BBC Burmese၊ Khit Thit  မီဒီယာတို့၏ (၂၁-၉-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄) ရက်အထိ သတင်းထုတ်လွှင့်မှုများအပေါ် စစ်တမ်းပြုစုသုံးသပ်ခြင်း
                        
                            
                             
 1113
 
                             
                            
                            
                         
                        
NP News - နိုဝင်ဘာ ၁၉
၁။	ခေတ်သစ်မီဒီယာသည် Follow ပြုလုပ်သူ (၇.၇) သန်းရှိပြီး (၂၀၂၄) ခုနှစ် စက်တင်ဘာလ (၂၁) ရက်မှ အောက်တိုဘာလ (၂၀) ရက်အထိ စုစုပေါင်းသတင်း (၁၀၂၂) ပုဒ် တစ်ရက်လျှင် ပျမ်းမျှ (၃၄) ပုဒ်ခန့် လွှင့်တင်ခဲ့ကာ ယခင်လထက် သတင်းလွှင့်တင်မှု ပိုမိုများပြားလာသည်။  
၂။	ခေတ်သစ်မီဒီယာအနေဖြင့် NUG/PDF နှင့် သက်ဆိုင်သည့်သတင်း (၂၉၆) ပုဒ်၊ ပဋိပက္ခ အားပေး/လှုံ့ဆော်သည့်သတင်း (၂၀၂) ပုဒ်နှင့် အချက်အလက် ခိုင်မာမှုမရှိသည့် သတင်း (၄၇၃) ပုဒ်၊ အထွေထွေသတင်း (၅၁) ပုဒ် လွှင့်တင်ခဲ့ပြီး NUG/PDF အကြမ်းဖက်များနှင့် တိုင်းရင်းသား လက်နက်ကိုင် များ၏ လှုပ်ရှားမှုများနှင့် ပဋိပက္ခ အားပေးသည့်သတင်းများ အလေးပေး လွှင့်တင်ထားသည်။ ယင်းအပြင် ဆန္ဒပြမှုကဲ့သို့ အကြောင်းအရာကို သတင်းလုပ်ကာ ဆူပူအုံကြွလာအောင် ဝါဒမှိုင်းတိုက် လွှင့်တင်လျက်ရှိသည့် အပြင် ဆန္ဒပြပွဲများတွင် ကလေးငယ်များကို အသုံးချရေးသားထားမှုများကိုလည်း တွေ့ရှိရသည်။ 
NUG/PDF  များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဆောင်ရွက်မှုများကို အလေးပေးရေးသားမှု 
၃။	ခေတ်သစ်မီဒီယာသည် NUG/PDF များနှင့် အကြမ်းဖက်တိုင်းရင်းသား လက်နက်ကိုင်များ၏ အ ဖျက်လုပ်ရပ်များကို ပြည်သူများ အားပေးထောက်ခံလာစေရန်၊ ပူးပေါင်းပါဝင်လာစေရန်နှင့် ထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်လာစေရန် ရည်ရွယ်ကာ အကြမ်းဖက် PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ကာ တော်လှန်ရေးအမည်ခံ၍ အားပေးအားမြှောက်ပြုလျက် ရေး သားလွှင့်တင်နေသည့် အကြမ်းဖက်အားပေး မီဒီယာတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်“ ပန်ဝါမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့တွင်းသို့စစ်ကြောင်းဖြင့် ဝင်ရောက်၊ ပင်လယ်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်း တပ်များက ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရရှိ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒုချုပ်စိုးဝင်းရောက်ရှိစဉ် ဒရုန်းနှစ်စင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ကညွတ်ကွင်းရှိ (၄၃၉) ပွိုင့်တွင် အထိုင်ချထားသောစစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဟူ၍ ရေးသားထားသည်။
ပဋိပက္ခအားပေး/လှုံ့ဆော်ရေးသားမှု
