နှစ်သစ်မှစ၍ အခွန်ထမ်းမှတ်ပုံတင်စနစ်၌ မှတ်ပုံတင်ပြီးမှသာ ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးပေးမည်
523
ယွန်း (NP News) - နိုဝင်ဘာ ၁၂
လာမည့်နှစ်(၂၀၂၅) ခုနှစ်မှစ၍ အခွန်ထမ်းမှတ်ပုံတင်စနစ်၌ မှတ်ပုံတင်ပြီးမှသာ ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီး ဌာနက ထုတ်ပြန်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ယခုကာလအတွင်း အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။
ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းပိုမိုအဆင်ပြေစေရေးအတွက် ကုန်သွယ်ရေးဦးစီးဌာန၏ Tradenet 2.0 စနစ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အီလက်ထရွန်နစ် အခွန်ထမ်းမှတ်ပုံတင်စနစ်(e-Registration Management System) တို့အကြား စနစ်ချင်း ချိတ်ဆက်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ စနစ်အရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ် အသစ်လျှောက်ထားခြင်း နှင့် သက်တမ်းတိုးလျှောက်ထားခြင်းများဆောင်ရွက်မည့် ကုမ္ပဏီ၊ အသင်းအဖွဲ့နှင့် သမဝါယမ အသင်းတို့ သည် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင် စနစ် (https:eregistration.ird.gov.mm) တွင် ဝင်ရောက်လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
“ အဓိကကတော့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေမှာ ရှေ့ကကုမ္ပဏီတွေကလိုင်စင်လျှောက် ထားတယ်။ လျှောက်ပြီးတော့ တကယ်ကျတော့ နှစ်ချုပ်မှာသွားပြီးတော့ မရှင်းတာတွေရှိတယ်။ အဲဒီ တော့ နိုင်ငံတော်ကအခွန်တွေနစ်နာတဲ့အတွက်ကြောင့် ဒါကို အခွန် ပြီးမှပဲ လျှောက်ရမယ်ဆိုတာမျိုးကို သတ်မှတ်တာပေါ့။ တကယ်တော့ ဒီလိုမျိုး သတ်မှတ်တာက နိုင်ငံတော်အတွက်ကောင်းပါတယ်။ နိုင်ငံတော်က အခွန်တော့ စနစ်တကျရသွားတာပေါ့။ အခွန်ပိုရသွားမယ်” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက NP News ကို သုံးသပ်ထားသည်။
အဆိုပါ စနစ်အရ Tradenet 2.0 စနစ်တွင် (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှစ၍ ပို့ကုန် သွင်း ကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်အသစ် လျှောက်ထားခြင်းကို အခွန်ထမ်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံ တင် (Registration)ဖြစ်ပြီးမှသာ လျှောက် ထားနိုင်ကြောင်း အသိပေးထားသည်။ ထို့ပြင် သက်တမ်းတိုးလျှောက်ထားခြင်းကိုလည်း (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီ(၁)ရက်မှစ၍ အထက်ပါကဲ့သို့ အခွန်ထမ်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ဖြစ်ပြီးမှသာ လျှောက်ထားရန် ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စများကို ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်၊ မေလမှစ၍ အီလက်ထရွန်နစ် အခွန်ထမ်းမှတ်ပုံတင်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
zawgyi version
