“တေးသံရှင် ဝေလ ပြောတဲ့ အနုပညာလောကအကြောင်း”

364

အိဖြူ (NP News) - ဇူလိုင် ၆
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “အိန္ဒြာကျော်ဇင်ဦးဆောင်မယ့် သရုပ်ဆောင်ပြိုင်ပွဲ၊ အဆိုတော်ဝေလက “သုံးယောက်ပေါင်းတောင် အစစ်မဖြစ်ဘူး” လို့ ဝေဖန်သီဆို” စတဲ့ အနုပညာဆက်စပ်သတင်းတွေကိုဖော်ပြပေးသွားပါမယ်။
အဆိုတော်ဝေလ က “ သုံးယောက်ပေါင်းတောင် အစစ်မဖြစ်ဘူး” လို့ ဝေဖန်သီဆို
တေးသံရှင်ဝေလရဲ့အသစ်ထွက်ရှိလာတဲ့ “တစ်ရာဖိုး သုံး Cele ” အမည်ရှိသီချင်းက လက်ရှိ ဂီတ၊ ရုပ်ရှင် အနုပညာတစ်ခွင်မှာ ကျင်လည်လုပ်စား နေကြတဲ့လူတချို့ကို တိုက်ရိုက်သက်ရောက်စေခဲ့ပါ တယ်။ Melody - ဝေလ၊ Lyric - ဝေလ/ကိုထက်၊ Band – Marcury တို့က ပေါင်းစပ်ဖန်တီးခဲ့ကြတာဖြစ် ပါတယ်။
သီချင်းစာသားတွေမှာ “အသစ်လုပ်ဖို့ကြောက်တတ်တဲ့ Virus ကိုက်ခံရသလိုပဲ၊ အဟောင်းများ လုပ်ကာ Feel တွေတက် လူအကုန်သိသော သီချင်းအဟောင်းကြီးကို ပရိသတ်နဲ့မိတ်ဆက် မင်းပါးစပ် ကြီးနဲ့လျှောက်လျှောက် လိုက်မဖျက်နဲ့၊ ပေါင်ကြားထဲကအကြောင်းများနဲ့ အနုပညာခေါင်းစဉ်တပ်၊ လူ ဝိုင်းဆဲလည်း အမြတ်တွေထွက် တာဇံတွေက Like တွေပေးမယ်၊ နှစ်ပဲတစ်ပြားရင်းပြီး Game ပေါင်း တစ်သိန်းအကြောင်းပြောပြီး ဂျင်းတွေထည့်၊ လာပြီလေ ဝဲစားတွေ ဝဲအယားပြေ ခေါင်းစည်းကိုပေး၊ Media အစုံမှာ Cele တွေပုံကာနေ၊ အဆိပ်လိုက်ခတ်မယ် ပိုက်ဆံရဖို့အရေး သီချင်းအသစ်လုပ်ဖို့ပြောရင် နားကန်း သေး၊ ရှေ့ကလူကြီးတွေ အားမနာဘူးဟေ့ ဒါဟာ စတိတ်ရှိုးလား... မျောက်ပွဲလား၊ ကြည့်ပြီး တော့ခေါင်းတွေကိုက် အားလုံးတောင့်တရင် ဒိုက်ပါထိုးမယ်ဟေ့.. ဒီလူတွေ သုံးယောက်ပေါင်းလိုက် တောင် အစစ်မဖြစ်ဘူးဟေ့။ အနာထိလို့စပ်ခဲ့ရင် Sorry…ပဲ” စတဲ့ သီချင်းစာသားတွေက လက်ရှိ ဂီတ၊ ရုပ်ရှင်အနုပညာလောက တစ်ခွင်ရဲ့အနေအထားကို မီးမောင်းထိုးပြထားတာပါ။
ဝေလရဲ့သီချင်းအသစ်ကိုနားဆင်ပြီးသူတိုင်းနီးပါးက လူပုဂ္ဂိုလ် နာမည်ကိုယ်စီတပ်ကြကာ အနာရှိသူများစပ်ကြစေလိုကြောင်း ထပ်ဆင့်ထောက်ခံခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်၊ ဂီတအဝန်း အဝိုင်းမှာသာမက နယ်ပယ်ကဏ္ဍအစုံမှာ အတု/အစစ်ဆိုတာရှိစမြဲဖြစ်ပြီး၊ quality နဲ့ quantity သမား တွေက အချိန်ကာလအပိုင်းအခြားတစ်ခုရောက်ရှိချိန်မှာတော့ လူတွေရဲ့အသိအမှတ်ပြုမှု၊ အလေး ထား ဆက်ဆံပုံတွေက ကွာခြားသွားတတ်တာ ဓမ္မတာပင်ဖြစ်ပါတယ်။

