ငါးနိုင်ငံ ဥက္ကဋ္ဌအဖြစ်ပြန်လာသည့် ဗိုလ်ချုပ်မှူးကြီး၏ တရုတ်ခရီးစဉ်က ဖွံ့ဖြိုးရေး နှင့် ငြိမ်းချမ်းရေး နိဒါန်းလော…

 10815

မြူနစ် (NP News) - နိုဝင်ဘာ ၁ဝ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သောအ ဖွဲ့သည် နိုဝင်ဘာ (၅)ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့ ကို ထွက်ခွာသွားခဲ့သည်။

တရုတ်နိုင်ငံသို့ နစကဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဗိုလ်ချုပ် ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့မှ ဝန်ကြီးချုပ်များ လိုက်ပါ သွားခဲ့ကြသည်။ နစကအကြီးအကဲ၏ ယခု ခရီးစဉ်သည် တရုတ်နိုင်ငံ၏ဖိတ်ကြားချက်အရ အဋ္ဌမ အကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက် ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများကို တက်ရောက်ရန်ဖြစ်သည်။
အဆိုပါ တရုတ်ခရီးစဉ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့်အဖွဲ့နှင့် တရုတ် နိုင်ငံဝန်ကြီးချုပ် မစ္စတာလီကျန့် ဦးဆောင်သည့် အဖွဲ့တို့သည် နိုဝင်ဘာ(၆)ရက် မွန်းလွဲပိုင်းတွင် ကူမင်း မြို့ရှိ Haigeng Garden ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကဏ္ဍနှင့်ပတ်သက်၍ တရုတ်ဝန်ကြီးချုပ် ကို အသိပေးပြောဆိုမှုများရှိခဲ့သည်။ မြန်မာ့တပ်မ တော်သည် (၂၀၁၈)ခုနှစ်မှစတင်ကာ အပစ်အခတ် ရပ်စဲ ရေးကို တစ်ဖက်သတ်ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ယင်းပြင် နစကအစိုးရအနေဖြင့် ပြီးခဲ့ သော (၂၀၂၂)ခုနှစ် ဧပြီလအတွင်းတွင်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများကို တွေ့ဆုံ ဆွေးနွေးလိုကြောင်း ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ဖူးသည်။ ယင်းကဲ့သို့ ကမ်းလှမ်းချက်များကို ငြင်းပယ်ကာ တရုတ်နယ်စပ်အနီးရှိ ကိုးကန့်လက် နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့ သည် တိုက်ပွဲများကိုဖော်ဆောင်ခဲ့ကြသည်ဟု နစက ဘက်က ပြောသည်။ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိကြောင်းနှင့် MNDAA၊ TNLA၊ AA တို့(၃)ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်ပြသလာမှသာလျှင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်မှ တစ်ဆင့် အသိပေးပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေးကိုလိုလားကြောင်း ရှင်းလင်းပြတ်သားသော လုပ်ဆောင်ချက်” ဆိုသည့် နစကအကြီးအကဲ ၏ စကားတွင် တွေးဆစရာများစွာ ရှိနေသည်။ တရုတ်နယ်စပ်အနီးရှိ ရှမ်းမြောက်ဒေသ များတွင် ဖြစ်ပွား ခဲ့သောတိုက်ပွဲများကို ပြန်လည်ထုတ်နုတ်ရမည်ဆိုပါက MNDAA ဦးဆောင်ကာ TNLA၊ AA မြောက်ပိုင်း (၃)ဖွဲ့သည် (၂၀၂၃) ခုနှစ်၊ အောက်တိုဘာ(၂၇)ရက်တွင် ချင်းရွှေဟော်မြို့ အပါအဝင် တပ်မတော်စခန်း များကို အင်အားအလုံးအရင်းဖြင့် စတင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မြောက်ပိုင်း(၃)ဖွဲ့က ယင်းကဲ့သို့တိုက်ခိုက်မှုများကို (၁၀၂၇) စစ်ဆင်ရေးဟုအမည်ပေးခဲ့ပြီး ယင်းစစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့၊ ချင်းရွှေ ဟော်မြို့အပါအဝင် အခြားသောမြို့များကို လက်နက် ဖြင့်တိုက်ခိုက်ကာ ထိန်းချုပ်နိုင်ခဲ့သည်။
MNDAA အဖွဲ့သည် ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည်အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက် ပိုင်း၊ နယ်စပ်ဒေသတွင်ရှိသည့် တပ်မ တော်လုံခြုံရေးတပ်စခန်းများကို အင်အားသုံးတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ်ကို ရှင်းပြပြောဆိုခဲ့သည်။
