ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေလောကသားတို့အတွက် အထူးရက်သတ္တပတ်စပြီ

 903

မျိုးမင်း (မကျည်းလဟာ)(NP News) - နိုဝင်ဘာ ၁၈

ရွှေနှင့်ဆက်စပ်၍လုပ်ငန်းလုပ်ကိုင်ကြသူ လောကသားများအတွက် အထူးရက်သတ္တပတ်ကို ရောက် ရှိလာပြီဖြစ်သည်။ အထူးသဖြင့် ဒေါ်လာ (၁၀)ဘီလျံမက လည်ပတ်စီးဆင်းနေသော ရွှေလုပ်ငန်းလောကကြီးအတွက် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် စည်းမျဉ်းစည်းကမ်းအောက်သို့ ဝင်ရတော့မည့် ရက်သတ္တပတ်အစလည်း ဖြစ်၏။ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း နိုင်ငံတော်က အောက်တိုဘာ(၂၄)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာချက်၏ နောက်ဆက်တွဲအဖြစ် နိုဝင်ဘာ (၁၈)ရက်မှစ၍ ရွှေလောကသားများ အသည်းအသန်းရုန်းကန်ရမည့် သုံးလတာကို ဖြတ်သန်း ရမည်လည်းဖြစ်သည်။ ပြည်ထောင်စုအစိုးရ အဖွဲ့က အောက်တိုဘာ(၂၄)ရက်တွင် အမိန့်ကြေညာစာ တစ်စောင်ထုတ် သည်။ ထိုစာ၌ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား တာဝန်တစ်ခု အပ်နှင်းထား၏။ ထိုအပ်နှင်းချက်အတိုင်း ဝန်ကြီး ဌာနက အောက်တိုဘာ(၂၅)ရက်တွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၄)၊ ပုဒ်မခွဲ (ဂ)အရ ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ကြေညာချက်အပြီးတွင် ဓါတ်သတ္တု(ရွှေ)ရည်òန်းဈေး သတ်မှတ်ရေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပြန်သည်။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌအပါအဝင် ဆက်စပ်သောဌာန ဆိုင်ရာအသီးသီးမှ ကိုယ်စားပြုသူများ ပါဝင်စေခဲ့သည်။ လုပ်ငန်းတာဝန်(၇)ရပ်ဖြင့် ရွှေဈေးနှုန်းကို ထိန်းကျောင်းကြရမည်ဖြစ်ပြီး (က)နိုင်ငံတော်အတွင်း ရွှေဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် ၁၉၆၇ ခုနှစ်က ဘဏ္ဍာအခွန်ဝန်ကြီးဌာန၏ တွက်ချက်မှုစံနှုန်း ကို မှီငြမ်း၍ပြည်တွင်းပြည်ပ ရွှေဈေးနှုန်း၊ နိုင်ငံခြားငွေ လဲနှုန်းနှင့် ပြည်တွင်းရွှေဈေးကွက်အခြေအနေတို့ကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်စေရန် စိစစ် ရမည်ဖြစ် သည်။ ထိုအတွက် ကော်မတီဝင် အနည်းဆုံးလေးပုံသုံးပုံက နေ့စဉ် Online Virtual Meeting ပြုလုပ်၍ ဈေးနှုန်း အတည်ပြုသတ်မှတ်ရမည်ဖြစ်သည်။ (ခ) ရွှေလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသော ရွှေဈေးသတ်မှတ်ရေးလုပ်ငန်း အဖွဲ့က နေ့စဉ်တင်ပြလာမည့် ရွှေဈေးနှုန်းကိုလည်း ထည့်သွင်းစိစစ်ဆောင်ရွက်ရမည်ဖြစ်သည်။ (ဂ)အပိုဒ်ခွဲ(က)အရ နေ့စဉ်တွက်ချက်ထုတ်ပြန်သည့် ရွှေရည်òန်းဈေးကို အများပြည်သူအတွက် ပြန်ကြားရေးဝန်ကြီး ဌာနမှတစ်ဆင့် အသိပေး ရမည်ဖြစ်သည်။ (ဃ) ကမ္ဘာ့ရွှေဈေးနှုန်း ထူးခြားစွာပြောင်းလဲပါက အချိန်နှင့်တစ် ပြေးညီ ညှိနှိုင်းသတ် မှတ်ထုတ်ပြန်ရမည်ဖြစ်သည်။ (င) လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရမည်ဖြစ်သည်။ (စ) ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်မှုများကို ကာကွယ်တားဆီးခြင်းနှင့် စောင့်ကြည့်ထိန်းကျောင်း ကြပ်မတ်ခြင်းများလုပ်ရမည်ဖြစ်သည်။ (ဆ) ရွှေလုပ်ငန်းအသင်းချုပ်၊ ရန်ကုန်ရွှေအသင်း၊ မန္တလေးရွှေအသင်းအပါအဝင် ရွှေနှင့်ဆက်စပ်ပတ်သက်သောအသိုင်းအဝိုင်းများ၊ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုမှုများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။ အဆိုပါအချက်(၇)ချက်လုံးကို ကော်မတီ ဘက်က စတင်လှုပ်ရှားလာပြီဖြစ်ပြီး နိုဝင်ဘာ (၁၈) ရက်သည် ရွှေလောကသားများအတွက် ပထမဆုံးသော အချက်ပေးသံ ဖြစ်လာသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းရှိ ရွှေဆိုင်အားလုံးနှင့် ပုံစံအမျိုးမျိုးသုံး၍ ရွှေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် နေသူအားလုံး ပြန်လည်မှတ်ပုံ တင်ခြင်းများ လုပ်ရမည်ဖြစ်၏။ ထိုသို့ မလုပ်ပါက လက်ရှိလုပ်ငန်းလုပ် ဆောင် နေမှုအားလုံးသည် တရားမဝင်ဖြစ်သွားပြီး ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ပိုင်ဆိုင်မှုများသိမ်းဆည်းခံရခြင်းအထိ ဖြစ်သွား နိုင်သည်။ ရန်ကုန်ရွှေအသင်းကလည်း