‘‘၁ဝ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ရုပ်ရှင်မြို့တော်စီမံကိန်း’’

 294

EP (NP News) - နိုဝင်ဘာ ၂၅

‘‘NP News” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို ဖော်ပြ ပေးပါမယ်။
ဒီတစ်ပတ်အတွက် ‘‘(၁၀) နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ရုပ်ရှင်မြို့တော်စီမံကိန်း အကောင်အထည်ဖော်မှု၊ အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ကျန်းမာရေး၊ အနုပညာရှင် (၄) ဦးကို မင်္ဂလာဓမ္မဇောတိကဓဇဘွဲ့ တံဆိပ်တော်ပေး အပ်ချီးမြှင့် ’’ အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။

(၁၀ )နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ရုပ်ရှင်မြို့တော်စီမံကိန်း အကောင်အထည်ဖော်မှုအခြေအနေ
ဆယ်နှစ်ကျော်ကြာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ရုပ်ရှင်မြို့ တော်စီမံကိန်းရုပ်လုံးပေါ်စပြုလာ ပြီဖြစ်ပါတယ်။ ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် ရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူ တွေက သမ္မတဦးသိန်းစိန်လက်ထက် (၂၀၁၄)ခုနှစ် ဇူလိုင်လ (၁၂) ရက်မှာ ရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူတွေက နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံစဉ် မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရုပ်ရှင်လောကသားတို့ အတွက် ရုပ်ရှင်ခြံ (သို့) ရုပ်ရှင်မြို့တော်တည်ဆောက်ဖို့ မြေကွက်တောင်းခံခဲ့တာဖြစ်ကြောင်း သတင်းအချက် အလက်တွေအရ သိရပါတယ်။ သမ္မတဦးသိန်းစိန်ခွင့်ပြုချက်အရ (၂၀၁၄) ခုနှစ် ဇူလိုင်လအတွင်းမှာ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင် (၂၀)၊ (၄) ဖာလုံမှ ဧက (၂၀ဝ) ကျယ်ဝန်းတဲ့မြေကွက်ကို ရုပ်ရှင်မြို့တော်စီမံကိန်း အကောင်အထည်ဖော်ရာမှာ အသုံးပြုနိုင် စေဖို့ ခွင့်ပြုချက်ချပေးခဲ့ကြောင်းလည်းသိရပါတယ်။ ခွင့်ပြုချက်ရရှိပြီးနောက် အဆိုပါခြံအတွင်းရှိ သစ်ပင်၊ ချုံနွယ် ရှင်းလင်းတာ၊ လမ်းပန်းဆက်သွယ်ရေးအတွက် ပြင်ဆင်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ (၂၀၁၆) ခုနှစ် NLD အစိုးရလက်ထက်တစ်လျှောက် အဆိုပါ ရုပ်ရှင်မြို့တော်စီမံကိန်းကို ရပ်နားခဲ့ရတယ်လို့ ကြား သိရပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကအကောင်အထည်ဖော်မယ့် ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် ရုပ်ရှင် လောကသားတွေက များစွာမျှော်လင့်ခဲ့ကြပေမယ့် ဆယ်နှစ်ကျော်ကြာရပ်နားထားရပြီး ရုပ်လုံးမပေါ်လာသေးတဲ့ အခြေအနေတွေကြောင့် မျှော်လင့်ချက်မဲ့ခဲ့ကြရပါတယ်။