MNDAA ဦးဆောင်သော မြောက်ပိုင်း (၃)ဖွဲ့သည် လောက်ကိုင်မြို့ကို တိုက်ခိုက်ရယူပြီးနောက် ရက်ပိုင်း အကြာတွင် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် (၂၀၂၄) ခုနှစ် ဇန်နဝါရီဒုတိယပတ်အတွင်း၌ ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက် ပိုင်း(၃)ဖွဲ့ကြား နှစ်ဖက်အပစ်အခတ်ရပ်စဲခဲ့ကြသည့် ဟိုင်ဂင်ငြိမ်ချမ်းရေးသဘောတူညီချက်ကို ရရှိခဲ့ကြ သည်။ အဆိုပါ သဘောတူညီချက်တွင် ဇန်နဝါရီ လ(၁၁)ရက်၊ ည(၉)နာရီအချိန်မှစ၍ နှစ်ဖက်တပ် များ ချက်ချင်းအပစ်ရပ်စဲရန်၊ ရှမ်းမြောက်ရှိ တပ်မ တော်စခန်းများကို မြောက်ပိုင်း(၃)ဖွဲ့က စတင်တိုက် ခိုက်ခြင်းမပြုလုပ်ရန်နှင့် တပ်မတော်ဘက်ကလည်း မြောက်ပိုင်း(၃)ဖွဲ့ ရရှိထားသည့်ဒေသများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း မပြု လုပ်ရန် သဘောတူခဲ့ကြောင်း သိရသည်။ ထိုသို့ ဟိုင်ဂင်သဘောတူညီချက်ကို ရရှိခဲ့သော်လည်း မြောက် ပိုင်း(၃)ဖွဲ့ပါဝင်သည့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ရခိုင်ပြည်နယ်၌ တိုက်ပွဲများကို အပြင်းအထန် ဖော်ဆောင်ခဲ့သည့်အတွက် (၁၀၂၇) စစ်ဆင်ရေး သည် ရခိုင်ပြည်နယ်ဘက်သို့ ရွှေ့ပြောင်းသွားခြင်းဖြစ် သည်ဟု သုံးသပ်မှုများရှိခဲ့ကြသည်။ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့်ရရှိခဲ့သော ဟိုင်ဂင်သ ဘောတူညီချက်ကို ယခု(၂၀၂၄)ခုနှစ်၊ ဇွန်လကုန် ပိုင်းတွင် MNDAA ၊ TNLA အပါအဝင် မြောက်ပိုင်း (၃)ဖွဲ့ က ချိုးဖောက်ကာ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့ကို ဆက်လက်တိုက်ခိုက် ရယူရန် အတွက် (၁၀၂၇)စစ်ဆင်းရေး(ဒုတိယပိုင်း)ကို ထပ်မံဖော် ဆောင်ခဲ့ကြသည်။

အဆိုပါ (၁၀၂၇)စစ်ဆင်းရေး(ဒုတိယပိုင်း)အတွင်း၌ မြောက်ပိုင်းအဖွဲ့များက ကျောက်မဲ၊ နောင် ချို၊ လားရှိုးမြို့တို့ကို လက်နက်ဖြင့် ဆက်လက်တိုက် ခိုက်ကာရယူနိုင်ခဲ့ပြီး တပ်မတော်ကလည်း လက် လွှတ်ခဲ့ရသည့်နယ်မြေများ ပြန်လည်ရရှိရေးအတွက် ပြန်လည်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။
ရှမ်းမြောက်တိုက်ပွဲများကို ဦးဆောင်ခဲ့ သော MNDAA သည် လားရှိုးမြို့ကို တိုက်ခိုက်ရ ယူပြီး နောက် စက်တင်ဘာလအစတွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့ စပ်ဖြေရှင်းပေးရန် မေတ္တာရပ်ခံခဲ့ပြီး ၎င်းတို့အနေဖြင့် လည်း ချက်ချင်းအပစ်ရပ်စဲကာ တွေ့ဆုံဆွေးနွေး သည့်လမ်းစဉ်ဖြင့် အဖြေရှာသွားမည်ဟု ကြေညာခဲ့သကဲ့သို့ TNLA အဖွဲ့ကလည်း ယင်းပုံစံအတိုင်း ကြေညာခဲ့ကြသည်။
ဟိုင်ဂင်သဘောတူညီချက်ကို MNDAA နှင့် TNLA အဖွဲ့တို့က ဦးစွာချိုးဖောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမည်ဆိုသည့်စကားရပ်အပေါ် အသုံးချနေခြင်းမျိုးဖြစ်နိုင် ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ လက်ရှိတွင် နစကအစိုးရဘက်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်လိုသည့်သဘောတွင် ရှိနေပြီး ပြီးခဲ့သော လပိုင်းအတွင်း၌ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို အများအပြားပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
ရှမ်းမြောက်ဒေသ ပြန်လည်တည်ငြိမ် အေးချမ်းရေးအတွက် သဘောတူညီချက်များကို ပြောင် ပြောင်တင်းတင်း ချိုးဖောက်ခဲ့ဖူးသော MNDAA ၊ TNLA တို့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လို လားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက်များကို ထုတ်ဖော်သက်သေ ပြရန် နစကဘက်က လိုလားနေလျက်ရှိကြောင်း ယူ ဆနိုင်သည်။
နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်ကို ပြန်ဆက်ရမည် ဆိုပါ က တရုတ်ဝန်ကြီးချုပ် မစ္စတာလီကျန့်က မြန်မာနိုင်ငံပြည်တွင်းရေး တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံ ကူညီပေးသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြန်လည်အသိပေးပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုကို ချီးကျူးကြောင်း၊ ချမှတ်ထားသောရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ထောက်ခံ ကြောင်း နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကူညီမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင် ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကြောင်း တရုတ်ဝန်ကြီးချုပ်က ထပ်မံပြောဆိုခဲ့ပြီး တရုတ်နိုင်ငံ အတွင်း အခြေပြုကာ မြန်မာနိုင်ငံအကျိုးကို ပျက်စီးရန်ဆောင်ရွက်နေမှုများကိုလည်း လက်သင့်ခံမည် မဟုတ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

