အရှေ့တောင်အာရှ စစ်ဗိုလ်ချုပ်ကြီးတို့ရဲ့ ဒုတိယအသက်မွေးဝမ်းကြောင်း (သို့မဟုတ်) နိုင်ငံရေးတာဝန်

 1039

လင်းမြတ် (NP News) - နိုဝင်ဘာ ၁၄

ကမ္ဘာ့နိုင်ငံများ၏ အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ဝင်များ၊ ဝန်ကြီးများသည် အတိတ်က ၎င်းတို့၏ တပ်မတော်ရာထူးမှ အတွေ့အကြုံ၊ ဝါသနာနှင့် အမျိုးသားရေး တာဝန်ခံယူချက်များအရ (Mid-Carrer Change) ဟုခေါ်သည့် ပြောင်းလဲအသက်မွေးဝမ်းကြောင်းမှုအဖြစ် နိုင်ငံရေးနှင့် သက်ဆိုင်သော ကျွမ်းကျင်ဆိုင်ရာပြောင်းလဲ သက်မွေးကြောင်းမှု (Carrer Transformation)အနေဖြင့် နိုင်ငံရေးလောကသားများအသွင် (Politician) (သို့မဟုတ်) အရပ်ဘက် ပြည်သူ့ဝန်ဆောင်မှု (Pu­b­lic Service) အသွင်ဖြင့် ကူးပြောင်းတာဝန်ထမ်း ဆောင်ကြမှုများ အစဉ်လာကဲ့သို့ရှိနေ ဆဲဖြစ်သည်။ (ဥပမာ- နာမည်ကြီး အမေရိကန်လွှတ်တော်အမတ် ဗီယက်နမ် စစ်ပြန်ကြီး ဂျွန်မက်ကိန်း)။

ထိုသို့ကူးပြောင်းကြရာတွင် မိမိသဘောထားအရ ပြောင်းလဲလာကြသူများရှိသကဲ့သို့ ၎င်းတို့၏စစ် ရေးတာဝန် အပြင် အခြားသော ထူးခြားပြောင်မြောက်သည့် ထူးချွန်မှုများ၊ စိတ်ထားနှင့်ခံယူချက်များအပေါ် ထုတ်နုတ်မြင် တတ်သော နိုင်ငံ့ခေါင်းဆောင်များက တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနိုင်စေရန်အလို့ငှာ တာဝန်ပေးခြင်းခံရမှုများလည်း ရှိတတ်ကြသည်။

အရှေ့တောင်အာရှနိုင်ငံများ၏ အများစုသော အစိုးရအဖွဲ့များနှင့် လူ့အဖွဲ့အစည်းတွင်တော့ ကမ္ဘာ့နိုင်ငံများ ထက်ပိုပြီး စစ်မှုထမ်းတပ်မတော်အရာရှိများ နိုင်ငံရေးတွင်ပါဝင်ရခြင်းကိုက အစဉ်အလာ ယုံကြည် မှုကဲ့သို့ဖြစ်သည်။ ထို့အတူ အရှေ့တောင်အာရှနိုင်ငံ အများစုဖြစ်ကြသော မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား နိုင်ငံများသည် ရှေးယခင်က ဘုရင်စနစ်ထွန်းကားခဲ့ပြီး ကမ္ဘောဒီးယား၊ ထိုင်း၊ မလေးရှားတို့မှာမှု ဘုရင့်တော်ဝင်တပ်မတော် ကျော ထောက်နောက်ခံထားသော ဒီမိုကရေစီစနစ်သို့ ဦးတည်ကြိုးစားနေရင်း ထီးနန်းစံဘုရင်ထံ တာဝန်သစ္စာ တော်ခံရသည်။ ဘရူနိုင်းနိုင်ငံသည် ယနေ့တိုင် သက်ဦးဆံပိုင်ဘုရင်စနစ် ကျင့်သုံးနေဆဲဖြစ်ပြီး ဘုရင်သာလျှင် နိုင်ငံ၏ဦးသျှောင် အကြီးအကဲဖြစ်သကဲ့သို့ တော်ဝင်တပ်မ တော်၏ အဓိပတိလည်းဖြစ်သည်။

တစ်ခုတည်းသော မလေးရှားမှ ခွဲထွက်မြို့ပြ ကျွန်းနိုင်ငံလေး စင်ကာပူပင်လျှင် နိုင်ငံ့ခေါင်းဆောင် နေရာအတော် များများအတွက်ရွေးချယ်ရာတွင် တပ်မတော်တာဝန်ထမ်းဆောင်ခဲ့ဖူးသော အဆင့်မြင့်တပ်မ တော်အရာရှိကြီးများအများ စုကိုသာ ရည်ရွယ်လေ့ကျင့် ရွေးချယ်ခန့်ထားလေ့ရှိသည်။ ရည်ရွယ်ချက်မှာ ကျွမ်းကျင်မှုအတွက် လက်တွဲလေ့ကျင့် သင်ကြားပေးလျှင် အမိန့်နာခံတတ်မှု အလုပ်ပြီးမြောက်မှုကို အလေးထားကြောင်း လေ့လာတွေ့ရှိရတယ်။

၁။ လက်ရှိစင်ကာပူဝန်ကြီးချုပ် လောရင့်ဝေါင်းမှာ (အမျိုးသားစစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းကာလ ပြီးဆုံးထားသော တပ်မတော်အရာရှိ Army Officer-NS) တစ်ဦးဖြစ်သည်။
၂။ နိုင်ငံတည်ထောင်သူ လီကွမ်ယု၏သားကြီး ဝန်ကြီးချုပ်ဟောင်းနှင့် ယခု အဆင့်မြင့်ဝန်ကြီး လီရှန်လွန်းမှာ မူ တပ်မတော်(ကြည်း)ဗိုလ်မှူးချုပ်အဆင့်မှ နိုင်ငံရေးလောကသို့ ဖခင်ဦးဆောင်သောအာဏာရပါတီအစိုး ရအဖွဲ့မှ ရွေးချယ် တာဝန်ပေးခံရသူဖြစ်သည်။
၃။ ထို့အတူ အဆင့်မြင့်ဝန်ကြီး တီယိုချီဟိမ်းမှာ စင်ကာပူကာကွယ်ရေးဦးစီးချုပ်(ရေ) ကြယ်နှစ်ပွင့်အဆင့် ရေတပ်ဗိုလ် ချုပ်ရာထူးမှတစ်ဆင့် နိုင်ငံရေးလောကသို့ အာဏာရပါတီအစိုးရအဖွဲ့မှ ရွေးချယ်တာဝန် ပေးခံရသူဖြစ်သည်။
၄။ စင်ကာပူပညာရေးဝန်ကြီး ချန်ချွန်စင်မှာ စင်ကာပူကာကွယ်ရေးဦးစီးချုပ်(ကြည်း) ကြယ်နှစ်ပွင့်အဆင့် ကြည်း တပ်ဗိုလ်ချုပ်ရာထူးမှတစ်ဆင့် နိုင်ငံရေးလောကသို့ အာဏာရပါတီအစိုးရအဖွဲ့မှ ရွေးချယ်တာဝန် ပေးခံရသူဖြစ်သည်။
၅။ စင်ကာပူ ရထားပို့ဆောင်ရေးအမှုဆောင်အရာရှိ ချုပ်ဒက်စမွန်နွန်မှာ စင်ကာပူတပ်မတော်ကွယ်ရေးဦး စီးချုပ် ကြယ်သုံးပွင့်အဆင့် ကြည်းတပ် ဒုတိယဗိုလ် ချုပ်ကြီးရာထူးမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုရာထူးသို့ အာဏာရပါ တီအစိုးရအဖွဲ့မှရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။
၆။ စင်ကာပူပညာရေးနှင့် အလုပ်သမား ပြည်ထောင်စုဝန်ကြီး ဂန်ဆိုဟောင်းမှာ စင်ကာပူတပ်မတော်(လေ) လေကြောင်း စွမ်းအားမျိုးဆက်များဌာနချုပ်မှူး အမျိုးသမီး ကြယ်တစ်ပွင့်အဆင့် လေတပ်ဗိုလ်မှူးချုပ်ရာထူး မှတစ်ဆင့် နိုင်ငံရေး လောကသို့ အာဏာရပါတီအစိုး ရအဖွဲ့မှ ရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။
၇။ စင်ကာပူ အလုပ်သမားယူနီယံအမှုဆောင်အရာရှိချုပ် အန်ချီမင်းမှာ စင်ကာပူတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကြယ်(၃)ပွင့်အဆင့် လေတပ်ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှု ရာထူးသို့ အာဏာရပါတီအစိုးရ အဖွဲ့မှရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။
၈။ စင်ကာပူပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ပယ်ရီလင်းမ်မှာ စင်ကာပူတပ်မတော်ကွယ်ရေးဦးစီးချုပ် ကြယ်သုံးပွင့်အဆင့် ကြည်းတပ်ဒုတိယဗိုလ်ချုပ် ကြီးရာထူးမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုရာထူးသို့ အာဏာရပါတီ အစိုးရအဖွဲ့မှရွေးချယ်တာ ဝန်ပေးခံရ သူဖြစ်သည်။
၉။ စင်ကာပူ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး အယ်လ် ဗင်တန်မှာ စင်ကာပူတပ်မတော် ကြည်းတပ်ဗိုလ်ကြီး အဆင့်မှ တစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုရာထူးသို့ အာဏာရပါတီအစိုးရအဖွဲ့မှရွေးချယ်တာဝန်ပေးခံရသူ ဖြစ်သည်။
၁၀။ စင်ကာပူ အိမ်ရာဖွံ့ဖြိုးရေးဗဟိုအမှုဆောင်အဖွဲ့ဝင် ဂိုစီဟူမှာ စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ကြယ်နှစ်ပွင့်အဆင့် ကြည်းတပ်ဗိုလ်ချုပ်ရာ ထူးမှတစ်ဆင့် ပြည်သူ့ဝန်ဆောင်မှုရာထူးသို့ အာဏာ ရပါတီအစိုးရအဖွဲ့မှ ရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။
၁၁။ စင်ကာပူသတင်းအချက်အလက်နှင့် မီဒီယာဖွံ့ ဖြိုးရေးအာဏာပိုင်အမှုဆောင်အရာရှိချုပ် လွီချန်ဟွန်းမှာ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ) ကြယ်နှစ်ပွင့်အဆင့် ရေတပ်ဗိုလ်ချုပ်ရာထူးမှ တစ်ဆင့် ပြည်သူ့ ဝန်ဆောင်မှုရာထူးသို့အာဏာရပါတီအစိုးရအဖွဲ့မှ ရွေးချယ်တာဝန်ပေးခံရသူဖြစ်သည်။

