ကမ္ဘာကြီးက ရုရှားကို လိုအပ်ကြောင်း သမ္မတပူတင်ပြော

 575

Pika (NP News) - နိုဝင်ဘာ ၁ဝ

ကမ္ဘာကြီးသည် ရုရှားကိုလိုအပ်ကြောင်း နှင့် အဆိုပါ အချက်နှင့်ပတ်သက်ပြီး အမေရိကန် (သို့မဟုတ်) နေတိုးအဖွဲ့ တို့လုပ်ဆောင်နိုင်မည့်အရာမျိုးလည်းမရှိကြောင်း ရုရှားသမ္မတပူတင်က နိုဝင်ဘာလ (၇) ရက်တွင် ထုတ်ဖော်ပြော ဆိုခဲ့သည်။
ထို့ပြင် အမေရိကန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများ သည် ၎င်းတို့၏ ဩဇာလွှမ်းမိုးလိုသည့် ဆန္ဒများအတိုင်း လုပ်ဆောင်ကာ တိုးတက်နေသည့် သမိုင်းအယူအဆများကို ရိုးရှင်းစွာဆန့်ကျင်နေကြကြောင်း ပူတင်က ပြောဆိုခဲ့ သည်။ ပူတင်က “နိုင်ငံတကာ နိုင်ငံရေး စီးဆင်းမှုတွေဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ဆန္ဒတွေနဲ့ ဆန်ကျင် ဘက်ပါပဲ” ဟု ပြောဆိုခဲ့သည်။

အနောက်အုပ်စုနိုင်ငံများ၏ ကိုယ်ပိုင်ယုံကြည်ချက်များသည် ကမ္ဘာလုံးဆိုင်ရာဖြစ်ရပ်ဆိုးတစ်ခုဆီသို့ ဦးတည်သွား နိုင်ကြောင်းလည်း ပူတင်က သတိပေးပြောဆိုခဲ့သည်။ အကြီးမားဆုံး နျူကလီးယားလက်နက်တိုက်များရှိသည့် ရုရှားနိုင်ငံကို ရှုံးနိမ့်အောင်လုပ်ဆောင်ရန် တောင်းဆိုထားသည့် အမေရိကန်နှင့်၎င်း၏ မိတ်ဖက်နိုင်ငံများ၏ တောင်းဆိုချက်များက အနောက်အုပ်စုနိုင်ငံ ရေးသမားများ၏ မဆင်ခြင်မှုများသည် ကန့်သတ်ချက်အားလုံးကို ကျော်လွန်သွားသည်ဆိုသည့်အချက်ကို ပြသနေကြောင်း ပူတင်ကပြောဆိုခဲ့သည်။

အနောက်အုပ်စုအနေဖြင့် ၎င်းတို့၏ ဆန္ဒများ အတိုင်း ဆက်လက်လုပ်ဆောင်ခြင်းဖြင့် စုံလုံးကန်းမနေရန် ပူတင်က သတိပေးပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် နိုင်ငံတကာဆက်ဆံရေး၏ ကျင့်ဝတ်များနှင့် တရားဥပဒေ ဆိုင်ရာအခြေခံအုတ်မြစ်များပျက်စီးသွားမည်ဆိုပါက နျူကလီးယားလက်နက်များ အသုံးမပြုဟု မည်သူကမှ အာမမခံနိုင်ကြောင်း ပူတင်ကထပ်မံပြောဆိုခဲ့သည်။ အင်အားအသုံးပြုကာ ၎င်းတို့၏ဩဇာလွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းရန် အနောက်အုပ်စုနိုင်ငံများ၏ ကြိုးပမ်းမှုများသည် ကမ္ဘာလုံးဆိုင်ရာမတည်ငြိမ်မှုများ၊ တင်းမာမှုများ၊ အသေအပျောက်များနှင့် ပျက်စီးဆုံးရှုံးမှုများကိုသာ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ပူတင်က ထပ်မံသတိပေး ပြောဆိုခဲ့သည်။ နောက်ဆုံးအနေဖြင့် အနောက်အုပ်စုနိုင်ငံများ၏ မူဝါဒများသည် ၎င်းတို့ လိုချင်သောရလဒ်ကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။

Zawgyi Version;
ကမာၻႀကီးက ႐ုရွားကို လိုအပ္ေၾကာင္း သမၼတပူတင္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၁ဝ