နစကအကြီးအကဲနှင့် တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံရာတွင် တရုတ်ဝန်ကြီးချုပ် မစ္စတာလီကျန့်က မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် အစိုးရ၏စီမံခန့်ခွဲမှုကို အသိအမှတ်ပြုသော ပြောဆိုဆွေးနွေးမှု တစ်ရပ်ရှိခဲ့သည်။ ယင်းမှာ “ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိရမည် ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက်ကို ဆက်လက် ဆောင်ရွက်သွားမည်” ဟု ပြောဆိုခဲ့ခြင်းဖြစ် သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း (၁၇)ခု ထက် မနည်းရှိနေပြီး တရုတ်နိုင်ငံနှင့် အဓိကကုန် သွယ်နေ သည့် နယ်စပ်ကုန်သွယ်ရေးစခန်း(၅)ခု ထက် မနည်း ရှိနေသည်။ MNDAA ဦးဆောင်ကာ မြောက်ပိုင်း လက်နက်ကိုင်(၃)ဖွဲ့ဖော်ဆောင်သော (၁၀၂၇) စစ်ဆင်ရေးကာလမှစတင်ကာ ယခုအချိန်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် မူဆယ်(၁၀၅ မိုင်)၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ မိုင်းလား နယ်စပ်ကုန်သွယ်ရေးစခန်းများသည် နစကအ စိုးရ၏ စီမံခန့်မှုအောက်မှ ကင်းလွတ်နေလျက်ရှိ သည်။ အဆိုပါ ကုန်သွယ်ရေးစခန်းများကို MNDAA အပါအဝင် လက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားလျက်ရှိပြီး ယင်းကုန်သွယ်ရေးစခန်းများကို အသုံးချ ကာ လက်နက်ကိုင်အဖွဲ့များက ၎င်း တို့၏ ကိုယ်ကျိုးစီးပွားကို ရှာနေလျက်ရှိသည်။
ယင်းကဲ့သို့ နယ်စပ်ကုန်သွယ်ရေးစခန်းများကို အသုံးချကာ ကိုယ်ကျိုးရှာနေသည့် MNDAA
အပါအဝင် လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားအရေးယူရန်အတွက် တရုတ်နိုင်ငံဘက် က နယ်စပ် ဂိတ်များကို အကန့်အသတ်မရှိ ပိတ်ဆို့ကာ ဖိအားပေးနေလျက်ရှိသည်။အဆိုပါနယ်စပ်ဂိတ်စခန်းများ သည် မြန်မာအစိုးရ၏ အုပ်ချုပ်မှုအာဏာ၊ စီမံခန့်ခွဲမှုအောက်သို့ မရောက်မချင်းကာလပတ်လုံး တရုတ် နိုင်ငံဘက်က ပိတ်ဆို့ထားရေးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရက အစဉ်အမြဲ တိုက်တွန်းနေရန် လိုအပ်မည်ဖြစ်သည်။
အလားတူ တရုတ်နိုင်ငံအနေဖြင့်လည်း ဝန်ကြီးချုပ် မစ္စတာလီကျန့် ပြောဆိုခဲ့သော “ နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏စီမံခန့်ခွဲမှုအောက် တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်}ဆိုသည့်စကား အပေါ်အလေးထားကာ ကတိတည်သွားရန် လိုအပ်မည် ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ် ခရီးစဉ်သည် နစကအစိုးရ၏ (၄)နှစ်တာ သက်တမ်း ကာလအတွင်း၌ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။နစကအကြီးအကဲ၏ ယခုတရုတ်ခရီးစဉ်အပေါ် လေ့လာ ကြည့်မည်ဆိုပါက ၎င်းနှင့်အတူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး ညိုစောနှင့် ပြည်ထောင်စု ဝန်ကြီး အများအပြား လိုက်ပါသွားခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် (၁၄)ခု ရှိ သည့်အနက် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့တို့၏ ဝန်ကြီးချုပ်များကိုလည်း ထူးထူးခြားခြားခေါ်ဆောင်သွားခဲ့သည်ကို တွေ့ရသည်။
တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်နိုင် ရန် ပြီးခဲ့သောကာလများတွင် နစကအစိုးရနှင့် ရုရှားနိုင်ငံတို့ကြား တွေ့ဆုံဆွေးနွေးမှုများရှိသကဲ့သို့ ယင်း စီမံကိန်း အပေါ်တွင်လည်း တရုတ်နိုင်ငံဘက်က စိတ်ဝင်စားမှုရှိနေကြောင်း ပြောဆိုမှုများထွက်ပေါ်ခဲ့ဖူး သည်။ အလားတူ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများစွာရှိသော ရန်ကုန်တိုင်းအတွင်း၌ ရန်ကုန်မြို့ သစ်စီမံ ကိန်းကို ပြန်လည်စတင်နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်က လိုလားနေကြောင်း သတင်းထွက်ပေါ်မှု များ ရှိခဲ့သေးသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး၏ တရုတ်ခရီးစဉ် အတွင်း၌ တရုတ်နိုင်ငံဘက်က တရုတ်-မြန်မာ စီးပွားရေး စင်္ကစြီမံကိန်းများကို ထိပ်တန်းစီမံကိန်းများအဖြစ် သတ်မှတ်ထားပြီး ယင်းစီမံကိန်းများကို အရှိန် အဟုန် မြှင့်ကာ အကောင်အထည်ဖော်နိုင်ရန် လိုလားကြောင်း ပြသပြောဆိုမှုများရှိခဲ့သည်ကိုလည်း တွေ့ရ သည်။ အဓိကအားဖြင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်းများထဲတွင် ရထားလမ်းများ၊ ကားလမ်း များ၊ အထူးစီးပွားရေးဇုန်များ၊ ဆိပ် ကမ်းများ၊ မြို့သစ်စီမံကိန်းများ ပါဝင်ကြောင်းသိရပြီး ယင်းစီမံကိန်း များကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဆက်စပ် တွေ့ရှိရသည်။
ယင်းစီမံကိန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် မူဆယ်-မန္တလေး-ကျောက်ဖြူရထားလမ်း သစ်ဖောက်လုပ်ရေးစီမံကိန်းနှင့်ပတ်သက်၍ နယ်မြေအခြေအနေအရ စတင်ဖောက်လုပ်နိုင်မည့်ဒေသ များတွင် လုပ်ငန်းစတင်သွားမည်ဟု နစကအကြီး အကဲက တရုတ်ခရီးစဉ်တွင် ဖွင့်ဟပြောဆိုအသိပေးခဲ့ သည်။
နစကအစိုးရ (၄)နှစ်တာကာလအတွင်း၌ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ၌ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဘိလပ်မြေ ထုတ်လုပ်ရေး၊ ဆိုလာစနစ်နှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ လျှပ်စစ်ကားထုတ်လုပ်ရေး၊ စားသုံး ဆီထုတ်လုပ်ရေးစသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံရန် ပြန်လည်ဖိတ်ခေါ် ခဲ့သည်ကို တွေ့ရသည်။
ဗိုလ်ချုပ်မှူးကြီး၏ တရုတ်ခရီးစဉ်ကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းက ရှမ်းမြောက်ဒေသတွင် ပြန်လည်တည်ငြိမ်အေးချမ်းလာနိုင်ကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်ကြောင်း သုံးသပ်မှုမျိုး ရှိနေကြသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ခရီးစဉ်အတွင်း (၈)ကြိမ်မြောက် မဟာမဲ ခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး အပါအဝင် အခြားသော ထိပ်သီးအစည်းအဝေးများကို ကိုယ်တိုင် တက်ရောက်ခဲ့သည့်အပြင် ယင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ်၊ ကမ္ဘောဒီး ယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်တို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် လိုအပ်သော အခြေအနေများနှင့်ပတ်သက်၍ ထည့်သွင်း ဆွေးနွေးမှုများရှိခဲ့ကြောင်း တွေ့ရသည်။ တရုတ်ခရီးစဉ် အတွင်း၌ပင် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်ဟု ခေါ်သည့် ACMECS ၏ ငါးနိုင်ငံ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ် မှူးကြီး ဖြစ်ခွင့်ရခဲ့သည်။ အဆိုပါ ငါးနိုင်ငံမှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ ပင် ဖြစ်၏။
လက်ရှိနိုင်ငံတော်တွင် မဖြစ်မနေ လိုအပ်နေလျက်ရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စသည် နစက အကြီးအကဲဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် နိဒါန်းလား သို့တည်းမဟုတ် စစ်မီးများ ဆက်တောက်မည်လားဆိုသည်ကို စောင့်ကြည့်သွား ရမည်သာဖြစ်သည်။

Zawgyi Version;
ငါးႏိုင္ငံ ဥကၠ႒အျဖစ္ျပန္လာသည့္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ တ႐ုတ္ခရီးစဥ္က ဖြံ႕ၿဖိဳးေရး ႏွင့္ ၿငိမ္းခ်မ္းေရး နိဒါန္းေလာ…
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁ဝ

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္ေသာအ ဖြဲ႕သည္ ႏိုဝင္ဘာ (၅)ရက္ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ တပ္မေတာ္ေလဆိပ္မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕ ကို ထြက္ခြာသြားခဲ့သည္။