ထိုသို့အလားတူ စင်ကာပူ၏ အခြားမထင်ရှားသော နိုင်ငံရေးဆိုင်ရာရာထူးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ရာထူးနေရာများတွင်လည်း အမျိုးသားစစ်မှု ထမ်းဥပဒေအရမဟုတ်သော အချိန်ပြည့်တပ်မတော် အဆင့်မြင့် ရာထူး အရာရှိဟောင်းများစွာအား ထူးချွန်အရည်အချင်းအလိုက် အလားအလာအပေါ် သုံးသပ် တာဝန်ပေးအပ်ထားခြင်းဖြင့် အမိန့်နာခံမှုအလေးပေးသော အစိုးရအဖွဲ့ကို ဖွဲ့စည်းထားသည်။

နာမည်ကြီး အင်ဒိုနီးရှား သက်တော်ရှည် သမ္မတဂုဏ်ထူးဆောင်ဗိုလ်ချုပ်ကြီး ဆူစီလိုဘန်ဘမ်း အလွန် (၂၀၁၄)ခုနှစ်တွင် ၎င်းယုံကြည်ရပြီး အရပ် ဘက် စစ်ဘက် မျှတသူဟု လူသိများသော သမ္မတ ဂျိုကိုဝီဒိုဒိုလက်ထက်တွင် အင်ဒိုနီးရှားတပ်မတော်မှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့်ရှိသော ကြည်း တပ်ဗိုလ်ချုပ်ကြီး ပရာဗိုဝိုဆူဗီယမ်တိုကို ကာကွယ် ရေးဝန်ကြီးအဖြစ်တာဝန်ပေးရုံမျှမက အစိုးရအဖွဲ့နှင့် ပြည်သူ့ဝန်ဆောင်မှုအခန်းတွင်လည်း စစ်တပ်မှအ ရပ်ဘက်ပြောင်းဖြင့် စစ်ယူနီဖောင်းဝတ်လျက် အရပ်ဘက်/စစ်ဘက်ပူးတွဲတာဝန်ပေးမှုများအထိ တပ်မ တော်အရာရှိ များနှင့် ယူနီဖောင်းဝတ်ဝန်ထမ်းများကို နေရာပေးတာဝန်ထမ်းစေခဲ့ကာ (၁၀)နှစ်တာ အုပ်ချုပ်ခဲ့သည်။ (၂၀၂၄)ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဗိုဝို ဆူဗီယမ် တို ရွေးကောက်ပွဲမဲဆွယ်မစခင်ကပင် သမ္မတ ဂျိုကို ဝီဒိုဒိုဟာ ၎င်းရဲ့သားကြီး ဂျီဘန်ရာကာဘူမင်ကိုပါတီမှ ဒုတိယသမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေရန် သဘောတူ ညီမှုရရှိခဲ့ကြသည့်အပြင် ပါတီအမတ် လောင်းများဆိုင်ရာဥပဒေမှ အမတ်များ၏သတ်မှတ် အငယ်ဆုံးအသက်ကို လျှော့ချပြင်ဆင်ကာ Youtuber အဖြစ်နာမည်ရနေတဲ့ ၎င်း၏သားအငယ်ဆုံး ကီဆန်ကို Indonesian Solidarity Party (PSI) ၏ Chairman အဖြစ်ခန့်အပ်ကာ ဗိုလ်ချုပ်ကြီး ပရာဗိုဝိုထံ နိုင်ငံတော်အာဏာကိုလွှဲအပ်ခဲ့သည်။ သမ္မတသစ် ပရာဗိုဝို အစိုးရအဖွဲ့မှာတော့ တပ်မတော်အဆင့်မြင့် အရာရှိကြီးဟောင်းများအား ဝန်ကြီးများ၊ မြို့တော်ဝန်များ၊ အခြားသော ပြည်သူ့ဝန်ဆောင်မှုဌာနများတွင် တာဝန်ပေးအပ်ခြင်း ပိုမိုများပြားလာသည့်အပြင် သမ္မတမဖြစ်ခင်က ၎င်း၏ လုံခြုံရေးအရာရှိ အမေရိကန်မရိန်းကျောင်းဆင်း အသက်(၃၅)နှစ်သာရှိသေးသော ဗိုလ်မှူးတယ်ဒီကို ယူနီဖောင်းဝတ်ဖြင့် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြို့တော်ဝန်တာဝန်ကိုတွဲ ဖက်ခန့်အပ်ခြင်းဖြင့် တပ်တွင်းက လက်ရှိတာဝန်ထမ်း ဆောင်ဆဲ တပ်မတော်သားငယ်များကို မျှော်လင့်ချက် ကြီးကြီးပေးလိုက်ပြန်သည်။ ထို့အတူ ပရာဗိုဝိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စုစုပေါင်း (၁၀ဝ)ကျော် သည် အစိုးရတာဝန်ယူပြီး တစ်လအတွင်းမှာပင် အင် ဒိုနီးရှားတပ်မတော် အကယ်ဒမီတည်ရှိရာ တောင်ထူ ထပ်သည့်တပ်မြို့တွင် တပ်မတော်ယူနီဖောင်းများကို ဆင်တူ ဝတ်ဆင်ကာ နေ့ည မိုးရေထဲမိန့်ခွန်းပြောကြား သည်အထိ (၃)ရက်တိုင်တိုင် Military Retreat and Gathering တပ်မ တော်သားများနှင့်အတူ ပြုလုပ်ခဲ့ပြန်သည်။ အရှေ့တီမောခွဲထွက်မှုအပြီးပြည်တွင်းလက်နက်ကိုင်သောင်း ကျန်းသူမရှိ တော့သ လောက်နည်းသွားခဲ့ပြီး လူဦးရေ (၂၈၅)သန်းနီးပါးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ငွေကြေးဖောင်းပွမှု၊ အောက်ခြေလူတန်းစားများအတွက် အခြေခံလုပ်ခ လစာနည်းမှု၊ သာမန်ပညာသင်၊ ဆေးကုသရန်ဆက် လက်ခက် ခဲနေမှု၊ ဖွံ့ဖြိုးမှုနောက်ကျသော ဝေးလံခေါင်ဖျားကျွန်းနှင့် တောင်ပေါ်ဒေသများရှိနေခြင်းစ သည့် မပြည့်စုံမှုများနှင့် ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ဘက်နှင့်စစ်ဘက်နီးစပ်သည့် အရပ်သားနိုင်ငံရေး သမားများပေါင်းထားသော ပါတီများ သာကြီးစိုးသည့် အင်ဒိုနီးရှား၏ တစ်တိုင်းပြည်လုံးအားဖြင့် မလွှမ်းခြုံ နိုင်သော လူနည်းစုနိုင်ငံရေးသည် ရေရှည်တွင် မည် မျှကြာရှည်အားကောင်းနိုင်မည်ဆိုသည်မှာ စိတ်ဝင်စားစရာပါ။