၄။	ပဋိပက္ခအားပေး/လှုံ့ဆော်မှုဟုဆိုရာတွင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အစရှိသော ထိခိုက် လွယ်သည့် အကြောင်းအရာများကို တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်စေရန်နှင့် အကြမ်းဖက်မှုများ ဖြစ်ပွား လာစေရန် ရည်ရွယ်ချက်ရှိရှိ တစ်ဖက်သတ် အားပေး လှုံ့ဆော်ရေးသား၊ တင်ဆက်ခြင်းမျိုးကို ဆိုလိုသည်။ 
	ဥပမာအားဖြင့် လားရှိုးမြို့နှင့် ရမခကို ပြန်သိမ်းရန် စစ်တပ်က စစ်ရေးပြင်ဆင်ခိုင်းနေပြီး များမကြာမီ ထိုးစစ်စတင်ရန်ရှိ၊ လားရှိုးမှာ MNDAA နှင့် လုံးဝမသက်ဆိုင်သော နယ်မြေဖြစ်၍ ပြန်ယူရမည်ဟု ညွှန်ကြားပြန်၊ ဦးစိုးဝင်းအမိန့်ဖြင့် ပွဲရုံများ၊ ဂိုဒေါင်များ၊ ကုန်တိုက်များနှင့် ဈေးများအတွင်းမှ ထိုင်း၊ တရုတ် အပါအဝင် ပြည်ပမှ တင်သွင်းသောစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဖမ်းဆီးသိမ်းယူ၊ လေ ကြောင်းတိုက်ခိုက်မှုများ အတွက် အဓိကတာဝန်ပေးခံရသူ ဒုဗိုလ်မှူးကြီး ညီဇော်ထက်၊ ဒုဗိုလ်မှူးကြီးထွန်းလွင်ဦးနှင့် ဒုဗိုလ်မှူးကြီး အောင်ဌေးတို့ တရားမဝင်ငွေများဖြင့် ချမ်းသာကြွယ်ဝလာနေ၊ လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျော ဖြေရှင်းပေးရန်မရှိဘဲ နိုင်ငံတစ်ဝန်း နှိမ်နင်းရေး ဆက်လုပ်မည်ဟု ကြေညာ” ဟူသည့် သတင်းများအပါအဝင် အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် နယ်မြေများကို တပ်မတော်က ပြန်လည်ထိုးစစ်ဆင်သည်ကို တပ်မတော်က မြို့/ရွာ များကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေသယောင် လိုရာဆွဲယူ ရေးသားမှုများတွေ့ရသည်။
အချက်အလက် မခိုင်မာသည့် သတင်းမှား/ လုပ်ကြံ သတင်းရေးသားမှု
၅။	ခေတ်သစ်မီဒီယာသည် အချက်အလက်မခိုင်မာသည့် သတင်းမှားများ၊ လုပ်ကြံသတင်းများနှင့် ကောလာဟလသတင်းများအဖြစ် ထိတွေ့တိုက်ပွဲများတွင် တပ်မတော်သား အများအပြားကျဆုံးခြင်း၊ လက်နက်အများအပြား သိမ်းဆည်းရမိခြင်းတို့နှင့်ပတ်သက်၍ တစ်စိတ်ကို တစ်အိတ်လုပ်ကာ ပုံကြီးချဲ့ ရေးသားလေ့ရှိသကဲ့သို့ တပ်မတော်သားများက ရပ်ကွက်/ကျေးရွာများကို မီးတင်ရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်း အဓမ္မ စစ်မှုထမ်းစေခြင်း စသည့်အကြောင်းအ ရာမျိုးစုံကို ခေါင်းစဉ်တပ်ကာ သတင်းအမှားများ၊ လုပ်ကြံသတင်းများကို တစ်စိုက်မတ်မတ် ဖြန့်ဝေရေးသား လျက်ရှိသည်။ ဥပမာအားဖြင့် "ဘုတလင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာယီနေရပ် စွန့်ခွာသူ (၇) ဦးကို ပစ်ခတ်ဖမ်းဆီး၊ မြိုင်မြို့နယ်တွင် ယာခင်းထဲ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး ငါးဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွား” အစရှိသည့် သတင်းများအပါအဝင် လက်နက်ကိုင် သောင်းကျန်းသူများနှင့် အကြမ်းဖက် PDF များ၏ တိုက်ခိုက်မှုကြောင့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ အများအပြား ကျဆုံးခြင်း၊ ဖမ်းဆီးရမိခြင်းကဲ့သို့ သတင်းများကို ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် တစ်စိုက်မတ်မတ် ရေးသားလွှင့်တင်ခဲ့သည်။
သုံးသပ်ချက်
