲမှာက (၁)လုံးစီ လွှတ်မှာပေါ့နော်။ ပြီးရင် စူဠာမုနိဘုရားမှာ (၁)လုံးနဲ့ဆိုတော့ ညလွှတ်က အလုံး(၅၀)၊ နေ့လွှတ်က (၂၀၉)လုံးဆိုရင် ဒီတစ်နှစ်(၂၀၂၄)ခုနှစ်မှာ အားလုံးပေါင်း (၂၅၉)လုံးပေါ့။ ဒီတစ်နှစ်ကတော့ ယမ်းပိုင်းဆိုင်ရာမှာ ထူးဆန်းပြောင်းလဲတာတွေတော့ ပါမယ်ပေါ့။ ဒါကျတော့ ကျွန်တော်တို့က နှုတ်နဲ့မပြောဘဲ လာရောက်ကြည့်ရှုမှပဲ မျက်မြင်ပရိတ်သတ်တွေက အံ့အားသင့်စရာလေးတွေ တွေ့မှာပေါ့ အဲဒီလိုလေးပေါ့”ဟု ဦးစိုင်းအောင်မျိုးက ပြောပြသည်။

ကိုဗစ်ကပ်ရောဂါမဖြစ်ပွားခင် ကာလများတွင် (၂၅)ပေအမြင့်ရှိသောမီးပုံးပျံများကို ယမ်းပိဿာချိန် (၄၀)ဖြင့် လွှတ်တင်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်ကာ ပွဲတော်ဖြစ်မြောက်ရေးအတွက်ကိုသာ ရှေးရှု၍ ရက်နီးကပ်ပြီးမှ စီစဉ်ဖြစ်သည့်အတွက် လာရောက်သူအားလုံးကို ဘေးအန္တရာယ် ကင်းရှင်းစွာနှင့် အောင်အောင် မြင်မြင်လွှတ်တင်နိုင်ရေးအတွက်ကိုသာ အဓိကထားရှိခြင်းကြောင့် အမြင့်ပေ (၂၂)ပေနှင့် ယမ်းပိဿာချိန် (၂၅)ပိဿာကိုသာ အသုံးပြု လွှတ်တင်ခဲ့ကြောင်း သိရသည်။

နေ့ပိုင်းတွင် နေ့လွှတ်မီးပုံးပျံများကို နေ့စဉ် နေ့လည် (၁၂)နာရီမှ ညနေ (၄)နာရီအချိန်အထိ ကလေးသူငယ်၊ ကျောင်းသားအရွယ်များ ကြိုက်နှစ်သက်သည့် သက်ရှိအရုပ်လေးများဖြင့် ထူးထူးခြားခြား ပြသလွှတ်တင်သွားမည်ဖြစ်ပြီး ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံပျံများကို ည(၆)နာရီမှ ပွဲစဉ်ပြီးဆုံးသည်အထိ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီတစ်နှစ်တော့ နိုင်ငံတော်ဝန်ကြီးချုပ်အထိတောင် လာမယ်ထင်တယ်။ ဒီတစ်နှစ်တော့ တော်တော်လေးပြင်ဆင်နေတာ တွေ့ရတော့လေ။ ဒါတော့ ကျွန်တော်တို့လည်း မပြောတတ်ဘူးပေါ့နော်။ ဖြစ်နိုင်တာ၊ ပြင်ဆင်နေတာ၊ လုပ်နေတာကတော့ တော်တော်ကြီးကြီးမားမားတွေ လုပ်နေတာဆိုတော့ ကျွန်တော့်အထင် နိုင်ငံတော်အဆင့်အထိ လာမယ်ပေါ့။ ပြီးတော့ ဒီနှစ်က နိုင်ငံခြားသား ဧည့်သည်တွေလည်းပါမယ်။ ဒီတစ်နှစ်က ဒြပ်မဲ့ယဉ်ကျေးမှုတို့ကိုလည်း တင်သွင်းမှာဆိုတော့ ဒါက မြန်မာနိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု နောက်တစ်ခုပေါ့ ဒီမီးပုံးပျံပွဲကို တင်သွင်းမယ်လို့လည်း ကြားသိထားရတယ်ပေါ့ ဒီရှမ်းပြည်နယ်အစိုးရကနေ လုပ်ဆောင်မှုရှိတယ်ပေါ့” ဟု ဦးစိုင်းအောင်မျိုးက NP News ကို ပြောသည်။