ဗီယက်နမ်မှာလည်း လစ်လပ်သမ္မတနေရာကို မကြာသေးခင်ကမှ အာဏာရကွန်မြူနစ်ပါတီဥက္ကဋ္ဌ ရာထူးကိုယူ ထားသည့် ဗိုလ်ချုပ်ကြီးဟောင်း လျှောင်ကောင်က ကျမ်းကျိန်ဆို တာဝန်ယူလိုက်သည်။ ဗီယက် နမ်အစိုးရ အဖွဲ့ဝန်ကြီး ဌာနများတွင်လည်း တပ်မတော်အရာရှိဟောင်း အဆင့်စုံ တာဝန်ထမ်းဆောင် လျက်ရှိသည်။ လက်ရှိ ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာဒူတာတေး (သမ္မတဟောင်း ဒူတာတေး၏သမီး)သည်လည်း ဖိလစ်ပိုင်တပ်မတော်တွင် ဗိုလ်မှူး ကြီးအဆင့်မှ မြို့တော်ဝန် ထိုမှတစ်ဆင့် ဒုတိယသမ္မတအဖြစ် တက်လှမ်းလာသူဖြစ်သည်။ ဖိလစ်ပိုင်သည် အရှေ့ တောင်အာရှတွင် အမေရိကန်၏ စစ်အခြေစိုက်စခန်း အများဆုံးသော ကိုယ်ပွားနိုင်ငံဟု သမုတ်ခံရလောက် အောင်လူသိ များပြီး ပြည်တွင်းရာဇဝတ်မှုနှင့် ပြည် တွင်းသောင်းကျန်းသူများဒဏ်ကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။

ကမ္ဘောဒီယားတွင်တော့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟောင်းနှင့် ဗိုလ်မှူကြီးဟောင်း ဟွန်ဆန်အလွန် သားဖြစ်သူ ကြည်းတပ်ဗိုလ်ချုပ်ကြီး ဟွန်မာနက်က နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို ယူထားသည်။ ဟွန်ဆန် မိသားစုနှင့်ကမ္ဘောဒီးယား တပ်မတော်သည် ဘုရင်ထံသစ္စာခံထားသည့်ကာလပတ်လုံး နိုင်ငံ့အာဏာကို ထိန်းချုပ် ထားနိုင်ဖွယ်ရှိပြီး တပ်နှင့် ရဲ၏နိုင်ငံတွင်းဩဇာလွှမ်းမိုးမှုသည်လည်း ကြီးမားနေဆဲဖြစ်ပါတယ်။

ဘုရင်စနစ်တည်မြဲနေသော်လည်း ထိုင်းနိုင်ငံသည် နှစ်ပေါင်း (၇၀)ကျော်အတွင်း စစ်အာဏာ သိမ်းမှုပေါင်း (၁၀)ကြိမ်ထပ်မနည်းရှိခဲ့သည့် အရှေ့တောင်အာရှ၏ တစ်ခုတည်းသော စစ်အာဏာသိမ်းမှု အများဆုံးနိုင်ငံလည်း ဖြစ်သည်။ နောက်ဆုံး အာဏာ သိမ်းဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ အာဏာလွှဲ ချိန်တွင်တော့ အဆင့်မြင့် စစ်ဘက် ရဲဘက် အရာရှိ များစွာကို အစိုးရဌာနအသီးသီးတွင် ခန့်ထားခဲ့သည်။ ထိုင်းတော်ဝင်တပ်မတော်သည် ဘုရင့်ထံ သစ္စာခံရ ခြင်းဖြစ်ပြီး အစိုးရ၏ဆုံးဖြတ်ချက်များသည် ဘုရင်ထံ အတည်ပြုမှုရယူရခြင်းဖြစ်ပြီး ဘုရင်သာလျှင် ပယ် ဖျက်ခွင့်ရှိပြန် သည်။ သို့သော် ပြည်တွင်းသောင်းကျန်း သူမရှိသည့်ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် ခရီးသွားနှင့် လယ်ယာ စိုက်ပျိုးရေးအားဖြင့် ချမ်းသာကြွယ်ဝသောနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ထူးခြားတာက ပြည်တွင်းသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့ပေါင်း ရာချီနီးပါးရှိသည့် မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် အာဏာသိမ်း သည်ကစ၍ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ယနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်အထိ နိုင်ငံတော်တာဝန်ယူမှုများတွင် နိုင်ငံရေးသမားများ၏ ဉာဏ်အမြော် အမြင်နည်းမှု၊ လက်နက်ကိုင်များ၏ အဆင်အခြင်မဲ့မှုများကိုထိန်း သိမ်းရန် ပြဿနာတက်သည့်အိမ်ကို စောင့်ရသော အစောင့်ကဲ့သို့ ယူနီဖောင်းဝတ်ဖြင့် တပ်မတော်တာဝန်အပြင် နိုင်ငံ့တာဝန်ကိုတာဝန်ယူကိုင်တွယ် ဖြေရှင်းရသော ယာယီအုပ်ချုပ်ရေးမျိုးသာဖြစ်ပြီး စစ်သားဟောင်းအနေဖြင့် နိုင်ငံ့တာဝန်ကို နိုင်ငံရေးသမားအဖြစ် တာဝန်ယူကာ တပ်မ တော်နှင့်ထိန်းညှိအုပ်ချုပ် တာဝန်ယူသွားသည့်အစိုးရမှာ သမ္မတဦးသိန်းစိန်၏(၅)နှစ်သက်တမ်း အစိုးရသာရှိသည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အိမ်စောင့်အစိုးရ (သို့မဟုတ်) နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အ လွန် အနာဂတ်မြန်မာနိုင်ငံကို မည်သို့သောသူများက ဦးဆောင်တာဝန်ယူသွားမည်နည်းဆိုသည်ကိုလည်း အရှေ့တောင် အာရှနိုင်ငံတစ်ခုအဖို့ စိတ်ဝင်စားစရာပါ။

တပ်မတော်အရာရှိဟောင်းများ၏ နိုင်ငံရေး တာဝန်ထမ်းဆောင်ရာတွင် အားသာချက်များ
ခေါင်းဆောင်မှုအတွေ့အကြုံ (Leadership Experience) ။ ။ စစ်မှန်ပြီးအတွေ့အကြုံများသော တပ်မတော်အရာရှိများသည် ဖိအားနှင့်အခက်အ ခဲများအတွင်း မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ ချရဲခြင်း ကို လက်တွေ့ကျကျလုပ်ဆောင်နိုင်ခြင်း။ စည်းကမ်းနှင့်အစည်းအဝေးတင်ပြမှု (Discip line and Organization) ။ ။သရုပ်ဖော်တင်ပြမှုများတွင် စနစ်တကျရှိခြင်းနှင့် အစည်းအဝေးဆိုင်ရာ ဆွေးနွေးမှုများတွင် တွေဝေမှုမရှိ ရှင်းလင်း တိကျပြတ် သားစွာ တင်ပြတတ်ခြင်း။
နိုင်ငံ့လုံခြုံရေးဆိုင်ရာကျွမ်းကျင်မှု (National Sec­u­rity Expertise)။ ။ စစ်မှန်သည့် အတွေ့အကြုံ ရင့်တပ်မတော် အရာရှိကြီးများသည် နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော်လုံးခြုံရေးနှင့်စပ်ဆိုင်သော သံတမန်ရေးနိုင်ငံခြား ရေး ဆိုင်ရာမှုဝါဒများကို ရင်းနှီးသိ ရှိနားလည်လွယ်နိုင်ခြင်း၊ အတွေ့အကြုံများခြင်း။
စိုးရိမ်မှုဆိုင်ရာ စီမံခန့်ခွဲမှု (Crisis Management)။ စစ်မှန်သည့် အတွေ့အကြုံရင့် တပ်မတော်အ ရာရှိကြီးများသည် အရေးပေါ်အချိန်ကာလများတွင်အချိန်နှင့်တစ်ပြေးညီ ကျွမ်းကျင်တည်ကြည်စွာ စီမံ ခန့်ခွဲတတ်ကြခြင်း။
နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒ (Public Service Orie­ntation) ။ ။ စစ်မှန်သည့်အတွေ့အကြုံရင့်တပ် မတော် အရာရှိကြီးများသည် အသက်နှင့်ရင်းရသည့် အတွေ့အကြုံများစွာကြောင့် နိုင်ငံတော်ဝန်ထမ်းများ ဆိုင်ရာ တာဝန်အလိုက် တာဝန်ယူမှုတာဝန်ခံမှုများတွင် အတွေ့အကြုံများစွာရှိသည့်အပြင် ခံယူချက် ပြင်းထန်ကြခြင်း။

