ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် စိတ်မကောင်းဖြစ်ရကြောင်း အကယ်ဒမီရန်အောင် ဖွင့်ဟ

 2654

အေဝိုင်အီး (NP News) - နိုဝင်ဘာ ၁၆

ရန်ကုန်အခြေစိုက် အကြမ်းဖက်သမားများက အိမ်ရှေ့အထိလာ၍ လက်လုပ်မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ သည့် ဖြစ်စဉ်ကြောင့် စိတ်မကောင်းဖြစ်ရပြီး အကြမ်းဖက်လုပ်ရပ်များအပေါ် စိတ်ပျက်ခြင်းအပြင် လုံခြုံရေပိုင်းအရ အားငယ်မိကြောင်း သရုပ်ဆောင် အကယ်ဒမီရန်အောင်က ဖွင့်ဟပြောကြားသည်။
သရုပ်ဆောင်ရန်အောင် နေထိုင်သည်ဆိုသော ရန်ကင်းမြို့နယ်၊ ဘောက်ထော်၊ မြရတနာလမ်းရှိ နေအိမ် တစ်လုံးရှေ့၌ နိုဝင်ဘာ(၁၄)ရက် နေ့လယ်(၁၂)နာရီ(၄၅)မိနစ်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကိုလည်း Dark Shadow အမည်ရှိ မြို့ပြပြောက်ကြား PDF အဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထုတ်ပြန်ထားသည်။ ရန်ကင်းမြို့နယ် ဘောက်ထော် မြရတနာလမ်းသည် ရထားလမ်း နှင့်ကပ်လျက် လုံးချင်းအိမ်များစွာရှိထားသောနေရာဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်ရေးသမားများအတွက် အဝင်/ အထွက် အထူးသတိထားရသည့်နေရာမျိုးလည်း ဖြစ်သည်။

‘‘ဖြစ်ဖြစ်ချင်းတော့ နည်းနည်းလန့်သွားပါတယ်။ အခုတော့လည်း တာဝန်ရှိသူတွေက လာပြီးတော့ သေချာ ဂရုစိုက်ပေးပါတယ်။ ကျွန်တော်တို့ကျတော့ သူတို့နဲ့ (အကြမ်းဖက်သူများနှင့်) ရပ်တည်မှုချင်းက မတူဘူးလေ။ နိုင်ငံတော်နဲ့ပတ်သက်ရင် လုပ်ပေးရမယ့်တာဝန်တွေရှိတယ်။ လုပ်လည်းလုပ်ပေးပါတယ်။ အခုလိုဖြစ်တဲ့အခါ ကျတော့ အရမ်းလည်းအားငယ်ပါတယ်။ ကျွန်တော်တို့မှာ မှီခိုစရာအားထားစရာ မရှိပါဘူးဗျာ။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဒါမျိုးတွေက ပြီးသွားခဲ့ပြီလို့ ထင်နေခဲ့တာ”ဟု အကယ်ဒမီရန်အောင်က ဖွင့်ဟသည်။