၆။	ခေတ်သစ်မီဒီယာ နေ့စဉ်သတင်းပုဒ်ရေ (၃၄) ခန့် ရေးသားလွှင့်တင်လျက်ရှိသော်လည်း သတင်း အများစုမှာ အကြောင်းအရာမျိုးစုံဖြင့် နေ့စဉ်ဆန္ဒပြနေသည့်သတင်းများ၊ အကြမ်းဖက် PDF များက စစ်ကြောင်းများကို တိုက်ခိုက်မှုနှင့် တပ်မတော်သား အများအပြား သေဆုံးရမှု၊ အုပ်ချုပ်ရေးမှူးများနှင့် အပြစ်မဲ့ပြည်သူများကို ဒလန်အမည်တပ်ကာ သတ်ဖြတ်မှုများနှင့် လက်နက်ကိုင်သောင်းကျန်းသူများ၏ တပ်စခန်းကို တိုက်ခိုက်မှုများသာဖြစ်သည်။
                     
                        
                    
                                                                        
                                                                    
၁။	BBC Burmese မီဒီယာအနေဖြင့်Follower (၂၅) သန်းကျော်ရှိပြီး (၂၁-၉-၂၀၂၄) ရက်မှ  (၂၀-၁၀-၂၀၂၄ )  ရက်အတွင်း တစ်ရက် ပျမ်းမျှ (၁၂)ပုဒ် လွှင့်တင်ခဲ့ကာ စုစုပေါင်းသတင်း (၃၆၂) ပုဒ် လွှင့်တင်ခဲ့ သည်ကို တွေ့ရှိရသည်။
၂။	BBC Burmese မီဒီယာအနေဖြင့် (၂၁-၉-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄) ရက်အတွင်း NUG / PDF နှင့်သက်ဆိုင်သည့် သတင်း(၃၈)ပုဒ်၊ ပဋိပက္ခအားပေး/လှုံ့ဆော်သည့် သတင်း (၁၄၄)ပုဒ်၊ အချက်အလက် မခိုင်မာသည့်သတင်းမှား (၄၁)ပုဒ်နှင့် အထွေထွေသတင်း(၁၃၉)ပုဒ်ရှိကြောင်း တွေ့ ရှိရသည်။
NUG / PDF နှင့် သက်ဆိုင်သည့်သတင်း
၃။	NUG / PDF နှင့် ပတ်သက်သည့် သတင်းများတွင် “ ဦးကျော်မိုးထွန်းကို ကုလဆိုင်ရာ မြန်မာကိုယ် စားလှယ်အဖြစ်ဆက်ပြီးခန့်အပ်ရေး အမေရိကန်နှင့်ဗြိတိန်ရောက်မြန်မာတွေတောင်းဆို” သတင်း၌ NUG ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်ထားရေးကို အမေရိကန်နှင့်ဗြိတိန်နိုင်ငံရှိ မြန်မာများက စက်တင်ဘာ (၂၁)ရက်က တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြောင်း  ဖော်ပြထားသည်။ “ဒေါ်ရွက်နုအောင်ရရှိတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆု NUG ဝန်ကြီးကိုယ်စားယူပေး ” စသည့် သတင်းများ ရေးသားဖော်ပြထားပြီး NUG ထောက်ခံသူများအား ပိုမိုထောက်ခံလာစေမည့် ရေးသားဖော် ပြချက်များဖြင့် လွှင့်တင်ဖော်ပြနေသည်ကို တွေ့ရှိရသည်။ 
ပဋိပက္ခအားပေး/လှုံ့ဆော်သည့်သတင်း
၄။	BBC Burmese မီဒီယာအနေဖြင့် သတင်းများတင်ဆက်ရာတွင် ပဋိပက္ခဖြစ်ပွားစေရန် တိုက်ရိုက် ရေးသား/တင်ဆက်ခြင်းမပြုသော်လည်း လိုရာဆွဲ၍ဖော်ပြသည့် တစ်ဖက်သတ် စကားသံများ၊ ပြောကြား ချက်များဖြင့် တိုင်းပြည်အတွင်း မငြိမ်မသက်ဖြစ်စေရန်နှင့် ပြည်သူများအကြား ပဋိပက္ခဖြစ်ပွားစေရန် အားပေးလှုံ့ဆော်သည့် အသွင်ဆောင်သော ရေးသား။တင်ဆက်မှုများကိုလွှင့်တင်ဖော်ပြသည်ကို တွေ့ရှိ ရသည်။ ဥပမာအားဖြင့် “သန်းခေါင်စာရင်းက အလုပ်အကိုင်နဲ့ မိသားစုအခြေအနေ မေးခွန်းတွေကြောင့် လူထုကြားစိုးရိမ်မှုတွေရှိနေ ” သတင်းတွင် (၂၀၂၄) သန်းခေါင်စာရင်း ကောက်ယူမှု၌ (၂၀၁၄)ထက် မေးခွန်း (၃၀) နီးပါး ထပ်တိုးမေးထားပြီး အလုပ်အကိုင်နှင့်မိသားစုအခြေအနေ အသေးစိတ်ကြောင့် CDM ဝန်ထမ်းများနှင့် တော်လှန်ရေးအဖွဲ့ဝင်ရှိသည့်မိသားစုများ စိုးရိမ်နေကြောင်း ၊ “PV ပတ်စ်ပို့နဲ့ ပြည်ပသွား ရောက်အလုပ်လုပ်တာကို စစ်ကောင်စီထပ်မံတားမြစ် ” သတင်းတွင် စစ်တပ်က အလည်အပတ်နိုင်ငံကူးလက်မှတ် PV နှင့် ပြည်ပ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် PJ တို့နှင့် ပတ်သက်ပြီး စည်းကမ်းမကိုက်ညီလျှင် လေဆိပ်ကနေ ပြန်လွှတ်သည်ဟု ပြောနေသော်လည်း လက်တွေ့တွင် စစ်မှုထမ်းဥပဒေနှင့် သတ်မှတ်ထားသည့် အသက်အရွယ်ရှိသူများကို ထွက်ခွာခွင့်မပြုကြောင်း စသည်ဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုနှင့် ပဋိပက္ခ ဖြစ်ပွားစေမည့် သတင်းများ လွှင့်တင်ဖော်ပြထားသည်ကို တွေ့ရှိရသည်။
အချက်အလက် မခိုင်မာသည့် သတင်းမှား/ လုပ်ကြံ သတင်း
၅။	BBC Burmese မီဒီယာအနေဖြင့် အချက်အလက်မခိုင်မာသည့် သတင်းမှားများ/လုပ်ကြံသတင်းများ၊ ကောလာဟလ သတင်းများကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်ပြီး တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်ရည်ရွယ်ကာ လိုရာဆွဲ၍ ဖန်တီးပုံဖော် ရေးသား/တင်ဆက်ထားသည်ကို တွေ့ရှိရသည်။ ဥပမာ “ မတ္တရာမှာစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တွေ အပါအဝင် (၇) ဦး သေဆုံး ” သတင်း တွင် မတ္တရာမြို့နယ်တွင်းက ကျေးရွာများကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများကြောင့် (၂) ရက်အတွင်း အရပ်သား (၇) ဦးသေဆုံးခဲ့ကြောင်း ၊ “ ဆန် (၁၀) အိတ်ထက် ပိုသယ်ခွင့်မရတဲ့ စစ်တောင်းမြစ်အရှေ့ခြမ်းက ရေဘေးသင့်ရွာတွေ ” သတင်း၊ “ ဘုတလင်မှာ စစ်တပ် စစ်ကြောင်းထိုးချိန် ဖမ်းဆီးသတ်ဖြတ်ခံရသူ ဒါဇင်နှင့်ချီရှိလာ” သတင်းစသည်ဖြင့် တိကျသေချာမှု မရှိ၊ အချက် အလက်မခိုင်မာ သည့် အကြောင်းအရာများနှင့် သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းများ ကို ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ 
(၂၁-၉-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄) ရက်အထိ သုံးသပ်ချက်
၆။	BBC Burmese မီဒီယာအနေဖြင့် (၂၁-၉-၂၀၂၄ )ရက်မှ (၂၀-၁၀-၂၀၂၄) ရက်အတွင်း လွှင့် တင်ခဲ့သည့်သတင်းများအနက် ပြည်သူများ စိတ်ဝင်စားစွာ ကြည့်ရှုမှုများ၌ “ ဖလော်ရီဒါမှာ လူသန်းနဲ့ချီ မုန်တိုင်းရှောင်”  ရုပ်သံသတင်းတွင် React  ပြုလုပ်သူ   (103 K) ၊ မှတ်ချက်ပြုသူ (1.2 K) နှင့် ကြည့်ရှုသူ  (2.1 M) ရှိကာ (၂၂.၈ %) ၊ “ တာကဲရုနဲ့ ပွဲအပြီး သန့်ဇင်ဘာပြောလဲ” ရုပ်သံသတင်းတွင် React  ပြုလုပ်သူ  (122 K)၊ မှတ်ချက်ပြုသူ  (2.6K)  နှင့် ကြည့်ရှုသူ ( 1.6 MK) ရှိပြီး (၂၂.၄ %)၊ “ ဂျပန် ဖိုက်တာတာကဲရုကို မြန်မာလက်ဝှေ့ ဖိုက်တာ သန့်ဇင် ဒိုင်ပွဲရပ်နှင့်ရှုံး ” ရုပ်သံသတင်းတွင် React ပြုလုပ် သူ(83 K) ၊ မှတ်ချက်ပြုသူ (13.3 K) နှင့် ကြည့်ရှုသူ (2.1 M) ရှိကာ (၁၇ %)  ထိ ပျံ့နှံ့မှုရှိကြောင်း တွေ့ရှိရသည်။ 
သုံးသပ်ချက်