(၂၀၂၁) ခုနှစ်နောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရထံ အဆိုပါမြေနေရာကို ပြန်လည်လုပ်ကိုင် ခွင့်ရရှိဖို့ ရုပ်ရှင်အစည်းအရုံးက လျှောက်ထားတင်ပြခဲ့ကြကြောင်း သိရပါတယ်။ နစက အစိုးရ ဘက်ကလည်း (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် ရက်စွဲနဲ့ အဆိုပါ ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင် (၂၀)၊ (၄) ဖာလုံမှ ဧက (၂၀ဝ) ကျယ်ဝန်းတဲ့မြေနေရာကို ရုပ်ရှင်မြို့တော်စီမံကိန်းအတွက် ဆက်လက်တည်ဆောက်ဖို့ နှစ်ပေါင်း (၃၀)လုပ်ပိုင်ခွင့် ခွင့်ပြုချက်ချပေးခဲ့ပါတယ်။ ရုပ်ရှင်မြို့တော်စီမံကိန်းအကောင်အထည်ဖော်ရခြင်း ရည်ရွယ်ချက်မှာ ‘‘ရုပ်ရှင်လောကသားတို့အတွက် ရိုက်ကွင်းနေရာအခက်အခဲတွေ၊ ဇာတ်ဝင်ခန်းအပြင်အဆင် လိုအပ်ချက်တွေကို အချိန်ကုန်၊ ငွေကုန်သက်သာစေဖို့၊ လောကသားတွေ အလုပ်အကိုင်ပုံမှန်ရရှိစေဖို့၊ One Stop Service အဖြစ် တစ်နေရာတည်းမှာ ရုပ်ရှင် ဇာတ်ကားရိုက်ကူးမှု အပြည့်အစုံရရှိနိုင်စေဖို့အပြင် Disneyland လိုမျိုး ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်လည်ပတ် ကြည့်ရှုနိုင်တဲ့အထိရည်ရွယ်ထားကြောင်း” သိရပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရာမှာ အေဝမ်းခြံ၊ သုခုမခြံ၊ ရွှေမန်းခြံ၊ မန္တလေးရုပ်ရှင်ခြံ အစရှိတဲ့နေရာတွေ က နာမည်ကြီးအနုပညာဇာတ်ကားတွေရိုက်ကူးရာမှာအသုံးပြုလေ့ရှိတဲ့ နေအိမ်ခြံဝန်းတွေအဖြစ် ရပ်တည်ခဲ့ကြ တာပါ။ မြန်မာနိုင်ငံအစည်းအရုံးအနေနဲ့ကလည်း ရုပ်ရှင်မြို့တော်စီမံကိန်းအတွင်း အဆောက်အအုံပေါင်း (၃၀) ကျော်ကို တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအဆိုပါ‌ မြေဧက (၂၀ဝ) ကျော်မှာ ခြံပတ်လမ်း ဖောက်လုပ်ပြီး ကြောင်းနဲ့ အဝီစိတွင်းရေရရှိအောင် လုပ်ဆောင်ပြီးဖြစ်ကြောင်း ဦးအေးကြူလေးက အသိပေးထား ပါတယ်။ အခြားသော ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ လျှပ်စစ်မီးရရှိဖို့ကိုလည်း ဆက်လက်အကောင်အထည် ဖော်လျက်ရှိတယ်လို့ သိရပါတယ်။ ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုအတွက် ရုပ်ရှင်လောကသားတွေ ကိုယ်တိုင်လည်း ပူးပေါင်းပါဝင်ပေးကြဖို့လိုအပ်ကာ စိတ်ပါဝင်စားသူများကိုလည်း ကြိုဆိုလျက်ရှိကြောင်း အစည်းအရုံးတာဝန်ရှိသူများက ဖိတ်ခေါ်ထား ပါတယ်။

ရုတ်တရက်ဆေးရုံတင်လိုက်ရတဲ့ ထက်ထက်မိုးဦးရဲ့အဖြစ်