ဖောက်ခွဲတိုက်ခိုက်ရေးသမားများ ၏ထုတ်ပြန်ချက်အတွင်း၌ ပြင်းအားပျော့မိုင်းကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အပေါ်ထောက်ခံအားပေးနေမှုကြောင့် ပထမဆုံးအကြိမ်သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း နှင့် အခြားသောအနုပညာရှင်များကိုလည်း သတိပေးလိုကြောင်း ခြိမ်းခြောက်ရေးသားထားသည်။ ‘‘အားပျော့ဗုံးဆိုပေမယ့် အိမ်အုတ်တံတိုင်း အထူကြီးက နေရာတစ်ခုဆိုရင် ကွက်ပြီးပေါက်သွားတယ်။ ပေါက်ကွဲမှု မှာ သံပြားအစအနတွေပါ ပါလာတယ်။ ခြံစည်းရိုး သံဇကာနဲ့ အုတ်တံတိုင်းကို စဉ်ပြီးမှန်တာမျိုးပေါ့” ဟု လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆိုလိုသည်မှာ လက်လုပ် မိုင်းအတွင်း၌ သံတိုသံစများကိုပါ ထည့်သွင်း၍ ပေါက်ကွဲမှုဖြစ်ပွားပါက အပိုင်းအစများ လွင့်စဉ်ထိမှန်ခြင်းများဖြစ်စေရန် ရည်ရွယ်ထားပုံရသည်ဟု သိရသည်။ အခင်းဖြစ်ပွားနေစဉ်အတွင်း၌ နေအိမ်တွင်ရှိ မနေသည့်အတွက်လည်း စိတ်သက် သာရာရခဲ့သည်ဟု အကယ်ဒမီ ရန်အောင်က ဆိုသည်။
‘‘မနက်ပိုင်းက ရုပ်ရှင်အစည်းအရုံးရဲ့ ကထိန်ကို သွားနေတယ်။ အဲဒါပြီးတာနဲ့ ရိုက်ကွင်းကို ဆက်သွားတာလေ။ ပေါက်ကွဲမှုဖြစ်တယ်ဆိုတော့ အားလုံးကလည်း စိတ်ပူပြီးမေးကြတော့ ကျွန်တော်က အပြင် ရောက်နေတာ” ဟု ၎င်းက ပြောသည်။ အကယ်ဒမီရန်အောင်ကိုရည်ရွယ်တိုက်ခိုက်ခြင်းသည် နိုဝင်ဘာ(၁၀)ရက်က တရုတ်ပြည်မှ ပြန်လာသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သွားရောက်ကြိုဆိုခဲ့ခြင်းအပေါ် မကျေနပ်မှုမှ စတင်မြစ်ဖျားခံလာ ခြင်းဖြစ်ပြီး ကြိုဆိုခဲ့သောအနုပညာရှင်အားလုံးအတွက်လည်း အချက်ပေးခေါင်း လောင်းသံမျိုး ဖြစ်လာသည်။ အခြားသောအနုပညာရှင်များကလည်း အကြမ်းဖက်သမားများ၏ဖောက်ခွဲတိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှု ခေါင်းစဉ်များကို စက်ဆုပ်ရွံရှာနေပြီး ရန်ကုန်မြို့၏ လုံခြုံရေးပိုင်းကို အားထည့်လုပ်ကိုင် စေလိုနေကြသည်။

ယခုရက်ပိုင်းအတွင်း၌လည်း YUPA အမည်ရှိ မြို့ပြပြောက်ကျားအကြမ်းဖက်အဖွဲ့တစ်ခုက အတိုတစ်လက် သိန်း (၁၀ဝ) ခေါင်းစဉ်ဖြင့် အလှူငွေများ ကောက်ခံနေပြီး ယင်းမှရရှိသည့်ငွေများကို အသုံးပြုကာ လုပ်ကြံ သတ်ဖြတ်ရေး နှင့်ဖောက်ခွဲတိုက်ခိုက်ရေးများကို ရန်ကုန်မြို့အတွင်း၌ လုပ်ဆောင်သွားရန် ရည်မှန်းချက်ထားနေသည်ကို တွေ့ရသည်။

Zawgyi Version;
ေဖာက္ခြဲတိုက္ခိုက္ခံရမႈေၾကာင့္ စိတ္မေကာင္းျဖစ္ရေၾကာင္း အကယ္ဒမီရန္ေအာင္ ဖြင့္ဟ
ေအဝိုင္အီး (NP News) - ႏိုဝင္ဘာ ၁၆