၇။	BBC Burmese မီဒီယာအနေဖြင့် သတင်းများရေးသား/တင်ဆက်ရာတွင် အကြမ်းဖက် အားပေး NUG/PDF များ၏ လှုပ်ရှားမှုသတင်းများ၊ ပြည်သူများအထင်အမြင်လွဲမှားပြီး အေးချမ်းတည်ငြိမ်မှုကို ပျက်ပြားစေရန် သွယ်ဝိုက်လှုံ့ဆော်၍ တိကျခိုင်မာမှုမရှိသော သတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးတွင် လက်ရှိပကတိအခြေအနေထက် ပိုမိုဆိုးရွားနေသည့် ပုံစံမျိုးဖြစ်ပေါ်စေရန် ၎င်းတို့၏အာဘော်ဖြင့် လိုရာဆွဲယူရေးသားထုတ်လွှင့်လျက်ရှိသည်ကို တွေ့ရှိရသည်။
                                                             
                                                    
                                                                    
zawgyi version
BBC Burmese၊ Khit Thit  မီဒီယာတို႔၏ (၂၁-၉-၂၀၂၄) ရက္မွ (၂၀-၁၀-၂၀၂၄) ရက္အထိ သတင္းထုတ္လႊင့္မႈမ်ားအေပၚ စစ္တမ္းျပဳစုသုံးသပ္ျခင္း
NP News - ႏိုဝင္ဘာ ၁၉
၁။	ေခတ္သစ္မီဒီယာသည္ Follow ျပဳလုပ္သူ (၇.၇) သန္းရွိၿပီး (၂၀၂၄) ခုႏွစ္ စက္တင္ဘာလ (၂၁) ရက္မွ ေအာက္တိုဘာလ (၂၀) ရက္အထိ စုစုေပါင္းသတင္း (၁၀၂၂) ပုဒ္ တစ္ရက္လွ်င္ ပ်မ္းမွ် (၃၄) ပုဒ္ခန႔္ လႊင့္တင္ခဲ့ကာ ယခင္လထက္ သတင္းလႊင့္တင္မႈ ပိုမိုမ်ားျပားလာသည္။  
၂။	ေခတ္သစ္မီဒီယာအေနျဖင့္ NUG/PDF ႏွင့္ သက္ဆိုင္သည့္သတင္း (၂၉၆) ပုဒ္၊ ပဋိပကၡ အားေပး/လႈံ႕ေဆာ္သည့္သတင္း (၂၀၂) ပုဒ္ႏွင့္ အခ်က္အလက္ ခိုင္မာမႈမရွိသည့္ သတင္း (၄၇၃) ပုဒ္၊ အေထြေထြသတင္း (၅၁) ပုဒ္ လႊင့္တင္ခဲ့ၿပီး NUG/PDF အၾကမ္းဖက္မ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ မ်ား၏ လႈပ္ရွားမႈမ်ားႏွင့္ ပဋိပကၡ အားေပးသည့္သတင္းမ်ား အေလးေပး လႊင့္တင္ထားသည္။ ယင္းအျပင္ ဆႏၵျပမႈကဲ့သို႔ အေၾကာင္းအရာကို သတင္းလုပ္ကာ ဆူပူအုံႂကြလာေအာင္ ဝါဒမႈိင္းတိုက္ လႊင့္တင္လ်က္ရွိသည့္ အျပင္ ဆႏၵျပပြဲမ်ားတြင္ ကေလးငယ္မ်ားကို အသုံးခ်ေရးသားထားမႈမ်ားကိုလည္း ေတြ႕ရွိရသည္။ 
NUG/PDF  မ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ား၏ ေဆာင္႐ြက္မႈမ်ားကို အေလးေပးေရးသားမႈ 
၃။	ေခတ္သစ္မီဒီယာသည္ NUG/PDF မ်ားႏွင့္ အၾကမ္းဖက္တိုင္းရင္းသား လက္နက္ကိုင္မ်ား၏ အ ဖ်က္လုပ္ရပ္မ်ားကို ျပည္သူမ်ား အားေပးေထာက္ခံလာေစရန္၊ ပူးေပါင္းပါဝင္လာေစရန္ႏွင့္ ေထာက္ပံ့ လႉဒါန္းမႈမ်ား ျပဳလုပ္လာေစရန္ ရည္႐ြယ္ကာ အၾကမ္းဖက္ PDF မ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို ဖုံးကြယ္ကာ ေတာ္လွန္ေရးအမည္ခံ၍ အားေပးအားေျမႇာက္ျပဳလ်က္ ေရး သားလႊင့္တင္ေနသည့္ အၾကမ္းဖက္အားေပး မီဒီယာတစ္ခု ျဖစ္သည္။ ဥပမာအားျဖင့္“ ပန္ဝါၿမိဳ႕ကို KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက အၿပီးသတ္တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီး ၿမိဳ႕တြင္းသို႔စစ္ေၾကာင္းျဖင့္ ဝင္ေရာက္၊ ပင္လယ္ဘူးၿမိဳ႕ကို KIA ႏွင့္ PDF ပူးေပါင္း တပ္မ်ားက ဒုတိယအႀကိမ္ ျပန္လည္တိုက္ခိုက္ သိမ္းပိုက္ရရွိ၊ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကို ဒုခ်ဳပ္စိုးဝင္းေရာက္ရွိစဥ္ ဒ႐ုန္းႏွစ္စင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္၊ ကၫြတ္ကြင္းရွိ (၄၃၉) ပြိဳင့္တြင္ အထိုင္ခ်ထားေသာစစ္တပ္ကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ဟူ၍ ေရးသားထားသည္။
