အလုပ်သမား ထောင်ပေါင်းများစွာကို ထုတ်ပယ်ပစ်ဖို့ Nissan ကုမ္ပဏီ စီစဉ်
410
Pika (NP News) - နိုဝင်ဘာ ၁ဝ
တရုတ်နှင့်အမေရိကန်တို့တွင် ရောင်းအား ကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကို လျှော့ချလိုက်မှုနှင့်အတူ အလုပ်သမား ထောင်ပေါင်းများစွာကို အလုပ်မှထုတ်ပယ်သွား မည်ဖြစ်ကြောင်း Nissan ကုမ္ပဏီက ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု၏ (၅)ပုံ ပုံ (၁)ပုံ ခန့်ကို လျှော့ချပစ်မည့် ကုန်ကျစရိတ်သက်သာစေမည့် ကြိုးပမ်းမှုနှင့်အတူ ကမ္ဘာတစ်ဝန်းမှ အလုပ် အကိုင်ပေါင်း (၉၀ဝဝ)ခန့်ကို လျှော့ချသွားမည်ဖြစ်ကြောင်း ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Nissan က ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်အပိုင်းကဏ္ဍမှ အလုပ်သမားများကို ထုတ်ပယ်ပစ်မည်ဆို သည့် အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီး မေးမြန်းချက်များကို Nissan ကုမ္ပဏီက ချက်ချင်း ပြန်လည် တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ အင်္ဂလန်နိုင်ငံ ဆန်းဒါးလန်းမြို့ရှိ Nissan
ကုမ္ပဏီ၏ ကားထုတ်လုပ်ရေးစက်ရုံတွင် အလုပ်သ မားပေါင်း(၆၀ဝဝ)ကျော် အလုပ်ခန့်ထားကြောင်း လည်း သိရသည်။ Nissan ကုမ္ပဏီသည် (၂၀၂၄)ခုနှစ်အတွက် ၎င်း၏လုပ်ငန်းလည်ပတ်မှုအမြတ် အစွန်း ခန့်မှန်းချက်ကို (၇၀)ရာခိုင်နှုန်းအထိ လျှော့ချ ခဲ့ပြီး ၎င်းတို့၏အမြတ်အစွန်းနှင့်ပတ်သက်သည့် အမြင်ကို လျှော့ချမှုမှာ ယခုနှစ်အတွင်း ဒုတိယအကြိမ် မြောက်ဖြစ်ကြောင်းလည်း သိရသည်။ Nissan ကုမ္ပ ဏီ၏ အမှုဆောင်အရာရှိချုပ် မာကိုတိုအူချီဒါက “ ဒီ လိုမျိုးအလှည့်အပြောင်းတွေက ကျွန်တော်တို့ကုမ္ပဏီ ကို အရေးပေါ်သွားစေတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်ငန်းကို ပိုမိုပေါ့ပါးပြီး ခံနိုင်ရည်ရှိ စေဖို့ ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်”ဟု ပြော ဆိုခဲ့သည်။
ထို့ပြင် မာကိုတိုအူချီဒါ၏ လစဉ်လစာကို ထက်ဝက်လျှော့ချနေပြီး အခြားအကြီးတန်းအမှု ဆောင်အရာရှိများကို လည်း လစာဖြတ်တောက်သွားမည်ဖြစ်ကြောင်း Nissan ကုမ္ပဏီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်ပြီး တရုတ်နိုင်ငံအတွင်း တွင်ရှိသော နိုင်ငံခြားကား ကုမ္ပဏီများသည် BYD ကဲ့သို့သော ပြည်တွင်းကုမ္ပဏီများ နှင့် ယှဉ်ပြိုင်နိုင်ရန် ရုန်းကန်နေရကြောင်းလည်း သိရသည်။ Nissan ကုမ္ပဏီသည် ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းမြင့်မားမှုကြောင့် ကားအသစ်များရောင်းချမှု ထိခိုက်နေသော အမေရိကန်တွင်လည်း အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း သိရသည်။