နိုဝင်ဘာ(၁၂)ရက်တွင် ကြေညာချက်တစ်စောင်ထုတ်၍ ရွှေလောကသား များကို အသိပေး၏။ နိုဝင်ဘာ(၁၈)ရက်မှစ၍ ရွှေအရောင်းဆိုင်အားလုံး လိုင်စင်လျှောက်ထားကြရန် ဖြစ်သည်။ အချိန်သုံး လရမည်။ သုံးလ ကျော်လွန်သွား သည့်တိုင် လိုင်စင်လျှောက်ထားခြင်းမရှိပါက အာမခံ ချက် မရှိပေ။ ဥပဒေသည် သက်ရောက်လာနိုင်၏။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ထိုနေရာမှစသည်။ နိုင်ငံတစ်ဝန်း၌ ရွှေဆိုင်မည်မျှရှိသည်ကို ဝန်ကြီး ဌာနပင်လျှင် သေချာသိဖွယ်မရှိ။ ရွှေအသင်းများကလည်း အတိအကျပြောနိုင်ဖွယ် မမြင်ပေ။ သို့မဟုတ် အသိပေးလိုစိတ် မရှိကြခြင်းကြောင့်များလားဟု ယူဆစရာပင်။ ရန်ကုန်ရွှေအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမျိုးမြင့်ထံ နိုဝင်ဘာ(၁၅) ရက်က ဖုန်းသုံးကြိမ်ခေါ် ဖြစ်သည်။ ထိုသူ ဖုန်းမကိုင်ခဲ့ပါ။ ရွှေလိုင်စင်ကိစ္စနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းရန် ထုတ်ပြန်ပေးထားသည့် မအမ်စီဝင်း၏ဖုန်းနံပါတ်သို့ ဆက်သွယ်ရာတွင်လည်း ၎င်းတွင် ပြောပိုင်ခွင့်မရှိဟု ငြင်းဆိုသည်။ ဥက္ကဋ္ဌ ခရီးသွားနေသည်ဟုလည်းဆို၏။ အဓိကသိလိုသည့် အချက်သည် ရန်ကုန်၌ ရွှေဆိုင်မည်မျှရှိ သနည်းဆိုသည်ပင်။ အကြမ်းဖျင်းတွက်ချက်ခန့်မှန်းမှုအရ ရန်ကုန်တစ်မြို့တည်းပင်လျှင် ရွှေဆိုင်ပေါင်း(၅၀ဝ)ထက် မနည်း ရှိနေနိုင်သည်။ အဆိုပါရွှေဆိုင်များ၏ လုပ်ငန်းလိုင်စင်သည် မည်သည့်နေရာမှ မည်သည့်စည်းမျဉ်းစည်းကမ်းများ ဖြင့် ရယူထားသနည်း။ ရွှေဆိုင်တစ်ခုဖွင့်လှစ်သည်နှင့် နိုင်ငံတော်သို့ပေးဆောင်ရမည့် အခွန်ငွေမျိုးစုံကို တိတိကျကျ ပေးဆောင်ကြခြင်း ရှိပါသလော။ ရွှေကုန်ကြမ်းလာရာ လမ်းကြောင်း နှင့် ရွှေဆိုင်တစ်ခုချင်းစီ၏ နောက်ကြောင်းရာဇဝင် အခြေအနေအစရှိသည်တို့ကို သိရှိထားရန် လိုအပ်လာသည်။ ထို့ထက်ပို၍ အများပြည်သူနှင့်သတင်း မီဒီယာများ သိရှိရန်လိုအပ်သောအချက်အလက် မေးခွန်းများစွာ ရှိနေသေးသည်။

‘‘ပုံမှန်ကတော့ စည်ပင်လိုင်စင်ပဲ ယူထားတယ်။ အဲဒီလို လိုင်စင်ပြန်လျှောက် ရမယ်ဆိုတာကို သေချာမသိခဲ့ဘူး။ အခုလျှောက်ရ တော့မှာပေါ့”ဟု ရွှေလုပ်ငန်းလုပ်နေ သူတစ်ဦးက မှတ်ချက်ပြုသည်။ ရွှေဆိုင်တစ်ဆိုင် ဖွင့်လှစ်မည်ဆိုပါက မည်သည့်အချက်အလက်များ လိုအပ်၍မည်သည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရမည်ဆိုသည်ကို နိုင်ငံတော်ဘက်က တိတိကျကျ ထုတ်ပြန် ထားသည်။ သို့သော်လည်း ပြဿနာမဖြစ်မီအထိ နားလည်မှုဖြင့် ခွင့်ပြုပေးထားသည်။ ထိုနားလည်မှုသည် ခွင့်လွှတ်ပေးနိုင်သည့်အဆင့်ကို ကျော်လွန် လာသည့်အခါ၌ စည်းမျဉ်းစည်းကမ်းကြိုးများကို တင်းတင်းကျပ်ကျပ်လုပ်ရလေ့ရှိပြန်သည်။ ရန်ကုန် ရွှေအသင်း၏ အသင်းသားများထံ ထုတ်ပြန်ချက်တွင် မေးခွန်းထုတ်စရာအချက်အလက်များရှိနေ၏။ ရွှေလုပ်ငန်း လိုင်စင် ပြန်လည်လျှောက်ထားရန် အဓိကလို အပ်ချက်(၁၁)ချက်ကို ဖော်ပြထားသည်။ လူပုဂ္ဂိုလ်အနေဖြင့် လိုင်စင် လျှောက် ထားမှု၊ ကုမ္ပဏီအနေဖြင့် လိုင်စင်လျှောက်ထားမှုဟူ၍ နှစ်ပိုင်းခွဲထားကာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းဌာနတွင် လိုင်စင်ရယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်မှ ထုတ်ပေးသောလိုင်စင်ထက် နိုင်ငံတော်အဆင့် ဝန်ကြီးဌာနက ထုတ်ပေး သော လိုင်စင်လက်မှတ်မျိုးကို ပြန်လည်ရယူရမည့်သဘောလည်းဖြစ်သည်။ ဥပမာအားဖြင့် သတင်းမီဒီယာ လုပ်ငန်း လိုင်စင်ကို ပြန်ကြားရေးဝန်ကြီးဌာနကသာ ထုတ်ပေးရခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးက ထုတ်ပေးပိုင်ခွင့် မရှိခြင်းမျိုး ပင်ဖြစ်၏။ သို့ဆိုလျှင် ရွှေရောင်းဝယ်ခြင်းလုပ်ငန်းကို ယခင်က သက်ဆိုင်ရာဒေသစည်ပင်နှင့်ထွေအုပ်က ထုတ်ပေးထားသည့်သဘောမျိုးဖြစ်ပြီး ပြန့်ကျဲနေသော လိုင်စင်မျိုးစုံအတွက် ပြည်ထောင်စုအဆင့်က တိုက်ရိုက်ကိုင်တွယ်ရန်လည်း ခက်ခဲလှသည်။ လက်ရှိ သတ်မှတ်ချက်အရ ရွှေလုပ်ငန်းလိုင်စင်လျှောက်မည့် လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် လုပ်ငန်းပမာဏ၏(၂၅)ရာခိုင်နှုန်းကို လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံငွေ ရှိရန်နှင့် ယင်းငွေရှိကြောင်း ဘဏ်စာရင်းရှင်းတမ်း (Bank Statement) ကို