လက်ရှိတွင် တန်ဆောင်တိုင်ပွဲတော်ရက်နီးလာသည်နှင့်တကွ တောင်ကြီးမြို့ပေါ်၌ ယာဉ်များနှင့်ပတ်သက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသော ကားများ၊ အဓိကအားဖြင့် ဆိုင်ကယ်များကို စိစစ်ကာ လုံခြုံရေးပိုင်းကို အလေးထား ဆောင်ရွက်နေကြောင်း သိရသည်။ ယခုကျင်းပမည်ဖြစ်သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် (၂၀၂၀) ပြည့်နှစ်မှစတင်ကာ (၃)နှစ်ကြာ ရပ်နားထားခဲ့ရပြီး ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

zawgyi version
ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကို မီးပုံးပ်ံအလုံးေရ (၃၀၀၀)ေက်ာ္ျဖင့္ လႊတ္တင္ဖြင့္လွစ္သြားမည္
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၇

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕တြင္က်င္းပမည့္ ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ကို မီးပုံးပ်ံအလုံးေရ(၃၀၀၀)ေက်ာ္ျဖင့္ လႊတ္တင္ဖြင့္လွစ္သြားမည္ျဖစ္ ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း ႐ိုးရာမီးပုံးပ်ံပညာရွင္မ်ားအသင္းမွ စီမံျပန္ၾကားေရး မီးပုံးပ်ံပညာရွင္ ဦးစိုင္းေအာင္မ်ိဳးက NP News ကို ေျပာသည္။

၂၀၂၄ ခုႏွစ္၊ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကို လာမည့္ ႏိုဝင္ဘာလ (၉)ရက္မွ (၁၅) ရက္အထိ (၇)ရက္တိုင္တိုင္ ေတာင္ႀကီးၿမိဳ႕ရွိ အေဝရာမီးပုံးပ်ံကြင္းတြင္ က်င္းပသြားမည္ျဖစ္ၿပီး ရည္႐ြယ္ခ်က္မွာ တာဝတႎသာရွိ စူဠာမုနိဘုရားကို မီးပူေဇာ္ျခင္းအားျဖင့္ ေဘး အႏၲရာယ္ကင္းရွင္းျခင္းႏွင့္ ကံတက္ေစသည့္ အဓိပၸာယ္ျဖင့္ ယခုအခ်ိန္အထိ ေခတ္အဆက္ဆက္လုပ္ေဆာင္လာေသာ မီးပုံးပ်ံလႊတ္တင္သည့္ ႐ိုးရာဓေလ့ထုံးစံတစ္ခု ျဖစ္ေၾကာင္း သိရသည္။

“ညလႊတ္မီးပုံးပ်ံ(မီးက်ည္)က (၂၆)လုံး၊ စိန္နားပန္မီးပုံးပ်ံက (၂၁)လုံးေပါ့။ ၿပိဳင္ပြဲမွာ အားလုံးေပါင္း (၄၇)လုံး လႊတ္မွာေပါ့။ ေန႔လႊတ္မွာ ေျခ(၂)ေခ်ာင္းက (၁၄၇)လုံး၊ ေျခေလးေခ်ာင္းက အလုံး(၄၀)၊ အုပ္စုက (၂၂)လုံးေပါ့။ အဲဒီေတာ့ ေန႔လႊတ္က အားလုံးေပါင္း (၂၀၉)လုံးပါ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဖြင့္ပြဲ၊ ပိတ္ပြဲမွာက (၁)လုံးစီ လႊတ္မွာေပါ့ေနာ္။ ၿပီးရင္ စူဠာမုနိဘုရားမွာ (၁)လုံးနဲ႔ဆိုေတာ့ ညလႊတ္က အလုံး(၅၀)၊ ေန႔လႊတ္က (၂၀၉)လုံးဆိုရင္ ဒီတစ္ႏွစ္(၂၀၂၄)ခုႏွစ္မွာ အားလုံးေပါင္း (၂၅၉)လုံးေပါ့။ ဒီတစ္ႏွစ္ကေတာ့ ယမ္းပိုင္းဆိုင္ရာမွာ ထူးဆန္းေျပာင္းလဲတာေတြေတာ့ ပါမယ္ေပါ့။ ဒါက်ေတာ့ ကြၽန္ေတာ္တို႔က ႏႈတ္နဲ႔မေျပာဘဲ လာေရာက္ၾကည့္ရႈမွပဲ မ်က္ျမင္ပရိတ္သတ္ေတြက အံ့အားသင့္စရာေလးေတြ ေတြ႕မွာေပါ့ အဲဒီလိုေလးေပါ့”ဟု ဦးစိုင္းေအာင္မ်ိဳးက ေျပာျပသည္။