တပ်မတော်အရာရှိဟောင်းများ၏ နိုင်ငံရေးတာဝန်ထမ်းဆောင်ရာတွင် အားနည်းချက်များ
အာဏာပေးတတ်သောအလေ့အထ (Auto cratic Tendencies)။ ။ စစ်ပညာသင်ကြားရာမှသည် မိမိ တာဝန်ကျရာများတွင် အဆင့်ဆင့် တင်းကြပ်စွာ အုပ်ချုပ်မှုများမှာ အသားကျခဲ့သည့်အတွက် ရာထူးအဆင့်အလိုက် ပေါင်းစပ်ညှိနှိုင်းအဖြေရှာရမည့် အစည်းအဝေးများမှာ တင်းကြပ်သောအမိန့်များ ပေးတတ်ခြင်း။

နိုင်ငံရေးအတွေ့အကြုံနည်းခြင်း (Limited Politi­cal Experience) ။ ။ စစ်မှန်သည့် အတွေ့အကြုံ ရင့်တပ်မတော်အရာရှိကြီးများသည် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာစာချုပ်များ၊ နိုင်ငံရေးဆိုင်ရာ လျှပ်တစ်ပြက်ထိန်း ချုပ်မှုနှင့် နိုင်ငံတန်ပြန်ဆွေးနွေး မှုများမှာ အတွေ့အကြုံ နည်းနိုင်ခြင်း၊
အသွင်မတူမှုများအပေါ် အားမရတတ်ခြင်း (Par­tisan Bias) ။ ။စစ်ရေးအခြေအနေများကဲ့သို့မလုပ်မ ဖြစ်လုပ်ရမည်ဟု ပုံသေကားကျမရှိသလို စိတ်အေး တည်ငြိမ်ရမည့် အရပ်ဘက်နှင့်ဆိုင်သော ဆုံးဖြတ်ချက်များကို အပြုသဘောထား ပေးရခြင်းများကြောင့် မကျေမနပ်များဖြစ်ရခြင်း။

ပြည်သူ့ယုံကြည်ခံရမှုအားနည်းခြင်း (Civi­lians’ Distrust)။ ။ မိမိက စစ်မှန်စွာခေါင်းဆောင် ပါသည် ဆိုသော် လည်း နိုင်ငံသားများ၏ သံသယနှင့် ယုံကြည်မှုကို မရရှိကြောင်းခံစားရခြင်း။

ရှင်းလင်းသော ဆုံးဖြတ်တင်ပြခြင်း(Simplistic Solutions) ။ ။ တပ်မတော်သားများသည် ပြည်သူနှင့်ဆိုင်သော ဆုံးဖြတ်ချက်များမှာ ကျင့်သားရနေ သောအုပ်ချုပ်မှုနှင့်ထိန်းချုပ်မှုများ အမြဲထည့်သွင်းပူး တွဲဆုံးဖြတ်သည့်အခါ ပြည်သူ နှင့် အထင်အမြင် လွဲတတ်နိုင်ခြင်း။

အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် စစ်မှန်ပြီး စစ်ရေးအတွေ့အကြုံရင့် တပ်မတော်သား/ စစ်သားများ သည် မိမိကိုယ်တိုင်က စစ်ရေးအပြင် အခြားကဏ္ဍတစ်ခုခုတွင် ဝါသနာပါ ထူးချွန်ထက်မြက် နေပါက ဥပမာ နိုင်ငံရေး ပြည်သူအကျိုးပြုလုပ်ငန်းများတွင် ပြောင်းလဲတာဝန်ထမ်းဆောင်နိုင်သည်။ သို့မဟုတ် ကျွမ်းကျင်မှုကိုမြင်သော နိုင်ငံ့အကြီးအကဲများက ယုံကြည်၍ တာဝန်ပေးခြင်းခံရခြင်းမျိုးလည်း ရှိနိုင်သည်။ သို့သော်လည်း အမိန့်နာခံမှုတစ်ခုတည်း ပေါ်မူတည်ပြီး ကျွမ်းကျင်မှု တာဝန်ပေးခံရမည်ဆိုလျှင် စစ်သားများက ရှိထားပြီးသောအစဉ်အလာအရ အလုပ်များကို ပြီးမြောက်အောင် တိကျလိုက်နာလုပ် ဆောင်နိုင်ပါသော်လည်း ရေရှည်တွင် ထူးခြားပြီး အတူကွဲပြားသည့် အောင်မြင် တိုးတက်မှုရလာမည် မဟုတ်သလို တာဝန်ပေးခံရသူလည်း လုပ်ငန်းခွင်တွင် စိတ်ဖိစီးလာနိုင်သည်။ စစ်သား (Soldier)ဟာ နိုင်ငံ ရေး/ ပြည်သူ့ဝန်ဆောင်မှု အရပ်ဘက်အလုပ် လုပ်နိုင်သည်။ အရေးကြီးသည်မှာ အဆိုပါ နိုင်ငံရေး(သို့မ ဟုတ်) ပြည်သူ့ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ကျွမ်း ကျင်မှု(Skills)၊ ရည်မှန်းချက်(Passion)၊ စဉ်ဆက်မ ပြတ်ကြိုးစားအားထုတ်ခြင်း(Continuous Impro­vement)များသာလိုအပ်ကြောင်း စုစည်းတင်ပြလိုက်ပါသည်။

zawgyi version
အေရွ႕ေတာင္အာရွ စစ္ဗိုလ္ခ်ဳပ္ႀကီးတို႔ရဲ႕ ဒုတိယအသက္ေမြးဝမ္းေၾကာင္း
(သို႔မဟုတ္) ႏိုင္ငံေရးတာဝန္
လင္းျမတ္ (NP News) - ႏိုဝင္ဘာ ၁၄

ကမာၻ႔ႏိုင္ငံမ်ား၏ အစိုးရအဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ အစိုးရအဖြဲ႕ဝင္မ်ား၊ ဝန္ႀကီးမ်ားသည္ အတိတ္က ၎တို႔၏ တပ္မေတာ္ရာထူးမွ အေတြ႕အႀကဳံ၊ ဝါသနာႏွင့္ အမ်ိဳးသားေရး တာဝန္ခံယူခ်က္မ်ားအရ (Mid-Carrer Change) ဟုေခၚသည့္ ေျပာင္းလဲအသက္ေမြးဝမ္းေၾကာင္းမႈအျဖစ္ ႏိုင္ငံေရးႏွင့္ သက္ဆိုင္ေသာ ကြၽမ္းက်င္ဆိုင္ရာေျပာင္းလဲ သက္ေမြးေၾကာင္းမႈ (Carrer Transformation)အေနျဖင့္ ႏိုင္ငံေရးေလာကသားမ်ားအသြင္ (Politician) (သို႔မဟုတ္) အရပ္ဘက္ ျပည္သူ႔ဝန္ေဆာင္မႈ (Pu­b­lic Service) အသြင္ျဖင့္ ကူးေျပာင္းတာဝန္ထမ္း ေဆာင္ၾကမႈမ်ား အစဥ္လာကဲ့သို႔ရွိေန ဆဲျဖစ္သည္။ (ဥပမာ- နာမည္ႀကီး အေမရိကန္လႊတ္ေတာ္အမတ္ ဗီယက္နမ္ စစ္ျပန္ႀကီး ဂြၽန္မက္ကိန္း)။

ထိုသို႔ကူးေျပာင္းၾကရာတြင္ မိမိသေဘာထားအရ ေျပာင္းလဲလာၾကသူမ်ားရွိသကဲ့သို႔ ၎တို႔၏စစ္ ေရးတာဝန္ အျပင္ အျခားေသာ ထူးျခားေျပာင္ေျမာက္သည့္ ထူးခြၽန္မႈမ်ား၊ စိတ္ထားႏွင့္ခံယူခ်က္မ်ားအေပၚ ထုတ္ႏုတ္ျမင္ တတ္ေသာ ႏိုင္ငံ့ေခါင္းေဆာင္မ်ားက တိုင္းျပည္အတြက္ တစ္ေထာင့္တစ္ေနရာမွ အက်ိဳးျပဳႏိုင္ေစရန္အလို႔ငွာ တာဝန္ေပးျခင္းခံရမႈမ်ားလည္း ရွိတတ္ၾကသည္။