ပဋိပကၡအားေပး/လႈံ႕ေဆာ္ေရးသားမႈ
၄။	ပဋိပကၡအားေပး/လႈံ႕ေဆာ္မႈဟုဆိုရာတြင္ လူမ်ိဳးေရး၊ ဘာသာေရး၊ ႏိုင္ငံေရး အစရွိေသာ ထိခိုက္ လြယ္သည့္ အေၾကာင္းအရာမ်ားကို တိုင္းျပည္အတြင္း မၿငိမ္မသက္ျဖစ္ေစရန္ႏွင့္ အၾကမ္းဖက္မႈမ်ား ျဖစ္ပြား လာေစရန္ ရည္႐ြယ္ခ်က္ရွိရွိ တစ္ဖက္သတ္ အားေပး လႈံ႕ေဆာ္ေရးသား၊ တင္ဆက္ျခင္းမ်ိဳးကို ဆိုလိုသည္။ 
	ဥပမာအားျဖင့္ လားရႈိးၿမိဳ႕ႏွင့္ ရမခကို ျပန္သိမ္းရန္ စစ္တပ္က စစ္ေရးျပင္ဆင္ခိုင္းေနၿပီး မ်ားမၾကာမီ ထိုးစစ္စတင္ရန္ရွိ၊ လားရႈိးမွာ MNDAA ႏွင့္ လုံးဝမသက္ဆိုင္ေသာ နယ္ေျမျဖစ္၍ ျပန္ယူရမည္ဟု ၫႊန္ၾကားျပန္၊ ဦးစိုးဝင္းအမိန႔္ျဖင့္ ပြဲ႐ုံမ်ား၊ ဂိုေဒါင္မ်ား၊ ကုန္တိုက္မ်ားႏွင့္ ေဈးမ်ားအတြင္းမွ ထိုင္း၊ တ႐ုတ္ အပါအဝင္ ျပည္ပမွ တင္သြင္းေသာစားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္းမ်ားကို ဖမ္းဆီးသိမ္းယူ၊ ေလ ေၾကာင္းတိုက္ခိုက္မႈမ်ား အတြက္ အဓိကတာဝန္ေပးခံရသူ ဒုဗိုလ္မႉးႀကီး ညီေဇာ္ထက္၊ ဒုဗိုလ္မႉးႀကီးထြန္းလြင္ဦးႏွင့္ ဒုဗိုလ္မႉးႀကီး ေအာင္ေဌးတို႔ တရားမဝင္ေငြမ်ားျဖင့္ ခ်မ္းသာႂကြယ္ဝလာေန၊ လက္နက္ကိုင္ ေတာင္းဆိုမႈမ်ားကို လိုက္ေလ်ာ ေျဖရွင္းေပးရန္မရွိဘဲ ႏိုင္ငံတစ္ဝန္း ႏွိမ္နင္းေရး ဆက္လုပ္မည္ဟု ေၾကညာ” ဟူသည့္ သတင္းမ်ားအပါအဝင္ အၾကမ္းဖက္သမားမ်ား ထိန္းခ်ဳပ္ထားသည့္ နယ္ေျမမ်ားကို တပ္မေတာ္က ျပန္လည္ထိုးစစ္ဆင္သည္ကို တပ္မေတာ္က ၿမိဳ႕/႐ြာ မ်ားကို အေၾကာင္းမဲ့ ဗုံးႀကဲတိုက္ခိုက္ေနသေယာင္ လိုရာဆြဲယူ ေရးသားမႈမ်ားေတြ႕ရသည္။
အခ်က္အလက္ မခိုင္မာသည့္ သတင္းမွား/ လုပ္ႀကံ သတင္းေရးသားမႈ
၅။	ေခတ္သစ္မီဒီယာသည္ အခ်က္အလက္မခိုင္မာသည့္ သတင္းမွားမ်ား၊ လုပ္ႀကံသတင္းမ်ားႏွင့္ ေကာလာဟလသတင္းမ်ားအျဖစ္ ထိေတြ႕တိုက္ပြဲမ်ားတြင္ တပ္မေတာ္သား အမ်ားအျပားက်ဆုံးျခင္း၊ လက္နက္အမ်ားအျပား သိမ္းဆည္းရမိျခင္းတို႔ႏွင့္ပတ္သက္၍ တစ္စိတ္ကို တစ္အိတ္လုပ္ကာ ပုံႀကီးခ်ဲ႕ ေရးသားေလ့ရွိသကဲ့သို႔ တပ္မေတာ္သားမ်ားက ရပ္ကြက္/ေက်း႐ြာမ်ားကို မီးတင္ရႈိ႕ျခင္း၊ အျပစ္မဲ့ ျပည္သူမ်ားကို ဖမ္းဆီးသတ္ျဖတ္ျခင္း၊ ေပၚတာဆြဲျခင္း၊ အတင္း အဓမၼ စစ္မႈထမ္းေစျခင္း စသည့္အေၾကာင္းအ ရာမ်ိဳးစုံကို ေခါင္းစဥ္တပ္ကာ သတင္းအမွားမ်ား၊ လုပ္ႀကံသတင္းမ်ားကို တစ္စိုက္မတ္မတ္ ျဖန႔္ေဝေရးသား လ်က္ရွိသည္။ ဥပမာအားျဖင့္ "ဘုတလင္ၿမိဳ႕နယ္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ယာယီေနရပ္ စြန႔္ခြာသူ (၇) ဦးကို ပစ္ခတ္ဖမ္းဆီး၊ ၿမိဳင္ၿမိဳ႕နယ္တြင္ ယာခင္းထဲ အလုပ္လုပ္ကိုင္ေနသည့္ အမ်ိဳးသမီး ငါးဦးကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေခၚေဆာင္သြား” အစရွိသည့္ သတင္းမ်ားအပါအဝင္ လက္နက္ကိုင္ ေသာင္းက်န္းသူမ်ားႏွင့္ အၾကမ္းဖက္ PDF မ်ား၏ တိုက္ခိုက္မႈေၾကာင့္ တပ္မေတာ္သားမ်ား၊ ရဲတပ္ဖြဲ႕မ်ား အမ်ားအျပား က်ဆုံးျခင္း၊ ဖမ္းဆီးရမိျခင္းကဲ့သို႔ သတင္းမ်ားကို ျပည္သူမ်ား ထင္ေယာင္ထင္မွား ျဖစ္ေစရန္ တစ္စိုက္မတ္မတ္ ေရးသားလႊင့္တင္ခဲ့သည္။
