နစကဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ခိုင်မာရေး တရုတ် ၏ အမြဲထောက်ခံမှုကို ရရှိခဲ့
825
ချယ်ရီ (NP News) - နိုဝင်ဘာ ၁၁
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင် ငံ၏ နိုင်ငံရေးစနစ်ခိုင်မာရေးတွင် တရုတ်၏အမြဲထောက်ခံမှုကိုရရှိခဲ့ကြောင်း နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
နစက ဥက္ကဋ္ဌ၏ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်ခရီးစဉ်အတွင်း (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ (ဂျီအမ်အက်စ်)အစည်းအဝေး၊ (၁၀) ကြိမ်မြောက်(အက်မက်စ်) အစည်းအဝေး ဧရာဝတီ-ကျောက်ဖရား-မဲခေါင်အစည်းအဝေး၊ (၁၁)ကြိမ်မြောက် (စီအယ်လ်အမ်ဗွီ) အစည်းအဝေးများကို တက်ရောက်ခဲ့ကာ လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌(အက်မက်စ်)ကို အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည့်အပြင် တရုတ်နိုင်ငံယူနန်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူး၊ ချုံချင့်ပြည်နယ်၏ ပါတီအတွင်းရေးမှူးများနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့ပြင် အဆိုပါခရီးစဉ်အတွင်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်များနှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေး၊ အပြုသဘောဆောင်သည့် တိုးတက်မှုများရရှိစေရန် ဆွေးနွေးနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အဲဒီမှာ အပိုင်းခွဲပြီး ပြောရမယ်ဆိုရင် နိုင်ငံရေးအရ တရုတ်နိုင်ငံအနေနဲ့ ယခင်ကလိုပဲ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အားပေးပါတယ်။ ဒါတွေကို ထပ်မံထပ်လောင်း အသိအမှတ်ပြုတယ်။ တရုတ်နိုင်ငံရဲ့နယ်နိမိတ်၊ တရုတ်နိုင်ငံရဲ့နယ်မြေကိုအခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့သူတွေ၊ မြန်မာနိုင်ငံနဲ့ပတ်သက်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကိုလက်မခံကြောင်း ပြောပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံရဲ့မူဝါဒကို ထပ်လောင်းအတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်အောင် ကျွန်တော်တို့ထပ်မံပြီးတော့ ထပ်လောင်းအတည် ပြုခဲ့ပါတယ်။ ဒါကနိုင်ငံရေးပိုင်းနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မြန်မာနိုင်ငံရဲ့နိုင်ငံ ရေးစနစ်ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအားပေးထောက်ခံမှုကိုလည်း ရရှိခဲ့တယ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
လူမှုရေးပိုင်းနှင့် ပညာရေးကဏ္ဍတွင်လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်နယ်အဆင့်၊ ဗဟိုအစိုးရအဆင့်များတွင် ပညာတော်သင်အဖွဲ့များကို ပိုမို၍ ခေါ်ယူမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ မြန်မာနိုင်ငံလူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေးကို ဆက်လက်ပြီး ကူညီဆောင်ရွက်ပါမယ်။ ခရီးစဉ်ရဲ့အနှစ်ချုပ်ကို ပြောရမယ်ဆိုရင်ခရီးစဉ်ဟာ တရုတ်နိုင်ငံတင်မကဘဲ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ ဝန်ကြီးချုပ်တို့နဲ့ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ခရီးစဉ်ဟာ မြန်မာပြည်သူ လူထုရဲ့လူမှုစီးပွားဘဝ မြင့်တက်စေရေးအတွက် အထူးကိုပဲအောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။
zawgyi version
နစကဥကၠ႒၏ တ႐ုတ္ႏိုင္ငံခရီးစဥ္အတြင္း ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးစနစ္ခိုင္မာေရး တ႐ုတ္ ၏ အၿမဲေထာက္ခံမႈကို ရရွိခဲ့
