ပေဂျာတွေနဲ့ ရေဒီယိုတွေပေါက်ကွဲမှုစစ်ဆင်ရေးကို ၎င်းတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ထုတ်ဖော်ပြောဆို

 614

Pika (NP News) - နိုဝင်ဘာ ၁၁

လက်ဘနွန်နိုင်ငံတစ်ဝှမ်းမှာ ထောင်နဲ့ချီတဲ့ ပေဂျာတွေနဲ့ ရေဒီယိုတွေပေါက်ကွဲခဲ့ပြီး လူဒါဇင်ချီသေဆုံးကာ အခြား လူထောင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ဆင်ရေးရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေဟာ အစ္စရေး အထူးဝန်ဆောင်မှုအဖွဲ့တွေဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပထမဆုံးအကြိမ် အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၇)ရက်တုန်းက လက်ဘနွန်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံရဲ့အချို့နေရာတွေမှာ ထောင်နဲ့ချီတဲ့ ပေဂျာတွေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားပြီး နောက်နေ့မှာ ရာနဲ့ချီတဲ့ walkie-talkies တွေ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်နှစ်ခုအတွင်း အနည်းဆုံးလူ(၄၂)ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အခြားလူ(၃၅၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နေတန်ရာဟု က "ကာကွယ်ရေးဌာနက အကြီးတန်းအရာရှိတွေနဲ့ နိုင်ငံရေးနယ်ပယ်မှာ တာဝန်ရှိတဲ့သူတွေရဲ့ အတိုက်အခံဆန့်ကျင်မှုတွေရှိနေပေမယ့်လည်း ပေဂျာစစ်ဆင်ရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallah ကို လုပ်ကြံသတ်ဖြတ်မှုတို့ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။

နေတန်ရာဟုဟာ နိုဝင်ဘာလ(၁၀)ရက်က လုပ်ဆောင်ခဲ့တဲ့အစိုးရအဖွဲ့အစည်းအဝေးအတွင်းမှာ ယခုလိုထုတ်ဖော် ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီစစ်ဆင်ရေးကို ဘယ်သူကဆန့်ကျင်ခဲ့သလဲ ဆိုတဲ့အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် နေတန်ရာဟု ဟာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၊ ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့တို့နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရပ်တည်ချက် ကွဲပြားမှုတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး Yoav Gallant ကို ယခုသီတင်းပတ်အစောပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေပဂ်ာေတြနဲ႔ ေရဒီယိုေတြေပါက္ကြဲမႈစစ္ဆင္ေရးကို ၎တို႔လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၁၁

လက္ဘႏြန္ႏိုင္ငံတစ္ဝွမ္းမွာ ေထာင္နဲ႔ခ်ီတဲ့ ေပဂ်ာေတြနဲ႔ ေရဒီယိုေတြေပါက္ကြဲခဲ့ၿပီး လူဒါဇင္ခ်ီေသဆုံးကာ အျခား လူေထာင္ေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့စစ္ဆင္ေရးရဲ႕ေနာက္ကြယ္က ႀကိဳးကိုင္သူေတြဟာ အစၥေရး အထူးဝန္ေဆာင္မႈအဖြဲ႕ေတြျဖစ္တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ပထမဆုံးအႀကိမ္ အသိအမွတ္ျပဳ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ(၁၇)ရက္တုန္းက လက္ဘႏြန္ႏိုင္ငံနဲ႔ ဆီးရီးယားႏိုင္ငံရဲ႕အခ်ိဳ႕ေနရာေတြမွာ ေထာင္နဲ႔ခ်ီတဲ့ ေပဂ်ာေတြ ေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ အဲဒီျဖစ္ရပ္ျဖစ္ပြားၿပီး ေနာက္ေန႔မွာ ရာနဲ႔ခ်ီတဲ့ walkie-talkies ေတြ ေပါက္ကြဲမႈထပ္မံျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ေပါက္ကြဲမႈျဖစ္စဥ္ႏွစ္ခုအတြင္း အနည္းဆုံးလူ(၄၂)ဦး ေသဆုံးခဲ့ၿပီး အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ အပါအဝင္ အျခားလူ(၃၅၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

ေနတန္ရာဟု က "ကာကြယ္ေရးဌာနက အႀကီးတန္းအရာရွိေတြနဲ႔ ႏိုင္ငံေရးနယ္ပယ္မွာ တာဝန္ရွိတဲ့သူေတြရဲ႕ အတိုက္အခံဆန႔္က်င္မႈေတြရွိေနေပမယ့္လည္း ေပဂ်ာစစ္ဆင္ေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Hassan Nasrallah ကို လုပ္ႀကံသတ္ျဖတ္မႈတို႔ကို လုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ေနတန္ရာဟုဟာ ႏိုဝင္ဘာလ(၁၀)ရက္က လုပ္ေဆာင္ခဲ့တဲ့အစိုးရအဖြဲ႕အစည္းအေဝးအတြင္းမွာ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အဲဒီစစ္ဆင္ေရးကို ဘယ္သူကဆန႔္က်င္ခဲ့သလဲ ဆိုတဲ့အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေနတန္ရာဟု ဟာ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕၊ ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕တို႔နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲမွာ ရပ္တည္ခ်က္ ကြဲျပားမႈေတြနဲ႔ပတ္သက္ၿပီး ကာကြယ္ေရးဝန္ႀကီး Yoav Gallant ကို ယခုသီတင္းပတ္အေစာပိုင္းမွာ ရာထူးကေန ထုတ္ပယ္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.