သုံးသပ္ခ်က္
၆။	ေခတ္သစ္မီဒီယာ ေန႔စဥ္သတင္းပုဒ္ေရ (၃၄) ခန႔္ ေရးသားလႊင့္တင္လ်က္ရွိေသာ္လည္း သတင္း အမ်ားစုမွာ အေၾကာင္းအရာမ်ိဳးစုံျဖင့္ ေန႔စဥ္ဆႏၵျပေနသည့္သတင္းမ်ား၊ အၾကမ္းဖက္ PDF မ်ားက စစ္ေၾကာင္းမ်ားကို တိုက္ခိုက္မႈႏွင့္ တပ္မေတာ္သား အမ်ားအျပား ေသဆုံးရမႈ၊ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္ အျပစ္မဲ့ျပည္သူမ်ားကို ဒလန္အမည္တပ္ကာ သတ္ျဖတ္မႈမ်ားႏွင့္ လက္နက္ကိုင္ေသာင္းက်န္းသူမ်ား၏ တပ္စခန္းကို တိုက္ခိုက္မႈမ်ားသာျဖစ္သည္။
၁။	BBC Burmese မီဒီယာအေနျဖင့္Follower (၂၅) သန္းေက်ာ္ရွိၿပီး (၂၁-၉-၂၀၂၄) ရက္မွ  (၂၀-၁၀-၂၀၂၄ )  ရက္အတြင္း တစ္ရက္ ပ်မ္းမွ် (၁၂)ပုဒ္ လႊင့္တင္ခဲ့ကာ စုစုေပါင္းသတင္း (၃၆၂) ပုဒ္ လႊင့္တင္ခဲ့ သည္ကို ေတြ႕ရွိရသည္။
၂။	BBC Burmese မီဒီယာအေနျဖင့္ (၂၁-၉-၂၀၂၄) ရက္မွ (၂၀-၁၀-၂၀၂၄) ရက္အတြင္း NUG / PDF ႏွင့္သက္ဆိုင္သည့္ သတင္း(၃၈)ပုဒ္၊ ပဋိပကၡအားေပး/လႈံ႕ေဆာ္သည့္ သတင္း (၁၄၄)ပုဒ္၊ အခ်က္အလက္ မခိုင္မာသည့္သတင္းမွား (၄၁)ပုဒ္ႏွင့္ အေထြေထြသတင္း(၁၃၉)ပုဒ္ရွိေၾကာင္း ေတြ႕ ရွိရသည္။
NUG / PDF ႏွင့္ သက္ဆိုင္သည့္သတင္း
၃။	NUG / PDF ႏွင့္ ပတ္သက္သည့္ သတင္းမ်ားတြင္ “ ဦးေက်ာ္မိုးထြန္းကို ကုလဆိုင္ရာ ျမန္မာကိုယ္ စားလွယ္အျဖစ္ဆက္ၿပီးခန႔္အပ္ေရး အေမရိကန္ႏွင့္ၿဗိတိန္ေရာက္ျမန္မာေတြေတာင္းဆို” သတင္း၌ NUG ၏ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢဆိုင္ရာ ျမန္မာကိုယ္စားလွယ္အျဖစ္ ဆက္လက္ခန႔္ထားေရးကို အေမရိကန္ႏွင့္ၿဗိတိန္ႏိုင္ငံရွိ ျမန္မာမ်ားက စက္တင္ဘာ (၂၁)ရက္က ေတာင္းဆိုဆႏၵေဖာ္ထုတ္ခဲ့ေၾကာင္း  ေဖာ္ျပထားသည္။ “ေဒၚ႐ြက္ႏုေအာင္ရရွိတဲ့ ႏိုင္ငံတကာ လူ႔အခြင့္အေရးဆု NUG ဝန္ႀကီးကိုယ္စားယူေပး ” စသည့္ သတင္းမ်ား ေရးသားေဖာ္ျပထားၿပီး NUG ေထာက္ခံသူမ်ားအား ပိုမိုေထာက္ခံလာေစမည့္ ေရးသားေဖာ္ ျပခ်က္မ်ားျဖင့္ လႊင့္တင္ေဖာ္ျပေနသည္ကို ေတြ႕ရွိရသည္။ 
ပဋိပကၡအားေပး/လႈံ႕ေဆာ္သည့္သတင္း
၄။	BBC Burmese မီဒီယာအေနျဖင့္ သတင္းမ်ားတင္ဆက္ရာတြင္ ပဋိပကၡျဖစ္ပြားေစရန္ တိုက္႐ိုက္ ေရးသား/တင္ဆက္ျခင္းမျပဳေသာ္လည္း လိုရာဆြဲ၍ေဖာ္ျပသည့္ တစ္ဖက္သတ္ စကားသံမ်ား၊ ေျပာၾကား ခ်က္မ်ားျဖင့္ တိုင္းျပည္အတြင္း မၿငိမ္မသက္ျဖစ္ေစရန္ႏွင့္ ျပည္သူမ်ားအၾကား ပဋိပကၡျဖစ္ပြားေစရန္ အားေပးလႈံ႕ေဆာ္သည့္ အသြင္ေဆာင္ေသာ ေရးသား။တင္ဆက္မႈမ်ားကိုလႊင့္တင္ေဖာ္ျပသည္ကို ေတြ႕ရွိ ရသည္။ ဥပမာအားျဖင့္ “သန္းေခါင္စာရင္းက အလုပ္အကိုင္နဲ႔ မိသားစုအေျခအေန ေမးခြန္းေတြေၾကာင့္ လူထုၾကားစိုးရိမ္မႈေတြရွိေန ” သတင္းတြင္ (၂၀၂၄) သန္းေခါင္စာရင္း ေကာက္ယူမႈ၌ (၂၀၁၄)ထက္ ေမးခြန္း (၃၀) နီးပါး ထပ္တိုးေမးထားၿပီး အလုပ္အကိုင္ႏွင့္မိသားစုအေျခအေန အေသးစိတ္ေၾကာင့္ CDM ဝန္ထမ္းမ်ားႏွင့္ ေတာ္လွန္ေရးအဖြဲ႕ဝင္ရွိသည့္မိသားစုမ်ား စိုးရိမ္ေနေၾကာင္း ၊ “PV ပတ္စ္ပို႔နဲ႔ ျပည္ပသြား ေရာက္အလုပ္လုပ္တာကို စစ္ေကာင္စီထပ္မံတားျမစ္ ” သတင္းတြင္ စစ္တပ္က