ႏွစ္သစ္မွစ၍ အခြန္ထမ္းမွတ္ပုံတင္စနစ္၌ မွတ္ပုံတင္ၿပီးမွသာ ပို႔ကုန္သြင္းကုန္ မွတ္ပုံတင္လက္မွတ္သက္တမ္းတိုးေပးမည္
ယြန္း (NP News) - ႏိုဝင္ဘာ ၁၂
လာမည့္ႏွစ္(၂၀၂၅) ခုႏွစ္မွစ၍ အခြန္ထမ္းမွတ္ပုံတင္စနစ္၌ မွတ္ပုံတင္ၿပီးမွသာ ပို႔ကုန္သြင္းကုန္မွတ္ပုံတင္လက္မွတ္သက္တမ္းတိုးေပးမည္ျဖစ္ေၾကာင္း ကုန္သြယ္ေရးဦးစီး ဌာနက ထုတ္ျပန္သည္။ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနက ယခုကာလအတြင္း အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။
ကုန္သြယ္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ လုပ္ငန္းပိုမိုအဆင္ေျပေစေရးအတြက္ ကုန္သြယ္ေရးဦးစီးဌာန၏ Tradenet 2.0 စနစ္ႏွင့္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ အီလက္ထ႐ြန္နစ္ အခြန္ထမ္းမွတ္ပုံတင္စနစ္(e-Registration Management System) တို႔အၾကား စနစ္ခ်င္း ခ်ိတ္ဆက္အသုံးျပဳႏိုင္ေရး ေဆာင္႐ြက္ထားေၾကာင္း သိရသည္။ အဆိုပါ စနစ္အရ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္မွတ္ပုံတင္ လက္မွတ္ အသစ္ေလွ်ာက္ထားျခင္း ႏွင့္ သက္တမ္းတိုးေလွ်ာက္ထားျခင္းမ်ားေဆာင္႐ြက္မည့္ ကုမၸဏီ၊ အသင္းအဖြဲ႕ႏွင့္ သမဝါယမ အသင္းတို႔ သည္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ အခြန္ထမ္းမွတ္ပုံတင္ စနစ္ (https:eregistration.ird.gov.mm) တြင္ ဝင္ေရာက္ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
“ အဓိကကေတာ့ ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္ေတြမွာ ေရွ႕ကကုမၸဏီေတြကလိုင္စင္ေလွ်ာက္ ထားတယ္။ ေလွ်ာက္ၿပီးေတာ့ တကယ္က်ေတာ့ ႏွစ္ခ်ဳပ္မွာသြားၿပီးေတာ့ မရွင္းတာေတြရွိတယ္။ အဲဒီ ေတာ့ ႏိုင္ငံေတာ္ကအခြန္ေတြနစ္နာတဲ့အတြက္ေၾကာင့္ ဒါကို အခြန္ ၿပီးမွပဲ ေလွ်ာက္ရမယ္ဆိုတာမ်ိဳးကို သတ္မွတ္တာေပါ့။ တကယ္ေတာ့ ဒီလိုမ်ိဳး သတ္မွတ္တာက ႏိုင္ငံေတာ္အတြက္ေကာင္းပါတယ္။ ႏိုင္ငံေတာ္က အခြန္ေတာ့ စနစ္တက်ရသြားတာေပါ့။ အခြန္ပိုရသြားမယ္” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္း ရွင္တစ္ဦးက NP News ကို သုံးသပ္ထားသည္။
အဆိုပါ စနစ္အရ Tradenet 2.0 စနစ္တြင္ (၂၀၂၄) ခုႏွစ္၊ ႏိုဝင္ဘာလ(၁)ရက္မွစ၍ ပို႔ကုန္ သြင္း ကုန္လုပ္ငန္းရွင္မွတ္ပုံတင္လက္မွတ္အသစ္ ေလွ်ာက္ထားျခင္းကို အခြန္ထမ္းမွတ္ပုံတင္စနစ္တြင္ မွတ္ပုံ တင္ (Registration)ျဖစ္ၿပီးမွသာ ေလွ်ာက္ ထားႏိုင္ေၾကာင္း အသိေပးထားသည္။ ထို႔ျပင္ သက္တမ္းတိုးေလွ်ာက္ထားျခင္းကိုလည္း (၂၀၂၅) ခုႏွစ္၊ ဇန္နဝါရီ(၁)ရက္မွစ၍ အထက္ပါကဲ့သို႔ အခြန္ထမ္းမွတ္ပုံတင္စနစ္တြင္ မွတ္ပုံတင္ျဖစ္ၿပီးမွသာ ေလွ်ာက္ထားရန္ ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။
ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ အခြန္ထမ္းမွတ္ပုံတင္ျခင္းဆိုင္ရာကိစၥမ်ားကို ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္၊ ေမလမွစ၍ အီလက္ထ႐ြန္နစ္ အခြန္ထမ္းမွတ္ပုံတင္စနစ္ျဖင့္ ေျပာင္းလဲေဆာင္႐ြက္ခဲ့ျခင္း ျဖစ္သည္။