ဆယ်ဆတစ်ဆ ငွေတုရောင်းဝယ်ရေးနှင့် လူလိမ်အကောင့်များ လူမှုကွန်ရက်၌ တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်နေ
3589
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၃
ငွေတုဆယ်ဆလျှင် မြန်မာငွေကျပ်တစ်ဆပေါက် ဈေးရှိသည့် ငွေတုရောင်းဝယ်ရေးနှင့် လူလိမ်အ ကောင့်များ လူမှုကွန်ရက်များ၌ တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်နေကြောင်း NP News က တွေ့မြင်ရသည့် အချက်အလက်များအရ သိရသည်။
ငွေစက္ကူအတုရောင်းဝယ်မှုများသည် လွန်ခဲ့သည့် နှစ်များကပင်ရှိခဲ့ပြီး ယခုနောက် ပိုင်းတွင် လူမှုကွန်ရက်များဖြစ်သည့် Facebook ၊ Tiktok နှင့် Telegram တို့တွင် ငွေတုရောင်းဝယ်ရေးဆိုကာ အမျိုးအမည်များစွာဖြင့် ပေါ်ပေါက်နေခြင်းဖြစ်သည်။ ယင်းအကောင့်များတွင် အမှန်တကယ်ရောင်း ဝယ်ရေး ပြုလုပ်သူများနှင့် ငွေတုရောင်းဝယ်ရေးဆိုကာ ငွေကြေးလိမ်လည်အကောင့်များဟူ၍ (၂)မျိုးရှိကြောင်း သိရသည်။
ငွေစက္ကူအတုများထုတ်လုပ်ရာတွင် ယခင်က ပုံနှိပ်ပရင့်စက်များကိုအသုံးပြုခဲ့ရာမှ ယခုနောက် ပိုင်းတွင် ငွေစက္ကူအတုပြုလုပ်သည့် စက်များ သီးသန့် ပေါ်ပေါက်လာနေကြောင်း လူမှုကွန်ရက် များတွင် NP News ကတွေ့ရှိရသည့် အချက်အလက်များအရ သိရသည်။
“ငွေတုရဲ့သပ်ရပ်မှုနှုန်းက အစစ်နီးပါးနဲ့ လုံးဝခွဲ မရတာရှိတယ်။ နောက်ပြီးတော့ ငွေအစစ်က Serial နံပါတ်တွေကို အဲဒီကြားကနေညှပ် ညှပ်ပြီးလုပ်တာ တွေရှိတယ်။ အဲဒီလိုဟာတွေ လုပ်တဲ့အတွက် ငွေတု လုပ်တဲ့ ပင်ရင်းနေရာသည် ကျားဖျန့်နဲ့ ဆက်စပ်နေ တယ်။ အဲဒီကနေ agent တွေပေါ်လာတယ်။ agent တွေကနေမှ ဒီငွေတု ထုတ်စက်တွေနဲ့ အပြင်ကို ဖြန့် တယ်” ဟု ငွေတုနဲ့ပတ်သက်၍ လေ့လာစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။
ငွေစက္ကူအတုရောင်းဝယ်ခြင်းကို အများဆုံးပြုလုပ်သည့် ဒေသများမှာ လက်ရှိနိုင်ငံအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ “ ဒီလောက်တိုက်ပွဲ ဖြစ် နေတာကို ဒီငွေအတုတွေက ရောက်နိုင်လားလို့ မေး စရာတော့ရှိမှာပေါ့။ ဒါပေမဲ့ လုပ်တဲ့သူကတော့ ကားပေါ်တွေ၊ ဆိုင်ကယ်ပေါ်တွေမှာ မဖြစ် ဖြစ်တဲ့နည်း နဲ့ ညှပ်ညှပ်ထည့်ပြီးသယ်ကြတယ်။ အဲဒီမှာ သူတို့ရဲ့အေးဂျင့်လိုလူမျိုးကိုလည်းထားတယ်။ အဲဒီနေရာ တွေရောက်သွားပြီဆိုရင် ဘဏ်မရှိ၊ ဘာမရှိနဲ့စစ်လို့ မရတော့တဲ့အခါမှာ ဒီငွေတွေကို ညှပ်ညှပ်ပြီးသုံးကြတယ်”ဟု ၎င်းကပြောသည်။