ခ်ယ္ရီ (NP News) - ႏိုဝင္ဘာ ၁၁
နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၏ တ႐ုတ္ႏိုင္ငံခရီးစဥ္အတြင္း ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးစနစ္ခိုင္မာေရးတြင္ တ႐ုတ္၏အၿမဲေထာက္ခံမႈကိုရရွိခဲ့ေၾကာင္း နစက၏ေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
နစက ဥကၠ႒၏ ႏိုဝင္ဘာလ ၅ ရက္မွ ၁၀ ရက္အထိ တ႐ုတ္ခရီးစဥ္အတြင္း (၈)ႀကိမ္ေျမာက္ မဟာမဲေခါင္ေဒသ (ဂ်ီအမ္အက္စ္)အစည္းအေဝး၊ (၁၀) ႀကိမ္ေျမာက္(အက္မက္စ္) အစည္းအေဝး ဧရာဝတီ-ေက်ာက္ဖရား-မဲေခါင္အစည္းအေဝး၊ (၁၁)ႀကိမ္ေျမာက္ (စီအယ္လ္အမ္ဗြီ) အစည္းအေဝးမ်ားကို တက္ေရာက္ခဲ့ကာ လာမည့္ႏွစ္တြင္ ျမန္မာႏိုင္ငံ၌(အက္မက္စ္)ကို အလွည့္က်ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။
ခရီးစဥ္အတြင္း တ႐ုတ္ႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ဆုံခဲ့သည့္အျပင္ တ႐ုတ္ႏိုင္ငံယူနန္ျပည္နယ္ရဲ႕ ပါတီအတြင္းေရးမႉး၊ ခ်ဳံခ်င့္ျပည္နယ္၏ ပါတီအတြင္းေရးမႉးမ်ားႏွင့္လည္း ေတြ႕ဆုံခဲ့သည္။ ထို႔ျပင္ အဆိုပါခရီးစဥ္အတြင္း အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္၊ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္၊ လာအိုႏိုင္ငံဝန္ႀကီးခ်ဳပ္မ်ားႏွင့္ အျပဳသေဘာေဆာင္သည့္ ဆက္ဆံေရး၊ အျပဳသေဘာေဆာင္သည့္ တိုးတက္မႈမ်ားရရွိေစရန္ ေဆြးေႏြးႏိုင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
အဲဒီမွာ အပိုင္းခြဲၿပီး ေျပာရမယ္ဆိုရင္ ႏိုင္ငံေရးအရ တ႐ုတ္ႏိုင္ငံအေနနဲ႔ ယခင္ကလိုပဲ ျမန္မာႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲမႈကို အားေပးပါတယ္။ ဒါေတြကို ထပ္မံထပ္ေလာင္း အသိအမွတ္ျပဳတယ္။ တ႐ုတ္ႏိုင္ငံရဲ႕နယ္နိမိတ္၊ တ႐ုတ္ႏိုင္ငံရဲ႕နယ္ေျမကိုအေျချပဳၿပီး ျမန္မာႏိုင္ငံကို ဆန႔္က်င္ေနတဲ့သူေတြ၊ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ဆန႔္က်င္ေနတဲ့ အဖြဲ႕အစည္းမွန္သမွ်ကိုလက္မခံေၾကာင္း ေျပာပါတယ္။ အဲဒီလိုပဲ ျမန္မာႏိုင္ငံအေနနဲ႔လည္း တ႐ုတ္ႏိုင္ငံရဲ႕မူဝါဒကို ထပ္ေလာင္းအတည္ျပဳခဲ့တယ္။ တ႐ုတ္ႏိုင္ငံကို ဆန႔္က်င္တဲ့သူေတြ ျမန္မာႏိုင္ငံထဲမွာ အေျခမျပဳႏိုင္ေအာင္ ကြၽန္ေတာ္တို႔ထပ္မံၿပီးေတာ့ ထပ္ေလာင္းအတည္ ျပဳခဲ့ပါတယ္။ ဒါကႏိုင္ငံေရးပိုင္းနဲ႔ပတ္သက္ၿပီး တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံ ေရးစနစ္ခိုင္မာေစဖို႔အတြက္ တ႐ုတ္ႏိုင္ငံအေနနဲ႔ အၿမဲတမ္းအားေပးေထာက္ခံမႈကိုလည္း ရရွိခဲ့တယ္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။
လူမႈေရးပိုင္းႏွင့္ ပညာေရးက႑တြင္လည္း တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ျပည္နယ္အဆင့္၊ ဗဟိုအစိုးရအဆင့္မ်ားတြင္ ပညာေတာ္သင္အဖြဲ႕မ်ားကို ပိုမို၍ ေခၚယူမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။ ျမန္မာႏိုင္ငံလူမႈစီးပြားဘဝ ျမင့္မားတိုးတက္ေစေရးကို ဆက္လက္ၿပီး ကူညီေဆာင္႐ြက္ပါမယ္။ ခရီးစဥ္ရဲ႕အႏွစ္ခ်ဳပ္ကို ေျပာရမယ္ဆိုရင္ခရီးစဥ္ဟာ တ႐ုတ္ႏိုင္ငံတင္မကဘဲ လာအိုႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံတို႔ရဲ႕ ဝန္ႀကီးခ်ဳပ္တို႔နဲ႔ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။ ခရီးစဥ္ဟာ ျမန္မာျပည္သူ လူထုရဲ႕လူမႈစီးပြားဘဝ ျမင့္တက္ေစေရးအတြက္ အထူးကိုပဲေအာင္ျမင္တဲ့ ခရီးစဥ္တစ္ခုျဖစ္တယ္လို႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္ ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ရွင္းျပသည္။