ထပ်ဆင့် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင် ဦးဆောင်မယ့် သရုပ်ဆောင်ပြိုင်ပွဲ
Rising Show Program အမည်ရှိ “သရုပ်ဆောင်ပြိုင်ပွဲ”မှာ အဓိကဦးဆောင်သူအဖြစ် ထပ်ဆင့် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်က သင်ကြားအကဲဖြတ် ရွေးချယ်ပေးသွားမှာ ဖြစ်တယ် လို့သိရပါတယ်။ အိန္ဒြာကျော်ဇင်အနေနဲ့ ရှေ့ထွက်မင်းသမီးအဖြစ် တင်ဆက်သွားမှာဖြစ်ပြီး အနုပညာရှင် အတတ် ပညာရှင်တွေနဲ့ ပူးပေါင်းထားတာမျိုးဖြစ်ကြောင်း သိရှိရပါတယ်။
အိန္ဒြာကျော်ဇင်ရဲ့အနုပညာသမ္ဘာဝါအရ သရုပ်ဆောင်မျိုးဆက်သစ်ဝါသနာရှင်လေးတွေကို သင် ကြားပေးမှုတစ်ခုအဖြစ် Tune TV Application ကတင်ဆက်မှုပရိုဂရမ်တစ်ခုအနေနဲ့ စီစဉ်တာမျိုးလည်း ဖြစ်တယ်လို့သိရပါတယ်။ Tune TV Application က အသစ်ထွက်ပေါ်လာတဲ့ ချန်နယ်ပလက်ဖောင်း တစ်ခုဖြစ်တာကြောင့် ၎င်းတို့ရဲ့နောက်ခံပဲ့ကိုင်ရှင်နဲ့ ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်ငွေစီးဆင်းမှုလမ်းကြောင်း က စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ အထူးသဖြင့် နိုင်ငံရေးဖြစ်စဉ်တွေနဲ့ရောယှက်လွန်းလှတဲ့အနုပညာ လောကမှာ ပြည်ပြေးအနုပညာသမားတွေ၊ ပြည်ပြေးအကြမ်းဖက် ထောက်ပံ့သူတွေက ပြည်တွင်းနေ အနုပညာရှင်တွေကို နည်းလမ်းမျိုးစုံနဲ့ ဝေဖန်ပြောဆို တိုက်ခိုက်လျက်ရှိကြပေမယ့် အဆိုပါ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့မိသားစုဝင်တွေနဲ့ ၎င်းတို့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်လာပါက မျက်ကွယ်ပြု ပေးလေ့ရှိပြီး၊ စိတ်အေးချမ်းသာစွာနေထိုင်ခွင့်ရရှိမှုကလည်း ဗုဒ္ဓဘာသာဝင်တို့ရဲ့အယူအရ ၎င်းတို့ရဲ့ အတိတ်ဘဝ ကုသိုလ်ကံကောင်းမွန်မှုလို့ပဲ ဆိုရပါတော့မယ်။
