ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေ
2331
ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၂၁
ဝါကျွတ်ကာလရောက်ရှိလာသော်လည်း အိမ်ခြံမြေဈေးကွက်အတွင်း ပါမစ်မြေ၊ ဂရမ်မြေ နှစ်ခုစလုံး စည်ပင်စည်းကမ်းသစ်များကြောင့် အရောင်းအ ဝယ်အေးနေကြောင်း ရန်ကုန်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင်များထံမှသိရသည်။
“ခါတိုင်းဆိုရင် ဒဂုံမြို့သစ်လေးမြို့နယ်က အရောင်းအဝယ်အကောင်းဆုံးဘဲ။ အခုစည်ပင်မှာ ပြန်မှတ်ပုံတင်ရမယ်ဆိုတော့ အရောင်းအဝယ်ရပ်သွားတယ်။ အခွန်ဆောင်ခိုင်းတာတွေလည်းပါတယ်။ လတ်တလောနေမယ့်သူတွေလောက်ပဲ ရပ်ကွက်ထဲမှာ ပေ(၂၀) တွေ (၁၀)ပေတွေ ဝယ်နေတာများပါတယ်။ သိန်းတစ်ထောင်အထက် အိမ်ခြံမြေအားလုံး အေးနေပါတယ်” ဟု ရွှေမင်းသားအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှလုပ်ငန်းရှင်တစ်ဦးကပြော သည်။
လတ်တလော မြန်မာနိုင်ငံ၏အိမ်ခြံမြေလုပ်ငန်းအတွင်း အရောင်းအဝယ်နှင့်ပတ်သတ်သော အခွန်မူဝါဒများကိုလည်းပြောင်းလဲထားခြင်းကြောင့် သိန်း (၃ဝဝဝ)အထက် တန်ဖိုးမြင့်အိမ်ခြံမြေများအရောင်းအဝယ်နည်းပါးသွားကြောင်းသိရသည်။ ရန်ကုန်မြို့အတွင်း အိမ်ခြံမြေဈေးကွက်အရောင်းအ ဝယ်အေးနေသော်လည်း ကန်ထရိုက်တိုက်ခန်းနှင့် ကွန်ဒိုတိုက်ခန်းများ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) စသော လေးမြို့နယ်အနက် ဒဂုံအရှေ့ပိုင်း ၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ်ကွက်များမှ မြေကွက်အလွတ်များ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ပေ (၄၀X၆၀)လျှင် ငွေကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၁၀၀၀ ကျော်အထိ ပေါက် ဈေးအမျိုးမျိုး ရှိနေကြောင်း သိရသည်။
zawgyi version
ရန္ကုန္အိမ္ၿခံေျမေဈးကြက္အတြင္း အေရာင္းအဝယ္ ေအးေန
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၂၁
ဝါကြၽတ္ကာလေရာက္ရွိလာေသာ္လည္း အိမ္ၿခံေျမေဈးကြက္အတြင္း ပါမစ္ေျမ၊ ဂရမ္ေျမ ႏွစ္ခုစလုံး စည္ပင္စည္းကမ္းသစ္မ်ားေၾကာင့္ အေရာင္းအ ဝယ္ေအးေနေၾကာင္း ရန္ကုန္အေျခစိုက္ အိမ္ၿခံေျမလုပ္ငန္းရွင္မ်ားထံမွသိရသည္။
“ခါတိုင္းဆိုရင္ ဒဂုံၿမိဳ႕သစ္ေလးၿမိဳ႕နယ္က အေရာင္းအဝယ္အေကာင္းဆုံးဘဲ။ အခုစည္ပင္မွာ ျပန္မွတ္ပုံတင္ရမယ္ဆိုေတာ့ အေရာင္းအဝယ္ရပ္သြားတယ္။ အခြန္ေဆာင္ခိုင္းတာေတြလည္းပါတယ္။ လတ္တေလာေနမယ့္သူေတြေလာက္ပဲ ရပ္ကြက္ထဲမွာ ေပ(၂၀) ေတြ (၁၀)ေပေတြ ဝယ္ေနတာမ်ားပါတယ္။ သိန္းတစ္ေထာင္အထက္ အိမ္ၿခံေျမအားလုံး ေအးေနပါတယ္” ဟု ေ႐ႊမင္းသားအိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမွလုပ္ငန္းရွင္တစ္ဦးကေျပာ သည္။
လတ္တေလာ ျမန္မာႏိုင္ငံ၏အိမ္ၿခံေျမလုပ္ငန္းအတြင္း အေရာင္းအဝယ္ႏွင့္ပတ္သတ္ေသာ အခြန္မူဝါဒမ်ားကိုလည္းေျပာင္းလဲထားျခင္းေၾကာင့္ သိန္း (၃ဝဝဝ)အထက္ တန္ဖိုးျမင့္အိမ္ၿခံေျမမ်ားအေရာင္းအဝယ္နည္းပါးသြားေၾကာင္းသိရသည္။ ရန္ကုန္ၿမိဳ႕အတြင္း အိမ္ၿခံေျမေဈးကြက္အေရာင္းအ ဝယ္ေအးေနေသာ္လည္း ကန္ထ႐ိုက္တိုက္ခန္းႏွင့္ ကြန္ဒိုတိုက္ခန္းမ်ား အေရာင္းအဝယ္ပုံမွန္ရွိေနေၾကာင္း သိရသည္။
ရန္ကုန္တိုင္းအတြင္းရွိ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ႏွင့္ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း) စေသာ ေလးၿမိဳ႕နယ္အနက္ ဒဂုံအေရွ႕ပိုင္း ၁၂၈၊ ၁၂၉၊ ၁၃၀၊ ၁၃၂၊ ၁၃၃၊ ၁၅၆ ရပ္ကြက္မ်ားမွ ေျမကြက္အလြတ္မ်ား အေရာင္းအဝယ္ျဖစ္ေနေၾကာင္း သိရသည္။ ေပ (၄၀X၆၀)လွ်င္ ေငြက်ပ္သိန္း ၆၀၀ မွ က်ပ္သိန္း ၁၀၀၀ ေက်ာ္အထိ ေပါက္ ေဈးအမ်ိဳးမ်ိဳး ရွိေနေၾကာင္း သိရသည္။