ရန္ကုန္အေျခစိုက္ အၾကမ္းဖက္သမားမ်ားက အိမ္ေရွ႕အထိလာ၍ လက္လုပ္မိုင္းျဖင့္ေဖာက္ခြဲတိုက္ခိုက္ခဲ့ သည့္ ျဖစ္စဥ္ေၾကာင့္ စိတ္မေကာင္းျဖစ္ရၿပီး အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ စိတ္ပ်က္ျခင္းအျပင္ လုံၿခဳံေရပိုင္းအရ အားငယ္မိေၾကာင္း သ႐ုပ္ေဆာင္ အကယ္ဒမီရန္ေအာင္က ဖြင့္ဟေျပာၾကားသည္။
သ႐ုပ္ေဆာင္ရန္ေအာင္ ေနထိုင္သည္ဆိုေသာ ရန္ကင္းၿမိဳ႕နယ္၊ ေဘာက္ေထာ္၊ ျမရတနာလမ္းရွိ ေနအိမ္ တစ္လုံးေရွ႕၌ ႏိုဝင္ဘာ(၁၄)ရက္ ေန႔လယ္(၁၂)နာရီ(၄၅)မိနစ္တြင္ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး အဆိုပါေဖာက္ခြဲတိုက္ခိုက္မႈကိုလည္း Dark Shadow အမည္ရွိ ၿမိဳ႕ျပေျပာက္ၾကား PDF အဖြဲ႕က ၎တို႔ လုပ္ေဆာင္ခဲ့ေၾကာင္း ဝန္ခံထုတ္ျပန္ထားသည္။ ရန္ကင္းၿမိဳ႕နယ္ ေဘာက္ေထာ္ ျမရတနာလမ္းသည္ ရထားလမ္း ႏွင့္ကပ္လ်က္ လုံးခ်င္းအိမ္မ်ားစြာရွိထားေသာေနရာျဖစ္ၿပီး ေဖာက္ခြဲတိုက္ခိုက္ေရးသမားမ်ားအတြက္ အဝင္/ အထြက္ အထူးသတိထားရသည့္ေနရာမ်ိဳးလည္း ျဖစ္သည္။

‘‘ျဖစ္ျဖစ္ခ်င္းေတာ့ နည္းနည္းလန႔္သြားပါတယ္။ အခုေတာ့လည္း တာဝန္ရွိသူေတြက လာၿပီးေတာ့ ေသခ်ာ ဂ႐ုစိုက္ေပးပါတယ္။ ကြၽန္ေတာ္တို႔က်ေတာ့ သူတို႔နဲ႔ (အၾကမ္းဖက္သူမ်ားႏွင့္) ရပ္တည္မႈခ်င္းက မတူဘူးေလ။ ႏိုင္ငံေတာ္နဲ႔ပတ္သက္ရင္ လုပ္ေပးရမယ့္တာဝန္ေတြရွိတယ္။ လုပ္လည္းလုပ္ေပးပါတယ္။ အခုလိုျဖစ္တဲ့အခါ က်ေတာ့ အရမ္းလည္းအားငယ္ပါတယ္။ ကြၽန္ေတာ္တို႔မွာ မွီခိုစရာအားထားစရာ မရွိပါဘူးဗ်ာ။ စိတ္မေကာင္းလည္း ျဖစ္ရပါတယ္။ ဒါမ်ိဳးေတြက ၿပီးသြားခဲ့ၿပီလို႔ ထင္ေနခဲ့တာ”ဟု အကယ္ဒမီရန္ေအာင္က ဖြင့္ဟသည္။

ေဖာက္ခြဲတိုက္ခိုက္ေရးသမားမ်ား ၏ထုတ္ျပန္ခ်က္အတြင္း၌ ျပင္းအားေပ်ာ့မိုင္းကို အသုံးျပဳခဲ့ျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္အေပၚေထာက္ခံအားေပးေနမႈေၾကာင့္ ပထမဆုံးအႀကိမ္သတိေပးသည့္အေနျဖင့္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ ေၾကာင္း ႏွင့္ အျခားေသာအႏုပညာရွင္မ်ားကိုလည္း သတိေပးလိုေၾကာင္း ၿခိမ္းေျခာက္ေရးသားထားသည္။ ‘‘အားေပ်ာ့ဗုံးဆိုေပမယ့္ အိမ္အုတ္တံတိုင္း အထူႀကီးက ေနရာတစ္ခုဆိုရင္ ကြက္ၿပီးေပါက္သြားတယ္။ ေပါက္ကြဲမႈ မွာ သံျပားအစအနေတြပါ ပါလာတယ္။ ၿခံစည္း႐ိုး သံဇကာနဲ႔ အုတ္တံတိုင္းကို စဥ္ၿပီးမွန္တာမ်ိဳးေပါ့” ဟု လုံၿခဳံေရး တပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။