စီစဉ်သူဘက်က “အိန္ဒြာကျော်ဇင်နဲ့ Rising Show Program ကိုလက်ခံဖို့ (၂၀၂၅)ခုနှစ် ဖေဖော် ဝါရီလက စတင်ဆွေးနွေးစကားပြောခဲ့တာ အချိန် (၅)လကျော်ကြာ ညှိနှိုင်းဆွေးနွေးပြီးမှ လက်ခံခဲ့ခြင်း မျိုးဖြစ်ကြောင်း” အနုပညာ မီဒီယာတွေကနေတစ်ဆင့် အသိပေးထားတာကိုတွေ့ရပါတယ်။ အိန္ဒြာကျော် ဇင်ရဲ့ပရိသတ်အင်အားက အမြောက်အမြားရှိရုံမက ပြည်သူလူထုအပေါ် ၎င်းတို့ရဲ့လွှမ်းမိုးနိုင်မှုက ကြီး မားလွန်းလှပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ဒါရိုက်တာဝိုင်း၊ ဖွေးဖွေး၊ ခင်ဝင့်ဝါ၊ အလင်းရောင်၊ မေ၊ ပိုင်တံခွန် စတဲ့အနုပညာရှင်များစွာက Civil Disobedience Movement (CDM) အာဏာဖီဆန်ရေး လှုံ့ဆော်မှုမှာ အဓိကပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ၎င်းတို့အားလုံးက တည်ဆဲ အစိုးရထံ ခံဝန်လက်မှတ်ထိုးကာ အနုပညာအလုပ်တွေကို ပုံမှန်အတိုင်း လုပ်ကိုင်နေထိုင်နေကြပြီဖြစ်ပါ တယ်။ ဒါပေမဲ့ “၎င်းတို့ရဲ့နိုင်ငံရေးသွေးထိုး လှုံ့ဆော်မှုလုပ်ရပ်ကြောင့် အလုပ်အကိုင် အသက်အိုးအိမ် စည်းစိမ်တွေကို စွန့်လွှတ်ခဲ့ရသူတွေအတွက် တောင်းပန်ပြီးကြပြီလား၊ အိန္ဒြာကျော်ဇင်-ပြေတီဦးတို့ ဇနီး မောင်နှံ တက်ညီလက်ညီတွန်းလှန်ခဲ့ကြတဲ့ စစ်အာဏာရှင်အစိုးရစနစ်ကပြီးဆုံးသွားပြီဆိုတဲ့ သဘောမျိုး လား” ဆိုတဲ့ မှတ်ချက်များစွာကို ဖတ်ရှုမိပါတယ်။ အလားတူ အိန္ဒြာကျော်ဇင်အနေနဲ့လည်း “ကျွန်မ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်မိခဲ့တဲ့အတွက်မှားသွားပါတယ်။ ကျွန်မတို့ဇနီးမောင်နှံ CDM တိုက်တွန်းမှု ကြောင့် ကျွန်မတို့ကို ချစ်ခင်ယုံကြည်ကြတဲ့ပြည်သူလူထုက CDM မှာပါဝင်ခဲ့ကြပြီး ပြိုကွဲပျက်စီးခဲ့ရတဲ့ မိသားစုဝင်တွေအတွက်လည်း ကျွန်မတောင်းပန်ပါတယ်။ အခြေအနေမှန်ကို သိရှိသွားပြီမို့လို့ တည်ဆဲ အစိုးရလက်အောက်မှာ ပုံမှန်အတိုင်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေထိုင်တော့မှာဖြစ်ကြောင်း” စတဲ့ ၎င်းတို့အပေါ်ယုံကြည်မိခဲ့မှုကြောင့် ပရိသတ်တွေအပေါ် တရားဝင်တောင်းပန်ထားခြင်းမျိုးရှိ သလားဆိုတာ ပြည်သူလူထုက မေးခွန်းထုတ်ကြရတော့မှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုအရ လာမယ့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလနဲ့ (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပသွားမယ့်ရွေးကောက်ပွဲအတွက် အိန္ဒြာကျော်ဇင်တို့လို မြန်မာနိုင်ငံမှာ ပြည်သူလူထုအားပေးချစ်ခင်မှုများစွာရရှိထားတဲ့ နာမည်ကြီးအနုပညာရှင်ကြီးတွေအနေနဲ့ နိုင်ငံတော် အစိုးရအပေါ် ဘယ်လိုပုံစံ၊ ဘယ်လိုအခန်းကဏ္ဍက ကူညီပေးကြမလဲဆိုတာကတော့ စောင့်ကြည့်ကြရဦး မှာပဲဖြစ်ပါတယ်။

