ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
7628
ယွန်း (NP News) - နိုဝင်ဘာ ၈
ပြည်တွင်းထုတ်လုပ်မှုကို ရေတို၊ ရေရှည်ပုံစံမျိုးဖြင့် ဆောင်ရွက်သင့်ပြီး ကုန်သွယ်ရေးနှင့် စီးပွားရေး သတ်မှတ်ချက်များကြောင့် ကုန်ဈေးနှုန်းထပ်မံတက် နိုင်သည့် အခြေအနေတွင်ရှိနေကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပင်လယ်ရေကြောင်းမှ ပို့ကုန်ပစ္စည်း အားလုံးနှင့် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့သည့် ဆီထွက်သီးနှံ(မြေပဲ၊နှမ်း) အပါအဝင် ကုန်စည်(၈)မျိုးကို ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ ပို့ကုန်ရငွေ၏ (၂၅)ရာခိုင်နှုန်းလဲလှယ်အသုံးပြုရမည့် ကုန်စည်အဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ကုန်စည်(၈)မျိုးအပြင် ပဲမျိုးစုံ၊ ကြက်သွန်ဖြူ၊ နီနှင့် သစ်သီးမျိုးစုံ/သီးနှံမျိုးစုံတို့ကို လည်း ထပ်တိုး၍ ပို့ကုန်ရငွေ၏ (၂၅) ရာခိုင်နှုန်းလဲ လှယ်ခြင်းကို နိုဝင်ဘာ(၁)ရက်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ(၃၀)ရက်က အသိ ပေးထားသည်။
‘အားလုံးကတော့ ၁၀ဝ% မပေးရင် အခက်အခဲ ကတော့ရှိတယ်။ ရောင်းလိုက်တဲ့ပိုက်ဆံတွေကို အစိုးရက ၂၁၀ဝ (ကျပ်)နဲ့ဖြတ်လိုက်တဲ့အချိန်မှာ တစ်ကြိမ်ရှုံးတယ်။ တကယ်က အဲဒီလူတွေက ပစ္စည်းအပြင်မှာ ပြန်ဝယ်ရရင် အပြင် ပေါက်ဈေးနဲ့ဝယ်ရတာ။ အဲဒီတော့ ၂၅% ဆိုတာလည်းမရှိသင့်တော့ဘူး။ အမှန် တော့ ၁၀ဝ% အားလုံးကိုဖြေ လျှော့သင့်ပြီ။ (၆)လ အတွင်းမှာ Export ဘယ်လောက်ရတယ်ဆိုပြီး သူတို့ပြောနေတာတွေရှိတော့ တကယ် တော့ဖြေလျှော့သင့်တယ်’ဟု ပို့ကုန်လုပ်ငန်းရှင်ကြီးတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး၌ အသုံးပြုနေသည့် နယ်စပ်ဂိတ်အချို့ကို တရုတ် ဘက်မှ ပိတ်ထားသည့်အပြင် ပို့ကုန်ရငွေပြနိုင်မှသာ သွင်းကုန်လိုင်စင်ရရှိမည်ဆိုသည့် သတ်မှတ်ချက်များ ကြောင့် ပြည်တွင်း၌ ကုန်ဈေးနှုန်းများတက်လာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ပြည်တွင်း၌ ထုတ်ကုန်ပစ္စည်းလုံလောက်စွာ မရှိသည့်အတွက် ပြည်ပတင်သွင်းကုန်များကိုသာ အားထားနေရသည့် အခြေအနေ၌ နိုင်ငံတော်အနေဖြင့် ပြည်တွင်း ထုတ် လုပ်မှုကို ရေတို၊ ရေရှည်အစီအစဉ်များဖြင့် ဆောင်ရွက်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုထားသည်။