မင်းသမီးကြီးထက်ထက်မိုးဦး နိုဝင်ဘာလ(၂၀)ရက်က ရုတ်တရက် ဆေးရုံတက်လိုက်ရပါတယ်။ ရုတ်တရက် နှလုံးအောင့်လာတာကြောင့် မန္တလေးမြို့ မင်္ဂလာဆေးရုံမှာ ဆေးရုံတက်ကာ ဆေးကုသမှု ခံယူခဲ့ရတာ ပါ။
‘‘မင်္ဂလာဆေးရုံမှာ ဒီညတက်လိုက်ရတယ်။ ကောင်းသွားမှာပါ။ ရင်ဘတ် အရမ်းအောင့်လာတာရယ်၊ ဖျားတာရယ်။ အလုပ်တွေ ရုတ်တရက်ရပ်လိုက်ရတဲ့အတွက်လည်း တောင်းပန်ပါတယ်”လို့ Htet Htet Moe Oo ပေ့ချ်မှာ အသိပေးထားပါတယ်။ သူက မွေးရာပါ နှလုံးရောဂါအားနည်းသူဖြစ်ကာ အသည်းရောဂါ၊ အစာအိမ်ရောဂါ၊ ခါးနာရောဂါနဲ့ တခြားရောဂါဝေဒနာတွေကိုလည်းခံစားနေရပြီး အမြဲမပြတ် ဆေးထိုးဆေးသောက်ရင်းကုသနေ ရတာဖြစ်ပါတယ်။
ထက်ထက်မိုးဦး ရုတ်တရက် ဆေးရုံတက်လိုက်ရတဲ့သတင်းကြောင့် အနုပညာအသိုင်းအဝိုင်းက အနုပညာ ညီအစ်ကိုမောင်နှမတွေကလည်း စိတ်ပူစိုးရိမ်မိကြောင်း သတင်းမေးထားကြကာ သူရဲ့ပရိသတ်တွေကလည်း ကျန်းမာရေးကောင်းမွန်ပါစေကြောင်း ဆုတောင်းစကားတွေဆိုထားကြပါတယ်။
ထက်ထက်မိုးဦးက အသက်အရွယ်ရလာတဲ့အခါ နေမကောင်းဖြစ်ကာ ဆေးရုံတက်လိုက်/ဆင်းလိုက် နေထိုင်နေရ ပေမယ့်လည်း ဆေးရုံစရိတ်ရှာဖို့အတွက် အလုပ်ကို အားတင်းလုပ်ကိုင်နေရပြီဖြစ်ကြောင်း၊ လူတစ်ယောက်မှာ ကျန်းမာရေးက အင်မတန်ကိုအရေးကြီးကြောင်း၊ ကျန်းမာရေးကောင်းမှသာ ကိုယ်လုပ်ချင်တဲ့အရာတိုင်းကို လုပ်နိုင်မှာဖြစ်တာကြောင့် ကျန်းမာရေးဂရုစိုက်ကြဖို့လည်း သူရဲ့ပရိသတ်တွေကိုလည်း အမြဲမှာကြားလေ့ရှိပါ တယ်။
ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးကို သူရဲ့မိဘနှစ်ပါးက (၁၉၇၁)ခုနှစ် မေလ (၈) ရက်က မန္တလေးတိုင်း မိုးကုတ်မြို့မှာ မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်မှာ အသက်(၅၃)နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ အနုပညာလောက ထဲကို (၁၉၉၁)ခုနှစ် သူ့အသက် (၂၀) အရွယ်ကတည်းက စတင်ဝင်ရောက်ခဲ့ကာ အနုပညာသက်တမ်း (၂၃) နှစ်ကျော် ရှိလာပြီ ဖြစ်ပါတယ်။ အောင်မြင်မှုဂုဏ်ပုဒ်အရှိန်အဝါကို လက်ရှိအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ ပရိသတ်ချစ်ခင်မှုကို အပြည့်အဝရရှိနေတဲ့ထိပ်တန်းအနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းက အနုပညာရှင် (၄)ဦးကို မင်္ဂလာဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ပေးအပ် ချီးမြှင့်