Miss Universe Myanmar 2025 Winner ပြင်ဦးလွင် အလှမယ် မြတ်ရတနာစိုး ရရှိ
(၁၂)ကြိမ်မြောက်ကျင်းပတဲ့ Miss Universe Myanmar 2025 Winner ဆုကို ပြင်ဦးလွင် အလှ မယ် မြတ်ရတနာစိုး၊ 1st Runner Up ဆုကို ဟားခါးအလှမယ် နန်းအဉ္ဇလီ(ခေါ်) Na Na ၊ 2nd Runner Up ဆုကို စစ်တွေအလှမယ် ခိုင်ဆွေဇင်သင်း၊ 3rd Runner Up ဆုကို မိတ္ထီလာအလှမယ် ဇူလိုင်ဝင့်ထည်၊ 4th Runner Up ဆုကို မိုးကုတ်အလှမယ် မျိုးကိုကိုစန်းတို့က ဆွတ်ခူးခဲ့ကြပါတယ်။ (၁၂) ကြိမ်မြောက် ကျင်းပတဲ့ Miss Universe Myanmar 2025 ရဲ့ Grand Final ပွဲကြီးကို ဇွန်လ(၂၇)ရက်က ရန်ကုန် Myanmar Expo မှာကျင်းပခဲ့ပြီး၊ 808 Beauty Center မှ Hairdo Partner အဖြစ် ပံ့ပိုး ကူညီပေးခဲ့ကြပါ တယ်။ Miss Universe Myanmar 2025 ပြိုင်ပွဲအတွင်း ဝေဖန်မှုအများဆုံးနဲ့ မီဒီယာစာမျက်နှာထက် ဦးစားပေးဖော်ပြခြင်းခံခဲ့ရတဲ့အလှမယ်ကတော့ ပဲခူးအလှမယ် ခင်ရတနာစိုးဖြစ်ပေမယ့် သူ့အနေနဲ့ Top 10 နဲ့ သာ ကျေနပ်ခဲ့ရတာပါ။ အလှမယ်ပြိုင်ပွဲတွေကို အားပေးသူပရိသတ်တွေကတော့ ၎င်းတို့ အားပေး တဲ့အလှမယ်တိုင်းကို ရရှိစေလိုကြပြီး ပြိုင်ပွဲတစ်ခုပြီးတိုင်းမှာ ဝေဖန်သံများစွာ ထွက်ရှိလျက်ရှိပေမယ့် ပြင်ဦးလွင်အလှမယ်က (၂၀၂၅) အလှမယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီဖြစ်ပါတယ်။
(၇၄) ကြိမ်မြောက် Miss Universe ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့ကိုယ်စားပြု မြတ်ရတနာစိုးက ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြင်ဦး လွင်မြို့ကိုယ်စားပြု မြတ်ရတနာစိုးအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်ကြောင်းကတိပြုထားပြီး သူ့ကိုလည်း အားပေးဝန်းရံပေးဖို့ မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။
ဒီတစ်ပတ်တော့ ဒီလောက်နဲ့ရပ်နားခွင့်ပြုပါရှင်။

Zawgyi Version:
“ေတးသံရွင္ ေဝလ ေျပာတဲ့ အႏုပညာေလာကအေၾကာင္း”
အိျဖဴ (NP News) - ဇူလိုင္ ၆
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “အိျႏၵာေက်ာ္ဇင္ဦးေဆာင္မယ့္ သ႐ုပ္ေဆာင္ၿပိဳင္ပြဲ၊ အဆိုေတာ္ေဝလက “သုံးေယာက္ေပါင္းေတာင္ အစစ္မျဖစ္ဘူး” လို႔ ေဝဖန္သီဆို” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကိုေဖာ္ျပေပးသြားပါမယ္။
အဆိုေတာ္ေဝလ က “ သုံးေယာက္ေပါင္းေတာင္ အစစ္မျဖစ္ဘူး” လို႔ ေဝဖန္သီဆို
ေတးသံရွင္ေဝလရဲ႕အသစ္ထြက္ရွိလာတဲ့ “တစ္ရာဖိုး သုံး Cele ” အမည္ရွိသီခ်င္းက လက္ရွိ ဂီတ၊ ႐ုပ္ရွင္ အႏုပညာတစ္ခြင္မွာ က်င္လည္လုပ္စား ေနၾကတဲ့လူတခ်ိဳ႕ကို တိုက္႐ိုက္သက္ေရာက္ေစခဲ့ပါ တယ္။ Melody - ေဝလ၊ Lyric - ေဝလ/ကိုထက္၊ Band – Marcury တို႔က ေပါင္းစပ္ဖန္တီးခဲ့ၾကတာျဖစ္ ပါတယ္။
သီခ်င္းစာသားေတြမွာ “အသစ္လုပ္ဖို႔ေၾကာက္တတ္တဲ့ Virus ကိုက္ခံရသလိုပဲ၊ အေဟာင္းမ်ား လုပ္ကာ Feel ေတြတက္ လူအကုန္သိေသာ သီခ်င္းအေဟာင္းႀကီးကို ပရိသတ္နဲ႔မိတ္ဆက္ မင္းပါးစပ္ ႀကီးနဲ႔ေလွ်ာက္ေလွ်ာက္ လိုက္မဖ်က္နဲ႔၊ ေပါင္ၾကားထဲကအေၾကာင္းမ်ားနဲ႔ အႏုပညာေခါင္းစဥ္တပ္၊ လူ ဝိုင္းဆဲလည္း အျမတ္ေတြထြက္ တာဇံေတြက Like ေတြေပးမယ္၊ ႏွစ္ပဲတစ္ျပားရင္းၿပီး Game ေပါင္း တစ္သိန္းအေၾကာင္းေျပာၿပီး ဂ်င္းေတြထည့္၊ လာၿပီေလ ဝဲစားေတြ ဝဲအယားေျပ ေခါင္းစည္းကိုေပး၊ Media အစုံမွာ Cele ေတြပုံကာေန၊ အဆိပ္လိုက္ခတ္မယ္ ပိုက္ဆံရဖို႔အေရး သီခ်င္းအသစ္လုပ္ဖို႔ေျပာရင္ နားကန္း ေသး၊ ေရွ႕ကလူႀကီးေတြ အားမနာဘူးေဟ့ ဒါဟာ စတိတ္ရႈိးလား... ေမ်ာက္ပြဲလား၊ ၾကည့္ၿပီး ေတာ့ေခါင္းေတြကိုက္ အားလုံးေတာင့္တရင္ ဒိုက္ပါထိုးမယ္ေဟ့.. ဒီလူေတြ သုံးေယာက္ေပါင္းလိုက္ ေတာင္ အစစ္မျဖစ္ဘူးေဟ့။ အနာထိလို႔စပ္ခဲ့ရင္ Sorry…ပဲ” စတဲ့ သီခ်င္းစာသားေတြက လက္ရွိ ဂီတ၊ ႐ုပ္ရွင္အႏုပညာေလာက တစ္ခြင္ရဲ႕အေနအထားကို မီးေမာင္းထိုးျပထားတာပါ။
ေဝလရဲ႕သီခ်င္းအသစ္ကိုနားဆင္ၿပီးသူတိုင္းနီးပါးက လူပုဂၢိဳလ္ နာမည္ကိုယ္စီတပ္ၾကကာ အနာရွိသူမ်ားစပ္ၾကေစလိုေၾကာင္း ထပ္ဆင့္ေထာက္ခံခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ႐ုပ္ရွင္၊ ဂီတအဝန္း အဝိုင္းမွာသာမက နယ္ပယ္က႑အစုံမွာ အတု/အစစ္ဆိုတာရွိစၿမဲျဖစ္ၿပီး၊ quality နဲ႔ quantity သမား ေတြက အခ်ိန္ကာလအပိုင္းအျခားတစ္ခုေရာက္ရွိခ်ိန္မွာေတာ့ လူေတြရဲ႕အသိအမွတ္ျပဳမႈ၊ အေလး ထား ဆက္ဆံပုံေတြက ကြာျခားသြားတတ္တာ ဓမၼတာပင္ျဖစ္ပါတယ္။
