ဒေါ်နယ်ထရမ့် သမ္မတသက်တမ်းတွင် မြန်မာဒုက္ခသည်များ ပြန်လည်နေရာချထားခံပိုင်ခွင့်ကို အဆုံးသတ်ဖွယ်ရှိ
1344
Htay Oung (NP News) - နိုဝင်ဘာ ၉
ရွေးကောက်ခံ သမ္မတရဲ့မဲဆွယ်ကြေညာချက်တွေဟာ ကုန်သွယ်ရေး၊ ရွှေ့ပြောင်းနေထိုင်သူများအရေးတို့နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့တင်းကြပ်တဲ့စည်းမျဉ်းများကို သတိပေးသလိုဖြစ်နေတဲ့အတွက် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက စိုးရိမ်ပူပန်နေကြတယ်လို့ ထိုင်းနိုင်ငံထုတ် “နေးရှင်း” သတင်းစာ က နိုဝင်ဘာလ ၈ ရက်မှာ ရေးသားခဲ့ပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရန့်ဟာ နိုင်ငံရဲ့ ၄၇ ယောက်မြောက်သမ္မတအဖြစ် ဗုဒ္ဓဟူးနေ့မှာ ရွေးချယ်ခံရပြီးနောက် ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှာ လက်ရှိနေထိုင်လျက်ရှိတဲ့ မြန်မာဒုက္ခသည်များ အတွက် ပြန်လည်နေရာချထားရေးအစီအစဉ်ကို အမေရိကန်က ဖျက်သိမ်းပစ်နိုင်တယ်လို့ လူ့အခွင့်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
အမြဲတန်းနေထိုင်ခွင့်ပေးထားရတဲ့ (မြန်မာ) လူမျိုးစု ဒုက္ခသည် ၆၀,၀၀၀ ခန့်ကို တတိယနိုင်ငံသို့ ရွှေ့ပြောင်း ပေးပြီး အဆိုပါစခန်းများကို ဖျက်သိမ်းပစ်ဖို့ ဘန်ကောက်က ရည်မှန်းထားပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံနဲ့ ဒီမိုကရက်တစ် ပါတီ ဦးဆောင်နေချိန် အမေရိကန်အစိုးရတို့အကြား ယခင်က ဆွေးနွေးခဲ့ကြဖူးပါတယ်။
အင်္ဂါနေ့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်များ ရှုံးနိမ့်သွားပြီး သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ဟာ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို ဦးစားပေးလေ့မရှိကြောင်း၊ အမေရိကန်အနေနဲ့ အဲဒီအစီအစဉ်ကို ဖျက်သိမ်း ပစ်တဲ့အထိတောင်ဖြစ်နိုင်တယ်လို့ အာရှလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာ (AHRLA) ဒါရိုက်တာ ဖိလစ်ရောဘတ်ဆန်က မှတ်ချက်ပေးပါတယ်။
အစိုးရအဖွဲ့ကို ဒေါ်နယ်ထရမ့် ဦးဆောင်နေစဉ် နိုင်ငံခြားမှတင်သွင်းတဲ့ ကုန်ပစ္စည်းများအပေါ် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခြင်းဖြင့် ကုန်သွယ်မှုကာကွယ်ရေးမူဝါဒကို အကောင်အထည်ဖော်လိမ့်မယ်လို့ ကြာသပတေးနေ့ “ကရွန်သက်_တူရာ့ဂျ်” သတင်းစာနဲ့တွေ့ဆုံစဉ် ရော်ဘင်ဆန်က ပြောပါတယ်။