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(YMBA)က ထပ်ဆင့် အကယ်ဒမီ ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီ စင်ရော်မောင်မောင်၊ အကယ်ဒမီ ခန့်စည်သူ၊ ထူးခန့်ကျော်အပါအဝင် ကဏ္ဍအသီးသီးမှ နိုင်ငံလူမှုအကျိုးပြုပုဂ္ဂိုလ်များကို (၂၀၂၄) ခုနှစ် နိုဝင်ဘာလ (၂၅) ရက် (အမျိုးသားနေ့)မှာ မင်္ဂလာဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ထူးခန့်ကျော်က ‘ယခုရရှိမည့်ဘွဲ့သည် ကျွန်တော့်ထံ ယုံကြည်စွာလာရောက်ကုသိုလ်ပေးကုသမှုခံယူကြ သော ဝေဒနာရှင်အမျိုးအပေါင်းသူတော်ကောင်းများနှင့် ကျွန်တော်ပြုလုပ်သမျှသော ကုသိုလ်တိုင်းသည် (၃၁) ဘုံကျင်လည် ကုန်သော လူနတ်ဗြဟ္မာသတ္တဝါအားလုံးအား ရည်ရွယ်ပါသည်’လို့ ထူးခန့်ကျော်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ကျေးဇူးတင်ဝမ်းသာမိကြောင်း အသိပေးဖော်ပြထားပါတယ်။
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီးက ဦးစီးဦးဆောင်ကာ (၁၃၈၆)ခုနှစ် တန်ဆောင် မုန်းလပြည့်ကျော်(၁၀) ရက်၊ (၂၀၂၄) ခုနှစ် နိုဝင်ဘာလ(၂၅)ရက်၊ တနင်္လာနေ့ နေ့လယ် (၁၂) နာရီအချိန်က တပ်မတော်ဓမ္မာရုံ(ရွှေတိဂုံဘုရားတောင်ဘက် မုခ်အနီး) ရန်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီမှာတင်ရပ်နားခွင့်ပြုပါ။

Zawgyi Version;
‘‘၁ဝ ႏွစ္ေက်ာ္ၾကာေနၿပီျဖစ္တဲ့ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္း’’
EP (NP News) - ႏိုဝင္ဘာ ၂၅

‘‘NP News” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို ေဖာ္ျပ ေပးပါမယ္။
ဒီတစ္ပတ္အတြက္ ‘‘(၁၀) ႏွစ္ေက်ာ္ၾကာေနၿပီျဖစ္တဲ့ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္း အေကာင္အထည္ေဖာ္မႈ၊ အကယ္ဒမီ ထက္ထက္မိုးဦးရဲ႕က်န္းမာေရး၊ အႏုပညာရွင္ (၄) ဦးကို မဂၤလာဓမၼေဇာတိကဓဇဘြဲ႕ တံဆိပ္ေတာ္ေပး အပ္ခ်ီးျမႇင့္ ’’ အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးပါမယ္။

(၁၀ )ႏွစ္ေက်ာ္ၾကာေနၿပီျဖစ္တဲ့ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္း အေကာင္အထည္ေဖာ္မႈအေျခအေန
ဆယ္ႏွစ္ေက်ာ္ၾကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနတဲ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕႐ုပ္ရွင္ၿမိဳ႕ ေတာ္စီမံကိန္း႐ုပ္လုံးေပၚစျပဳလာ ၿပီျဖစ္ပါတယ္။ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြက္ ႐ုပ္ရွင္အစည္းအ႐ုံးတာဝန္ရွိသူ ေတြက သမၼတဦးသိန္းစိန္လက္ထက္ (၂၀၁၄)ခုႏွစ္ ဇူလိုင္လ (၁၂) ရက္မွာ ႐ုပ္ရွင္အစည္းအ႐ုံးတာဝန္ရွိသူေတြက ႏိုင္ငံေတာ္သမၼတဦးသိန္းစိန္နဲ႔ေတြ႕ဆုံစဥ္ ျမန္မာ့႐ုပ္ရွင္ေလာကဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ ႐ုပ္ရွင္ေလာကသားတို႔ အတြက္ ႐ုပ္ရွင္ၿခံ (သို႔) ႐ုပ္ရွင္ၿမိဳ႕ေတာ္တည္ေဆာက္ဖို႔ ေျမကြက္ေတာင္းခံခဲ့တာျဖစ္ေၾကာင္း သတင္းအခ်က္ အလက္ေတြအရ သိရပါတယ္။ သမၼတဦးသိန္းစိန္ခြင့္ျပဳခ်က္အရ (၂၀၁၄) ခုႏွစ္ ဇူလိုင္လအတြင္းမွာ ျပန္ၾကားေရး ဝန္ႀကီး ဦးေအာင္ၾကည္နဲ႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္း မိုင္ (၂၀)၊ (၄) ဖာလုံမွ ဧက (၂၀ဝ) က်ယ္ဝန္းတဲ့ေျမကြက္ကို ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္း အေကာင္အထည္ေဖာ္ရာမွာ အသုံးျပဳႏိုင္ ေစဖို႔ ခြင့္ျပဳခ်က္ခ်ေပးခဲ့ေၾကာင္းလည္းသိရပါတယ္။ ခြင့္ျပဳခ်က္ရရွိၿပီးေနာက္ အဆိုပါၿခံအတြင္းရွိ သစ္ပင္၊ ခ်ဳံႏြယ္ ရွင္းလင္းတာ၊ လမ္းပန္းဆက္သြယ္ေရးအတြက္ ျပင္ဆင္တာေတြ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔သိရပါတယ္။ ဒါေပမဲ့ (၂၀၁၆) ခုႏွစ္ NLD အစိုးရလက္ထက္တစ္ေလွ်ာက္ အဆိုပါ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းကို ရပ္နားခဲ့ရတယ္လို႔ ၾကား သိရပါတယ္။
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကအေကာင္အထည္ေဖာ္မယ့္ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြက္ ႐ုပ္ရွင္ ေလာကသားေတြက မ်ားစြာေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဆယ္ႏွစ္ေက်ာ္ၾကာရပ္နားထားရၿပီး ႐ုပ္လုံးမေပၚလာေသးတဲ့ အေျခအေနေတြေၾကာင့္ ေမွ်ာ္လင့္ခ်က္မဲ့ခဲ့ၾကရပါတယ္။
(၂၀၂၁) ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရထံ အဆိုပါေျမေနရာကို ျပန္လည္လုပ္ကိုင္ ခြင့္ရရွိဖို႔ ႐ုပ္ရွင္အစည္းအ႐ုံးက ေလွ်ာက္ထားတင္ျပခဲ့ၾကေၾကာင္း သိရပါတယ္။ နစက အစိုးရ ဘက္ကလည္း (၂၀၂၄) ခုႏွစ္ ေဖေဖာ္ဝါရီလ (၂) ရက္ ရက္စြဲနဲ႔ အဆိုပါ ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္း မိုင္ (၂၀)၊ (၄) ဖာလုံမွ ဧက (၂၀ဝ) က်ယ္ဝန္းတဲ့ေျမေနရာကို ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြက္ ဆက္လက္တည္ေဆာက္ဖို႔ ႏွစ္ေပါင္း (၃၀)လုပ္ပိုင္ခြင့္ ခြင့္ျပဳခ်က္ခ်ေပးခဲ့ပါတယ္။ ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအေကာင္အထည္ေဖာ္ရျခင္း ရည္႐ြယ္ခ်က္မွာ ‘‘႐ုပ္ရွင္ေလာကသားတို႔အတြက္ ႐ိုက္ကြင္းေနရာအခက္အခဲေတြ၊ ဇာတ္ဝင္ခန္းအျပင္အဆင္ လိုအပ္ခ်က္ေတြကို အခ်ိန္ကုန္၊ ေငြကုန္သက္သာေစဖို႔၊ ေလာကသားေတြ အလုပ္အကိုင္ပုံမွန္ရရွိေစဖို႔၊ One Stop Service အျဖစ္ တစ္ေနရာတည္းမွာ ႐ုပ္ရွင္ ဇာတ္ကား႐ိုက္ကူးမႈ အျပည့္အစုံရရွိႏိုင္ေစဖို႔အျပင္ Disneyland လိုမ်ိဳး ကမာၻ႔လွည့္ခရီးသြားေတြ လာေရာက္လည္ပတ္ ၾကည့္ရႈႏိုင္တဲ့အထိရည္႐ြယ္ထားေၾကာင္း” သိရပါတယ္။