ထပ္ဆင့္ အကယ္ဒမီ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္ ဦးေဆာင္မယ့္ သ႐ုပ္ေဆာင္ၿပိဳင္ပြဲ
Rising Show Program အမည္ရွိ “သ႐ုပ္ေဆာင္ၿပိဳင္ပြဲ”မွာ အဓိကဦးေဆာင္သူအျဖစ္ ထပ္ဆင့္ အကယ္ဒမီ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္က သင္ၾကားအကဲျဖတ္ ေ႐ြးခ်ယ္ေပးသြားမွာ ျဖစ္တယ္ လို႔သိရပါတယ္။ အိျႏၵာေက်ာ္ဇင္အေနနဲ႔ ေရွ႕ထြက္မင္းသမီးအျဖစ္ တင္ဆက္သြားမွာျဖစ္ၿပီး အႏုပညာရွင္ အတတ္ ပညာရွင္ေတြနဲ႔ ပူးေပါင္းထားတာမ်ိဳးျဖစ္ေၾကာင္း သိရွိရပါတယ္။
အိျႏၵာေက်ာ္ဇင္ရဲ႕အႏုပညာသမာၻဝါအရ သ႐ုပ္ေဆာင္မ်ိဳးဆက္သစ္ဝါသနာရွင္ေလးေတြကို သင္ ၾကားေပးမႈတစ္ခုအျဖစ္ Tune TV Application ကတင္ဆက္မႈပ႐ိုဂရမ္တစ္ခုအေနနဲ႔ စီစဥ္တာမ်ိဳးလည္း ျဖစ္တယ္လို႔သိရပါတယ္။ Tune TV Application က အသစ္ထြက္ေပၚလာတဲ့ ခ်န္နယ္ပလက္ေဖာင္း တစ္ခုျဖစ္တာေၾကာင့္ ၎တို႔ရဲ႕ေနာက္ခံပဲ့ကိုင္ရွင္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ဘတ္ဂ်က္ေငြစီးဆင္းမႈလမ္းေၾကာင္း က စိတ္ဝင္စားဖို႔ေကာင္းလွပါတယ္။ အထူးသျဖင့္ ႏိုင္ငံေရးျဖစ္စဥ္ေတြနဲ႔ေရာယွက္လြန္းလွတဲ့အႏုပညာ ေလာကမွာ ျပည္ေျပးအႏုပညာသမားေတြ၊ ျပည္ေျပးအၾကမ္းဖက္ ေထာက္ပံ့သူေတြက ျပည္တြင္းေန အႏုပညာရွင္ေတြကို နည္းလမ္းမ်ိဳးစုံနဲ႔ ေဝဖန္ေျပာဆို တိုက္ခိုက္လ်က္ရွိၾကေပမယ့္ အဆိုပါ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္တို႔မိသားစုဝင္ေတြနဲ႔ ၎တို႔ရဲ႕အႏုပညာလႈပ္ရွားမႈေတြနဲ႔ပတ္သက္လာပါက မ်က္ကြယ္ျပဳ ေပးေလ့ရွိၿပီး၊ စိတ္ေအးခ်မ္းသာစြာေနထိုင္ခြင့္ရရွိမႈကလည္း ဗုဒၶဘာသာဝင္တို႔ရဲ႕အယူအရ ၎တို႔ရဲ႕ အတိတ္ဘဝ ကုသိုလ္ကံေကာင္းမြန္မႈလို႔ပဲ ဆိုရပါေတာ့မယ္။