ငွေစက္ကူတုများ ထုတ်လုပ်ရောင်းချရာ၌ လူမှုကွန်ရက်များတွင် မြန်မာငွေကျပ်တစ်သိန်းလျှင် ငွေ စက္ကူအတု(၁၀)သိန်းဖြင့် အရောင်းအဝယ်ပြုလုပ်သည့်အကောင့်များ များစွာရှိနေပြီး Online Banking စနစ်ဖြင့် ငွေတုရောင်းချပေးသည်ဟူသော လူလိမ်အကောင့်များလည်းများစွာရှိကြောင်း သိရသည်။ “ခုရက်အတွင်း ဝယ်ယူသူများကို (၁၃)ဆ ပေးပါတယ်နော်။ မိတ်ဆွေအပေါင်း အဆင်ပြေကြလို့ ဝမ်း သာပါတယ်ဗျာ။ ကြိုပြောမယ်နော်။ ပစ္စည်းရောက် ငွေချေမရပါ။ လုပ်ငန်းတွေအရှုံးပေါ်နေပြီလား။ ကြွေးတွေများလို့ အနှိမ်ခံအပြောခံဘဝဖြစ်နေပြီလား အား လုံးကို အဆင်ပြေအောင်ကူညီမယ်ဗျာ။ ကျွန်တော့် ပစ္စည်းအရေအသွေး(Quality)ပိုင်း အထူးအာမခံ တယ်ဗျာ။(Quality)-၉၈.၅%။ ရေစာ။ CBM တံဆိပ်ပါမယ်။ ကြာရိပ်။ ရောင်ပြန်ကြိုး။ ဆေးသား(၁)နှစ်အာမခံ(ဖယောင်းပါမယ်)။ အသားကြမ်းမယ်။ ငွေနံပါတ် တစ်ရွက်နှင့် တစ်ရွက်မထပ်စေရဘူး။ အမြို့မြို့ အနယ်အနယ်တိုင်းကို ပို့ပေးပါတယ်ဗျ” ဟု ပြီးခဲ့ သည့် နိုဝင်ဘာ (၅) ရက်က “ နောင်စိုင်း ငွေတုရောင်း ဝယ်ရေးမူရင်း” ဟူသော Facebook အကောင့်တစ်ခုမှ ဖော်ပြရေးသားထားသည်များကို တွေ့မြင်ရသည်။
သို့သော် လက်ရှိတွင် ငွေစက္ကူအတုရောင်းဝယ် ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လာနေကာ ပြီးခဲ့သည့် အောက်တိုဘာ (၁၁)ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် တွင် ငွေစက္ကူအတု ကျပ် (၆) သိန်းကိုင်ဆောင်ထားသည့် အမျိုသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည့် ဖြစ် စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် လူမှုကွန်ရက်များတွင် ငွေစက္ကူအတုများ ကို ပုံစံမျိုးစုံဖြင့် ငွေစက္ကူအတု ရောင်းဝယ်မှုများကို (၂၀၁၉)ခုနှစ် မှ (၂၀၂၃) ခုနှစ် အထိ (၁၇၂) ကြိမ် ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။ “အခုငွေအရောင်းအဝယ်နဲ့ ပတ်သက်လို့ကတော့ ရဲတပ်ဖွဲ့မှာလည်း တာဝန်ရှိ သလို သက်ဆိုင်ရာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ မှာလည်း တာဝန်ရှိတယ်။ ဖော်ထုတ်ဖို့ကတော့ ရဲက အဓိကပေါ့နော်။ ရဲကတော့ သတင်းရရှိမှုပေါ့။ အဲဒီ သတင်းကိုအခြေခံပြီးတော့မှ ဖော်ထုတ်တာပေါ့။ ဖော် ထုတ်တဲ့နေရာမှာလည်း အသွင်ယူပြီးတော့သိတဲ့နေရာကို ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေ အမျိုးမျိုး ရှိတယ်” ဟု အငြိမ်းစားရဲမှူးကြီးတစ်ဦးက ပြောသည်။
လက်ရှိတွင်ငွေစက္ကူအတုများ ထုတ်လုပ်ရောင်း ချနေခြင်းစွာကို မြင်တွေ့နေရသည့်အပေါ် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ (၁၀၁) တွင် ပုဒ်မ (၁၀၅) အရ ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခံရနိုင်ကြောင်း သိရသည်။
zawgyi version