႐ုပ္ရွင္ဇာတ္ကားေတြ႐ိုက္ကူးရာမွာ ေအဝမ္းၿခံ၊ သုခုမၿခံ၊ ေ႐ႊမန္းၿခံ၊ မႏၲေလး႐ုပ္ရွင္ၿခံ အစရွိတဲ့ေနရာေတြ က နာမည္ႀကီးအႏုပညာဇာတ္ကားေတြ႐ိုက္ကူးရာမွာအသုံးျပဳေလ့ရွိတဲ့ ေနအိမ္ၿခံဝန္းေတြအျဖစ္ ရပ္တည္ခဲ့ၾက တာပါ။ ျမန္မာႏိုင္ငံအစည္းအ႐ုံးအေနနဲ႔ကလည္း ႐ုပ္ရွင္ၿမိဳ႕ေတာ္စီမံကိန္းအတြင္း အေဆာက္အအုံေပါင္း (၃၀) ေက်ာ္ကို တည္ေဆာက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိအဆိုပါ‌ ေျမဧက (၂၀ဝ) ေက်ာ္မွာ ၿခံပတ္လမ္း ေဖာက္လုပ္ၿပီး ေၾကာင္းနဲ႔ အဝီစိတြင္းေရရရွိေအာင္ လုပ္ေဆာင္ၿပီးျဖစ္ေၾကာင္း ဦးေအးၾကဴေလးက အသိေပးထား ပါတယ္။ အျခားေသာ ေဆာက္လုပ္ေရးလုပ္ငန္းစဥ္ေတြနဲ႔ လွ်ပ္စစ္မီးရရွိဖို႔ကိုလည္း ဆက္လက္အေကာင္အထည္ ေဖာ္လ်က္ရွိတယ္လို႔ သိရပါတယ္။ ႐ုပ္ရွင္ေလာကဖြံ႕ၿဖိဳးတိုးတက္ေရးႀကိဳးပမ္းမႈအတြက္ ႐ုပ္ရွင္ေလာကသားေတြ ကိုယ္တိုင္လည္း ပူးေပါင္းပါဝင္ေပးၾကဖို႔လိုအပ္ကာ စိတ္ပါဝင္စားသူမ်ားကိုလည္း ႀကိဳဆိုလ်က္ရွိေၾကာင္း အစည္းအ႐ုံးတာဝန္ရွိသူမ်ားက ဖိတ္ေခၚထား ပါတယ္။

႐ုတ္တရက္ေဆး႐ုံတင္လိုက္ရတဲ့ ထက္ထက္မိုးဦးရဲ႕အျဖစ္
မင္းသမီးႀကီးထက္ထက္မိုးဦး ႏိုဝင္ဘာလ(၂၀)ရက္က ႐ုတ္တရက္ ေဆး႐ုံတက္လိုက္ရပါတယ္။ ႐ုတ္တရက္ ႏွလုံးေအာင့္လာတာေၾကာင့္ မႏၲေလးၿမိဳ႕ မဂၤလာေဆး႐ုံမွာ ေဆး႐ုံတက္ကာ ေဆးကုသမႈ ခံယူခဲ့ရတာ ပါ။
‘‘မဂၤလာေဆး႐ုံမွာ ဒီညတက္လိုက္ရတယ္။ ေကာင္းသြားမွာပါ။ ရင္ဘတ္ အရမ္းေအာင့္လာတာရယ္၊ ဖ်ားတာရယ္။ အလုပ္ေတြ ႐ုတ္တရက္ရပ္လိုက္ရတဲ့အတြက္လည္း ေတာင္းပန္ပါတယ္”လို႔ Htet Htet Moe Oo ေပ့ခ်္မွာ အသိေပးထားပါတယ္။ သူက ေမြးရာပါ ႏွလုံးေရာဂါအားနည္းသူျဖစ္ကာ အသည္းေရာဂါ၊ အစာအိမ္ေရာဂါ၊ ခါးနာေရာဂါနဲ႔ တျခားေရာဂါေဝဒနာေတြကိုလည္းခံစားေနရၿပီး အၿမဲမျပတ္ ေဆးထိုးေဆးေသာက္ရင္းကုသေန ရတာျဖစ္ပါတယ္။
ထက္ထက္မိုးဦး ႐ုတ္တရက္ ေဆး႐ုံတက္လိုက္ရတဲ့သတင္းေၾကာင့္ အႏုပညာအသိုင္းအဝိုင္းက အႏုပညာ ညီအစ္ကိုေမာင္ႏွမေတြကလည္း စိတ္ပူစိုးရိမ္မိေၾကာင္း သတင္းေမးထားၾကကာ သူရဲ႕ပရိသတ္ေတြကလည္း က်န္းမာေရးေကာင္းမြန္ပါေစေၾကာင္း ဆုေတာင္းစကားေတြဆိုထားၾကပါတယ္။
ထက္ထက္မိုးဦးက အသက္အ႐ြယ္ရလာတဲ့အခါ ေနမေကာင္းျဖစ္ကာ ေဆး႐ုံတက္လိုက္/ဆင္းလိုက္ ေနထိုင္ေနရ ေပမယ့္လည္း ေဆး႐ုံစရိတ္ရွာဖို႔အတြက္ အလုပ္ကို အားတင္းလုပ္ကိုင္ေနရၿပီျဖစ္ေၾကာင္း၊ လူတစ္ေယာက္မွာ က်န္းမာေရးက အင္မတန္ကိုအေရးႀကီးေၾကာင္း၊ က်န္းမာေရးေကာင္းမွသာ ကိုယ္လုပ္ခ်င္တဲ့အရာတိုင္းကို လုပ္ႏိုင္မွာျဖစ္တာေၾကာင့္ က်န္းမာေရးဂ႐ုစိုက္ၾကဖို႔လည္း သူရဲ႕ပရိသတ္ေတြကိုလည္း အၿမဲမွာၾကားေလ့ရွိပါ တယ္။