စီစဥ္သူဘက္က “အိျႏၵာေက်ာ္ဇင္နဲ႔ Rising Show Program ကိုလက္ခံဖို႔ (၂၀၂၅)ခုႏွစ္ ေဖေဖာ္ ဝါရီလက စတင္ေဆြးေႏြးစကားေျပာခဲ့တာ အခ်ိန္ (၅)လေက်ာ္ၾကာ ညႇိႏႈိင္းေဆြးေႏြးၿပီးမွ လက္ခံခဲ့ျခင္း မ်ိဳးျဖစ္ေၾကာင္း” အႏုပညာ မီဒီယာေတြကေနတစ္ဆင့္ အသိေပးထားတာကိုေတြ႕ရပါတယ္။ အိျႏၵာေက်ာ္ ဇင္ရဲ႕ပရိသတ္အင္အားက အေျမာက္အျမားရွိ႐ုံမက ျပည္သူလူထုအေပၚ ၎တို႔ရဲ႕လႊမ္းမိုးႏိုင္မႈက ႀကီး မားလြန္းလွပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ လူမင္း၊ ဒါ႐ိုက္တာဝိုင္း၊ ေဖြးေဖြး၊ ခင္ဝင့္ဝါ၊ အလင္းေရာင္၊ ေမ၊ ပိုင္တံခြန္ စတဲ့အႏုပညာရွင္မ်ားစြာက Civil Disobedience Movement (CDM) အာဏာဖီဆန္ေရး လႈံ႕ေဆာ္မႈမွာ အဓိကပါဝင္ခဲ့ၾကသူေတြျဖစ္ၿပီး ၎တို႔အားလုံးက တည္ဆဲ အစိုးရထံ ခံဝန္လက္မွတ္ထိုးကာ အႏုပညာအလုပ္ေတြကို ပုံမွန္အတိုင္း လုပ္ကိုင္ေနထိုင္ေနၾကၿပီျဖစ္ပါ တယ္။ ဒါေပမဲ့ “၎တို႔ရဲ႕ႏိုင္ငံေရးေသြးထိုး လႈံ႕ေဆာ္မႈလုပ္ရပ္ေၾကာင့္ အလုပ္အကိုင္ အသက္အိုးအိမ္ စည္းစိမ္ေတြကို စြန႔္လႊတ္ခဲ့ရသူေတြအတြက္ ေတာင္းပန္ၿပီးၾကၿပီလား၊ အိျႏၵာေက်ာ္ဇင္-ေျပတီဦးတို႔ ဇနီး ေမာင္ႏွံ တက္ညီလက္ညီတြန္းလွန္ခဲ့ၾကတဲ့ စစ္အာဏာရွင္အစိုးရစနစ္ကၿပီးဆုံးသြားၿပီဆိုတဲ့ သေဘာမ်ိဳး လား” ဆိုတဲ့ မွတ္ခ်က္မ်ားစြာကို ဖတ္ရႈမိပါတယ္။ အလားတူ အိျႏၵာေက်ာ္ဇင္အေနနဲ႔လည္း “ကြၽန္မ အေနနဲ႔ ႏိုင္ငံေရးမွာ ပါဝင္မိခဲ့တဲ့အတြက္မွားသြားပါတယ္။ ကြၽန္မတို႔ဇနီးေမာင္ႏွံ CDM တိုက္တြန္းမႈ ေၾကာင့္ ကြၽန္မတို႔ကို ခ်စ္ခင္ယုံၾကည္ၾကတဲ့ျပည္သူလူထုက CDM မွာပါဝင္ခဲ့ၾကၿပီး ၿပိဳကြဲပ်က္စီးခဲ့ရတဲ့ မိသားစုဝင္ေတြအတြက္လည္း ကြၽန္မေတာင္းပန္ပါတယ္။ အေျခအေနမွန္ကို သိရွိသြားၿပီမို႔လို႔ တည္ဆဲ အစိုးရလက္ေအာက္မွာ ပုံမွန္အတိုင္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနထိုင္ေတာ့မွာျဖစ္ေၾကာင္း” စတဲ့ ၎တို႔အေပၚယုံၾကည္မိခဲ့မႈေၾကာင့္ ပရိသတ္ေတြအေပၚ တရားဝင္ေတာင္းပန္ထားျခင္းမ်ိဳးရွိ သလားဆိုတာ ျပည္သူလူထုက ေမးခြန္းထုတ္ၾကရေတာ့မွာျဖစ္ပါတယ္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ရဲ႕လမ္းၫႊန္မႈအရ လာမယ့္ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလနဲ႔ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလအတြင္း က်င္းပသြားမယ့္ေ႐ြးေကာက္ပြဲအတြက္ အိျႏၵာေက်ာ္ဇင္တို႔လို ျမန္မာႏိုင္ငံမွာ ျပည္သူလူထုအားေပးခ်စ္ခင္မႈမ်ားစြာရရွိထားတဲ့ နာမည္ႀကီးအႏုပညာရွင္ႀကီးေတြအေနနဲ႔ ႏိုင္ငံေတာ္ အစိုးရအေပၚ ဘယ္လိုပုံစံ၊ ဘယ္လိုအခန္းက႑က ကူညီေပးၾကမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ၾကရဦး မွာပဲျဖစ္ပါတယ္။