ဆယ္ဆတစ္ဆ ေငြတုေရာင္းဝယ္ေရးႏွင့္ လူလိမ္အေကာင့္မ်ား လူမႈကြန္ရက္၌ တြင္တြင္က်ယ္က်ယ္ ေပၚေပါက္ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၃
ေငြတုဆယ္ဆလွ်င္ ျမန္မာေငြက်ပ္တစ္ဆေပါက္ ေဈးရွိသည့္ ေငြတုေရာင္းဝယ္ေရးႏွင့္ လူလိမ္အ ေကာင့္မ်ား လူမႈကြန္ရက္မ်ား၌ တြင္တြင္က်ယ္က်ယ္ ေပၚေပါက္ေနေၾကာင္း NP News က ေတြ႕ျမင္ရသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ေငြစကၠဴအတုေရာင္းဝယ္မႈမ်ားသည္ လြန္ခဲ့သည့္ ႏွစ္မ်ားကပင္ရွိခဲ့ၿပီး ယခုေနာက္ ပိုင္းတြင္ လူမႈကြန္ရက္မ်ားျဖစ္သည့္ Facebook ၊ Tiktok ႏွင့္ Telegram တို႔တြင္ ေငြတုေရာင္းဝယ္ေရးဆိုကာ အမ်ိဳးအမည္မ်ားစြာျဖင့္ ေပၚေပါက္ေနျခင္းျဖစ္သည္။ ယင္းအေကာင့္မ်ားတြင္ အမွန္တကယ္ေရာင္း ဝယ္ေရး ျပဳလုပ္သူမ်ားႏွင့္ ေငြတုေရာင္းဝယ္ေရးဆိုကာ ေငြေၾကးလိမ္လည္အေကာင့္မ်ားဟူ၍ (၂)မ်ိဳးရွိေၾကာင္း သိရသည္။
ေငြစကၠဴအတုမ်ားထုတ္လုပ္ရာတြင္ ယခင္က ပုံႏွိပ္ပရင့္စက္မ်ားကိုအသုံးျပဳခဲ့ရာမွ ယခုေနာက္ ပိုင္းတြင္ ေငြစကၠဴအတုျပဳလုပ္သည့္ စက္မ်ား သီးသန႔္ ေပၚေပါက္လာေနေၾကာင္း လူမႈကြန္ရက္ မ်ားတြင္ NP News ကေတြ႕ရွိရသည့္ အခ်က္အလက္မ်ားအရ သိရသည္။
“ေငြတုရဲ႕သပ္ရပ္မႈႏႈန္းက အစစ္နီးပါးနဲ႔ လုံးဝခြဲ မရတာရွိတယ္။ ေနာက္ၿပီးေတာ့ ေငြအစစ္က Serial နံပါတ္ေတြကို အဲဒီၾကားကေနညႇပ္ ညႇပ္ၿပီးလုပ္တာ ေတြရွိတယ္။ အဲဒီလိုဟာေတြ လုပ္တဲ့အတြက္ ေငြတု လုပ္တဲ့ ပင္ရင္းေနရာသည္ က်ားဖ်န႔္နဲ႔ ဆက္စပ္ေန တယ္။ အဲဒီကေန agent ေတြေပၚလာတယ္။ agent ေတြကေနမွ ဒီေငြတု ထုတ္စက္ေတြနဲ႔ အျပင္ကို ျဖန႔္ တယ္” ဟု ေငြတုနဲ႔ပတ္သက္၍ ေလ့လာေစာင့္ၾကည့္ေနသူတစ္ဦးက ဆိုသည္။
ေငြစကၠဴအတုေရာင္းဝယ္ျခင္းကို အမ်ားဆုံးျပဳလုပ္သည့္ ေဒသမ်ားမွာ လက္ရွိႏိုင္ငံအတြင္း တိုက္ပြဲျဖစ္ပြားေနသည့္ ေဒသမ်ားျဖစ္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ “ ဒီေလာက္တိုက္ပြဲ ျဖစ္ ေနတာကို ဒီေငြအတုေတြက ေရာက္ႏိုင္လားလို႔ ေမး စရာေတာ့ရွိမွာေပါ့။ ဒါေပမဲ့ လုပ္တဲ့သူကေတာ့ ကားေပၚေတြ၊ ဆိုင္ကယ္ေပၚေတြမွာ မျဖစ္ ျဖစ္တဲ့နည္း နဲ႔ ညႇပ္ညႇပ္ထည့္ၿပီးသယ္ၾကတယ္။ အဲဒီမွာ သူတို႔ရဲ႕ေအးဂ်င့္လိုလူမ်ိဳးကိုလည္းထားတယ္။ အဲဒီေနရာ ေတြေရာက္သြားၿပီဆိုရင္ ဘဏ္မရွိ၊ ဘာမရွိနဲ႔စစ္လို႔ မရေတာ့တဲ့အခါမွာ ဒီေငြေတြကို ညႇပ္ညႇပ္ၿပီးသုံးၾကတယ္”ဟု ၎ကေျပာသည္။