ပြသရမည်ဖြစ်သည်။ ဤနေရာတွင် သတိပြုစရာအချို့ရှိနိုင်၏။ ဥပမာ အားဖြင့် လွန်ခဲ့သောရက်ပိုင်းအတွင်းက လေဆိပ်၌ တားဆီး၍ နေအိမ်ပြန်လွှတ်ခံရသော ဦးအောင်ဆန်းဝင်း(ခ)ဦး အောင်၏ အောင်သမာဓိရွှေဆိုင်ကို ရည်òန်းမည် ဆိုပါစို့။ အောင်သမာဓိသည် ဆိုင်ခွဲပေါင်း(၁၀)ခု ထက်မနည်း ရှိမည်ခန့် မှန်းရသည်။ အဆိုပါဆိုင် အားလုံး၏ ရင်းနှီးမြှုပ်နှံငွေတန်ကြေးကို ခန့်မှန်းတွက် ချက်မည်ဆိုပါက ကျပ်ဘီလျံ(၁၀ဝ) ထက်နည်းမည် မထင်။ ယင်းငွေ၏(၂၅)ရာခိုင်နှုန်းကို ဘဏ်စာရင်း ၌ရှိထားကြောင်း ၎င်းနှင့်ဆက်စပ်သည့်ဘဏ်တစ်ခု က Statement ထုတ်ပေးရမည်ဖြစ်သည်။ ဘဏ်အချို့တွင် Bank Statement အတွက် လှည့်စားတတ် သော လုပ်ဇာတ် အချို့ရှိ၏။ အသေးစိတ်မပြောလို သေးပေ။ ဇွဲထက်ကဲ့သို့သော၊ ၂၉ ရတနာကဲ့သို့သော ရွှေဆိုင်များသည် တစ်ဟုန် ထိုးကြီးထွားလာကြသော လုပ်ငန်းများဖြစ်ကြပြီး စိတ်ဝင်တစားစောင့် ကြည့်ချင်စရာများစွာရှိသည်။ ရန်ကုန်ရွှေ အသင်း၏ထုတ်ပြန် ချက်အတွင်း၌ လိုင်စင်လျှောက်ထားမှုတွင် ရွှေဆိုင်တစ်ခုချင်းစီ၏ တစ်လအတွင်း အများဆုံး အရောင်းအဝယ်ပြုလုပ်နိုင်သည့် ပမာဏကို ပိဿာ၊ ကျပ်သား၊ ပေါင်၊ ထရိုင်အောင်စ အစရှိသဖြင့် ဖော်ပြပေးရမည်ဟု ဆိုသည်။ စာရင်းဇယားအတိအကျမရှိသော သို့မဟုတ် သိခွင့်မပေးချင်သော ရွှေလောက သားအတွက် ထိုအချက်က ရင်ထိတ်စရာပင်။ တစ်နိုင်ငံလုံး၌ရွှေဆိုင်(၁၀ဝဝ)ရှိသည်ဆိုပါစို့။ ရွှေဆိုင်တစ်ခုက တစ်နှစ်လျှင် ရွှေတစ်ပိဿာ ရောင်းဝယ်ရသည် ဆိုပါစို့။ အဆိုပါ ရွှေဆိုင်အားလုံးအပေါ် ပျမ်းမျှတွက်ချက်၍ ရွှေဈေးကွက်ကို ကမောက်ကမ မဖြစ် စေရန် နိုင်ငံတော်ကထိန်းကျောင်းနိုင်မည်ဖြစ်သည်။ အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်ခြင်းမရှိသော လေပတ်ကား ရောင်းဝယ်ဖောက်ကားမှုများကြောင့် ရွှေဈေးနှုန်းများ မြင့်မားနေရခြင်းကိုလည်း ကြပ်မတ်ပြီးသားဖြစ်သွား နိုင်သည်။ သို့သော် ထိန်းကျောင်း မောင်းနှင်သူများ ကိုယ်တိုင်လည်း ရိုးသားရန်လို၏။ နောက်ထပ်တစ်ချက်တွင်မူ အခွန်ကင်း ရှင်းကြောင်း ထောက်ခံချက်ပင်။ လိုင်စင်လျှောက်ထားမည့် ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့၊ ထွေအုပ်၊ ရပ်ကွက်၊ စည်ပင်နှင့် ရွှေအသင်းတို့ထံမှ အထောက်အထားများကိုလည်း ဖော်ပြရမည်ဖြစ်ပြီး ကိုယ်ရေးအချက် အလက်များကို လိမ်လည်ဖော်ပြခြင်းလုပ်ပါက တန်ပြန်အရေးယူခံရနိုင်သည်။ နိုဝင်ဘာ (၁၈)ရက် နောက်ပိုင်း သည် ရဲတပ်ဖွဲ့ဝင်များအတွက်လည်း ရွှေလုပ်ငန်းရှင်၊ ဆိုင်ပိုင်ရှင်များထံမှ ဂါရဝပြု ငွေဖြစ်စေ၊ မေတ္တာကြေးဖြစ်စေ ရရှိနိုင်သကဲ့သို့ ထွေ အုပ်အရာရှိများ၊ စည်ပင်အရာရှိများ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများလည်း ဝင်ငွေရလမ်းဖြောင့်နေနိုင်သည်။ မြန်မာတို့သည်ကား ပေးကမ်းစွန့်ကြဲခြင်း အားကောင်းလှ၏။ မိမိလုပ်ငန်းအဆင်ပြေချောမွေ့ စေရေး အတွက်ဆိုလျှင် ထို့ထက်ပိုသည်။ သို့သော် ကြွေသီးထက်ကြီး၍ မရသင့်သည်ကိုလည်း သက်ဆိုင်သူတို့ နားလည် ထားသင့်၏။ အထူးစိတ်ဝင်စား သောအချက်မှာ ပြည်တွင်းအခွန်ဦးစီးဌာနထံမှ အခွန် ကင်းရှင်းကြောင်း ထောက်ခံ ချက်ပင်။ ရန်ကုန်တစ်မြို့ တည်း၌ပင်လျှင် ရွှေဆိုင်ပေါင်း(၅၀ဝ)ထက်မနည်းရှိ သည်ဆိုပါစို့။ နာမည်ကျော် ဆိုင် တစ် ဆိုင်၏ မြို့နယ် တစ်ခု၊ ဆိုင်တစ်ခုစာ နှစ်စဉ်ရောင်းလိုအား ဝယ်လို အားသည် ကျပ်သိန်းပေါင်းတစ်သိန်း ရှိမည်ဆိုပါစို့။ ကျပ်သိန်းပေါင်း သိန်း(၅၀ဝ)ထက်နည်းမည် မထင်။ အမှန်တကယ်တွင် ဒေါ်လာ(၁၀)ဘီလျံထက်မက မြန်မာ့ရွှေလောက တန်ကြေးက မြင့်၏။ ရွှေထည် ပစ္စည်းများ၊ ရွှေအရိုင်းတုံးများ၊ ဆိုင်ခန်းအဆောက်အအုံပိုင်ဆိုင်မှုများအပါအဝင် အထွေထွေပိုင်ဆိုင်မှုများနှင့်လုပ်ငန်းလည်ပတ်ငွေကို စစ်တမ်းပြုစု၍တွက် ချက်မည်ဆိုပါက ထို့ထက်ပိုနိုင်သည်။