အေရွ႕ေတာင္အာရွႏိုင္ငံမ်ား၏ အမ်ားစုေသာ အစိုးရအဖြဲ႕မ်ားႏွင့္ လူ႔အဖြဲ႕အစည္းတြင္ေတာ့ ကမာၻ႔ႏိုင္ငံမ်ား ထက္ပိုၿပီး စစ္မႈထမ္းတပ္မေတာ္အရာရွိမ်ား ႏိုင္ငံေရးတြင္ပါဝင္ရျခင္းကိုက အစဥ္အလာ ယုံၾကည္ မႈကဲ့သို႔ျဖစ္သည္။ ထို႔အတူ အေရွ႕ေတာင္အာရွႏိုင္ငံ အမ်ားစုျဖစ္ၾကေသာ ျမန္မာ၊ လာအို၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား ႏိုင္ငံမ်ားသည္ ေရွးယခင္က ဘုရင္စနစ္ထြန္းကားခဲ့ၿပီး ကေမာၻဒီးယား၊ ထိုင္း၊ မေလးရွားတို႔မွာမႈ ဘုရင့္ေတာ္ဝင္တပ္မေတာ္ ေက်ာ ေထာက္ေနာက္ခံထားေသာ ဒီမိုကေရစီစနစ္သို႔ ဦးတည္ႀကိဳးစားေနရင္း ထီးနန္းစံဘုရင္ထံ တာဝန္သစၥာ ေတာ္ခံရသည္။ ဘ႐ူႏိုင္းႏိုင္ငံသည္ ယေန႔တိုင္ သက္ဦးဆံပိုင္ဘုရင္စနစ္ က်င့္သုံးေနဆဲျဖစ္ၿပီး ဘုရင္သာလွ်င္ ႏိုင္ငံ၏ဦးေသွ်ာင္ အႀကီးအကဲျဖစ္သကဲ့သို႔ ေတာ္ဝင္တပ္မ ေတာ္၏ အဓိပတိလည္းျဖစ္သည္။

တစ္ခုတည္းေသာ မေလးရွားမွ ခြဲထြက္ၿမိဳ႕ျပ ကြၽန္းႏိုင္ငံေလး စင္ကာပူပင္လွ်င္ ႏိုင္ငံ့ေခါင္းေဆာင္ ေနရာအေတာ္ မ်ားမ်ားအတြက္ေ႐ြးခ်ယ္ရာတြင္ တပ္မေတာ္တာဝန္ထမ္းေဆာင္ခဲ့ဖူးေသာ အဆင့္ျမင့္တပ္မ ေတာ္အရာရွိႀကီးမ်ားအမ်ား စုကိုသာ ရည္႐ြယ္ေလ့က်င့္ ေ႐ြးခ်ယ္ခန႔္ထားေလ့ရွိသည္။ ရည္႐ြယ္ခ်က္မွာ ကြၽမ္းက်င္မႈအတြက္ လက္တြဲေလ့က်င့္ သင္ၾကားေပးလွ်င္ အမိန႔္နာခံတတ္မႈ အလုပ္ၿပီးေျမာက္မႈကို အေလးထားေၾကာင္း ေလ့လာေတြ႕ရွိရတယ္။

၁။ လက္ရွိစင္ကာပူဝန္ႀကီးခ်ဳပ္ ေလာရင့္ေဝါင္းမွာ (အမ်ိဳးသားစစ္မႈထမ္းဥပေဒအရ စစ္မႈထမ္းကာလ ၿပီးဆုံးထားေသာ တပ္မေတာ္အရာရွိ Army Officer-NS) တစ္ဦးျဖစ္သည္။
၂။ ႏိုင္ငံတည္ေထာင္သူ လီကြမ္ယု၏သားႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္းႏွင့္ ယခု အဆင့္ျမင့္ဝန္ႀကီး လီရွန္လြန္းမွာ မူ တပ္မေတာ္(ၾကည္း)ဗိုလ္မႉးခ်ဳပ္အဆင့္မွ ႏိုင္ငံေရးေလာကသို႔ ဖခင္ဦးေဆာင္ေသာအာဏာရပါတီအစိုး ရအဖြဲ႕မွ ေ႐ြးခ်ယ္ တာဝန္ေပးခံရသူျဖစ္သည္။
၃။ ထို႔အတူ အဆင့္ျမင့္ဝန္ႀကီး တီယိုခ်ီဟိမ္းမွာ စင္ကာပူကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ၾကယ္ႏွစ္ပြင့္အဆင့္ ေရတပ္ဗိုလ္ ခ်ဳပ္ရာထူးမွတစ္ဆင့္ ႏိုင္ငံေရးေလာကသို႔ အာဏာရပါတီအစိုးရအဖြဲ႕မွ ေ႐ြးခ်ယ္တာဝန္ ေပးခံရသူျဖစ္သည္။
၄။ စင္ကာပူပညာေရးဝန္ႀကီး ခ်န္ခြၽန္စင္မွာ စင္ကာပူကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ၾကယ္ႏွစ္ပြင့္အဆင့္ ၾကည္း တပ္ဗိုလ္ခ်ဳပ္ရာထူးမွတစ္ဆင့္ ႏိုင္ငံေရးေလာကသို႔ အာဏာရပါတီအစိုးရအဖြဲ႕မွ ေ႐ြးခ်ယ္တာဝန္ ေပးခံရသူျဖစ္သည္။
၅။ စင္ကာပူ ရထားပို႔ေဆာင္ေရးအမႈေဆာင္အရာရွိ ခ်ဳပ္ဒက္စမြန္ႏြန္မွာ စင္ကာပူတပ္မေတာ္ကြယ္ေရးဦး စီးခ်ဳပ္ ၾကယ္သုံးပြင့္အဆင့္ ၾကည္းတပ္ ဒုတိယဗိုလ္ ခ်ဳပ္ႀကီးရာထူးမွတစ္ဆင့္ ျပည္သူ႔ဝန္ေဆာင္မႈရာထူးသို႔ အာဏာရပါ တီအစိုးရအဖြဲ႕မွေ႐ြးခ်ယ္တာဝန္ေပးခံရသူျဖစ္သည္။
၆။ စင္ကာပူပညာေရးႏွင့္ အလုပ္သမား ျပည္ေထာင္စုဝန္ႀကီး ဂန္ဆိုေဟာင္းမွာ စင္ကာပူတပ္မေတာ္(ေလ) ေလေၾကာင္း စြမ္းအားမ်ိဳးဆက္မ်ားဌာနခ်ဳပ္မႉး အမ်ိဳးသမီး ၾကယ္တစ္ပြင့္အဆင့္ ေလတပ္ဗိုလ္မႉးခ်ဳပ္ရာထူး မွတစ္ဆင့္ ႏိုင္ငံေရး ေလာကသို႔ အာဏာရပါတီအစိုး ရအဖြဲ႕မွ ေ႐ြးခ်ယ္တာဝန္ေပးခံရသူျဖစ္သည္။
၇။ စင္ကာပူ အလုပ္သမားယူနီယံအမႈေဆာင္အရာရွိခ်ဳပ္ အန္ခ်ီမင္းမွာ စင္ကာပူတပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ ၾကယ္(၃)ပြင့္အဆင့္ ေလတပ္ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးရာထူးမွတစ္ဆင့္ ျပည္သူ႔ဝန္ေဆာင္မႈ ရာထူးသို႔ အာဏာရပါတီအစိုးရ အဖြဲ႕မွေ႐ြးခ်ယ္တာဝန္ေပးခံရသူျဖစ္သည္။
၈။ စင္ကာပူပညာေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ပယ္ရီလင္းမ္မွာ စင္ကာပူတပ္မေတာ္ကြယ္ေရးဦးစီးခ်ဳပ္ ၾကယ္သုံးပြင့္အဆင့္ ၾကည္းတပ္ဒုတိယဗိုလ္ခ်ဳပ္ ႀကီးရာထူးမွတစ္ဆင့္ ျပည္သူ႔ဝန္ေဆာင္မႈရာထူးသို႔ အာဏာရပါတီ အစိုးရအဖြဲ႕မွေ႐ြးခ်ယ္တာ ဝန္ေပးခံရ သူျဖစ္သည္။
၉။ စင္ကာပူ စက္မႈႏွင့္ကုန္သြယ္ေရးဝန္ႀကီး အယ္လ္ ဗင္တန္မွာ စင္ကာပူတပ္မေတာ္ ၾကည္းတပ္ဗိုလ္ႀကီး အဆင့္မွ တစ္ဆင့္ ျပည္သူ႔ဝန္ေဆာင္မႈရာထူးသို႔ အာဏာရပါတီအစိုးရအဖြဲ႕မွေ႐ြးခ်ယ္တာဝန္ေပးခံရသူ ျဖစ္သည္။
၁၀။ စင္ကာပူ အိမ္ရာဖြံ႕ၿဖိဳးေရးဗဟိုအမႈေဆာင္အဖြဲ႕ဝင္ ဂိုစီဟူမွာ စင္ကာပူတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ၾကယ္ႏွစ္ပြင့္အဆင့္ ၾကည္းတပ္ဗိုလ္ခ်ဳပ္ရာ ထူးမွတစ္ဆင့္ ျပည္သူ႔ဝန္ေဆာင္မႈရာထူးသို႔ အာဏာ ရပါတီအစိုးရအဖြဲ႕မွ ေ႐ြးခ်ယ္တာဝန္ေပးခံရသူျဖစ္သည္။
၁၁။ စင္ကာပူသတင္းအခ်က္အလက္ႏွင့္ မီဒီယာဖြံ႕ ၿဖိဳးေရးအာဏာပိုင္အမႈေဆာင္အရာရွိခ်ဳပ္ လြီခ်န္ဟြန္းမွာ စင္ကာပူတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ၾကယ္ႏွစ္ပြင့္အဆင့္ ေရတပ္ဗိုလ္ခ်ဳပ္ရာထူးမွ တစ္ဆင့္ ျပည္သူ႔ ဝန္ေဆာင္မႈရာထူးသို႔အာဏာရပါတီအစိုးရအဖြဲ႕မွ ေ႐ြးခ်ယ္တာဝန္ေပးခံရသူျဖစ္သည္။