ေငြစကၠဴတုမ်ား ထုတ္လုပ္ေရာင္းခ်ရာ၌ လူမႈကြန္ရက္မ်ားတြင္ ျမန္မာေငြက်ပ္တစ္သိန္းလွ်င္ ေငြ စကၠဴအတု(၁၀)သိန္းျဖင့္ အေရာင္းအဝယ္ျပဳလုပ္သည့္အေကာင့္မ်ား မ်ားစြာရွိေနၿပီး Online Banking စနစ္ျဖင့္ ေငြတုေရာင္းခ်ေပးသည္ဟူေသာ လူလိမ္အေကာင့္မ်ားလည္းမ်ားစြာရွိေၾကာင္း သိရသည္။ “ခုရက္အတြင္း ဝယ္ယူသူမ်ားကို (၁၃)ဆ ေပးပါတယ္ေနာ္။ မိတ္ေဆြအေပါင္း အဆင္ေျပၾကလို႔ ဝမ္း သာပါတယ္ဗ်ာ။ ႀကိဳေျပာမယ္ေနာ္။ ပစၥည္းေရာက္ ေငြေခ်မရပါ။ လုပ္ငန္းေတြအရႈံးေပၚေနၿပီလား။ ေႂကြးေတြမ်ားလို႔ အႏွိမ္ခံအေျပာခံဘဝျဖစ္ေနၿပီလား အား လုံးကို အဆင္ေျပေအာင္ကူညီမယ္ဗ်ာ။ ကြၽန္ေတာ့္ ပစၥည္းအေရအေသြး(Quality)ပိုင္း အထူးအာမခံ တယ္ဗ်ာ။(Quality)-၉၈.၅%။ ေရစာ။ CBM တံဆိပ္ပါမယ္။ ၾကာရိပ္။ ေရာင္ျပန္ႀကိဳး။ ေဆးသား(၁)ႏွစ္အာမခံ(ဖေယာင္းပါမယ္)။ အသားၾကမ္းမယ္။ ေငြနံပါတ္ တစ္႐ြက္ႏွင့္ တစ္႐ြက္မထပ္ေစရဘူး။ အၿမိဳ႕ၿမိဳ႕ အနယ္အနယ္တိုင္းကို ပို႔ေပးပါတယ္ဗ်” ဟု ၿပီးခဲ့ သည့္ ႏိုဝင္ဘာ (၅) ရက္က “ ေနာင္စိုင္း ေငြတုေရာင္း ဝယ္ေရးမူရင္း” ဟူေသာ Facebook အေကာင့္တစ္ခုမွ ေဖာ္ျပေရးသားထားသည္မ်ားကို ေတြ႕ျမင္ရသည္။
သို႔ေသာ္ လက္ရွိတြင္ ေငြစကၠဴအတုေရာင္းဝယ္ ေရးလုပ္ငန္းမ်ားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ေဖာ္ထုတ္ဖမ္းဆီးအေရးယူျခင္းမ်ားကို ယခင္ထက္ ပိုမိုလုပ္ေဆာင္လာေနကာ ၿပီးခဲ့သည့္ ေအာက္တိုဘာ (၁၁)ရက္က ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္ တြင္ ေငြစကၠဴအတု က်ပ္ (၆) သိန္းကိုင္ေဆာင္ထားသည့္ အမ်ိဳသမီးတစ္ဦးကို ဖမ္းဆီးရမိခဲ့သည့္ ျဖစ္ စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လူမႈကြန္ရက္မ်ားတြင္ ေငြစကၠဴအတုမ်ား ကို ပုံစံမ်ိဳးစုံျဖင့္ ေငြစကၠဴအတု ေရာင္းဝယ္မႈမ်ားကို (၂၀၁၉)ခုႏွစ္ မွ (၂၀၂၃) ခုႏွစ္ အထိ (၁၇၂) ႀကိမ္ ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ခဲ့ဖူးသည္။ “အခုေငြအေရာင္းအဝယ္နဲ႔ ပတ္သက္လို႔ကေတာ့ ရဲတပ္ဖြဲ႕မွာလည္း တာဝန္ရွိ သလို သက္ဆိုင္ရာ ေငြေၾကးဆိုင္ရာ အဖြဲ႕အစည္းေတြ မွာလည္း တာဝန္ရွိတယ္။ ေဖာ္ထုတ္ဖို႔ကေတာ့ ရဲက အဓိကေပါ့ေနာ္။ ရဲကေတာ့ သတင္းရရွိမႈေပါ့။ အဲဒီ သတင္းကိုအေျခခံၿပီးေတာ့မွ ေဖာ္ထုတ္တာေပါ့။ ေဖာ္ ထုတ္တဲ့ေနရာမွာလည္း အသြင္ယူၿပီးေတာ့သိတဲ့ေနရာကို ဝင္ေရာက္စီးနင္းဖမ္းဆီးတာေတြ အမ်ိဳးမ်ိဳး ရွိတယ္” ဟု အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက ေျပာသည္။
လက္ရွိတြင္ေငြစကၠဴအတုမ်ား ထုတ္လုပ္ေရာင္း ခ်ေနျခင္းစြာကို ျမင္ေတြ႕ေနရသည့္အေပၚ ျမန္မာ ႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒပုဒ္မ (၁၀၁) တြင္ ပုဒ္မ (၁၀၅) အရ ေငြဒဏ္ျဖစ္ေစ၊ သုံးႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ျပစ္ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ ခံရႏိုင္ေၾကာင္း သိရသည္။