တ႐ုတ္ႏိုင္ငံသို႔ နစကဥကၠ႒ႏွင့္အတူ နစက တြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၊ ဗိုလ္ခ်ဳပ္ ႀကီး ညိဳေစာ၊ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တနသၤာရီ၊ ရန္ကုန္ႏွင့္ ဧရာဝတီတိုင္းတို႔မွ ဝန္ႀကီးခ်ဳပ္မ်ား လိုက္ပါ သြားခဲ့ၾကသည္။ နစကအႀကီးအကဲ၏ ယခု ခရီးစဥ္သည္ တ႐ုတ္ႏိုင္ငံ၏ဖိတ္ၾကားခ်က္အရ အ႒မ အႀကိမ္ ေျမာက္ မဟာမဲေခါင္ေဒသခြဲ ထိပ္သီးအစည္းအေဝး၊ (၁၀)ႀကိမ္ေျမာက္ ဧရာဝတီ-ေက်ာက္ ဖရား-မဲေခါင္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ မဟာဗ်ဴဟာထိပ္သီးအစည္းအေဝးႏွင့္ (၁၁)ႀကိမ္ေျမာက္ ကေမာၻဒီးယား-လာအို-ျမန္မာ-ဗီယက္နမ္ ပူးေပါင္းေဆာင္႐ြက္မႈထိပ္သီးအစည္းအေဝးမ်ားကို တက္ေရာက္ရန္ျဖစ္သည္။
အဆိုပါ တ႐ုတ္ခရီးစဥ္အတြင္း၌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္အဖြဲ႕ႏွင့္ တ႐ုတ္ ႏိုင္ငံဝန္ႀကီးခ်ဳပ္ မစၥတာလီက်န႔္ ဦးေဆာင္သည့္ အဖြဲ႕တို႔သည္ ႏိုဝင္ဘာ(၆)ရက္ မြန္းလြဲပိုင္းတြင္ ကူမင္း ၿမိဳ႕ရွိ Haigeng Garden ဟိုတယ္၌ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကသည္။ ထိုသို႔ေတြ႕ဆုံေဆြးေႏြးရာတြင္ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္က ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးက႑ႏွင့္ပတ္သက္၍ တ႐ုတ္ဝန္ႀကီးခ်ဳပ္ ကို အသိေပးေျပာဆိုမႈမ်ားရွိခဲ့သည္။ ျမန္မာ့တပ္မ ေတာ္သည္ (၂၀၁၈)ခုႏွစ္မွစတင္ကာ အပစ္အခတ္ ရပ္စဲ ေရးကို တစ္ဖက္သတ္ေၾကညာခဲ့ၿပီး ၿငိမ္းခ်မ္းေရးကို အေကာင္အထည္ေဖာ္ခဲ့ေၾကာင္း နစကဥကၠ႒က ေျပာသည္။
ယင္းျပင္ နစကအစိုးရအေနျဖင့္ ၿပီးခဲ့ ေသာ (၂၀၂၂)ခုႏွစ္ ဧၿပီလအတြင္းတြင္လည္း တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ေတြ႕ဆုံ ေဆြးေႏြးလိုေၾကာင္း ၿငိမ္းခ်မ္းေရးကမ္းလွမ္းမႈမ်ား ျပဳလုပ္ခဲ့ဖူးသည္။ ယင္းကဲ့သို႔ ကမ္းလွမ္းခ်က္မ်ားကို ျငင္းပယ္ကာ တ႐ုတ္နယ္စပ္အနီးရွိ ကိုးကန႔္လက္ နက္ကိုင္အဖြဲ႕(MNDAA)၊ တအာင္းလက္နက္ကိုင္အဖြဲ႕ (TNLA)ႏွင့္ ရခိုင္လက္နက္ကိုင္အဖြဲ႕(AA)တို႔ သည္ တိုက္ပြဲမ်ားကိုေဖာ္ေဆာင္ခဲ့ၾကသည္ဟု နစက ဘက္က ေျပာသည္။ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ လိုလားပါက မိမိတို႔အေနျဖင့္ ၿငိမ္းခ်မ္းေရးတံခါးကို အၿမဲဖြင့္ထားၿပီး ေဆြးေႏြးရန္အသင့္ရွိေၾကာင္းႏွင့္ MNDAA၊ TNLA၊ AA တို႔(၃)ဖြဲ႕အေနျဖင့္ ၿငိမ္းခ်မ္းေရးကိုလိုလားေၾကာင္း ရွင္းလင္းျပတ္သားသည့္ လုပ္ေဆာင္ခ်က္ျပသလာမွသာလွ်င္ မိမိတို႔အေနျဖင့္ ေဆြးေႏြးမႈကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တ႐ုတ္ဝန္ႀကီးခ်ဳပ္မွ တစ္ဆင့္ အသိေပးေျပာဆိုခဲ့သည္။

“ၿငိမ္းခ်မ္းေရးကိုလိုလားေၾကာင္း ရွင္းလင္းျပတ္သားေသာ လုပ္ေဆာင္ခ်က္” ဆိုသည့္ နစကအႀကီးအကဲ ၏ စကားတြင္ ေတြးဆစရာမ်ားစြာ ရွိေနသည္။ တ႐ုတ္နယ္စပ္အနီးရွိ ရွမ္းေျမာက္ေဒသ မ်ားတြင္ ျဖစ္ပြား ခဲ့ေသာတိုက္ပြဲမ်ားကို ျပန္လည္ထုတ္ႏုတ္ရမည္ဆိုပါက MNDAA ဦးေဆာင္ကာ TNLA၊ AA ေျမာက္ပိုင္း (၃)ဖြဲ႕သည္ (၂၀၂၃) ခုႏွစ္၊ ေအာက္တိုဘာ(၂၇)ရက္တြင္ ခ်င္းေ႐ႊေဟာ္ၿမိဳ႕ အပါအဝင္ တပ္မေတာ္စခန္း မ်ားကို အင္အားအလုံးအရင္းျဖင့္ စတင္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။
ေျမာက္ပိုင္း(၃)ဖြဲ႕က ယင္းကဲ့သို႔တိုက္ခိုက္မႈမ်ားကို (၁၀၂၇) စစ္ဆင္ေရးဟုအမည္ေပးခဲ့ၿပီး ယင္းစစ္ဆင္ေရးအတြင္း ေလာက္ကိုင္ၿမိဳ႕၊ ခ်င္းေ႐ႊ ေဟာ္ၿမိဳ႕အပါအဝင္ အျခားေသာၿမိဳ႕မ်ားကို လက္နက္ ျဖင့္တိုက္ခိုက္ကာ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
MNDAA အဖြဲ႕သည္ ၎တို႔၏ အထူးေဒသ (၁) ျပန္လည္အသက္သြင္းႏိုင္ေရး ရွမ္းျပည္နယ္ေျမာက္ ပိုင္း၊ နယ္စပ္ေဒသတြင္ရွိသည့္ တပ္မ ေတာ္လုံၿခဳံေရးတပ္စခန္းမ်ားကို အင္အားသုံးတိုက္ခိုက္ခဲ့ျခင္းျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က တ႐ုတ္ဝန္ႀကီးခ်ဳပ္ကို ရွင္းျပေျပာဆိုခဲ့သည္။