အဆိုပါ ရောင်းခွန်ဝယ်ခွန်မှဖြစ်စေ၊ အမြတ်ခွန်မှ ဖြစ်စေ၊ ဆိုင်ခန်းတည်ရှိမှုဆိုင်ရာဖြစ်စေ၊ ဝင်ငွေခွန် ဖြစ်စေ၊ ခေါင်းစဉ်မျိုးစုံအောက်မှ အခွန်အသီးသီးကို ရန်ကုန်ရှိ ရွှေဆိုင်များက ပြည့်ဝစွာ ထမ်းဆောင်ခဲ့သည်ဟု ယူဆနိုင် ပါမည်လော။ အကယ်၍ အခွန်ကိုတစ် နည်းတစ်ဖုံဖြင့် ရှောင်တိမ်းထားသည်ဆိုပါစို့။ ထိုသူ ကို အခွန်ကင်းရှင်းကြောင်း မည်သည့်နည်းဖြင့် ထောက်ခံချက်ပေးမည်နည်း။ ထိုအချက်သည်ကား စိတ်ဝင်စားဖွယ်ရာဖြစ်၏။ သို့သော် ဤနေရာ သည် မြန်မာနိုင်ငံဖြစ်သည်။ လုပ်၍မရသောကိစ္စဟူသည် ကားနည်းမည်ထင်၏။ ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိ သူများသည် ရိုးသားကြိုးစား၍ နိုင်ငံတော်အတွက် အခွန်ငွေများစွာကို ရှာဖွေပေးနိုင်သူများ ဖြစ်သည်ဟု ကြွေးကြော်ချင်မိသည်။ ဂုဏ်ယူချင်မိသည်။ ဆီကိုင်သည့်လက် ဆီပေသည်ဆိုသောစကားဖြင့် ပျားရည်ဖြင့် ဝမ်းချခြင်း မျိုးလည်း မလုပ်သင့်ပေ။ နိုင်ငံတော်ကိုသာ မေးလိုသည်။ ရွှေလောကတစ်ခုလုံးထံမှ အခွန်အခရရှိငွေကို ကြေညာနိုင်ပါ မည်လော။ အဆိုပါကြေညာနိုင်မည့်ငွေသည်လည်း အမှန်တ ကယ်ရရှိသင့်သည့် ငွေပမာဏ ဟုတ်ပါမည်လော။ ထို့ထက်ပို၍ မေးစရာများစွာရှိနေသည်။ ရန်ကုန်ရွှေ အသင်း၏ ထုတ်ပြန်ချက် နောက်ဆုံးစာပိုဒ်တွင် ရွှေရောင်း ဝယ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ထုတ်ပြန်ချက် အမိန့်ကြေညာစာများကို တိကျစွာ လိုက်နာမည်ဖြစ် ကြောင်း ကာယကံရှင်၏ဝန်ခံကတိပြုချက် ပါဝင်ရမည်ဟု ဆိုထားသည်။ မြန်မာတို့၏ ကတိဝန်ခံချက်များသည်ကား သေးပေါက်လျှင် ပါသွားတတ်သော သစ္စာရေ သောက်ထားခြင်းသကဲ့သို့ပင်။

အနှစ်ချုပ်၍ ဆိုရသော်။ တစ်နိုင်ငံလုံး၏ ရွှေဆိုင်နှင့်လုပ်ငန်းများကို နိုင်ငံတော်က ပြည်ထောင် စုအဆင့်လိုင် စင်ထုတ်ပေး၍ စည်းကမ်းဥပဒေအောက်သို့ သိမ်းသွင်းခြင်းဟု ဆိုနိုင်သည်။ ထိုသို့ သိမ်းသွင်းပြီး နောက်တွင် ပြည်သူများ အကြား ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရေးအတွက် ကောလာဟလထုတ်လွှင့် တတ်သော လူတန်းစားတစ်ရပ်ကို ထိန်းကျောင်းရန်နှင့် အမှန်တကယ်ရွှေဈေးနှုန်းတည်ငြိမ်စေရန်လည်း ဖြစ်သည်။ နိုင်ငံတော်ကလည်း အခွန်အခများကို စနစ်တကျကောက်ခံနိုင်သည့်အပြင် နိုင်ငံတော်၏ ရွှေဈေးကွက်နှင့်ပိုင်ဆိုင်မှုတန်ကြေးများကို ပြည့်ပြည့် ဝ၀ နားလည် လာစေမည်ဖြစ်သည်။ ရွှေလုပ်ငန်းရှင် အချို့၏ လက်ဝါးကြီးအုပ် ဈေးကွက်စီးနင်းသိမ်းပိုက် ထားမှုကိုလည်း ထိန်းချုပ် နိုင်မည်ဖြစ်ပြီး မည်သည့် လုပ်ငန်းရှင်မဆို ရွှေလုပ်ငန်းအတွင်း၌ သက်သောင့် သက်သာ ဝင်ရောက်အလုပ်လုပ် နိုင်စေမည်လည်းဖြစ်သည်။ နိုင်ငံသည် စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ် သွားခဲ့၏။ ထိုပရမ်းပတာဖြစ်မှုကို စာရင်းဇယား ဥပဒေ စည်းမျဉ်းများဖြင့်သာ ထိန်းကျောင်းနိုင်မည်ဖြစ်သည်။ လွန်ခဲ့သောကာလများအတွင်း၌ ပရမ်းပတာဖြစ်မှုပို များခဲ့၏။ ရွှေလောကသားတို့သည်သာ အသိဆုံးဖြစ် မည်ထင်သည်။ တရားမဝင်ရွှေအရောင်းအဝယ် ပြုလုပ်နေသော ပွဲစားများတရားခံ (၂၁)ဦးကို နိုင်ငံတော် က စစ်ဆေးမေးမြန်းထိန်းသိမ်းခဲ့ရ၏။ ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံ (၁၀)ဦးရှိခဲ့ပြီး ၎င်းတို့မှာ ပန်းဘဲတန်းမြို့နယ်ရှိ စိန်ကျော်မိုး‌ ရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ အကယ်ဒမီ ရွှေသန့်စင် လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ လသာမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်မြေသာ စံမြို့နယ်ရှိ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ လမ်းမတော်မြို့ နယ်ရှိ ဝိန့်စိန်ရွှေဆိုင်မှ ဦးအောင် ကောင်းမြတ်၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဇင်ဝင်း‌ရွှေ သန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှပွဲစား ဦးကျော်ဝင်း(ခ)ပန်းသီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပွဲစားဦးညီညီဦး(ခ)ချက်ကြီး၊ လမ်းမ‌ တော်မြို့နယ်မှ ပွဲစားဒေါ်တင်တင်(ခ)စန္ဒာတင်တို့ဖြစ်သည်။ မတန်တဆ တက်သွားခဲ့သော ရွှေဈေးကွက်နှင့် အဆိုပါ ပုဂ္ဂိုလ်များကြောင့် ရွှေကို အထူးကုန်စည် အောက်သို့ထည့်ခဲ့ရသော ယနေ့ဖြစ်ရပ်များ ဖြစ်လာသည်။ အကြောင်းကြောင့် အကျိုးဖြစ်သည်။ မည်သည့်အရာမှ အကြောင်းမဲ့ဖြစ်လာခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ရွှေလောကသားတို့ ဆက်လက်ရပ်တည်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နိုဝင်ဘာ(၁၈) ရက်မှစ၍ သုံးလတိုင်တိုင် ကြိုးပမ်းကြရဦးမည် ဖြစ်သည်။ သုံးလကျော်လွန်သွားပါက မည်သို့လာမည်မသိနိုင်ပေ။ ကိုယ်ပြုသောကံဖြင့်သာ ဆက်လက်ရှင်သန်ကြဟုသာ ဆိုချင်၏။