ကမာၻႀကီးသည္ ႐ုရွားကိုလိုအပ္ေၾကာင္း ႏွင့္ အဆိုပါ အခ်က္ႏွင့္ပတ္သက္ၿပီး အေမရိကန္ (သို႔မဟုတ္) ေနတိုးအဖြဲ႕ တို႔လုပ္ေဆာင္ႏိုင္မည့္အရာမ်ိဳးလည္းမရွိေၾကာင္း ႐ုရွားသမၼတပူတင္က ႏိုဝင္ဘာလ (၇) ရက္တြင္ ထုတ္ေဖာ္ေျပာ ဆိုခဲ့သည္။
ထို႔ျပင္ အေမရိကန္ႏွင့္ ၎၏မိတ္ဖက္ႏိုင္ငံမ်ား သည္ ၎တို႔၏ ဩဇာလႊမ္းမိုးလိုသည့္ ဆႏၵမ်ားအတိုင္း လုပ္ေဆာင္ကာ တိုးတက္ေနသည့္ သမိုင္းအယူအဆမ်ားကို ႐ိုးရွင္းစြာဆန႔္က်င္ေနၾကေၾကာင္း ပူတင္က ေျပာဆိုခဲ့ သည္။ ပူတင္က “ႏိုင္ငံတကာ ႏိုင္ငံေရး စီးဆင္းမႈေတြဟာ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ဆႏၵေတြနဲ႔ ဆန္က်င္ ဘက္ပါပဲ” ဟု ေျပာဆိုခဲ့သည္။

အေနာက္အုပ္စုႏိုင္ငံမ်ား၏ ကိုယ္ပိုင္ယုံၾကည္ခ်က္မ်ားသည္ ကမာၻလုံးဆိုင္ရာျဖစ္ရပ္ဆိုးတစ္ခုဆီသို႔ ဦးတည္သြား ႏိုင္ေၾကာင္းလည္း ပူတင္က သတိေပးေျပာဆိုခဲ့သည္။ အႀကီးမားဆုံး န်ဴကလီးယားလက္နက္တိုက္မ်ားရွိသည့္ ႐ုရွားႏိုင္ငံကို ရႈံးနိမ့္ေအာင္လုပ္ေဆာင္ရန္ ေတာင္းဆိုထားသည့္ အေမရိကန္ႏွင့္၎၏ မိတ္ဖက္ႏိုင္ငံမ်ား၏ ေတာင္းဆိုခ်က္မ်ားက အေနာက္အုပ္စုႏိုင္ငံ ေရးသမားမ်ား၏ မဆင္ျခင္မႈမ်ားသည္ ကန႔္သတ္ခ်က္အားလုံးကို ေက်ာ္လြန္သြားသည္ဆိုသည့္အခ်က္ကို ျပသေနေၾကာင္း ပူတင္ကေျပာဆိုခဲ့သည္။

အေနာက္အုပ္စုအေနျဖင့္ ၎တို႔၏ ဆႏၵမ်ား အတိုင္း ဆက္လက္လုပ္ေဆာင္ျခင္းျဖင့္ စုံလုံးကန္းမေနရန္ ပူတင္က သတိေပးေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ႏိုင္ငံတကာဆက္ဆံေရး၏ က်င့္ဝတ္မ်ားႏွင့္ တရားဥပေဒ ဆိုင္ရာအေျခခံအုတ္ျမစ္မ်ားပ်က္စီးသြားမည္ဆိုပါက န်ဴကလီးယားလက္နက္မ်ား အသုံးမျပဳဟု မည္သူကမွ အာမမခံႏိုင္ေၾကာင္း ပူတင္ကထပ္မံေျပာဆိုခဲ့သည္။ အင္အားအသုံးျပဳကာ ၎တို႔၏ဩဇာလႊမ္းမိုးမႈကို ဆက္လက္ ထိန္းသိမ္းရန္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ႀကိဳးပမ္းမႈမ်ားသည္ ကမာၻလုံးဆိုင္ရာမတည္ၿငိမ္မႈမ်ား၊ တင္းမာမႈမ်ား၊ အေသအေပ်ာက္မ်ားႏွင့္ ပ်က္စီးဆုံးရႈံးမႈမ်ားကိုသာ ျဖစ္ေစလိမ့္မည္ျဖစ္ေၾကာင္း ပူတင္က ထပ္မံသတိေပး ေျပာဆိုခဲ့သည္။ ေနာက္ဆုံးအေနျဖင့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ မူဝါဒမ်ားသည္ ၎တို႔ လိုခ်င္ေသာရလဒ္ကို ေဆာင္ၾကဥ္းေပးႏိုင္မည္မဟုတ္ေၾကာင္း ပူတင္က ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.