MNDAA ဦးေဆာင္ေသာ ေျမာက္ပိုင္း (၃)ဖြဲ႕သည္ ေလာက္ကိုင္ၿမိဳ႕ကို တိုက္ခိုက္ရယူၿပီးေနာက္ ရက္ပိုင္း အၾကာတြင္ တ႐ုတ္အစိုးရ၏ ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ (၂၀၂၄) ခုႏွစ္ ဇန္နဝါရီဒုတိယပတ္အတြင္း၌ ရွမ္း ျပည္နယ္ေျမာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ ေျမာက္ ပိုင္း(၃)ဖြဲ႕ၾကား ႏွစ္ဖက္အပစ္အခတ္ရပ္စဲခဲ့ၾကသည့္ ဟိုင္ဂင္ၿငိမ္ခ်မ္းေရးသေဘာတူညီခ်က္ကို ရရွိခဲ့ၾက သည္။ အဆိုပါ သေဘာတူညီခ်က္တြင္ ဇန္နဝါရီ လ(၁၁)ရက္၊ ည(၉)နာရီအခ်ိန္မွစ၍ ႏွစ္ဖက္တပ္ မ်ား ခ်က္ခ်င္းအပစ္ရပ္စဲရန္၊ ရွမ္းေျမာက္ရွိ တပ္မ ေတာ္စခန္းမ်ားကို ေျမာက္ပိုင္း(၃)ဖြဲ႕က စတင္တိုက္ ခိုက္ျခင္းမျပဳလုပ္ရန္ႏွင့္ တပ္မေတာ္ဘက္ကလည္း ေျမာက္ပိုင္း(၃)ဖြဲ႕ ရရွိထားသည့္ေဒသမ်ားကို ေလေၾကာင္း၊ လက္နက္ႀကီးမ်ားျဖင့္ တိုက္ခိုက္ျခင္း မျပဳ လုပ္ရန္ သေဘာတူခဲ့ေၾကာင္း သိရသည္။ ထိုသို႔ ဟိုင္ဂင္သေဘာတူညီခ်က္ကို ရရွိခဲ့ေသာ္လည္း ေျမာက္ ပိုင္း(၃)ဖြဲ႕ပါဝင္သည့္ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA သည္ ရခိုင္ျပည္နယ္၌ တိုက္ပြဲမ်ားကို အျပင္းအထန္ ေဖာ္ေဆာင္ခဲ့သည့္အတြက္ (၁၀၂၇) စစ္ဆင္ေရး သည္ ရခိုင္ျပည္နယ္ဘက္သို႔ ေ႐ႊ႕ေျပာင္းသြားျခင္းျဖစ္ သည္ဟု သုံးသပ္မႈမ်ားရွိခဲ့ၾကသည္။ တ႐ုတ္အစိုးရ၏ ၾကားဝင္ေစ့စပ္ေပးမႈေၾကာင့္ရရွိခဲ့ေသာ ဟိုင္ဂင္သ ေဘာတူညီခ်က္ကို ယခု(၂၀၂၄)ခုႏွစ္၊ ဇြန္လကုန္ ပိုင္းတြင္ MNDAA ၊ TNLA အပါအဝင္ ေျမာက္ပိုင္း (၃)ဖြဲ႕ က ခ်ိဳးေဖာက္ကာ လားရႈိး၊ ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါၿမိဳ႕တို႔ကို ဆက္လက္တိုက္ခိုက္ ရယူရန္ အတြက္ (၁၀၂၇)စစ္ဆင္းေရး(ဒုတိယပိုင္း)ကို ထပ္မံေဖာ္ ေဆာင္ခဲ့ၾကသည္။

အဆိုပါ (၁၀၂၇)စစ္ဆင္းေရး(ဒုတိယပိုင္း)အတြင္း၌ ေျမာက္ပိုင္းအဖြဲ႕မ်ားက ေက်ာက္မဲ၊ ေနာင္ ခ်ိဳ၊ လားရႈိးၿမိဳ႕တို႔ကို လက္နက္ျဖင့္ ဆက္လက္တိုက္ ခိုက္ကာရယူႏိုင္ခဲ့ၿပီး တပ္မေတာ္ကလည္း လက္ လႊတ္ခဲ့ရသည့္နယ္ေျမမ်ား ျပန္လည္ရရွိေရးအတြက္ ျပန္လည္တိုက္ခိုက္မႈမ်ားကို ျပဳလုပ္ခဲ့သည္။
ရွမ္းေျမာက္တိုက္ပြဲမ်ားကို ဦးေဆာင္ခဲ့ ေသာ MNDAA သည္ လားရႈိးၿမိဳ႕ကို တိုက္ခိုက္ရ ယူၿပီး ေနာက္ စက္တင္ဘာလအစတြင္ တ႐ုတ္ႏိုင္ငံ အေနျဖင့္ ျမန္မာႏိုင္ငံ၏အေျခအေနကို ၾကားဝင္ေစ့ စပ္ေျဖရွင္းေပးရန္ ေမတၱာရပ္ခံခဲ့ၿပီး ၎တို႔အေနျဖင့္ လည္း ခ်က္ခ်င္းအပစ္ရပ္စဲကာ ေတြ႕ဆုံေဆြးေႏြး သည့္လမ္းစဥ္ျဖင့္ အေျဖရွာသြားမည္ဟု ေၾကညာခဲ့သကဲ့သို႔ TNLA အဖြဲ႕ကလည္း ယင္းပုံစံအတိုင္း ေၾကညာခဲ့ၾကသည္။
ဟိုင္ဂင္သေဘာတူညီခ်က္ကို MNDAA ႏွင့္ TNLA အဖြဲ႕တို႔က ဦးစြာခ်ိဳးေဖာက္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔အေနျဖင့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမည္ဆိုသည့္စကားရပ္အေပၚ အသုံးခ်ေနျခင္းမ်ိဳးျဖစ္ႏိုင္ ေၾကာင္း သုံးသပ္မႈမ်ားလည္း ရွိေနသည္။ လက္ရွိတြင္ နစကအစိုးရဘက္က ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လားရႈိးၿမိဳ႕ကို ျပန္လည္ထိန္းခ်ဳပ္လိုသည့္သေဘာတြင္ ရွိေနၿပီး ၿပီးခဲ့ေသာ လပိုင္းအတြင္း၌ ေလေၾကာင္းျဖင့္ ဗုံးက်ဲတိုက္ခိုက္မႈမ်ားကို အမ်ားအျပားျပဳလုပ္ခဲ့ေၾကာင္း ေတြ႕ရသည္။
ရွမ္းေျမာက္ေဒသ ျပန္လည္တည္ၿငိမ္ ေအးခ်မ္းေရးအတြက္ သေဘာတူညီခ်က္မ်ားကို ေျပာင္ ေျပာင္တင္းတင္း ခ်ိဳးေဖာက္ခဲ့ဖူးေသာ MNDAA ၊ TNLA တို႔အေနျဖင့္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ လို လားေၾကာင္း ရွင္းလင္းျပတ္သားသည့္ လုပ္ေဆာင္ခ်က္မ်ားကို ထုတ္ေဖာ္သက္ေသ ျပရန္ နစကဘက္က လိုလားေနလ်က္ရွိေၾကာင္း ယူ ဆႏိုင္သည္။
နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္၏ တ႐ုတ္ႏိုင္ငံခရီးစဥ္ကို ျပန္ဆက္ရမည္ ဆိုပါ က တ႐ုတ္ဝန္ႀကီးခ်ဳပ္ မစၥတာလီက်န႔္က ျမန္မာႏိုင္ငံျပည္တြင္းေရး တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အျပည့္အဝေထာက္ခံ ကူညီေပးသြားမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ျပန္လည္အသိေပးေျပာဆိုခဲ့သည္။