ဒီကိစ္စဟာ အမေရိကန်က အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံအတွက် ပို့ကုန်ကဏ္ဍအပေါ်သက်ရောက် မှု ရှိနိုင်တယ်လို့လည်း သတိပေးပါတယ်။
အမေရိကန်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည့်တိုင် အမေရိကန်နိုင်ငံသား မဟုတ်သူများကို ဖမ်းဆီးခြင်း နဲ့ ပြည်နှင်ဒဏ်ပေးခြင်းပုံစံမျိုးတို့နဲ့ မဲဆွယ်ခဲ့တဲ့အတိုင်း အဲဒီမူဝါဒများကို အကောင်အထည်ဖော်မယ်ဆိုလျှင် အမေရိကန်မှာ ပရမ်းပတာ (သို့မဟုတ်) ပဋိပက္ခများဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
နိုင်ငံခြားသားတွေ အထူးသဖြင့် လက်တင်အမေရိကနိုင်ငံသားတွေဟာ ပြန်ပို့ခံရနိုင်ကြောင်း၊ အထူးသဖြင့် အသက်ကြီးတဲ့ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပြန်ပို့ခံရနိုင်ကြောင်း၊ အမေရိကန်မှာမွေးပြီး အမေရိကန်နိုင်ငံသား ဖြစ်ခွင့် အလိုလျောက်ရရှိထားတဲ့ ကလေးတွေဟာ နိုင်ငံတွင်းမှာ ဆက်လက်ကျန်ရှိနေနိုင်ကြောင်း၊ အဲဒီလို ပြည်နှင် ဒဏ်ပေးခြင်းမျိုးဟာ မိသားစုတစ်ကွဲတစ်ပြားစီဖြစ်ရခြင်းဆီသို့ ဦးတည်သွားစေနိုင်ပြီး အစိုးရအာဏာပိုင်များနဲ့ ပြည်သူတို့အကြား၊ ပြည်နယ်တစ်ခုနဲ့တစ်ခုအကြား အထူးသဖြင့် ဒီမိုကရက်တစ်တို့ အုပ်ချုပ်ရေးမှူးများဖြစ်နေတဲ့ ပြည်နယ်တို့အကြားမှာ ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားစေနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်အနေနဲ့ အဲဒီလို ဆန့်ကျင် ကပ်ဖဲ့လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးများကို အပြစ်ပေးရန် ကိရိယာများအဖြစ် တရားရေးဌာနကို အသုံးပြုနိုင်ကြောင်း၊ နောက်ဆက်တွဲ တရားစီရင်ရေးမဏ္ဍိုင်မှာလည်း ဝင်ရောက်စွက်ဖက်လာနိုင်ကြောင်း၊ ထရမ့်ဟာ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်အပေါ် ကန့်သတ်တဲ့မူဝါဒများကို အကောင်အထည်ဖော်နိုင်ပြီး အမေရိကန်နိုင်ငံမှာ အမျိုးသမီး အဖွဲ့များရဲ့ကန့်ကွက်မှုများ (သို့မဟုတ်) မကြုံစဖူး ဝရုန်းသုန်းကားအခြေအနေမျိုး ဖြစ်ပေါ်လာနိုင်တယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးကာကွယ်စောင့်ရှောက်မှုဆိုင်ရာဒါရိုက်တာ ဖိလစ်ရော်ဘင်ဆန်က ပြောပါ တယ်။
#ဒေါ်နယ်ထရမ့်သမ္မတသက်တမ်း #ထိုင်းနိုင်ငံ #မြန်မာဒုက္ခသည်များ