ဆိုလိုသည္မွာ လက္လုပ္ မိုင္းအတြင္း၌ သံတိုသံစမ်ားကိုပါ ထည့္သြင္း၍ ေပါက္ကြဲမႈျဖစ္ပြားပါက အပိုင္းအစမ်ား လြင့္စဥ္ထိမွန္ျခင္းမ်ားျဖစ္ေစရန္ ရည္႐ြယ္ထားပုံရသည္ဟု သိရသည္။ အခင္းျဖစ္ပြားေနစဥ္အတြင္း၌ ေနအိမ္တြင္ရွိ မေနသည့္အတြက္လည္း စိတ္သက္ သာရာရခဲ့သည္ဟု အကယ္ဒမီ ရန္ေအာင္က ဆိုသည္။
‘‘မနက္ပိုင္းက ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ကထိန္ကို သြားေနတယ္။ အဲဒါၿပီးတာနဲ႔ ႐ိုက္ကြင္းကို ဆက္သြားတာေလ။ ေပါက္ကြဲမႈျဖစ္တယ္ဆိုေတာ့ အားလုံးကလည္း စိတ္ပူၿပီးေမးၾကေတာ့ ကြၽန္ေတာ္က အျပင္ ေရာက္ေနတာ” ဟု ၎က ေျပာသည္။ အကယ္ဒမီရန္ေအာင္ကိုရည္႐ြယ္တိုက္ခိုက္ျခင္းသည္ ႏိုဝင္ဘာ(၁၀)ရက္က တ႐ုတ္ျပည္မွ ျပန္လာေသာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို သြားေရာက္ႀကိဳဆိုခဲ့ျခင္းအေပၚ မေက်နပ္မႈမွ စတင္ျမစ္ဖ်ားခံလာ ျခင္းျဖစ္ၿပီး ႀကိဳဆိုခဲ့ေသာအႏုပညာရွင္အားလုံးအတြက္လည္း အခ်က္ေပးေခါင္း ေလာင္းသံမ်ိဳး ျဖစ္လာသည္။ အျခားေသာအႏုပညာရွင္မ်ားကလည္း အၾကမ္းဖက္သမားမ်ား၏ေဖာက္ခြဲတိုက္ခိုက္မႈႏွင့္ လုပ္ႀကံသတ္ျဖတ္မႈ ေခါင္းစဥ္မ်ားကို စက္ဆုပ္႐ြံရွာေနၿပီး ရန္ကုန္ၿမိဳ႕၏ လုံၿခဳံေရးပိုင္းကို အားထည့္လုပ္ကိုင္ ေစလိုေနၾကသည္။

ယခုရက္ပိုင္းအတြင္း၌လည္း YUPA အမည္ရွိ ၿမိဳ႕ျပေျပာက္က်ားအၾကမ္းဖက္အဖြဲ႕တစ္ခုက အတိုတစ္လက္ သိန္း (၁၀ဝ) ေခါင္းစဥ္ျဖင့္ အလႉေငြမ်ား ေကာက္ခံေနၿပီး ယင္းမွရရွိသည့္ေငြမ်ားကို အသုံးျပဳကာ လုပ္ႀကံ သတ္ျဖတ္ေရး ႏွင့္ေဖာက္ခြဲတိုက္ခိုက္ေရးမ်ားကို ရန္ကုန္ၿမိဳ႕အတြင္း၌ လုပ္ေဆာင္သြားရန္ ရည္မွန္းခ်က္ထားေနသည္ကို ေတြ႕ရသည္။

Related news

© 2021. All rights reserved.