အဆင့်(၁)နေရာကို အယ်လ်ဘမ်(၆)ခုနှင့်အတူ Billboard တွင် သမိုင်းတစ်ခုဖန်တီးနိုင်ခဲ့သည့် Stray Kids အဖွဲ့
153
Pika (NP News) - ဒီဇင်ဘာ ၂၆
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ Stray Kids သည် ကမ္ဘာ့အကြီးဆုံးဂီတ ဈေးကွက်ဖြစ်သော အမေရိကန်နိုင်ငံရှိ Billboard 200 ဇယားတွင် အောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့ဂီတသမိုင်းတွင် နေရာတစ်ခုမှာ အခိုင်အမာရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
Billboard ၏ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ(၁၃)ရက်တွင် ထွက်ရှိလာခဲ့သော Stray Kids အဖွဲ့၏ နောက်ဆုံးထွက်ရှိထားသည့် အယ်လ်ဘမ် SKZHOP HIPTAPE ‘合 (HOP)’ သည် ဒီဇင်ဘာလ(၂၈)ရက် ရက်စွဲဖြင့် Billboard 200 ဇယားတွင် အဆင့်(၁)နေရာဖြင့် ပွဲဦးထွက်လာခဲ့ကြောင်း သိရသည်။ အဆိုပါအယ်လ်ဘမ်သည် ထွက်ရှိခဲ့သည့် ပထမဆုံးသီတင်းပတ်အတွင်းတွင် အချပ်ရေ(၁၈၇၀၀၀)ခန့် ရောင်းချခဲ့ရပြီး Billboard 200 ဇယားတွင် Stray Kidsအဖွဲ့၏ ခြောက်ခုမြောက် အဆင့်(၁)အယ်လ်ဘမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် Stray Kids အဖွဲ့သည် Billboard 200 ဇယား၏ (၆၉)နှစ်ကြာသမိုင်းတွင် အဆင့်(၁) နေရာ၌ရပ်တည်နိုင်ခဲ့သည့် အယ်လ်ဘမ်ခြောက်ခုဆက်တိုက်ထွက်ရှိခဲ့သော ပထမဆုံးအဖွဲ့ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။ အဆိုပါမှတ်တိုင်ကို ရရှိမှုနှင့်အတူ Stray Kids အဖွဲ့သည် (၂၀၀၀)ခုနှစ်များအတွင်း အဆင့်(၁)နေရာအများဆုံးရရှိခဲ့သော အဖွဲ့များဖြစ်ကြသည့် BTS၊ Linkin Park နှင့် Dave Matthews Band တို့၏ အဆင့်များထဲတွင် ပါဝင်လာခဲ့ကြောင်း သိရသည်။ Stray Kids အဖွဲ့သည် (၂၀၂၂) ခုနှစ်တွင် ၎င်းတို့၏မီနီအယ်လ်ဘမ် ‘ODDINARY’ ဖြင့် Billboard 200 ဇယားတွင် အဆင့်(၁) နေရာကို ပထမဆုံးရယူနိုင်ခဲ့ခြင်းဖြစ်ပြီး BTS နှင့် SuperM အဖွဲ့တို့ပြီးနောက် အဆိုပါမှတ်တိုင်ကို ရရှိခဲ့သည့် တတိယမြောက် K-pop အဖွဲ့နှင့် ဒုတိယမြောက်တစ်ကိုယ်တော်အဖွဲ့ဖြစ်လာခဲ့ကြောင်း သိရသည်။
zawgyi version
အဆင့္(၁)ေနရာကို အယ္လ္ဘမ္(၆)ခုႏွင့္အတူ Billboard တြင္ သမိုင္းတစ္ခုဖန္တီးႏိုင္ခဲ့သည့္ Stray Kids အဖြဲ႕
Pika (NP News) - ဒီဇင္ဘာ ၂၆
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ Stray Kids သည္ ကမာၻ႔အႀကီးဆုံးဂီတ ေဈးကြက္ျဖစ္ေသာ အေမရိကန္ႏိုင္ငံရွိ Billboard 200 ဇယားတြင္ ေအာင္ျမင္မႈမ်ားကို ဆက္လက္ဆြတ္ခူးႏိုင္ခဲ့ၿပီး ကမာၻ႔ဂီတသမိုင္းတြင္ ေနရာတစ္ခုမွာ အခိုင္အမာရပ္တည္ႏိုင္ခဲ့ေၾကာင္းသိရသည္။
Billboard ၏ထုတ္ျပန္ခ်က္အရ ဒီဇင္ဘာလ(၁၃)ရက္တြင္ ထြက္ရွိလာခဲ့ေသာ Stray Kids အဖြဲ႕၏ ေနာက္ဆုံးထြက္ရွိထားသည့္ အယ္လ္ဘမ္ SKZHOP HIPTAPE ‘合 (HOP)’ သည္ ဒီဇင္ဘာလ(၂၈)ရက္ ရက္စြဲျဖင့္ Billboard 200 ဇယားတြင္ အဆင့္(၁)ေနရာျဖင့္ ပြဲဦးထြက္လာခဲ့ေၾကာင္း သိရသည္။ အဆိုပါအယ္လ္ဘမ္သည္ ထြက္ရွိခဲ့သည့္ ပထမဆုံးသီတင္းပတ္အတြင္းတြင္ အခ်ပ္ေရ(၁၈၇၀၀၀)ခန႔္ ေရာင္းခ်ခဲ့ရၿပီး Billboard 200 ဇယားတြင္ Stray Kidsအဖြဲ႕၏ ေျခာက္ခုေျမာက္ အဆင့္(၁)အယ္လ္ဘမ္အျဖစ္ မွတ္တမ္းဝင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ Stray Kids အဖြဲ႕သည္ Billboard 200 ဇယား၏ (၆၉)ႏွစ္ၾကာသမိုင္းတြင္ အဆင့္(၁) ေနရာ၌ရပ္တည္ႏိုင္ခဲ့သည့္ အယ္လ္ဘမ္ေျခာက္ခုဆက္တိုက္ထြက္ရွိခဲ့ေသာ ပထမဆုံးအဖြဲ႕ျဖစ္လာခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါမွတ္တိုင္ကို ရရွိမႈႏွင့္အတူ Stray Kids အဖြဲ႕သည္ (၂၀၀၀)ခုႏွစ္မ်ားအတြင္း အဆင့္(၁)ေနရာအမ်ားဆုံးရရွိခဲ့ေသာ အဖြဲ႕မ်ားျဖစ္ၾကသည့္ BTS၊ Linkin Park ႏွင့္ Dave Matthews Band တို႔၏ အဆင့္မ်ားထဲတြင္ ပါဝင္လာခဲ့ေၾကာင္း သိရသည္။ Stray Kids အဖြဲ႕သည္ (၂၀၂၂) ခုႏွစ္တြင္ ၎တို႔၏မီနီအယ္လ္ဘမ္ ‘ODDINARY’ ျဖင့္ Billboard 200 ဇယားတြင္ အဆင့္(၁) ေနရာကို ပထမဆုံးရယူႏိုင္ခဲ့ျခင္းျဖစ္ၿပီး BTS ႏွင့္ SuperM အဖြဲ႕တို႔ၿပီးေနာက္ အဆိုပါမွတ္တိုင္ကို ရရွိခဲ့သည့္ တတိယေျမာက္ K-pop အဖြဲ႕ႏွင့္ ဒုတိယေျမာက္တစ္ကိုယ္ေတာ္အဖြဲ႕ျဖစ္လာခဲ့ေၾကာင္း သိရသည္။