Zawgyi Version;
အလုပ္သမား ေထာင္ေပါင္းမ်ားစြာကို ထုတ္ပယ္ပစ္ဖို႔ Nissan ကုမၸဏီ စီစဥ္
Pika (NP News) - ႏိုဝင္ဘာ ၁ဝ
တ႐ုတ္ႏွင့္အေမရိကန္တို႔တြင္ ေရာင္းအား က်ဆင္းမႈကို ကိုင္တြယ္ေျဖရွင္းရန္ ကမာၻလုံးဆိုင္ရာ ထုတ္လုပ္မႈကို ေလွ်ာ့ခ်လိုက္မႈႏွင့္အတူ အလုပ္သမား ေထာင္ေပါင္းမ်ားစြာကို အလုပ္မွထုတ္ပယ္သြား မည္ျဖစ္ေၾကာင္း Nissan ကုမၸဏီက ေျပာၾကားခဲ့သည္။ ကမာၻလုံးဆိုင္ရာထုတ္လုပ္မႈ၏ (၅)ပုံ ပုံ (၁)ပုံ ခန႔္ကို ေလွ်ာ့ခ်ပစ္မည့္ ကုန္က်စရိတ္သက္သာေစမည့္ ႀကိဳးပမ္းမႈႏွင့္အတူ ကမာၻတစ္ဝန္းမွ အလုပ္ အကိုင္ေပါင္း (၉၀ဝဝ)ခန႔္ကို ေလွ်ာ့ခ်သြားမည္ျဖစ္ေၾကာင္း ဂ်ပန္ကားထုတ္လုပ္ေရးကုမၸဏီ Nissan က ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း မည္သည့္အပိုင္းက႑မွ အလုပ္သမားမ်ားကို ထုတ္ပယ္ပစ္မည္ဆို သည့္ အေသးစိတ္အခ်က္အလက္မ်ားႏွင့္ပတ္သက္ၿပီး ေမးျမန္းခ်က္မ်ားကို Nissan ကုမၸဏီက ခ်က္ခ်င္း ျပန္လည္ တုံ႔ျပန္ေျဖၾကားျခင္းမ်ိဳးမရွိေသးေၾကာင္းသိရသည္။ အဂၤလန္ႏိုင္ငံ ဆန္းဒါးလန္းၿမိဳ႕ရွိ Nissan
ကုမၸဏီ၏ ကားထုတ္လုပ္ေရးစက္႐ုံတြင္ အလုပ္သ မားေပါင္း(၆၀ဝဝ)ေက်ာ္ အလုပ္ခန႔္ထားေၾကာင္း လည္း သိရသည္။ Nissan ကုမၸဏီသည္ (၂၀၂၄)ခုႏွစ္အတြက္ ၎၏လုပ္ငန္းလည္ပတ္မႈအျမတ္ အစြန္း ခန႔္မွန္းခ်က္ကို (၇၀)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ် ခဲ့ၿပီး ၎တို႔၏အျမတ္အစြန္းႏွင့္ပတ္သက္သည့္ အျမင္ကို ေလွ်ာ့ခ်မႈမွာ ယခုႏွစ္အတြင္း ဒုတိယအႀကိမ္ ေျမာက္ျဖစ္ေၾကာင္းလည္း သိရသည္။ Nissan ကုမၸ ဏီ၏ အမႈေဆာင္အရာရွိခ်ဳပ္ မာကိုတိုအူခ်ီဒါက “ ဒီ လိုမ်ိဳးအလွည့္အေျပာင္းေတြက ကြၽန္ေတာ္တို႔ကုမၸဏီ ကို အေရးေပၚသြားေစတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔လုပ္ငန္းကို ပိုမိုေပါ့ပါးၿပီး ခံႏိုင္ရည္ရွိ ေစဖို႔ ျပန္လည္ဖြဲ႕စည္းသြားမွာျဖစ္ပါတယ္”ဟု ေျပာ ဆိုခဲ့သည္။
ထို႔ျပင္ မာကိုတိုအူခ်ီဒါ၏ လစဥ္လစာကို ထက္ဝက္ေလွ်ာ့ခ်ေနၿပီး အျခားအႀကီးတန္းအမႈ ေဆာင္အရာရွိမ်ားကို လည္း လစာျဖတ္ေတာက္သြားမည္ျဖစ္ေၾကာင္း Nissan ကုမၸဏီက ေျပာၾကားခဲ့သည္။ တ႐ုတ္ႏိုင္ငံတြင္ ၿပိဳင္ဆိုင္မႈ ႀကီးထြားလာျခင္းေၾကာင့္ ေဈးႏႈန္းမ်ား က်ဆင္းလာျခင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံအတြင္း တြင္ရွိေသာ ႏိုင္ငံျခားကား ကုမၸဏီမ်ားသည္ BYD ကဲ့သို႔ေသာ ျပည္တြင္းကုမၸဏီမ်ား ႏွင့္ ယွဥ္ၿပိဳင္ႏိုင္ရန္ ႐ုန္းကန္ေနရေၾကာင္းလည္း သိရသည္။ Nissan ကုမၸဏီသည္ ေငြေၾကးေဖာင္းပြမႈႏွင့္ အတိုးႏႈန္းျမင့္မားမႈေၾကာင့္ ကားအသစ္မ်ားေရာင္းခ်မႈ ထိခိုက္ေနေသာ အေမရိကန္တြင္လည္း အခက္အခဲမ်ားႏွင့္ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။