ျမန္မာႏိုင္ငံတြင္ျဖစ္ေပၚေနသည့္ လက္နက္ကိုင္ပဋိပကၡမ်ားကို ႏိုင္ငံေရးအရ ေျဖရွင္းႏိုင္ေရး ဖိတ္ေခၚေဆာင္႐ြက္ခဲ့မႈကို ခ်ီးက်ဴးေၾကာင္း၊ ခ်မွတ္ထားေသာေရွ႕လုပ္ငန္းစဥ္(၅)ရပ္ကို ေထာက္ခံ ေၾကာင္း ႏွင့္ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရး ကူညီမည္ျဖစ္ေၾကာင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္က ဆက္လက္ေျပာသည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမပိုင္ ဆိုင္မႈတို႔ကို ထပ္ေလာင္းအသိအမွတ္ျပဳေၾကာင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္က ထပ္မံေျပာဆိုခဲ့ၿပီး တ႐ုတ္ႏိုင္ငံ အတြင္း အေျချပဳကာ ျမန္မာႏိုင္ငံအက်ိဳးကို ပ်က္စီးရန္ေဆာင္႐ြက္ေနမႈမ်ားကိုလည္း လက္သင့္ခံမည္ မဟုတ္ေၾကာင္း ထပ္ေလာင္းေျပာဆိုခဲ့သည္။

နစကအႀကီးအကဲႏွင့္ တ႐ုတ္ဝန္ႀကီးခ်ဳပ္တို႔ ေတြ႕ဆုံရာတြင္ တ႐ုတ္ဝန္ႀကီးခ်ဳပ္ မစၥတာလီက်န႔္က ျမန္မာႏိုင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ အစိုးရ၏စီမံခန႔္ခြဲမႈကို အသိအမွတ္ျပဳေသာ ေျပာဆိုေဆြးေႏြးမႈ တစ္ရပ္ရွိခဲ့သည္။ ယင္းမွာ “ ႏွစ္ႏိုင္ငံနယ္စပ္ဂိတ္မ်ားသည္ အစိုးရ၏ စီမံခန႔္ခြဲမႈေအာက္တြင္ရွိရမည္ ျဖစ္ၿပီး အျပည့္အဝစီမံခန႔္ခြဲႏိုင္ေရးအတြက္ကို ဆက္လက္ ေဆာင္႐ြက္သြားမည္” ဟု ေျပာဆိုခဲ့ျခင္းျဖစ္ သည္။ လက္ရွိတြင္ ျမန္မာႏိုင္ငံသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ နယ္စပ္ကုန္သြယ္ေရးစခန္းေပါင္း (၁၇)ခု ထက္ မနည္းရွိေနၿပီး တ႐ုတ္ႏိုင္ငံႏွင့္ အဓိကကုန္ သြယ္ေန သည့္ နယ္စပ္ကုန္သြယ္ေရးစခန္း(၅)ခု ထက္ မနည္း ရွိေနသည္။ MNDAA ဦးေဆာင္ကာ ေျမာက္ပိုင္း လက္နက္ကိုင္(၃)ဖြဲ႕ေဖာ္ေဆာင္ေသာ (၁၀၂၇) စစ္ဆင္ေရးကာလမွစတင္ကာ ယခုအခ်ိန္အထိ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရး စခန္းမ်ားျဖစ္သည့္ မူဆယ္(၁၀၅ မိုင္)၊ လြယ္ဂ်ယ္၊ ခ်င္းေ႐ႊေဟာ္၊ မိုင္းလား နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားသည္ နစကအ စိုးရ၏ စီမံခန႔္မႈေအာက္မွ ကင္းလြတ္ေနလ်က္ရွိ သည္။ အဆိုပါ ကုန္သြယ္ေရးစခန္းမ်ားကို MNDAA အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ားက ထိန္းခ်ဳပ္ထားလ်က္ရွိၿပီး ယင္းကုန္သြယ္ေရးစခန္းမ်ားကို အသုံးခ် ကာ လက္နက္ကိုင္အဖြဲ႕မ်ားက ၎ တို႔၏ ကိုယ္က်ိဳးစီးပြားကို ရွာေနလ်က္ရွိသည္။
ယင္းကဲ့သို႔ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားကို အသုံးခ်ကာ ကိုယ္က်ိဳးရွာေနသည့္ MNDAA
အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ားကို ပစ္မွတ္ထားအေရးယူရန္အတြက္ တ႐ုတ္ႏိုင္ငံဘက္ က နယ္စပ္ ဂိတ္မ်ားကို အကန႔္အသတ္မရွိ ပိတ္ဆို႔ကာ ဖိအားေပးေနလ်က္ရွိသည္။အဆိုပါနယ္စပ္ဂိတ္စခန္းမ်ား သည္ ျမန္မာအစိုးရ၏ အုပ္ခ်ဳပ္မႈအာဏာ၊ စီမံခန႔္ခြဲမႈေအာက္သို႔ မေရာက္မခ်င္းကာလပတ္လုံး တ႐ုတ္ ႏိုင္ငံဘက္က ပိတ္ဆို႔ထားေရးအတြက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ နစကအစိုးရက အစဥ္အၿမဲ တိုက္တြန္းေနရန္ လိုအပ္မည္ျဖစ္သည္။
အလားတူ တ႐ုတ္ႏိုင္ငံအေနျဖင့္လည္း ဝန္ႀကီးခ်ဳပ္ မစၥတာလီက်န႔္ ေျပာဆိုခဲ့ေသာ “ ႏွစ္ႏိုင္ငံ နယ္စပ္ဂိတ္မ်ားသည္ အစိုးရ၏စီမံခန႔္ခြဲမႈေအာက္ တြင္ ရွိရမည္ျဖစ္ၿပီး အျပည့္အဝစီမံခန႔္ခြဲႏိုင္ေရးကို ဆက္လက္ေဆာင္႐ြက္သြားမည္}ဆိုသည့္စကား အေပၚအေလးထားကာ ကတိတည္သြားရန္ လိုအပ္မည္ ျဖစ္သည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ တ႐ုတ္ ခရီးစဥ္သည္ နစကအစိုးရ၏ (၄)ႏွစ္တာ သက္တမ္း ကာလအတြင္း၌ ပထမဆုံးအႀကိမ္ပင္ ျဖစ္သည္။နစကအႀကီးအကဲ၏ ယခုတ႐ုတ္ခရီးစဥ္အေပၚ ေလ့လာ ၾကည့္မည္ဆိုပါက ၎ႏွင့္အတူ ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ ျပည္ေထာင္စု ဝန္ႀကီး အမ်ားအျပား လိုက္ပါသြားခဲ့သည္ကို ေတြ႕ရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ တိုင္းႏွင့္ျပည္နယ္ (၁၄)ခု ရွိ သည့္အနက္ တနသၤာရီတိုင္း၊ ရန္ကုန္တိုင္းႏွင့္ ဧရာဝတီတိုင္းအစိုးရအဖြဲ႕တို႔၏ ဝန္ႀကီးခ်ဳပ္မ်ားကိုလည္း ထူးထူးျခားျခားေခၚေဆာင္သြားခဲ့သည္ကို ေတြ႕ရသည္။