Miss Universe Myanmar 2025 Winner ျပင္ဦးလြင္ အလွမယ္ ျမတ္ရတနာစိုး ရရွိ
(၁၂)ႀကိမ္ေျမာက္က်င္းပတဲ့ Miss Universe Myanmar 2025 Winner ဆုကို ျပင္ဦးလြင္ အလွ မယ္ ျမတ္ရတနာစိုး၊ 1st Runner Up ဆုကို ဟားခါးအလွမယ္ နန္းအၪၨလီ(ေခၚ) Na Na ၊ 2nd Runner Up ဆုကို စစ္ေတြအလွမယ္ ခိုင္ေဆြဇင္သင္း၊ 3rd Runner Up ဆုကို မိတၳီလာအလွမယ္ ဇူလိုင္ဝင့္ထည္၊ 4th Runner Up ဆုကို မိုးကုတ္အလွမယ္ မ်ိဳးကိုကိုစန္းတို႔က ဆြတ္ခူးခဲ့ၾကပါတယ္။ (၁၂) ႀကိမ္ေျမာက္ က်င္းပတဲ့ Miss Universe Myanmar 2025 ရဲ႕ Grand Final ပြဲႀကီးကို ဇြန္လ(၂၇)ရက္က ရန္ကုန္ Myanmar Expo မွာက်င္းပခဲ့ၿပီး၊ 808 Beauty Center မွ Hairdo Partner အျဖစ္ ပံ့ပိုး ကူညီေပးခဲ့ၾကပါ တယ္။ Miss Universe Myanmar 2025 ၿပိဳင္ပြဲအတြင္း ေဝဖန္မႈအမ်ားဆုံးနဲ႔ မီဒီယာစာမ်က္ႏွာထက္ ဦးစားေပးေဖာ္ျပျခင္းခံခဲ့ရတဲ့အလွမယ္ကေတာ့ ပဲခူးအလွမယ္ ခင္ရတနာစိုးျဖစ္ေပမယ့္ သူ႔အေနနဲ႔ Top 10 နဲ႔ သာ ေက်နပ္ခဲ့ရတာပါ။ အလွမယ္ၿပိဳင္ပြဲေတြကို အားေပးသူပရိသတ္ေတြကေတာ့ ၎တို႔ အားေပး တဲ့အလွမယ္တိုင္းကို ရရွိေစလိုၾကၿပီး ၿပိဳင္ပြဲတစ္ခုၿပီးတိုင္းမွာ ေဝဖန္သံမ်ားစြာ ထြက္ရွိလ်က္ရွိေပမယ့္ ျပင္ဦးလြင္အလွမယ္က (၂၀၂၅) အလွမယ္အျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီျဖစ္ပါတယ္။
(၇၄) ႀကိမ္ေျမာက္ Miss Universe ၿပိဳင္ပြဲကို ထိုင္းႏိုင္ငံမွာ က်င္းပသြားမွာျဖစ္ၿပီး မႏၲေလးတိုင္း ေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ကိုယ္စားျပဳ ျမတ္ရတနာစိုးက ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ ျပင္ဦး လြင္ၿမိဳ႕ကိုယ္စားျပဳ ျမတ္ရတနာစိုးအေနနဲ႔ ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ အေကာင္းဆုံးႀကိဳးစားသြားမွာ ျဖစ္ေၾကာင္းကတိျပဳထားၿပီး သူ႔ကိုလည္း အားေပးဝန္းရံေပးဖို႔ ေမတၱာရပ္ခံထားတာကို ေတြ႕ရပါတယ္။
ဒီတစ္ပတ္ေတာ့ ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါရွင္။