zawgyi version
ေ႐ႊဆိုင္ပိုင္ရွင္မ်ားႏွင့္ ေ႐ႊေလာကသားတို႔အတြက္ အထူးရက္သတၱပတ္စၿပီ
မ်ိဳးမင္း (မက်ည္းလဟာ)(NP News) - ႏိုဝင္ဘာ ၁၈

ေ႐ႊႏွင့္ဆက္စပ္၍လုပ္ငန္းလုပ္ကိုင္ၾကသူ ေလာကသားမ်ားအတြက္ အထူးရက္သတၱပတ္ကို ေရာက္ ရွိလာၿပီျဖစ္သည္။ အထူးသျဖင့္ ေဒၚလာ (၁၀)ဘီလ်ံမက လည္ပတ္စီးဆင္းေနေသာ ေ႐ႊလုပ္ငန္းေလာကႀကီးအတြက္ တစ္ႀကိမ္တစ္ခါမွ် မႀကဳံဖူးေသးသည့္ စည္းမ်ဥ္းစည္းကမ္းေအာက္သို႔ ဝင္ရေတာ့မည့္ ရက္သတၱပတ္အစလည္း ျဖစ္၏။ ဓာတ္သတၱဳ(ေ႐ႊ) ေရာင္းဝယ္ျခင္း ဝန္ေဆာင္မႈလုပ္ငန္းကို အေရးႀကီးကုန္စည္ဝန္ေဆာင္မႈအျဖစ္သတ္မွတ္ေၾကာင္း ႏိုင္ငံေတာ္က ေအာက္တိုဘာ(၂၄)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။ ထိုေၾကညာခ်က္၏ ေနာက္ဆက္တြဲအျဖစ္ ႏိုဝင္ဘာ (၁၈)ရက္မွစ၍ ေ႐ႊေလာကသားမ်ား အသည္းအသန္း႐ုန္းကန္ရမည့္ သုံးလတာကို ျဖတ္သန္း ရမည္လည္းျဖစ္သည္။ ျပည္ေထာင္စုအစိုးရ အဖြဲ႕က ေအာက္တိုဘာ(၂၄)ရက္တြင္ အမိန႔္ေၾကညာစာ တစ္ေစာင္ထုတ္ သည္။ ထိုစာ၌ သယံဇာတ ႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနအား တာဝန္တစ္ခု အပ္ႏွင္းထား၏။ ထိုအပ္ႏွင္းခ်က္အတိုင္း ဝန္ႀကီး ဌာနက ေအာက္တိုဘာ(၂၅)ရက္တြင္ အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒပုဒ္မ(၄)၊ ပုဒ္မခြဲ (ဂ)အရ ဓာတ္သတၱဳ (ေ႐ႊ)ေရာင္းဝယ္ျခင္းလုပ္ငန္းကို အေရးႀကီးဝန္ေဆာင္မႈအျဖစ္ သတ္မွတ္ခဲ့သည္။ ထိုသတ္မွတ္ေၾကညာခ်က္အၿပီးတြင္ ဓါတ္သတၱဳ(ေ႐ႊ)ရည္òန္းေဈး သတ္မွတ္ေရးေကာ္မတီတစ္ရပ္ကိုလည္း ဖြဲ႕စည္းခဲ့ျပန္သည္။ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ေကာ္မတီဥကၠ႒အျဖစ္ တာဝန္ယူ၍ ဗဟိုဘဏ္ ဒုတိယ ဥကၠ႒အပါအဝင္ ဆက္စပ္ေသာဌာန ဆိုင္ရာအသီးသီးမွ ကိုယ္စားျပဳသူမ်ား ပါဝင္ေစခဲ့သည္။ လုပ္ငန္းတာဝန္(၇)ရပ္ျဖင့္ ေ႐ႊေဈးႏႈန္းကို ထိန္းေက်ာင္းၾကရမည္ျဖစ္ၿပီး (က)ႏိုင္ငံေတာ္အတြင္း ေ႐ႊေဈးႏႈန္းတည္ၿငိမ္မွန္ကန္ေစေရးအတြက္ ၁၉၆၇ ခုႏွစ္က ဘ႑ာအခြန္ဝန္ႀကီးဌာန၏ တြက္ခ်က္မႈစံႏႈန္း ကို မွီျငမ္း၍ျပည္တြင္းျပည္ပ ေ႐ႊေဈးႏႈန္း၊ ႏိုင္ငံျခားေငြ လဲႏႈန္းႏွင့္ ျပည္တြင္းေ႐ႊေဈးကြက္အေျခအေနတို႔ကို ျဖစ္သင့္ျဖစ္ထိုက္သည့္ေဈးႏႈန္းမ်ား ျဖစ္ေစရန္ စိစစ္ ရမည္ျဖစ္ သည္။ ထိုအတြက္ ေကာ္မတီဝင္ အနည္းဆုံးေလးပုံသုံးပုံက ေန႔စဥ္ Online Virtual Meeting ျပဳလုပ္၍ ေဈးႏႈန္း အတည္ျပဳသတ္မွတ္ရမည္ျဖစ္သည္။ (ခ) ေ႐ႊလုပ္ငန္းရွင္မ်ားျဖင့္ ဖြဲ႕စည္းထားေသာ ေ႐ႊေဈးသတ္မွတ္ေရးလုပ္ငန္း အဖြဲ႕က ေန႔စဥ္တင္ျပလာမည့္ ေ႐ႊေဈးႏႈန္းကိုလည္း ထည့္သြင္းစိစစ္ေဆာင္႐ြက္ရမည္ျဖစ္သည္။ (ဂ)အပိုဒ္ခြဲ(က)အရ ေန႔စဥ္တြက္ခ်က္ထုတ္ျပန္သည့္ ေ႐ႊရည္òန္းေဈးကို အမ်ားျပည္သူအတြက္ ျပန္ၾကားေရးဝန္ႀကီး ဌာနမွတစ္ဆင့္ အသိေပး ရမည္ျဖစ္သည္။ (ဃ) ကမာၻ႔ေ႐ႊေဈးႏႈန္း ထူးျခားစြာေျပာင္းလဲပါက အခ်ိန္ႏွင့္တစ္ ေျပးညီ ညႇိႏႈိင္းသတ္ မွတ္ထုတ္ျပန္ရမည္ျဖစ္သည္။ (င) လုပ္ငန္းလိုအပ္ခ်က္အေပၚမူတည္၍ လုပ္ငန္းအဖြဲ႕မ်ား ဖြဲ႕စည္းရမည္ျဖစ္သည္။ (စ) ေ႐ႊေဈးကြက္ မတည္မၿငိမ္ျဖစ္ေစရန္ ရည္႐ြယ္လုပ္ေဆာင္မႈမ်ားကို ကာကြယ္တားဆီးျခင္းႏွင့္ ေစာင့္ၾကည့္ထိန္းေက်ာင္း ၾကပ္မတ္ျခင္းမ်ားလုပ္ရမည္ျဖစ္သည္။ (ဆ) ေ႐ႊလုပ္ငန္းအသင္းခ်ဳပ္၊ ရန္ကုန္ေ႐ႊအသင္း၊ မႏၲေလးေ႐ႊအသင္းအပါအဝင္ ေ႐ႊႏွင့္ဆက္စပ္ပတ္သက္ေသာအသိုင္းအဝိုင္းမ်ား၊ ကြၽမ္းက်င္ပညာရွင္မ်ား၏ အႀကံျပဳမႈမ်ားျဖင့္ ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ရမည္ ျဖစ္သည္။ အဆိုပါအခ်က္(၇)ခ်က္လုံးကို ေကာ္မတီ ဘက္က စတင္လႈပ္ရွားလာၿပီျဖစ္ၿပီး ႏိုဝင္ဘာ (၁၈) ရက္သည္ ေ႐ႊေလာကသားမ်ားအတြက္ ပထမဆုံးေသာ အခ်က္ေပးသံ ျဖစ္လာသည္။ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္အပါအဝင္ ႏိုင္ငံတစ္ဝန္းရွိ ေ႐ႊဆိုင္အားလုံးႏွင့္ ပုံစံအမ်ိဳးမ်ိဳးသုံး၍ ေ႐ႊအေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္ ေနသူအားလုံး ျပန္လည္မွတ္ပုံ တင္ျခင္းမ်ား လုပ္ရမည္ျဖစ္၏။ ထိုသို႔ မလုပ္ပါက လက္ရွိလုပ္ငန္းလုပ္ ေဆာင္ ေနမႈအားလုံးသည္ တရားမဝင္ျဖစ္သြားၿပီး ဖမ္းဆီးထိန္းသိမ္းခံရျခင္း၊ ပိုင္ဆိုင္မႈမ်ားသိမ္းဆည္းခံရျခင္းအထိ ျဖစ္သြား ႏိုင္သည္။ ရန္ကုန္ေ႐ႊအသင္းကလည္း ႏိုဝင္ဘာ(၁၂)ရက္တြင္ ေၾကညာခ်က္တစ္ေစာင္ထုတ္၍ ေ႐ႊေလာကသား မ်ားကို အသိေပး၏။ ႏိုဝင္ဘာ(၁၈)ရက္မွစ၍ ေ႐ႊအေရာင္းဆိုင္အားလုံး လိုင္စင္ေလွ်ာက္ထားၾကရန္ ျဖစ္သည္။ အခ်ိန္သုံး လရမည္။ သုံးလ ေက်ာ္လြန္သြား သည့္တိုင္ လိုင္စင္ေလွ်ာက္ထားျခင္းမရွိပါက အာမခံ ခ်က္ မရွိေပ။ ဥပေဒသည္ သက္ေရာက္လာႏိုင္၏။ စိတ္ဝင္စားဖြယ္ေကာင္းသည္မွာ ထိုေနရာမွစသည္။ ႏိုင္ငံတစ္ဝန္း၌ ေ႐ႊဆိုင္မည္မွ်ရွိသည္ကို ဝန္ႀကီး ဌာနပင္လွ်င္ ေသခ်ာသိဖြယ္မရွိ။ ေ႐ႊအသင္းမ်ားကလည္း အတိအက်ေျပာႏိုင္ဖြယ္ မျမင္ေပ။ သို႔မဟုတ္ အသိေပးလိုစိတ္ မရွိၾကျခင္းေၾကာင့္မ်ားလားဟု ယူဆစရာပင္။ ရန္ကုန္ေ႐ႊအသင္း၏ ဥကၠ႒ျဖစ္သူ ဦးမ်ိဳးျမင့္ထံ ႏိုဝင္ဘာ(၁၅) ရက္က ဖုန္းသုံးႀကိမ္ေခၚ ျဖစ္သည္။ ထိုသူ ဖုန္းမကိုင္ခဲ့ပါ။ ေ႐ႊလိုင္စင္ကိစၥႏွင့္ ပတ္သက္၍ စုံစမ္း ေမးျမန္းရန္ ထုတ္ျပန္ေပးထားသည့္ မအမ္စီဝင္း၏ဖုန္းနံပါတ္သို႔ ဆက္သြယ္ရာတြင္လည္း ၎တြင္ ေျပာပိုင္ခြင့္မရွိဟု ျငင္းဆိုသည္။ ဥကၠ႒ ခရီးသြားေနသည္ဟုလည္းဆို၏။ အဓိကသိလိုသည့္ အခ်က္သည္ ရန္ကုန္၌ ေ႐ႊဆိုင္မည္မွ်ရွိ သနည္းဆိုသည္ပင္။ အၾကမ္းဖ်င္းတြက္ခ်က္ခန႔္မွန္းမႈအရ ရန္ကုန္တစ္ၿမိဳ႕တည္းပင္လွ်င္ ေ႐ႊဆိုင္ေပါင္း(၅၀ဝ)ထက္ မနည္း ရွိေနႏိုင္သည္။ အဆိုပါေ႐ႊဆိုင္မ်ား၏ လုပ္ငန္းလိုင္စင္သည္ မည္သည့္ေနရာမွ မည္သည့္စည္းမ်ဥ္းစည္းကမ္းမ်ား ျဖင့္ ရယူထားသနည္း။ ေ႐ႊဆိုင္တစ္ခုဖြင့္လွစ္သည္ႏွင့္ ႏိုင္ငံေတာ္သို႔ေပးေဆာင္ရမည့္ အခြန္ေငြမ်ိဳးစုံကို တိတိက်က် ေပးေဆာင္ၾကျခင္း ရွိပါသေလာ။ ေ႐ႊကုန္ၾကမ္းလာရာ လမ္းေၾကာင္း ႏွင့္ ေ႐ႊဆိုင္တစ္ခုခ်င္းစီ၏ ေနာက္ေၾကာင္းရာဇဝင္ အေျခအေနအစရွိသည္တို႔ကို သိရွိထားရန္ လိုအပ္လာသည္။ ထို႔ထက္ပို၍ အမ်ားျပည္သူႏွင့္သတင္း မီဒီယာမ်ား သိရွိရန္လိုအပ္ေသာအခ်က္အလက္ ေမးခြန္းမ်ားစြာ ရွိေနေသးသည္။

‘‘ပုံမွန္ကေတာ့ စည္ပင္လိုင္စင္ပဲ ယူထားတယ္။ အဲဒီလို လိုင္စင္ျပန္ေလွ်ာက္ ရမယ္ဆိုတာကို ေသခ်ာမသိခဲ့ဘူး။ အခုေလွ်ာက္ရ ေတာ့မွာေပါ့”ဟု ေ႐ႊလုပ္ငန္းလုပ္ေန သူတစ္ဦးက မွတ္ခ်က္ျပဳသည္။ ေ႐ႊဆိုင္တစ္ဆိုင္ ဖြင့္လွစ္မည္ဆိုပါက မည္သည့္အခ်က္အလက္မ်ား လိုအပ္၍မည္သည့္ စည္းမ်ဥ္းစည္းကမ္းမ်ား လိုက္နာရမည္ဆိုသည္ကို ႏိုင္ငံေတာ္ဘက္က တိတိက်က် ထုတ္ျပန္ ထားသည္။ သို႔ေသာ္လည္း ျပႆနာမျဖစ္မီအထိ နားလည္မႈျဖင့္ ခြင့္ျပဳေပးထားသည္။ ထိုနားလည္မႈသည္ ခြင့္လႊတ္ေပးႏိုင္သည့္အဆင့္ကို ေက်ာ္လြန္ လာသည့္အခါ၌ စည္းမ်ဥ္းစည္းကမ္းႀကိဳးမ်ားကို တင္းတင္းက်ပ္က်ပ္လုပ္ရေလ့ရွိျပန္သည္။ ရန္ကုန္ ေ႐ႊအသင္း၏ အသင္းသားမ်ားထံ ထုတ္ျပန္ခ်က္တြင္ ေမးခြန္းထုတ္စရာအခ်က္အလက္မ်ားရွိေန၏။ ေ႐ႊလုပ္ငန္း လိုင္စင္ ျပန္လည္ေလွ်ာက္ထားရန္ အဓိကလို အပ္ခ်က္(၁၁)ခ်က္ကို ေဖာ္ျပထားသည္။ လူပုဂၢိဳလ္အေနျဖင့္ လိုင္စင္ ေလွ်ာက္ ထားမႈ၊ ကုမၸဏီအေနျဖင့္ လိုင္စင္ေလွ်ာက္ထားမႈဟူ၍ ႏွစ္ပိုင္းခြဲထားကာ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၏ အမွတ္(၂)သတၱဳတြင္းလုပ္ငန္းဌာနတြင္ လိုင္စင္ရယူရမည္ျဖစ္သည္။ ဆိုလိုသည္မွာ သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မွ ထုတ္ေပးေသာလိုင္စင္ထက္ ႏိုင္ငံေတာ္အဆင့္ ဝန္ႀကီးဌာနက ထုတ္ေပး ေသာ လိုင္စင္လက္မွတ္မ်ိဳးကို ျပန္လည္ရယူရမည့္သေဘာလည္းျဖစ္သည္။ ဥပမာအားျဖင့္ သတင္းမီဒီယာ လုပ္ငန္း လိုင္စင္ကို ျပန္ၾကားေရးဝန္ႀကီးဌာနကသာ ထုတ္ေပးရျခင္းျဖစ္ၿပီး ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးက ထုတ္ေပးပိုင္ခြင့္ မရွိျခင္းမ်ိဳး ပင္ျဖစ္၏။ သို႔ဆိုလွ်င္ ေ႐ႊေရာင္းဝယ္ျခင္းလုပ္ငန္းကို ယခင္က သက္ဆိုင္ရာေဒသစည္ပင္ႏွင့္ေထြအုပ္က ထုတ္ေပးထားသည့္သေဘာမ်ိဳးျဖစ္ၿပီး ျပန႔္က်ဲေနေသာ လိုင္စင္မ်ိဳးစုံအတြက္ ျပည္ေထာင္စုအဆင့္က တိုက္႐ိုက္ကိုင္တြယ္ရန္လည္း ခက္ခဲလွသည္။ လက္ရွိ သတ္မွတ္ခ်က္အရ ေ႐ႊလုပ္ငန္းလိုင္စင္ေလွ်ာက္မည့္ လူပုဂၢိဳလ္ သို႔မဟုတ္ ကုမၸဏီသည္ လုပ္ငန္းပမာဏ၏(၂၅)ရာခိုင္ႏႈန္းကို လုပ္ငန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံေငြ ရွိရန္ႏွင့္ ယင္းေငြရွိေၾကာင္း ဘဏ္စာရင္းရွင္းတမ္း (Bank Statement) ကို ျပသရမည္ျဖစ္သည္။ ဤေနရာတြင္ သတိျပဳစရာအခ်ိဳ႕ရွိႏိုင္၏။ ဥပမာ အားျဖင့္ လြန္ခဲ့ေသာရက္ပိုင္းအတြင္းက ေလဆိပ္၌ တားဆီး၍ ေနအိမ္ျပန္လႊတ္ခံရေသာ ဦးေအာင္ဆန္းဝင္း(ခ)ဦး ေအာင္၏ ေအာင္သမာဓိေ႐ႊဆိုင္ကို ရည္òန္းမည္ ဆိုပါစို႔။ ေအာင္သမာဓိသည္ ဆိုင္ခြဲေပါင္း(၁၀)ခု ထက္မနည္း ရွိမည္ခန႔္ မွန္းရသည္။ အဆိုပါဆိုင္ အားလုံး၏ ရင္းႏွီးျမႇဳပ္ႏွံေငြတန္ေၾကးကို ခန႔္မွန္းတြက္ ခ်က္မည္ဆိုပါက က်ပ္ဘီလ်ံ(၁၀ဝ) ထက္နည္းမည္ မထင္။ ယင္းေငြ၏(၂၅)ရာခိုင္ႏႈန္းကို ဘဏ္စာရင္း ၌ရွိထားေၾကာင္း ၎ႏွင့္ဆက္စပ္သည့္ဘဏ္တစ္ခု က Statement ထုတ္ေပးရမည္ျဖစ္သည္။ ဘဏ္အခ်ိဳ႕တြင္ Bank Statement အတြက္ လွည့္စားတတ္ ေသာ လုပ္ဇာတ္ အခ်ိဳ႕ရွိ၏။ အေသးစိတ္မေျပာလို ေသးေပ။ ဇြဲထက္ကဲ့သို႔ေသာ၊ ၂၉ ရတနာကဲ့သို႔ေသာ ေ႐ႊဆိုင္မ်ားသည္ တစ္ဟုန္ ထိုးႀကီးထြားလာၾကေသာ လုပ္ငန္းမ်ားျဖစ္ၾကၿပီး စိတ္ဝင္တစားေစာင့္ ၾကည့္ခ်င္စရာမ်ားစြာရွိသည္။ ရန္ကုန္ေ႐ႊ အသင္း၏ထုတ္ျပန္ ခ်က္အတြင္း၌ လိုင္စင္ေလွ်ာက္ထားမႈတြင္ ေ႐ႊဆိုင္တစ္ခုခ်င္းစီ၏ တစ္လအတြင္း အမ်ားဆုံး အေရာင္းအဝယ္ျပဳလုပ္ႏိုင္သည့္ ပမာဏကို ပိႆာ၊ က်ပ္သား၊ ေပါင္၊ ထ႐ိုင္ေအာင္စ အစရွိသျဖင့္ ေဖာ္ျပေပးရမည္ဟု ဆိုသည္။ စာရင္းဇယားအတိအက်မရွိေသာ သို႔မဟုတ္ သိခြင့္မေပးခ်င္ေသာ ေ႐ႊေလာက သားအတြက္ ထိုအခ်က္က ရင္ထိတ္စရာပင္။ တစ္ႏိုင္ငံလုံး၌ေ႐ႊဆိုင္(၁၀ဝဝ)ရွိသည္ဆိုပါစို႔။ ေ႐ႊဆိုင္တစ္ခုက တစ္ႏွစ္လွ်င္ ေ႐ႊတစ္ပိႆာ ေရာင္းဝယ္ရသည္ ဆိုပါစို႔။ အဆိုပါ ေ႐ႊဆိုင္အားလုံးအေပၚ ပ်မ္းမွ်တြက္ခ်က္၍ ေ႐ႊေဈးကြက္ကို ကေမာက္ကမ မျဖစ္ ေစရန္ ႏိုင္ငံေတာ္ကထိန္းေက်ာင္းႏိုင္မည္ျဖစ္သည္။ အမွန္တကယ္ လက္ဝယ္ပိုင္ဆိုင္ျခင္းမရွိေသာ ေလပတ္ကား ေရာင္းဝယ္ေဖာက္ကားမႈမ်ားေၾကာင့္ ေ႐ႊေဈးႏႈန္းမ်ား ျမင့္မားေနရျခင္းကိုလည္း ၾကပ္မတ္ၿပီးသားျဖစ္သြား ႏိုင္သည္။ သို႔ေသာ္ ထိန္းေက်ာင္း ေမာင္းႏွင္သူမ်ား ကိုယ္တိုင္လည္း ႐ိုးသားရန္လို၏။ ေနာက္ထပ္တစ္ခ်က္တြင္မူ အခြန္ကင္း ရွင္းေၾကာင္း ေထာက္ခံခ်က္ပင္။ လိုင္စင္ေလွ်ာက္ထားမည့္ ပုဂၢိဳလ္ သို႔မဟုတ္ ကုမၸဏီသည္ သက္ဆိုင္ရာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕၊ ေထြအုပ္၊ ရပ္ကြက္၊ စည္ပင္ႏွင့္ ေ႐ႊအသင္းတို႔ထံမွ အေထာက္အထားမ်ားကိုလည္း ေဖာ္ျပရမည္ျဖစ္ၿပီး ကိုယ္ေရးအခ်က္ အလက္မ်ားကို လိမ္လည္ေဖာ္ျပျခင္းလုပ္ပါက တန္ျပန္အေရးယူခံရႏိုင္သည္။ ႏိုဝင္ဘာ (၁၈)ရက္ ေနာက္ပိုင္း သည္ ရဲတပ္ဖြဲ႕ဝင္မ်ားအတြက္လည္း ေ႐ႊလုပ္ငန္းရွင္၊ ဆိုင္ပိုင္ရွင္မ်ားထံမွ ဂါရဝျပဳ ေငြျဖစ္ေစ၊ ေမတၱာေၾကးျဖစ္ေစ ရရွိႏိုင္သကဲ့သို႔ ေထြ အုပ္အရာရွိမ်ား၊ စည္ပင္အရာရွိမ်ား၊ ရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉးမ်ားလည္း ဝင္ေငြရလမ္းေျဖာင့္ေနႏိုင္သည္။ ျမန္မာတို႔သည္ကား ေပးကမ္းစြန႔္ႀကဲျခင္း အားေကာင္းလွ၏။ မိမိလုပ္ငန္းအဆင္ေျပေခ်ာေမြ႕ ေစေရး အတြက္ဆိုလွ်င္ ထို႔ထက္ပိုသည္။ သို႔ေသာ္ ေႂကြသီးထက္ႀကီး၍ မရသင့္သည္ကိုလည္း သက္ဆိုင္သူတို႔ နားလည္ ထားသင့္၏။ အထူးစိတ္ဝင္စား ေသာအခ်က္မွာ ျပည္တြင္းအခြန္ဦးစီးဌာနထံမွ အခြန္ ကင္းရွင္းေၾကာင္း ေထာက္ခံ ခ်က္ပင္။ ရန္ကုန္တစ္ၿမိဳ႕ တည္း၌ပင္လွ်င္ ေ႐ႊဆိုင္ေပါင္း(၅၀ဝ)ထက္မနည္းရွိ သည္ဆိုပါစို႔။ နာမည္ေက်ာ္ ဆိုင္ တစ္ ဆိုင္၏ ၿမိဳ႕နယ္ တစ္ခု၊ ဆိုင္တစ္ခုစာ ႏွစ္စဥ္ေရာင္းလိုအား ဝယ္လို အားသည္ က်ပ္သိန္းေပါင္းတစ္သိန္း ရွိမည္ဆိုပါစို႔။ က်ပ္သိန္းေပါင္း သိန္း(၅၀ဝ)ထက္နည္းမည္ မထင္။ အမွန္တကယ္တြင္ ေဒၚလာ(၁၀)ဘီလ်ံထက္မက ျမန္မာ့ေ႐ႊေလာက တန္ေၾကးက ျမင့္၏။ ေ႐ႊထည္ ပစၥည္းမ်ား၊ ေ႐ႊအ႐ိုင္းတုံးမ်ား၊ ဆိုင္ခန္းအေဆာက္အအုံပိုင္ဆိုင္မႈမ်ားအပါအဝင္ အေထြေထြပိုင္ဆိုင္မႈမ်ားႏွင့္လုပ္ငန္းလည္ပတ္ေငြကို စစ္တမ္းျပဳစု၍တြက္ ခ်က္မည္ဆိုပါက ထို႔ထက္ပိုႏိုင္သည္။