႐ုပ္ရွင္သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးကို သူရဲ႕မိဘႏွစ္ပါးက (၁၉၇၁)ခုႏွစ္ ေမလ (၈) ရက္က မႏၲေလးတိုင္း မိုးကုတ္ၿမိဳ႕မွာ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး၊ လက္ရွိအခ်ိန္မွာ အသက္(၅၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ပါတယ္။ အႏုပညာေလာက ထဲကို (၁၉၉၁)ခုႏွစ္ သူ႔အသက္ (၂၀) အ႐ြယ္ကတည္းက စတင္ဝင္ေရာက္ခဲ့ကာ အႏုပညာသက္တမ္း (၂၃) ႏွစ္ေက်ာ္ ရွိလာၿပီ ျဖစ္ပါတယ္။ ေအာင္ျမင္မႈဂုဏ္ပုဒ္အရွိန္အဝါကို လက္ရွိအခ်ိန္ထိ ထိန္းသိမ္းထားႏိုင္ဆဲျဖစ္ကာ ပရိသတ္ခ်စ္ခင္မႈကို အျပည့္အဝရရွိေနတဲ့ထိပ္တန္းအႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။

ဗုဒၶဘာသာကလ်ာဏယုဝအသင္းက အႏုပညာရွင္ (၄)ဦးကို မဂၤလာဓမၼေဇာတိကဓဇဘြဲ႕တံဆိပ္ေတာ္ေပးအပ္ ခ်ီးျမႇင့္
အမ်ိဳးသားေအာင္ပြဲေန႔အထိမ္းအမွတ္အျဖစ္ ဗုဒၶဘာသာကလ်ာဏယုဝအသင္းႀကီး(YMBA)က ထပ္ဆင့္ အကယ္ဒမီ ရန္ေအာင္၊ ထပ္ဆင့္အကယ္ဒမီ စင္ေရာ္ေမာင္ေမာင္၊ အကယ္ဒမီ ခန႔္စည္သူ၊ ထူးခန႔္ေက်ာ္အပါအဝင္ က႑အသီးသီးမွ ႏိုင္ငံလူမႈအက်ိဳးျပဳပုဂၢိဳလ္မ်ားကို (၂၀၂၄) ခုႏွစ္ ႏိုဝင္ဘာလ (၂၅) ရက္ (အမ်ိဳးသားေန႔)မွာ မဂၤလာဓမၼ ေဇာတိကဓဇ ဘြဲ႕တံဆိပ္ေတာ္မ်ား ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။
ထူးခန႔္ေက်ာ္က ‘ယခုရရွိမည့္ဘြဲ႕သည္ ကြၽန္ေတာ့္ထံ ယုံၾကည္စြာလာေရာက္ကုသိုလ္ေပးကုသမႈခံယူၾက ေသာ ေဝဒနာရွင္အမ်ိဳးအေပါင္းသူေတာ္ေကာင္းမ်ားႏွင့္ ကြၽန္ေတာ္ျပဳလုပ္သမွ်ေသာ ကုသိုလ္တိုင္းသည္ (၃၁) ဘုံက်င္လည္ ကုန္ေသာ လူနတ္ျဗဟၼာသတၱဝါအားလုံးအား ရည္႐ြယ္ပါသည္’လို႔ ထူးခန႔္ေက်ာ္က ၎ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေက်းဇူးတင္ဝမ္းသာမိေၾကာင္း အသိေပးေဖာ္ျပထားပါတယ္။
(၁၀၄)ႏွစ္ေျမာက္ အမ်ိဳးသားေအာင္ပြဲေန႔အထိမ္းအမွတ္အခမ္းအနားကို ဗုဒၶဘာသာကလ်ာဏယုဝ အသင္းႀကီးက ဦးစီးဦးေဆာင္ကာ (၁၃၈၆)ခုႏွစ္ တန္ေဆာင္ မုန္းလျပည့္ေက်ာ္(၁၀) ရက္၊ (၂၀၂၄) ခုႏွစ္ ႏိုဝင္ဘာလ(၂၅)ရက္၊ တနလၤာေန႔ ေန႔လယ္ (၁၂) နာရီအခ်ိန္က တပ္မေတာ္ဓမၼာ႐ုံ(ေ႐ႊတိဂုံဘုရားေတာင္ဘက္ မုခ္အနီး) ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ့တာျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီမွာတင္ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.