အလည္အပတ္ႏိုင္ငံကူးလက္မွတ္ PV ႏွင့္ ျပည္ပ အလုပ္အကိုင္ ႏိုင္ငံကူးလက္မွတ္ PJ တို႔ႏွင့္ ပတ္သက္ၿပီး စည္းကမ္းမကိုက္ညီလွ်င္ ေလဆိပ္ကေန ျပန္လႊတ္သည္ဟု ေျပာေနေသာ္လည္း လက္ေတြ႕တြင္ စစ္မႈထမ္းဥပေဒႏွင့္ သတ္မွတ္ထားသည့္ အသက္အ႐ြယ္ရွိသူမ်ားကို ထြက္ခြာခြင့္မျပဳေၾကာင္း စသည္ျဖင့္ ျပည္သူမ်ား စိုးရိမ္ထိတ္လန႔္မႈႏွင့္ ပဋိပကၡ ျဖစ္ပြားေစမည့္ သတင္းမ်ား လႊင့္တင္ေဖာ္ျပထားသည္ကို ေတြ႕ရွိရသည္။
အခ်က္အလက္ မခိုင္မာသည့္ သတင္းမွား/ လုပ္ႀကံ သတင္း
၅။	BBC Burmese မီဒီယာအေနျဖင့္ အခ်က္အလက္မခိုင္မာသည့္ သတင္းမွားမ်ား/လုပ္ႀကံသတင္းမ်ား၊ ေကာလာဟလ သတင္းမ်ားကို ျပည္သူမ်ား ထင္ေယာင္ထင္မွားျဖစ္ၿပီး တပ္မေတာ္အေပၚ အထင္အျမင္ လြဲမွားေစရန္ရည္႐ြယ္ကာ လိုရာဆြဲ၍ ဖန္တီးပုံေဖာ္ ေရးသား/တင္ဆက္ထားသည္ကို ေတြ႕ရွိရသည္။ ဥပမာ “ မတၱရာမွာစစ္တပ္ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ ကေလးငယ္ေတြ အပါအဝင္ (၇) ဦး ေသဆုံး ” သတင္း တြင္ မတၱရာၿမိဳ႕နယ္တြင္းက ေက်း႐ြာမ်ားကို စစ္တပ္က လက္နက္ႀကီး ျဖင့္ ပစ္ခတ္မႈမ်ားေၾကာင့္ (၂) ရက္အတြင္း အရပ္သား (၇) ဦးေသဆုံးခဲ့ေၾကာင္း ၊ “ ဆန္ (၁၀) အိတ္ထက္ ပိုသယ္ခြင့္မရတဲ့ စစ္ေတာင္းျမစ္အေရွ႕ျခမ္းက ေရေဘးသင့္႐ြာေတြ ” သတင္း၊ “ ဘုတလင္မွာ စစ္တပ္ စစ္ေၾကာင္းထိုးခ်ိန္ ဖမ္းဆီးသတ္ျဖတ္ခံရသူ ဒါဇင္ႏွင့္ခ်ီရွိလာ” သတင္းစသည္ျဖင့္ တိက်ေသခ်ာမႈ မရွိ၊ အခ်က္ အလက္မခိုင္မာ သည့္ အေၾကာင္းအရာမ်ားႏွင့္ သတင္းတု၊ သတင္းမွား၊ လုပ္ႀကံသတင္းမ်ား ကို ေရးသားေဖာ္ျပထားသည္ကို ေတြ႕ရွိရသည္။ 
(၂၁-၉-၂၀၂၄) ရက္မွ (၂၀-၁၀-၂၀၂၄) ရက္အထိ သုံးသပ္ခ်က္
၆။	BBC Burmese မီဒီယာအေနျဖင့္ (၂၁-၉-၂၀၂၄ )ရက္မွ (၂၀-၁၀-၂၀၂၄) ရက္အတြင္း လႊင့္ တင္ခဲ့သည့္သတင္းမ်ားအနက္ ျပည္သူမ်ား စိတ္ဝင္စားစြာ ၾကည့္ရႈမႈမ်ား၌ “ ဖေလာ္ရီဒါမွာ လူသန္းနဲ႔ခ်ီ မုန္တိုင္းေရွာင္”  ႐ုပ္သံသတင္းတြင္ React  ျပဳလုပ္သူ   (103 K) ၊ မွတ္ခ်က္ျပဳသူ (1.2 K) ႏွင့္ ၾကည့္ရႈသူ  (2.1 M) ရွိကာ (၂၂.၈ %) ၊ “ တာကဲ႐ုနဲ႔ ပြဲအၿပီး သန႔္ဇင္ဘာေျပာလဲ” ႐ုပ္သံသတင္းတြင္ React  ျပဳလုပ္သူ  (122 K)၊ မွတ္ခ်က္ျပဳသူ  (2.6K)  ႏွင့္ ၾကည့္ရႈသူ ( 1.6 MK) ရွိၿပီး (၂၂.၄ %)၊ “ ဂ်ပန္ ဖိုက္တာတာကဲ႐ုကို ျမန္မာလက္ေဝွ႔ ဖိုက္တာ သန႔္ဇင္ ဒိုင္ပြဲရပ္ႏွင့္ရႈံး ” ႐ုပ္သံသတင္းတြင္ React ျပဳလုပ္ သူ(83 K) ၊ မွတ္ခ်က္ျပဳသူ (13.3 K) ႏွင့္ ၾကည့္ရႈသူ (2.1 M) ရွိကာ (၁၇ %)  ထိ ပ်ံ႕ႏွံ႔မႈရွိေၾကာင္း ေတြ႕ရွိရသည္။ 
သုံးသပ္ခ်က္
၇။	BBC Burmese မီဒီယာအေနျဖင့္ သတင္းမ်ားေရးသား/တင္ဆက္ရာတြင္ အၾကမ္းဖက္ အားေပး NUG/PDF မ်ား၏ လႈပ္ရွားမႈသတင္းမ်ား၊ ျပည္သူမ်ားအထင္အျမင္လြဲမွားၿပီး ေအးခ်မ္းတည္ၿငိမ္မႈကို ပ်က္ျပားေစရန္ သြယ္ဝိုက္လႈံ႕ေဆာ္၍ တိက်ခိုင္မာမႈမရွိေသာ သတင္းမ်ား၊ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးအားလုံးတြင္ လက္ရွိပကတိအေျခအေနထက္ ပိုမိုဆိုး႐ြားေနသည့္ ပုံစံမ်ိဳးျဖစ္ေပၚေစရန္ ၎တို႔၏အာေဘာ္ျဖင့္ လိုရာဆြဲယူေရးသားထုတ္လႊင့္လ်က္ရွိသည္ကို ေတြ႕ရွိရသည္။