‘ကျွန်တော်တို့နိုင်ငံက ၁၀ဝ% ပြည်တွင်းမှာ ထုတ်နိုင်တဲ့နိုင်ငံမဟုတ်ဘူး။ စားသောက်ကုန်ရဲ့ အချောထည် အများစုတောင်မှ တချို့ဟာတွေက Import ပေါ်မှီနေရတဲ့ဟာတွေရှိတယ်။ ဥပမာ- အချိုမှုန့်လိုဟာမျိုးတွေ၊ သကြားလို ဟာမျိုးတွေက ပြည်တွင်းမှာ မလောက်လို့ တရုတ်ကနေပြန်သွင်းရ အောင်တောင်လုပ်နေတာ။ နောက်ကျန်တဲ့ ငံပြာရည် တောင် အလုံအလောက်မရှိဘူး။ ကိုယ်စားဖို့ဟာ တောင် အလုံ အလောက်ထုတ်နိုင်တဲ့နိုင်ငံထဲမှာတောင် မရှိဘူး။ မရှိ တဲ့အချိန်မှာ ဒါတွေကိုလျှောက်ပိတ်တာက ကုန်ဈေး နှုန်းတက်ဖို့ပဲရှိတယ်။ တကယ်က ပြည်တွင်း ထုတ်လုပ်မှုကို ရေတို၊ ရေရှည်မျိုးနဲ့သွားသင့်တယ်။ ဘယ်ပစ္စည်းကို ဘယ်လောက်အထိတော့ ဘာလုပ်မယ်။ အဲဒီနောက်ပိုင်းကျရင်တော့ ထုတ်ဖို့ကြိုးစားပါ ဆိုပြီး ကြိုးစားရမှာ။ ဖြေလျှော့သင့်တာတွေကို ဖြေလျှော့ရမယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ သတ် မှတ်ချက်တွေကြောင့် ကုန်ဈေးနှုန်းက တက်လာမယ့် သဘောရှိတယ်။ ကုန်သွယ်ရေး၊ စီးပွားရေးမူဝါဒ အမှား တွေကြောင့် ဈေးတွေထပ်ပြီးတက်ဦးမှာလို့ ကျွန်တော်ကတော့ သုံးသပ်တယ်’ဟု စီးပွားရေးလုပ် ငန်းရှင်ကြီး တစ်ဦးက ပြောသည်။
နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းအချို့သည် ရပ်နားနေရ လျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအစား ရေလမ်းကြောင်းသို့ ပြောင်းလဲကာ ကုန်သွယ်နေရပြီး စရိတ်စခကွာဟမှုများ အပြင် နှောင့်နှေးကြန့်ကြာမှု များလည်းရှိနေကြောင်း သိရသည်။
zawgyi version
ကုန္စည္(၈)မ်ိဳးအျပင္ ေနာက္တိုး(၃)ခု ပို႔ကုန္သတ္မွတ္ခ်က္ေၾကာင့္ ကုန္ေဈးႏႈန္းထပ္မံတက္လာႏိုင္သည့္ အေျခအေနရွိေန
ယြန္း (NP News) - ႏိုဝင္ဘာ ၈
ျပည္တြင္းထုတ္လုပ္မႈကို ေရတို၊ ေရရွည္ပုံစံမ်ိဳးျဖင့္ ေဆာင္႐ြက္သင့္ၿပီး ကုန္သြယ္ေရးႏွင့္ စီးပြားေရး သတ္မွတ္ခ်က္မ်ားေၾကာင့္ ကုန္ေဈးႏႈန္းထပ္မံတက္ ႏိုင္သည့္ အေျခအေနတြင္ရွိေနေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ အသိုင္းအဝိုင္းထံမွ သိရသည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ပင္လယ္ေရေၾကာင္းမွ ပို႔ကုန္ပစၥည္း အားလုံးႏွင့္ နယ္စပ္ကုန္သြယ္မႈမွ တင္ပို႔သည့္ ဆီထြက္သီးႏွံ(ေျမပဲ၊ႏွမ္း) အပါအဝင္ ကုန္စည္(၈)မ်ိဳးကို ဗဟိုဘဏ္၏ သတ္မွတ္ခ်က္ႏွင့္အညီ ပို႔ကုန္ရေငြ၏ (၂၅)ရာခိုင္ႏႈန္းလဲလွယ္အသုံးျပဳရမည့္ ကုန္စည္အျဖစ္ သတ္မွတ္ေဆာင္႐ြက္ လ်က္ရွိ ေၾကာင္း သိရသည္။ ထို႔ျပင္ အဆိုပါ ကုန္စည္(၈)မ်ိဳးအျပင္ ပဲမ်ိဳးစုံ၊ ၾကက္သြန္ျဖဴ၊ နီႏွင့္ သစ္သီးမ်ိဳးစုံ/သီးႏွံမ်ိဳးစုံတို႔ကို လည္း ထပ္တိုး၍ ပို႔ကုန္ရေငြ၏ (၂၅) ရာခိုင္ႏႈန္းလဲ လွယ္ျခင္းကို ႏိုဝင္ဘာ(၁)ရက္မွစ၍ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေအာက္တိုဘာ(၃၀)ရက္က အသိ ေပးထားသည္။