တနသၤာရီတိုင္းအတြင္းရွိ ထားဝယ္ေရနက္ ဆိပ္ကမ္းစီမံကိန္းကို ျပန္လည္အေကာင္အထည္ေဖာ္ႏိုင္ ရန္ ၿပီးခဲ့ေသာကာလမ်ားတြင္ နစကအစိုးရႏွင့္ ႐ုရွားႏိုင္ငံတို႔ၾကား ေတြ႕ဆုံေဆြးေႏြးမႈမ်ားရွိသကဲ့သို႔ ယင္း စီမံကိန္း အေပၚတြင္လည္း တ႐ုတ္ႏိုင္ငံဘက္က စိတ္ဝင္စားမႈရွိေနေၾကာင္း ေျပာဆိုမႈမ်ားထြက္ေပၚခဲ့ဖူး သည္။ အလားတူ တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာရွိေသာ ရန္ကုန္တိုင္းအတြင္း၌ ရန္ကုန္ၿမိဳ႕ သစ္စီမံ ကိန္းကို ျပန္လည္စတင္ႏိုင္ရန္အတြက္ တ႐ုတ္ႏိုင္ငံဘက္က လိုလားေနေၾကာင္း သတင္းထြက္ေပၚမႈ မ်ား ရွိခဲ့ေသးသည္။
ထို႔ျပင္ ဗိုလ္ခ်ဳပ္မႉးႀကီး၏ တ႐ုတ္ခရီးစဥ္ အတြင္း၌ တ႐ုတ္ႏိုင္ငံဘက္က တ႐ုတ္-ျမန္မာ စီးပြားေရး စကၤၿစီမံကိန္းမ်ားကို ထိပ္တန္းစီမံကိန္းမ်ားအျဖစ္ သတ္မွတ္ထားၿပီး ယင္းစီမံကိန္းမ်ားကို အရွိန္ အဟုန္ ျမႇင့္ကာ အေကာင္အထည္ေဖာ္ႏိုင္ရန္ လိုလားေၾကာင္း ျပသေျပာဆိုမႈမ်ားရွိခဲ့သည္ကိုလည္း ေတြ႕ရ သည္။ အဓိကအားျဖင့္ တ႐ုတ္-ျမန္မာစီးပြားေရး စႀကႍစီမံကိန္းမ်ားထဲတြင္ ရထားလမ္းမ်ား၊ ကားလမ္း မ်ား၊ အထူးစီးပြားေရးဇုန္မ်ား၊ ဆိပ္ ကမ္းမ်ား၊ ၿမိဳ႕သစ္စီမံကိန္းမ်ား ပါဝင္ေၾကာင္းသိရၿပီး ယင္းစီမံကိန္း မ်ားကို ရွမ္းျပည္နယ္၊ မႏၲေလးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ဆက္စပ္ ေတြ႕ရွိရသည္။
ယင္းစီမံကိန္းမ်ားထဲတြင္ တစ္ခုအပါအဝင္ ျဖစ္သည့္ မူဆယ္-မႏၲေလး-ေက်ာက္ျဖဴရထားလမ္း သစ္ေဖာက္လုပ္ေရးစီမံကိန္းႏွင့္ပတ္သက္၍ နယ္ေျမအေျခအေနအရ စတင္ေဖာက္လုပ္ႏိုင္မည့္ေဒသ မ်ားတြင္ လုပ္ငန္းစတင္သြားမည္ဟု နစကအႀကီး အကဲက တ႐ုတ္ခရီးစဥ္တြင္ ဖြင့္ဟေျပာဆိုအသိေပးခဲ့ သည္။
နစကအစိုးရ (၄)ႏွစ္တာကာလအတြင္း၌ တ႐ုတ္ႏိုင္ငံသို႔ ပထမဆုံးအႀကိမ္ သြားေရာက္ခဲ့ေသာ ဗိုလ္ ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ျမန္မာႏိုင္ငံ၌ ဓာတ္ေျမဩဇာထုတ္လုပ္ေရး၊ စိုက္ပ်ိဳးေရး၊ ဘိလပ္ေျမ ထုတ္လုပ္ေရး၊ ဆိုလာစနစ္ႏွင့္ ေရအားလွ်ပ္စစ္ ထုတ္လုပ္ေရး၊ လွ်ပ္စစ္ကားထုတ္လုပ္ေရး၊ စားသုံး ဆီထုတ္လုပ္ေရးစသည့္က႑မ်ားတြင္ တ႐ုတ္ႏိုင္ငံက လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ျပန္လည္ဖိတ္ေခၚ ခဲ့သည္ကို ေတြ႕ရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး၏ တ႐ုတ္ခရီးစဥ္ေၾကာင့္ ႏိုင္ငံေရးအသိုင္းအဝိုင္းက ရွမ္းေျမာက္ေဒသတြင္ ျပန္လည္တည္ၿငိမ္ေအးခ်မ္းလာႏိုင္ေၾကာင္း၊ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးလာႏိုင္ေၾကာင္း သုံးသပ္မႈမ်ိဳး ရွိေနၾကသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တ႐ုတ္ခရီးစဥ္အတြင္း (၈)ႀကိမ္ေျမာက္ မဟာမဲ ေခါင္ေဒသခြဲ ထိပ္သီးအစည္းအေဝး အပါအဝင္ အျခားေသာ ထိပ္သီးအစည္းအေဝးမ်ားကို ကိုယ္တိုင္ တက္ေရာက္ခဲ့သည့္အျပင္ ယင္းအစည္းအေဝးသို႔ တက္ေရာက္လာသည့္ ထိုင္းဝန္ႀကီးခ်ဳပ္၊ ကေမာၻဒီး ယားဝန္ႀကီးခ်ဳပ္၊ လာအိုဝန္ႀကီးခ်ဳပ္တို႔ႏွင့္လည္း သီးျခားစီ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနသည့္ အေျခအေနမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ရန္ လိုအပ္ေသာ အေျခအေနမ်ားႏွင့္ပတ္သက္၍ ထည့္သြင္း ေဆြးေႏြးမႈမ်ားရွိခဲ့ေၾကာင္း ေတြ႕ရသည္။ တ႐ုတ္ခရီးစဥ္ အတြင္း၌ပင္ ဧရာဝတီ-ေက်ာက္ဖရား-မဲေခါင္ဟု ေခၚသည့္ ACMECS ၏ ငါးႏိုင္ငံ ဥကၠ႒အျဖစ္ ဗိုလ္ခ်ဳပ္ မႉးႀကီး ျဖစ္ခြင့္ရခဲ့သည္။ အဆိုပါ ငါးႏိုင္ငံမွာ ျမန္မာ၊ ထိုင္း၊ လာအို၊ ကေမာၻဒီးယား၊ ဗီယက္နမ္တို႔ ပင္ ျဖစ္၏။
လက္ရွိႏိုင္ငံေတာ္တြင္ မျဖစ္မေန လိုအပ္ေနလ်က္ရွိသည့္ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥသည္ နစက အႀကီးအကဲဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္၏ တ႐ုတ္ႏိုင္ငံခရီးစဥ္ေၾကာင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး အတြက္ နိဒါန္းလား သို႔တည္းမဟုတ္ စစ္မီးမ်ား ဆက္ေတာက္မည္လားဆိုသည္ကို ေစာင့္ၾကည့္သြား ရမည္သာျဖစ္သည္။

Related news

© 2021. All rights reserved.