(The Nations., 8 November 2024,” Trump presidency may end resettlement of Myanmar refugees” ကို #HtayOung, #OungMarine ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Zawgyi Version;
ေဒၚနယ္ထရမ့္ သမၼတသက္တမ္းတြင္ ျမန္မာဒုကၡသည္မ်ား ျပန္လည္ေနရာခ်ထားခံပိုင္ခြင့္ကို အဆုံးသတ္ဖြယ္ရွိ
Htay Oung (NP News) - ႏိုဝင္ဘာ ၉
ေ႐ြးေကာက္ခံ သမၼတရဲ႕မဲဆြယ္ေၾကညာခ်က္ေတြဟာ ကုန္သြယ္ေရး၊ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအေရးတို႔နဲ႔ ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံရဲ႕တင္းၾကပ္တဲ့စည္းမ်ဥ္းမ်ားကို သတိေပးသလိုျဖစ္ေနတဲ့အတြက္ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ားက စိုးရိမ္ပူပန္ေနၾကတယ္လို႔ ထိုင္းႏိုင္ငံထုတ္ “ေနးရွင္း” သတင္းစာ က ႏိုဝင္ဘာလ ၈ ရက္မွာ ေရးသားခဲ့ပါတယ္။
ရီပတ္ဘလစ္ကန္သမၼတေလာင္း ေဒၚနယ္ထရန႔္ဟာ ႏိုင္ငံရဲ႕ ၄၇ ေယာက္ေျမာက္သမၼတအျဖစ္ ဗုဒၶဟူးေန႔မွာ ေ႐ြးခ်ယ္ခံရၿပီးေနာက္ ထိုင္းႏိုင္ငံနယ္စပ္ရွိ ဒုကၡသည္စခန္းမ်ားမွာ လက္ရွိေနထိုင္လ်က္ရွိတဲ့ ျမန္မာဒုကၡသည္မ်ား အတြက္ ျပန္လည္ေနရာခ်ထားေရးအစီအစဥ္ကို အေမရိကန္က ဖ်က္သိမ္းပစ္ႏိုင္တယ္လို႔ လူ႔အခြင့္အေရး ကြၽမ္းက်င္သူတစ္ဦးက ေျပာပါတယ္။
အၿမဲတန္းေနထိုင္ခြင့္ေပးထားရတဲ့ (ျမန္မာ) လူမ်ိဳးစု ဒုကၡသည္ ၆၀,၀၀၀ ခန႔္ကို တတိယႏိုင္ငံသို႔ ေ႐ႊ႕ေျပာင္း ေပးၿပီး အဆိုပါစခန္းမ်ားကို ဖ်က္သိမ္းပစ္ဖို႔ ဘန္ေကာက္က ရည္မွန္းထားပါတယ္။ ဒီအတြက္ ထိုင္းႏိုင္ငံနဲ႔ ဒီမိုကရက္တစ္ ပါတီ ဦးေဆာင္ေနခ်ိန္ အေမရိကန္အစိုးရတို႔အၾကား ယခင္က ေဆြးေႏြးခဲ့ၾကဖူးပါတယ္။
အဂၤါေန႔ ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္မ်ား ရႈံးနိမ့္သြားၿပီး သမၼတအျဖစ္ ေ႐ြးေကာက္ခံရတဲ့ ေဒၚနယ္ထရမ့္ဟာ လူ႔အခြင့္အေရးဆိုင္ရာ ျပႆနာမ်ားကို ဦးစားေပးေလ့မရွိေၾကာင္း၊ အေမရိကန္အေနနဲ႔ အဲဒီအစီအစဥ္ကို ဖ်က္သိမ္း ပစ္တဲ့အထိေတာင္ျဖစ္ႏိုင္တယ္လို႔ အာရွလူ႔အခြင့္အေရးနဲ႔ အလုပ္သမားေရးကာကြယ္ေစာင့္ေရွာက္မႈဆိုင္ရာ (AHRLA) ဒါ႐ိုက္တာ ဖိလစ္ေရာဘတ္ဆန္က မွတ္ခ်က္ေပးပါတယ္။
အစိုးရအဖြဲ႕ကို ေဒၚနယ္ထရမ့္ ဦးေဆာင္ေနစဥ္ ႏိုင္ငံျခားမွတင္သြင္းတဲ့ ကုန္ပစၥည္းမ်ားအေပၚ အနည္းဆုံး ၁၀ ရာခိုင္ႏႈန္း အခြန္စည္းၾကပ္ျခင္းျဖင့္ ကုန္သြယ္မႈကာကြယ္ေရးမူဝါဒကို အေကာင္အထည္ေဖာ္လိမ့္မယ္လို႔ ၾကာသပေတးေန႔ “က႐ြန္သက္_တူရာ့ဂ်္” သတင္းစာနဲ႔ေတြ႕ဆုံစဥ္ ေရာ္ဘင္ဆန္က ေျပာပါတယ္။