‘အားလုံးကေတာ့ ၁၀ဝ% မေပးရင္ အခက္အခဲ ကေတာ့ရွိတယ္။ ေရာင္းလိုက္တဲ့ပိုက္ဆံေတြကို အစိုးရက ၂၁၀ဝ (က်ပ္)နဲ႔ျဖတ္လိုက္တဲ့အခ်ိန္မွာ တစ္ႀကိမ္ရႈံးတယ္။ တကယ္က အဲဒီလူေတြက ပစၥည္းအျပင္မွာ ျပန္ဝယ္ရရင္ အျပင္ ေပါက္ေဈးနဲ႔ဝယ္ရတာ။ အဲဒီေတာ့ ၂၅% ဆိုတာလည္းမရွိသင့္ေတာ့ဘူး။ အမွန္ ေတာ့ ၁၀ဝ% အားလုံးကိုေျဖ ေလွ်ာ့သင့္ၿပီ။ (၆)လ အတြင္းမွာ Export ဘယ္ေလာက္ရတယ္ဆိုၿပီး သူတို႔ေျပာေနတာေတြရွိေတာ့ တကယ္ ေတာ့ေျဖေလွ်ာ့သင့္တယ္’ဟု ပို႔ကုန္လုပ္ငန္းရွင္ႀကီးတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ တ႐ုတ္- ျမန္မာနယ္စပ္ကုန္သြယ္ေရး၌ အသုံးျပဳေနသည့္ နယ္စပ္ဂိတ္အခ်ိဳ႕ကို တ႐ုတ္ ဘက္မွ ပိတ္ထားသည့္အျပင္ ပို႔ကုန္ရေငြျပႏိုင္မွသာ သြင္းကုန္လိုင္စင္ရရွိမည္ဆိုသည့္ သတ္မွတ္ခ်က္မ်ား ေၾကာင့္ ျပည္တြင္း၌ ကုန္ေဈးႏႈန္းမ်ားတက္လာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။ ျပည္တြင္း၌ ထုတ္ကုန္ပစၥည္းလုံေလာက္စြာ မရွိသည့္အတြက္ ျပည္ပတင္သြင္းကုန္မ်ားကိုသာ အားထားေနရသည့္ အေျခအေန၌ ႏိုင္ငံေတာ္အေနျဖင့္ ျပည္တြင္း ထုတ္ လုပ္မႈကို ေရတို၊ ေရရွည္အစီအစဥ္မ်ားျဖင့္ ေဆာင္႐ြက္သင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားက အႀကံျပဳထားသည္။
‘ကြၽန္ေတာ္တို႔ႏိုင္ငံက ၁၀ဝ% ျပည္တြင္းမွာ ထုတ္ႏိုင္တဲ့ႏိုင္ငံမဟုတ္ဘူး။ စားေသာက္ကုန္ရဲ႕ အေခ်ာထည္ အမ်ားစုေတာင္မွ တခ်ိဳ႕ဟာေတြက Import ေပၚမွီေနရတဲ့ဟာေတြရွိတယ္။ ဥပမာ- အခ်ိဳမႈန႔္လိုဟာမ်ိဳးေတြ၊ သၾကားလို ဟာမ်ိဳးေတြက ျပည္တြင္းမွာ မေလာက္လို႔ တ႐ုတ္ကေနျပန္သြင္းရ ေအာင္ေတာင္လုပ္ေနတာ။ ေနာက္က်န္တဲ့ ငံျပာရည္ ေတာင္ အလုံအေလာက္မရွိဘူး။ ကိုယ္စားဖို႔ဟာ ေတာင္ အလုံ အေလာက္ထုတ္ႏိုင္တဲ့ႏိုင္ငံထဲမွာေတာင္ မရွိဘူး။ မရွိ တဲ့အခ်ိန္မွာ ဒါေတြကိုေလွ်ာက္ပိတ္တာက ကုန္ေဈး ႏႈန္းတက္ဖို႔ပဲရွိတယ္။ တကယ္က ျပည္တြင္း ထုတ္လုပ္မႈကို ေရတို၊ ေရရွည္မ်ိဳးနဲ႔သြားသင့္တယ္။ ဘယ္ပစၥည္းကို ဘယ္ေလာက္အထိေတာ့ ဘာလုပ္မယ္။ အဲဒီေနာက္ပိုင္းက်ရင္ေတာ့ ထုတ္ဖို႔ႀကိဳးစားပါ ဆိုၿပီး ႀကိဳးစားရမွာ။ ေျဖေလွ်ာ့သင့္တာေတြကို ေျဖေလွ်ာ့ရမယ္။ ႏိုင္ငံေတာ္က သတ္မွတ္ထားတဲ့ သတ္ မွတ္ခ်က္ေတြေၾကာင့္ ကုန္ေဈးႏႈန္းက တက္လာမယ့္ သေဘာရွိတယ္။ ကုန္သြယ္ေရး၊ စီးပြားေရးမူဝါဒ အမွား ေတြေၾကာင့္ ေဈးေတြထပ္ၿပီးတက္ဦးမွာလို႔ ကြၽန္ေတာ္ကေတာ့ သုံးသပ္တယ္’ဟု စီးပြားေရးလုပ္ ငန္းရွင္ႀကီး တစ္ဦးက ေျပာသည္။
ႏိုင္ငံအတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ နယ္စပ္ကုန္သြယ္ေရးစခန္းအခ်ိဳ႕သည္ ရပ္နားေနရ လ်က္ရွိၿပီး နယ္စပ္ကုန္သြယ္ေရးအစား ေရလမ္းေၾကာင္းသို႔ ေျပာင္းလဲကာ ကုန္သြယ္ေနရၿပီး စရိတ္စခကြာဟမႈမ်ား အျပင္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈ မ်ားလည္းရွိေနေၾကာင္း သိရသည္။