ထိုသို႔အလားတူ စင္ကာပူ၏ အျခားမထင္ရွားေသာ ႏိုင္ငံေရးဆိုင္ရာရာထူးႏွင့္ ျပည္သူ႔ဝန္ေဆာင္မႈဆိုင္ရာ ရာထူးေနရာမ်ားတြင္လည္း အမ်ိဳးသားစစ္မႈ ထမ္းဥပေဒအရမဟုတ္ေသာ အခ်ိန္ျပည့္တပ္မေတာ္ အဆင့္ျမင့္ ရာထူး အရာရွိေဟာင္းမ်ားစြာအား ထူးခြၽန္အရည္အခ်င္းအလိုက္ အလားအလာအေပၚ သုံးသပ္ တာဝန္ေပးအပ္ထားျခင္းျဖင့္ အမိန႔္နာခံမႈအေလးေပးေသာ အစိုးရအဖြဲ႕ကို ဖြဲ႕စည္းထားသည္။

နာမည္ႀကီး အင္ဒိုနီးရွား သက္ေတာ္ရွည္ သမၼတဂုဏ္ထူးေဆာင္ဗိုလ္ခ်ဳပ္ႀကီး ဆူစီလိုဘန္ဘမ္း အလြန္ (၂၀၁၄)ခုႏွစ္တြင္ ၎ယုံၾကည္ရၿပီး အရပ္ ဘက္ စစ္ဘက္ မွ်တသူဟု လူသိမ်ားေသာ သမၼတ ဂ်ိဳကိုဝီဒိုဒိုလက္ထက္တြင္ အင္ဒိုနီးရွားတပ္မေတာ္မွာ ၾကယ္ေလးပြင့္ ဗိုလ္ခ်ဳပ္ႀကီးအဆင့္ရွိေသာ ၾကည္း တပ္ဗိုလ္ခ်ဳပ္ႀကီး ပရာဗိုဝိုဆူဗီယမ္တိုကို ကာကြယ္ ေရးဝန္ႀကီးအျဖစ္တာဝန္ေပး႐ုံမွ်မက အစိုးရအဖြဲ႕ႏွင့္ ျပည္သူ႔ဝန္ေဆာင္မႈအခန္းတြင္လည္း စစ္တပ္မွအ ရပ္ဘက္ေျပာင္းျဖင့္ စစ္ယူနီေဖာင္းဝတ္လ်က္ အရပ္ဘက္/စစ္ဘက္ပူးတြဲတာဝန္ေပးမႈမ်ားအထိ တပ္မ ေတာ္အရာရွိ မ်ားႏွင့္ ယူနီေဖာင္းဝတ္ဝန္ထမ္းမ်ားကို ေနရာေပးတာဝန္ထမ္းေစခဲ့ကာ (၁၀)ႏွစ္တာ အုပ္ခ်ဳပ္ခဲ့သည္။ (၂၀၂၄)ခုႏွစ္ ေ႐ြးေကာက္ပြဲအႏိုင္ရ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ပရာဗိုဝို ဆူဗီယမ္ တို ေ႐ြးေကာက္ပြဲမဲဆြယ္မစခင္ကပင္ သမၼတ ဂ်ိဳကို ဝီဒိုဒိုဟာ ၎ရဲ႕သားႀကီး ဂ်ီဘန္ရာကာဘူမင္ကိုပါတီမွ ဒုတိယသမၼတအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ေစရန္ သေဘာတူ ညီမႈရရွိခဲ့ၾကသည့္အျပင္ ပါတီအမတ္ ေလာင္းမ်ားဆိုင္ရာဥပေဒမွ အမတ္မ်ား၏သတ္မွတ္ အငယ္ဆုံးအသက္ကို ေလွ်ာ့ခ်ျပင္ဆင္ကာ Youtuber အျဖစ္နာမည္ရေနတဲ့ ၎၏သားအငယ္ဆုံး ကီဆန္ကို Indonesian Solidarity Party (PSI) ၏ Chairman အျဖစ္ခန႔္အပ္ကာ ဗိုလ္ခ်ဳပ္ႀကီး ပရာဗိုဝိုထံ ႏိုင္ငံေတာ္အာဏာကိုလႊဲအပ္ခဲ့သည္။ သမၼတသစ္ ပရာဗိုဝို အစိုးရအဖြဲ႕မွာေတာ့ တပ္မေတာ္အဆင့္ျမင့္ အရာရွိႀကီးေဟာင္းမ်ားအား ဝန္ႀကီးမ်ား၊ ၿမိဳ႕ေတာ္ဝန္မ်ား၊ အျခားေသာ ျပည္သူ႔ဝန္ေဆာင္မႈဌာနမ်ားတြင္ တာဝန္ေပးအပ္ျခင္း ပိုမိုမ်ားျပားလာသည့္အျပင္ သမၼတမျဖစ္ခင္က ၎၏ လုံၿခဳံေရးအရာရွိ အေမရိကန္မရိန္းေက်ာင္းဆင္း အသက္(၃၅)ႏွစ္သာရွိေသးေသာ ဗိုလ္မႉးတယ္ဒီကို ယူနီေဖာင္းဝတ္ျဖင့္ အစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ ၿမိဳ႕ေတာ္ဝန္တာဝန္ကိုတြဲ ဖက္ခန႔္အပ္ျခင္းျဖင့္ တပ္တြင္းက လက္ရွိတာဝန္ထမ္း ေဆာင္ဆဲ တပ္မေတာ္သားငယ္မ်ားကို ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးေပးလိုက္ျပန္သည္။ ထို႔အတူ ပရာဗိုဝိုႏွင့္ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား စုစုေပါင္း (၁၀ဝ)ေက်ာ္ သည္ အစိုးရတာဝန္ယူၿပီး တစ္လအတြင္းမွာပင္ အင္ ဒိုနီးရွားတပ္မေတာ္ အကယ္ဒမီတည္ရွိရာ ေတာင္ထူ ထပ္သည့္တပ္ၿမိဳ႕တြင္ တပ္မေတာ္ယူနီေဖာင္းမ်ားကို ဆင္တူ ဝတ္ဆင္ကာ ေန႔ည မိုးေရထဲမိန႔္ခြန္းေျပာၾကား သည္အထိ (၃)ရက္တိုင္တိုင္ Military Retreat and Gathering တပ္မ ေတာ္သားမ်ားႏွင့္အတူ ျပဳလုပ္ခဲ့ျပန္သည္။ အေရွ႕တီေမာခြဲထြက္မႈအၿပီးျပည္တြင္းလက္နက္ကိုင္ေသာင္း က်န္းသူမရွိ ေတာ့သ ေလာက္နည္းသြားခဲ့ၿပီး လူဦးေရ (၂၈၅)သန္းနီးပါးရွိတဲ့ အင္ဒိုနီးရွားႏိုင္ငံဟာ ေငြေၾကးေဖာင္းပြမႈ၊ ေအာက္ေျခလူတန္းစားမ်ားအတြက္ အေျခခံလုပ္ခ လစာနည္းမႈ၊ သာမန္ပညာသင္၊ ေဆးကုသရန္ဆက္ လက္ခက္ ခဲေနမႈ၊ ဖြံ႕ၿဖိဳးမႈေနာက္က်ေသာ ေဝးလံေခါင္ဖ်ားကြၽန္းႏွင့္ ေတာင္ေပၚေဒသမ်ားရွိေနျခင္းစ သည့္ မျပည့္စုံမႈမ်ားႏွင့္ ဆက္လက္ရွိေနဆဲျဖစ္ၿပီး စစ္ဘက္ႏွင့္စစ္ဘက္နီးစပ္သည့္ အရပ္သားႏိုင္ငံေရး သမားမ်ားေပါင္းထားေသာ ပါတီမ်ား သာႀကီးစိုးသည့္ အင္ဒိုနီးရွား၏ တစ္တိုင္းျပည္လုံးအားျဖင့္ မလႊမ္းၿခဳံ ႏိုင္ေသာ လူနည္းစုႏိုင္ငံေရးသည္ ေရရွည္တြင္ မည္ မွ်ၾကာရွည္အားေကာင္းႏိုင္မည္ဆိုသည္မွာ စိတ္ဝင္စားစရာပါ။