ဒီကိစၥဟာ အေမရိကန္က အႀကီးဆုံး ပို႔ကုန္ေဈးကြက္ျဖစ္ေနတဲ့ ထိုင္းႏိုင္ငံအတြက္ ပို႔ကုန္က႑အေပၚသက္ေရာက္ မႈ ရွိႏိုင္တယ္လို႔လည္း သတိေပးပါတယ္။
အေမရိကန္မွာ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့သူျဖစ္သည့္တိုင္ အေမရိကန္ႏိုင္ငံသား မဟုတ္သူမ်ားကို ဖမ္းဆီးျခင္း နဲ႔ ျပည္ႏွင္ဒဏ္ေပးျခင္းပုံစံမ်ိဳးတို႔နဲ႔ မဲဆြယ္ခဲ့တဲ့အတိုင္း အဲဒီမူဝါဒမ်ားကို အေကာင္အထည္ေဖာ္မယ္ဆိုလွ်င္ အေမရိကန္မွာ ပရမ္းပတာ (သို႔မဟုတ္) ပဋိပကၡမ်ားျဖစ္ေပၚလာႏိုင္တယ္လို႔ ခန႔္မွန္းပါတယ္။
ႏိုင္ငံျခားသားေတြ အထူးသျဖင့္ လက္တင္အေမရိကႏိုင္ငံသားေတြဟာ ျပန္ပို႔ခံရႏိုင္ေၾကာင္း၊ အထူးသျဖင့္ အသက္ႀကီးတဲ့ေ႐ႊ႕ေျပာင္းေနထိုင္သူေတြဟာ ျပန္ပို႔ခံရႏိုင္ေၾကာင္း၊ အေမရိကန္မွာေမြးၿပီး အေမရိကန္ႏိုင္ငံသား ျဖစ္ခြင့္ အလိုေလ်ာက္ရရွိထားတဲ့ ကေလးေတြဟာ ႏိုင္ငံတြင္းမွာ ဆက္လက္က်န္ရွိေနႏိုင္ေၾကာင္း၊ အဲဒီလို ျပည္ႏွင္ ဒဏ္ေပးျခင္းမ်ိဳးဟာ မိသားစုတစ္ကြဲတစ္ျပားစီျဖစ္ရျခင္းဆီသို႔ ဦးတည္သြားေစႏိုင္ၿပီး အစိုးရအာဏာပိုင္မ်ားနဲ႔ ျပည္သူတို႔အၾကား၊ ျပည္နယ္တစ္ခုနဲ႔တစ္ခုအၾကား အထူးသျဖင့္ ဒီမိုကရက္တစ္တို႔ အုပ္ခ်ဳပ္ေရးမႉးမ်ားျဖစ္ေနတဲ့ ျပည္နယ္တို႔အၾကားမွာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ား ျဖစ္ပြားေစႏိုင္ေၾကာင္း၊ ေဒၚနယ္ထရမ့္အေနနဲ႔ အဲဒီလို ဆန႔္က်င္ ကပ္ဖဲ့လုပ္ေနတဲ့ အုပ္ခ်ဳပ္ေရးမႉးမ်ားကို အျပစ္ေပးရန္ ကိရိယာမ်ားအျဖစ္ တရားေရးဌာနကို အသုံးျပဳႏိုင္ေၾကာင္း၊ ေနာက္ဆက္တြဲ တရားစီရင္ေရးမ႑ိဳင္မွာလည္း ဝင္ေရာက္စြက္ဖက္လာႏိုင္ေၾကာင္း၊ ထရမ့္ဟာ အမ်ိဳးသမီးမ်ား ကိုယ္ဝန္ဖ်က္ခ်ခြင့္အေပၚ ကန႔္သတ္တဲ့မူဝါဒမ်ားကို အေကာင္အထည္ေဖာ္ႏိုင္ၿပီး အေမရိကန္ႏိုင္ငံမွာ အမ်ိဳးသမီး အဖြဲ႕မ်ားရဲ႕ကန႔္ကြက္မႈမ်ား (သို႔မဟုတ္) မႀကဳံစဖူး ဝ႐ုန္းသုန္းကားအေျခအေနမ်ိဳး ျဖစ္ေပၚလာႏိုင္တယ္လို႔ အာရွ လူ႔အခြင့္အေရးနဲ႔ အလုပ္သမားေရးကာကြယ္ေစာင့္ေရွာက္မႈဆိုင္ရာဒါ႐ိုက္တာ ဖိလစ္ေရာ္ဘင္ဆန္က ေျပာပါ တယ္။
#ေဒၚနယ္ထရမ့္သမၼတသက္တမ္း #ထိုင္းႏိုင္ငံ #ျမန္မာဒုကၡသည္မ်ား
(The Nations., 8 November 2024,” Trump presidency may end resettlement of Myanmar refugees” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)