အဆိုပါ ေရာင္းခြန္ဝယ္ခြန္မွျဖစ္ေစ၊ အျမတ္ခြန္မွ ျဖစ္ေစ၊ ဆိုင္ခန္းတည္ရွိမႈဆိုင္ရာျဖစ္ေစ၊ ဝင္ေငြခြန္ ျဖစ္ေစ၊ ေခါင္းစဥ္မ်ိဳးစုံေအာက္မွ အခြန္အသီးသီးကို ရန္ကုန္ရွိ ေ႐ႊဆိုင္မ်ားက ျပည့္ဝစြာ ထမ္းေဆာင္ခဲ့သည္ဟု ယူဆႏိုင္ ပါမည္ေလာ။ အကယ္၍ အခြန္ကိုတစ္ နည္းတစ္ဖုံျဖင့္ ေရွာင္တိမ္းထားသည္ဆိုပါစို႔။ ထိုသူ ကို အခြန္ကင္းရွင္းေၾကာင္း မည္သည့္နည္းျဖင့္ ေထာက္ခံခ်က္ေပးမည္နည္း။ ထိုအခ်က္သည္ကား စိတ္ဝင္စားဖြယ္ရာျဖစ္၏။ သို႔ေသာ္ ဤေနရာ သည္ ျမန္မာႏိုင္ငံျဖစ္သည္။ လုပ္၍မရေသာကိစၥဟူသည္ ကားနည္းမည္ထင္၏။ ျပည္တြင္းအခြန္ဦးစီးဌာနမွ တာဝန္ရွိ သူမ်ားသည္ ႐ိုးသားႀကိဳးစား၍ ႏိုင္ငံေတာ္အတြက္ အခြန္ေငြမ်ားစြာကို ရွာေဖြေပးႏိုင္သူမ်ား ျဖစ္သည္ဟု ေႂကြးေၾကာ္ခ်င္မိသည္။ ဂုဏ္ယူခ်င္မိသည္။ ဆီကိုင္သည့္လက္ ဆီေပသည္ဆိုေသာစကားျဖင့္ ပ်ားရည္ျဖင့္ ဝမ္းခ်ျခင္း မ်ိဳးလည္း မလုပ္သင့္ေပ။ ႏိုင္ငံေတာ္ကိုသာ ေမးလိုသည္။ ေ႐ႊေလာကတစ္ခုလုံးထံမွ အခြန္အခရရွိေငြကို ေၾကညာႏိုင္ပါ မည္ေလာ။ အဆိုပါေၾကညာႏိုင္မည့္ေငြသည္လည္း အမွန္တ ကယ္ရရွိသင့္သည့္ ေငြပမာဏ ဟုတ္ပါမည္ေလာ။ ထို႔ထက္ပို၍ ေမးစရာမ်ားစြာရွိေနသည္။ ရန္ကုန္ေ႐ႊ အသင္း၏ ထုတ္ျပန္ခ်က္ ေနာက္ဆုံးစာပိုဒ္တြင္ ေ႐ႊေရာင္း ဝယ္ျခင္းလုပ္ငန္းႏွင့္စပ္လ်ဥ္း၍ ႏိုင္ငံေတာ္၏ထုတ္ျပန္ခ်က္ အမိန႔္ေၾကညာစာမ်ားကို တိက်စြာ လိုက္နာမည္ျဖစ္ ေၾကာင္း ကာယကံရွင္၏ဝန္ခံကတိျပဳခ်က္ ပါဝင္ရမည္ဟု ဆိုထားသည္။ ျမန္မာတို႔၏ ကတိဝန္ခံခ်က္မ်ားသည္ကား ေသးေပါက္လွ်င္ ပါသြားတတ္ေသာ သစၥာေရ ေသာက္ထားျခင္းသကဲ့သို႔ပင္။

အႏွစ္ခ်ဳပ္၍ ဆိုရေသာ္။ တစ္ႏိုင္ငံလုံး၏ ေ႐ႊဆိုင္ႏွင့္လုပ္ငန္းမ်ားကို ႏိုင္ငံေတာ္က ျပည္ေထာင္ စုအဆင့္လိုင္ စင္ထုတ္ေပး၍ စည္းကမ္းဥပေဒေအာက္သို႔ သိမ္းသြင္းျခင္းဟု ဆိုႏိုင္သည္။ ထိုသို႔ သိမ္းသြင္းၿပီး ေနာက္တြင္ ျပည္သူမ်ား အၾကား ေ႐ႊေဈးႏႈန္းမတည္မၿငိမ္ျဖစ္ေစေရးအတြက္ ေကာလာဟလထုတ္လႊင့္ တတ္ေသာ လူတန္းစားတစ္ရပ္ကို ထိန္းေက်ာင္းရန္ႏွင့္ အမွန္တကယ္ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေစရန္လည္း ျဖစ္သည္။ ႏိုင္ငံေတာ္ကလည္း အခြန္အခမ်ားကို စနစ္တက်ေကာက္ခံႏိုင္သည့္အျပင္ ႏိုင္ငံေတာ္၏ ေ႐ႊေဈးကြက္ႏွင့္ပိုင္ဆိုင္မႈတန္ေၾကးမ်ားကို ျပည့္ျပည့္ ဝ၀ နားလည္ လာေစမည္ျဖစ္သည္။ ေ႐ႊလုပ္ငန္းရွင္ အခ်ိဳ႕၏ လက္ဝါးႀကီးအုပ္ ေဈးကြက္စီးနင္းသိမ္းပိုက္ ထားမႈကိုလည္း ထိန္းခ်ဳပ္ ႏိုင္မည္ျဖစ္ၿပီး မည္သည့္ လုပ္ငန္းရွင္မဆို ေ႐ႊလုပ္ငန္းအတြင္း၌ သက္ေသာင့္ သက္သာ ဝင္ေရာက္အလုပ္လုပ္ ႏိုင္ေစမည္လည္းျဖစ္သည္။ ႏိုင္ငံသည္ စည္းမဲ့ကမ္းမဲ့ ပရမ္းပတာျဖစ္ သြားခဲ့၏။ ထိုပရမ္းပတာျဖစ္မႈကို စာရင္းဇယား ဥပေဒ စည္းမ်ဥ္းမ်ားျဖင့္သာ ထိန္းေက်ာင္းႏိုင္မည္ျဖစ္သည္။ လြန္ခဲ့ေသာကာလမ်ားအတြင္း၌ ပရမ္းပတာျဖစ္မႈပို မ်ားခဲ့၏။ ေ႐ႊေလာကသားတို႔သည္သာ အသိဆုံးျဖစ္ မည္ထင္သည္။ တရားမဝင္ေ႐ႊအေရာင္းအဝယ္ ျပဳလုပ္ေနေသာ ပြဲစားမ်ားတရားခံ (၂၁)ဦးကို ႏိုင္ငံေတာ္ က စစ္ေဆးေမးျမန္းထိန္းသိမ္းခဲ့ရ၏။ ထြက္ေျပး တိမ္းေရွာင္ေနသည့္ တရားခံ (၁၀)ဦးရွိခဲ့ၿပီး ၎တို႔မွာ ပန္းဘဲတန္းၿမိဳ႕နယ္ရွိ စိန္ေက်ာ္မိုး‌ ေ႐ႊဆိုင္မွ ဦးေက်ာ္ၿငိမ္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္ရွိ အကယ္ဒမီ ေ႐ႊသန႔္စင္ လုပ္ငန္းမွ ဦးမ်ိဳးသူဝင္း၊ ပန္းဘဲတန္းၿမိဳ႕နယ္ရွိ ခရမ္းသုံးခြေ႐ႊဆိုင္မွ ဦးသက္ေနာင္ဝင္း၊ လသာၿမိဳ႕နယ္ရွိ ဇြဲထက္ေ႐ႊဆိုင္မွ ဦးဆန္းဝင္း၊ ေအာင္ေျမသာ စံၿမိဳ႕နယ္ရွိ ေအာင္သမာဓိေ႐ႊဆိုင္မွ ဦးေအာင္ဆန္းဝင္း၊ လမ္းမေတာ္ၿမိဳ႕ နယ္ရွိ ဝိန႔္စိန္ေ႐ႊဆိုင္မွ ဦးေအာင္ ေကာင္းျမတ္၊ ပန္းဘဲတန္းၿမိဳ႕နယ္ရွိ ေ႐ႊဇင္ဝင္း‌ေ႐ႊ သန႔္စင္လုပ္ငန္းမွ ဦးေအးၾကဴ၊ မဂၤလာေတာင္ၫြန႔္ ၿမိဳ႕နယ္မွပြဲစား ဦးေက်ာ္ဝင္း(ခ)ပန္းသီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္မွ ပြဲစားဦးညီညီဦး(ခ)ခ်က္ႀကီး၊ လမ္းမ‌ ေတာ္ၿမိဳ႕နယ္မွ ပြဲစားေဒၚတင္တင္(ခ)စႏၵာတင္တို႔ျဖစ္သည္။ မတန္တဆ တက္သြားခဲ့ေသာ ေ႐ႊေဈးကြက္ႏွင့္ အဆိုပါ ပုဂၢိဳလ္မ်ားေၾကာင့္ ေ႐ႊကို အထူးကုန္စည္ ေအာက္သို႔ထည့္ခဲ့ရေသာ ယေန႔ျဖစ္ရပ္မ်ား ျဖစ္လာသည္။ အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္သည္။ မည္သည့္အရာမွ အေၾကာင္းမဲ့ျဖစ္လာခဲ့ျခင္း မရွိေပ။ ထို႔ေၾကာင့္ ေ႐ႊေလာကသားတို႔ ဆက္လက္ရပ္တည္လုပ္ကိုင္စားေသာက္ႏိုင္ေရးအတြက္ ႏိုဝင္ဘာ(၁၈) ရက္မွစ၍ သုံးလတိုင္တိုင္ ႀကိဳးပမ္းၾကရဦးမည္ ျဖစ္သည္။ သုံးလေက်ာ္လြန္သြားပါက မည္သို႔လာမည္မသိႏိုင္ေပ။ ကိုယ္ျပဳေသာကံျဖင့္သာ ဆက္လက္ရွင္သန္ၾကဟုသာ ဆိုခ်င္၏။

Related news

© 2021. All rights reserved.