ဗီယက္နမ္မွာလည္း လစ္လပ္သမၼတေနရာကို မၾကာေသးခင္ကမွ အာဏာရကြန္ျမဴနစ္ပါတီဥကၠ႒ ရာထူးကိုယူ ထားသည့္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ေလွ်ာင္ေကာင္က က်မ္းက်ိန္ဆို တာဝန္ယူလိုက္သည္။ ဗီယက္ နမ္အစိုးရ အဖြဲ႕ဝန္ႀကီး ဌာနမ်ားတြင္လည္း တပ္မေတာ္အရာရွိေဟာင္း အဆင့္စုံ တာဝန္ထမ္းေဆာင္ လ်က္ရွိသည္။ လက္ရွိ ဖိလစ္ပိုင္ ဒုတိယသမၼတ ဆာရာဒူတာေတး (သမၼတေဟာင္း ဒူတာေတး၏သမီး)သည္လည္း ဖိလစ္ပိုင္တပ္မေတာ္တြင္ ဗိုလ္မႉး ႀကီးအဆင့္မွ ၿမိဳ႕ေတာ္ဝန္ ထိုမွတစ္ဆင့္ ဒုတိယသမၼတအျဖစ္ တက္လွမ္းလာသူျဖစ္သည္။ ဖိလစ္ပိုင္သည္ အေရွ႕ ေတာင္အာရွတြင္ အေမရိကန္၏ စစ္အေျခစိုက္စခန္း အမ်ားဆုံးေသာ ကိုယ္ပြားႏိုင္ငံဟု သမုတ္ခံရေလာက္ ေအာင္လူသိ မ်ားၿပီး ျပည္တြင္းရာဇဝတ္မႈႏွင့္ ျပည္ တြင္းေသာင္းက်န္းသူမ်ားဒဏ္ကို ဆက္လက္ ရင္ဆိုင္ေနရဆဲျဖစ္သည္။

ကေမာၻဒီယားတြင္ေတာ့ လက္ရွိ လႊတ္ေတာ္ဥကၠ႒ ဝန္ႀကီးခ်ဳပ္ေဟာင္းႏွင့္ ဗိုလ္မႉႀကီးေဟာင္း ဟြန္ဆန္အလြန္ သားျဖစ္သူ ၾကည္းတပ္ဗိုလ္ခ်ဳပ္ႀကီး ဟြန္မာနက္က ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္တာဝန္ကို ယူထားသည္။ ဟြန္ဆန္ မိသားစုႏွင့္ကေမာၻဒီးယား တပ္မေတာ္သည္ ဘုရင္ထံသစၥာခံထားသည့္ကာလပတ္လုံး ႏိုင္ငံ့အာဏာကို ထိန္းခ်ဳပ္ ထားႏိုင္ဖြယ္ရွိၿပီး တပ္ႏွင့္ ရဲ၏ႏိုင္ငံတြင္းဩဇာလႊမ္းမိုးမႈသည္လည္း ႀကီးမားေနဆဲျဖစ္ပါတယ္။

ဘုရင္စနစ္တည္ၿမဲေနေသာ္လည္း ထိုင္းႏိုင္ငံသည္ ႏွစ္ေပါင္း (၇၀)ေက်ာ္အတြင္း စစ္အာဏာ သိမ္းမႈေပါင္း (၁၀)ႀကိမ္ထပ္မနည္းရွိခဲ့သည့္ အေရွ႕ေတာင္အာရွ၏ တစ္ခုတည္းေသာ စစ္အာဏာသိမ္းမႈ အမ်ားဆုံးႏိုင္ငံလည္း ျဖစ္သည္။ ေနာက္ဆုံး အာဏာ သိမ္းဗိုလ္ခ်ဳပ္ႀကီး ပရာယြတ္ခ်န္အိုခ်ာ အာဏာလႊဲ ခ်ိန္တြင္ေတာ့ အဆင့္ျမင့္ စစ္ဘက္ ရဲဘက္ အရာရွိ မ်ားစြာကို အစိုးရဌာနအသီးသီးတြင္ ခန႔္ထားခဲ့သည္။ ထိုင္းေတာ္ဝင္တပ္မေတာ္သည္ ဘုရင့္ထံ သစၥာခံရ ျခင္းျဖစ္ၿပီး အစိုးရ၏ဆုံးျဖတ္ခ်က္မ်ားသည္ ဘုရင္ထံ အတည္ျပဳမႈရယူရျခင္းျဖစ္ၿပီး ဘုရင္သာလွ်င္ ပယ္ ဖ်က္ခြင့္ရွိျပန္ သည္။ သို႔ေသာ္ ျပည္တြင္းေသာင္းက်န္း သူမရွိသည့္ထိုင္းႏိုင္ငံသည္ အေရွ႕ေတာင္အာရွတြင္ ခရီးသြားႏွင့္ လယ္ယာ စိုက္ပ်ိဳးေရးအားျဖင့္ ခ်မ္းသာႂကြယ္ဝေသာႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ေနဆဲျဖစ္သည္။

ထူးျခားတာက ျပည္တြင္းေသာင္းက်န္းသူ လက္နက္ကိုင္အဖြဲ႕ေပါင္း ရာခ်ီနီးပါးရွိသည့္ ျမန္မာႏိုင္ငံမွာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းလက္ထက္ အာဏာသိမ္း သည္ကစ၍ ဗိုလ္ခ်ဳပ္မႉးႀကီးေစာေမာင္၊ ဗိုလ္ခ်ဳပ္မႉး ႀကီးသန္းေ႐ႊ ယေန႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ လက္ထက္အထိ ႏိုင္ငံေတာ္တာဝန္ယူမႈမ်ားတြင္ ႏိုင္ငံေရးသမားမ်ား၏ ဉာဏ္အေျမာ္ အျမင္နည္းမႈ၊ လက္နက္ကိုင္မ်ား၏ အဆင္အျခင္မဲ့မႈမ်ားကိုထိန္း သိမ္းရန္ ျပႆနာတက္သည့္အိမ္ကို ေစာင့္ရေသာ အေစာင့္ကဲ့သို႔ ယူနီေဖာင္းဝတ္ျဖင့္ တပ္မေတာ္တာဝန္အျပင္ ႏိုင္ငံ့တာဝန္ကိုတာဝန္ယူကိုင္တြယ္ ေျဖရွင္းရေသာ ယာယီအုပ္ခ်ဳပ္ေရးမ်ိဳးသာျဖစ္ၿပီး စစ္သားေဟာင္းအေနျဖင့္ ႏိုင္ငံ့တာဝန္ကို ႏိုင္ငံေရးသမားအျဖစ္ တာဝန္ယူကာ တပ္မ ေတာ္ႏွင့္ထိန္းညႇိအုပ္ခ်ဳပ္ တာဝန္ယူသြားသည့္အစိုးရမွာ သမၼတဦးသိန္းစိန္၏(၅)ႏွစ္သက္တမ္း အစိုးရသာရွိသည္။ ထို႔ေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ အိမ္ေစာင့္အစိုးရ (သို႔မဟုတ္) ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ အ လြန္ အနာဂတ္ျမန္မာႏိုင္ငံကို မည္သို႔ေသာသူမ်ားက ဦးေဆာင္တာဝန္ယူသြားမည္နည္းဆိုသည္ကိုလည္း အေရွ႕ေတာင္ အာရွႏိုင္ငံတစ္ခုအဖို႔ စိတ္ဝင္စားစရာပါ။