ကိုဗစ္ကပ္ေရာဂါမျဖစ္ပြားခင္ ကာလမ်ားတြင္ (၂၅)ေပအျမင့္ရွိေသာမီးပုံးပ်ံမ်ားကို ယမ္းပိႆာခ်ိန္ (၄၀)ျဖင့္ လႊတ္တင္ခဲ့ၾကေသာ္လည္း ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္မွ စတင္ကာ ပြဲေတာ္ျဖစ္ေျမာက္ေရးအတြက္ကိုသာ ေရွးရႈ၍ ရက္နီးကပ္ၿပီးမွ စီစဥ္ျဖစ္သည့္အတြက္ လာေရာက္သူအားလုံးကို ေဘးအႏၲရာယ္ ကင္းရွင္းစြာႏွင့္ ေအာင္ေအာင္ ျမင္ျမင္လႊတ္တင္ႏိုင္ေရးအတြက္ကိုသာ အဓိကထားရွိျခင္းေၾကာင့္ အျမင့္ေပ (၂၂)ေပႏွင့္ ယမ္းပိႆာခ်ိန္ (၂၅)ပိႆာကိုသာ အသုံးျပဳ လႊတ္တင္ခဲ့ေၾကာင္း သိရသည္။

ေန႔ပိုင္းတြင္ ေန႔လႊတ္မီးပုံးပ်ံမ်ားကို ေန႔စဥ္ ေန႔လည္ (၁၂)နာရီမွ ညေန (၄)နာရီအခ်ိန္အထိ ကေလးသူငယ္၊ ေက်ာင္းသားအ႐ြယ္မ်ား ႀကိဳက္ႏွစ္သက္သည့္ သက္ရွိအ႐ုပ္ေလးမ်ားျဖင့္ ထူးထူးျခားျခား ျပသလႊတ္တင္သြားမည္ျဖစ္ၿပီး ညပိုင္းတြင္ ညမီးႀကီးႏွင့္ စိန္နားပန္မီးပုံပ်ံမ်ားကို ည(၆)နာရီမွ ပြဲစဥ္ၿပီးဆုံးသည္အထိ လႊတ္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဒီတစ္ႏွစ္ေတာ့ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အထိေတာင္ လာမယ္ထင္တယ္။ ဒီတစ္ႏွစ္ေတာ့ ေတာ္ေတာ္ေလးျပင္ဆင္ေနတာ ေတြ႕ရေတာ့ေလ။ ဒါေတာ့ ကြၽန္ေတာ္တို႔လည္း မေျပာတတ္ဘူးေပါ့ေနာ္။ ျဖစ္ႏိုင္တာ၊ ျပင္ဆင္ေနတာ၊ လုပ္ေနတာကေတာ့ ေတာ္ေတာ္ႀကီးႀကီးမားမားေတြ လုပ္ေနတာဆိုေတာ့ ကြၽန္ေတာ့္အထင္ ႏိုင္ငံေတာ္အဆင့္အထိ လာမယ္ေပါ့။ ၿပီးေတာ့ ဒီႏွစ္က ႏိုင္ငံျခားသား ဧည့္သည္ေတြလည္းပါမယ္။ ဒီတစ္ႏွစ္က ျဒပ္မဲ့ယဥ္ေက်းမႈတို႔ကိုလည္း တင္သြင္းမွာဆိုေတာ့ ဒါက ျမန္မာႏိုင္ငံရဲ႕ ျဒပ္မဲ့ယဥ္ေက်းမႈ ေနာက္တစ္ခုေပါ့ ဒီမီးပုံးပ်ံပြဲကို တင္သြင္းမယ္လို႔လည္း ၾကားသိထားရတယ္ေပါ့ ဒီရွမ္းျပည္နယ္အစိုးရကေန လုပ္ေဆာင္မႈရွိတယ္ေပါ့” ဟု ဦးစိုင္းေအာင္မ်ိဳးက NP News ကို ေျပာသည္။

လက္ရွိတြင္ တန္ေဆာင္တိုင္ပြဲေတာ္ရက္နီးလာသည္ႏွင့္တကြ ေတာင္ႀကီးၿမိဳ႕ေပၚ၌ ယာဥ္မ်ားႏွင့္ပတ္သက္၍ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ ကိုက္ညီမႈမရွိေသာ ကားမ်ား၊ အဓိကအားျဖင့္ ဆိုင္ကယ္မ်ားကို စိစစ္ကာ လုံၿခဳံေရးပိုင္းကို အေလးထား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ယခုက်င္းပမည္ျဖစ္ေသာ ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္မွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ (၂၀၂၀) ျပည့္ႏွစ္မွစတင္ကာ (၃)ႏွစ္ၾကာ ရပ္နားထားခဲ့ရၿပီး ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္တြင္ ျပန္လည္က်င္းပခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.