တပ္မေတာ္အရာရွိေဟာင္းမ်ား၏ ႏိုင္ငံေရး တာဝန္ထမ္းေဆာင္ရာတြင္ အားသာခ်က္မ်ား
ေခါင္းေဆာင္မႈအေတြ႕အႀကဳံ (Leadership Experience) ။ ။ စစ္မွန္ၿပီးအေတြ႕အႀကဳံမ်ားေသာ တပ္မေတာ္အရာရွိမ်ားသည္ ဖိအားႏွင့္အခက္အ ခဲမ်ားအတြင္း မွန္ကန္သည့္ ဆုံးျဖတ္ခ်က္ခ်ႏိုင္ျခင္း၊ ခ်ရဲျခင္း ကို လက္ေတြ႕က်က်လုပ္ေဆာင္ႏိုင္ျခင္း။ စည္းကမ္းႏွင့္အစည္းအေဝးတင္ျပမႈ (Discip line and Organization) ။ ။သ႐ုပ္ေဖာ္တင္ျပမႈမ်ားတြင္ စနစ္တက်ရွိျခင္းႏွင့္ အစည္းအေဝးဆိုင္ရာ ေဆြးေႏြးမႈမ်ားတြင္ ေတြေဝမႈမရွိ ရွင္းလင္း တိက်ျပတ္ သားစြာ တင္ျပတတ္ျခင္း။
ႏိုင္ငံ့လုံၿခဳံေရးဆိုင္ရာကြၽမ္းက်င္မႈ (National Sec­u­rity Expertise)။ ။ စစ္မွန္သည့္ အေတြ႕အႀကဳံ ရင့္တပ္မေတာ္ အရာရွိႀကီးမ်ားသည္ ႏိုင္ငံေတာ္ လုံၿခဳံေရး၊ ႏိုင္ငံေတာ္လုံးၿခဳံေရးႏွင့္စပ္ဆိုင္ေသာ သံတမန္ေရးႏိုင္ငံျခား ေရး ဆိုင္ရာမႈဝါဒမ်ားကို ရင္းႏွီးသိ ရွိနားလည္လြယ္ႏိုင္ျခင္း၊ အေတြ႕အႀကဳံမ်ားျခင္း။
စိုးရိမ္မႈဆိုင္ရာ စီမံခန႔္ခြဲမႈ (Crisis Management)။ စစ္မွန္သည့္ အေတြ႕အႀကဳံရင့္ တပ္မေတာ္အ ရာရွိႀကီးမ်ားသည္ အေရးေပၚအခ်ိန္ကာလမ်ားတြင္အခ်ိန္ႏွင့္တစ္ေျပးညီ ကြၽမ္းက်င္တည္ၾကည္စြာ စီမံ ခန႔္ခြဲတတ္ၾကျခင္း။
ႏိုင္ငံ့ဝန္ထမ္းဆိုင္ရာမူဝါဒ (Public Service Orie­ntation) ။ ။ စစ္မွန္သည့္အေတြ႕အႀကဳံရင့္တပ္ မေတာ္ အရာရွိႀကီးမ်ားသည္ အသက္ႏွင့္ရင္းရသည့္ အေတြ႕အႀကဳံမ်ားစြာေၾကာင့္ ႏိုင္ငံေတာ္ဝန္ထမ္းမ်ား ဆိုင္ရာ တာဝန္အလိုက္ တာဝန္ယူမႈတာဝန္ခံမႈမ်ားတြင္ အေတြ႕အႀကဳံမ်ားစြာရွိသည့္အျပင္ ခံယူခ်က္ ျပင္းထန္ၾကျခင္း။

တပ္မေတာ္အရာရွိေဟာင္းမ်ား၏ ႏိုင္ငံေရးတာဝန္ထမ္းေဆာင္ရာတြင္ အားနည္းခ်က္မ်ား
အာဏာေပးတတ္ေသာအေလ့အထ (Auto cratic Tendencies)။ ။ စစ္ပညာသင္ၾကားရာမွသည္ မိမိ တာဝန္က်ရာမ်ားတြင္ အဆင့္ဆင့္ တင္းၾကပ္စြာ အုပ္ခ်ဳပ္မႈမ်ားမွာ အသားက်ခဲ့သည့္အတြက္ ရာထူးအဆင့္အလိုက္ ေပါင္းစပ္ညႇိႏႈိင္းအေျဖရွာရမည့္ အစည္းအေဝးမ်ားမွာ တင္းၾကပ္ေသာအမိန႔္မ်ား ေပးတတ္ျခင္း။

ႏိုင္ငံေရးအေတြ႕အႀကဳံနည္းျခင္း (Limited Politi­cal Experience) ။ ။ စစ္မွန္သည့္ အေတြ႕အႀကဳံ ရင့္တပ္မေတာ္အရာရွိႀကီးမ်ားသည္ ႏိုင္ငံေရး၊ စီးပြားေရးဆိုင္ရာစာခ်ဳပ္မ်ား၊ ႏိုင္ငံေရးဆိုင္ရာ လွ်ပ္တစ္ျပက္ထိန္း ခ်ဳပ္မႈႏွင့္ ႏိုင္ငံတန္ျပန္ေဆြးေႏြး မႈမ်ားမွာ အေတြ႕အႀကဳံ နည္းႏိုင္ျခင္း၊
အသြင္မတူမႈမ်ားအေပၚ အားမရတတ္ျခင္း (Par­tisan Bias) ။ ။စစ္ေရးအေျခအေနမ်ားကဲ့သို႔မလုပ္မ ျဖစ္လုပ္ရမည္ဟု ပုံေသကားက်မရွိသလို စိတ္ေအး တည္ၿငိမ္ရမည့္ အရပ္ဘက္ႏွင့္ဆိုင္ေသာ ဆုံးျဖတ္ခ်က္မ်ားကို အျပဳသေဘာထား ေပးရျခင္းမ်ားေၾကာင့္ မေက်မနပ္မ်ားျဖစ္ရျခင္း။

ျပည္သူ႔ယုံၾကည္ခံရမႈအားနည္းျခင္း (Civi­lians’ Distrust)။ ။ မိမိက စစ္မွန္စြာေခါင္းေဆာင္ ပါသည္ ဆိုေသာ္ လည္း ႏိုင္ငံသားမ်ား၏ သံသယႏွင့္ ယုံၾကည္မႈကို မရရွိေၾကာင္းခံစားရျခင္း။

ရွင္းလင္းေသာ ဆုံးျဖတ္တင္ျပျခင္း(Simplistic Solutions) ။ ။ တပ္မေတာ္သားမ်ားသည္ ျပည္သူႏွင့္ဆိုင္ေသာ ဆုံးျဖတ္ခ်က္မ်ားမွာ က်င့္သားရေန ေသာအုပ္ခ်ဳပ္မႈႏွင့္ထိန္းခ်ဳပ္မႈမ်ား အၿမဲထည့္သြင္းပူး တြဲဆုံးျဖတ္သည့္အခါ ျပည္သူ ႏွင့္ အထင္အျမင္ လြဲတတ္ႏိုင္ျခင္း။

အထက္ပါအခ်က္မ်ားကို ၾကည့္ျခင္းအားျဖင့္ စစ္မွန္ၿပီး စစ္ေရးအေတြ႕အႀကဳံရင့္ တပ္မေတာ္သား/ စစ္သားမ်ား သည္ မိမိကိုယ္တိုင္က စစ္ေရးအျပင္ အျခားက႑တစ္ခုခုတြင္ ဝါသနာပါ ထူးခြၽန္ထက္ျမက္ ေနပါက ဥပမာ ႏိုင္ငံေရး ျပည္သူအက်ိဳးျပဳလုပ္ငန္းမ်ားတြင္ ေျပာင္းလဲတာဝန္ထမ္းေဆာင္ႏိုင္သည္။ သို႔မဟုတ္ ကြၽမ္းက်င္မႈကိုျမင္ေသာ ႏိုင္ငံ့အႀကီးအကဲမ်ားက ယုံၾကည္၍ တာဝန္ေပးျခင္းခံရျခင္းမ်ိဳးလည္း ရွိႏိုင္သည္။ သို႔ေသာ္လည္း အမိန႔္နာခံမႈတစ္ခုတည္း ေပၚမူတည္ၿပီး ကြၽမ္းက်င္မႈ တာဝန္ေပးခံရမည္ဆိုလွ်င္ စစ္သားမ်ားက ရွိထားၿပီးေသာအစဥ္အလာအရ အလုပ္မ်ားကို ၿပီးေျမာက္ေအာင္ တိက်လိုက္နာလုပ္ ေဆာင္ႏိုင္ပါေသာ္လည္း ေရရွည္တြင္ ထူးျခားၿပီး အတူကြဲျပားသည့္ ေအာင္ျမင္ တိုးတက္မႈရလာမည္ မဟုတ္သလို တာဝန္ေပးခံရသူလည္း လုပ္ငန္းခြင္တြင္ စိတ္ဖိစီးလာႏိုင္သည္။ စစ္သား (Soldier)ဟာ ႏိုင္ငံ ေရး/ ျပည္သူ႔ဝန္ေဆာင္မႈ အရပ္ဘက္အလုပ္ လုပ္ႏိုင္သည္။ အေရးႀကီးသည္မွာ အဆိုပါ ႏိုင္ငံေရး(သို႔မ ဟုတ္) ျပည္သူ႔ဝန္ေဆာင္မႈႏွင့္ပတ္သက္ၿပီး ကြၽမ္း က်င္မႈ(Skills)၊ ရည္မွန္းခ်က္(Passion)၊ စဥ္ဆက္မ ျပတ္ႀကိဳးစားအားထုတ္ျခင္း(Continuous Impro­vement)မ်ားသာလိုအပ္ေၾကာင္း စုစည္းတင္ျပလိုက္ပါသည္။

Related news

© 2021. All rights reserved.