မိုင်းကိုင်ရှိ SSPP တပ်စခန်း (၂)ခုကို RCSS က ဝင်ရောက်တိုက်ခိုက်ခဲ့ဟု ဆို
312
နာမူ (NP News) - နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ SSPP တပ်စခန်း (၂)ခုကို RCSS က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း SSPP က ၎င်းတို့၏လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် သတင်းထုတ်ပြန်ထားကြောင်း တွေ့မြင်ရသည်။
ဖြစ်စဉ်မှာ ယမန်နေ့( နိုဝင်ဘာ ၂၅ ရက်)၊ နံနက် ၅ နာရီခွဲအချိန်တွင် RCSS အဖွဲ့က မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာအနီးရှိ SSPP/SSA ၏ တပ်စခန်းငယ်နှစ်ခုကို တပ်ဖွဲ့အင်အား (၁၀၀)ကျော်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ RCSS စစ်ကြောင်းနှစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ပြီးနောက် SSPP/SSA တပ်သား(၄)ဦးကို ဖမ်းဆီးသွားကာ အဆိုပါစခန်းများမှ စခန်းသုံး မော်တော်ဆိုင်ကယ်(၄) စီး၊ ကားတစ်စီးတို့ကို ယူဆောင်သွားသည့်အပြင် စခန်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကျန်ရှိနေသည့် RCSS စစ်ကြောင်းတစ်ကြောင်းက ပန်ပွဲကျေးရွာ၊ ရွာကော်မတီဝင်တစ်ဦး၏ နေအိမ်ကို လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး နေအိမ်အတွင်းရှိအဖိုးတန် ရွှေငွေပစ္စည်းများ မွှေနှောက် ယူဆောင်သွားသည့်အပြင် အိမ်ရှင်ဖြစ်သူ ဦးကန်ခမ်းကို ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP/SSA တပ်ဖွဲ့ဝင် (၄) ဦးနှင့် ဒေသခံပြည်သူ(၁)ဦးတို့ကို ထပ်မံဖမ်းဆီးသွားသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့နောက် ပန်ပွဲကျေးရွာအနောက်ဖက်ရှိ ဒေသခံပြည်သူ ဒေါ်ရွှေယိင်း၏ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်များက ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ဆိုင်အတွင်းရှိ စားသောက်ဖွယ်ရာ ကုန်ပစ္စည်းများနှင့် ရွှေငွေများကိုလည်း ယူဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။ ရှမ်းပြည်သူလူ ထုတစ်ရပ်မှ မိမိတို့ရှမ်းတပ် နှစ်ဖွဲ့ အပစ်ရပ်ပြီး ပေါင်းစည်းနိုင်ရန် နှစ်ဖက်တပ် နှင့် တွေ့ဆုံညှိနှိုင်းရေးလုပ်ဆောင်နေစဥ် ကာလဖြစ်သည့်အတွက်ကြောင့် ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးအတွက် ရှေးရှုပြီး SSPP/SSA တပ်ဖွဲ့မှ နှစ်ဖက်တိုက်ပွဲများမဖြစ်ပွားစေရန် ထိန်းသိမ်းခဲ့ခြင်းကို RCSS တပ်ဖွဲ့မှ အခွင့်ကောင်းအဖြစ် အသုံးချကာ ယခုလို မိမိ တပ်စခန်းများ ၊ တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများကို တိုက်ခိုက်သတ်ဖြတ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားကြောင်း တွေ့မြင်ရသည်။
SSPP ၏ ထုတ်ပြန်ချက် ပို့စ်အောက်တွင် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအများအ ပြားက မှတ်ချက်များပေးထားခဲ့ရာ “ပြောတော့ မြောက်ပိုင်းမှာပဲ မဟာမိတ်တွေနဲ့ နေမှာဆို ဘာလို့ တောင်ပိုင်း ရောက်လာတာလဲ”၊ “ရှမ်းမြောက်ပိုင်းမှာ နေမယ်ဆိုပြီး ပထွေး TNLA၊ MNDAA က ရှမ်းမြို့တွေယူကုန်လို့ ရှမ်းတောင်ကို ရောက်လာတာမလား” စသည်ဖြင့် မှတ်ချက်များ ရေးသားထား သည်ကို တွေ့မြင်ရသည်။
zawgyi version
မိုင္းကိုင္ရွိ SSPP တပ္စခန္း (၂)ခုကို RCSS က ဝင္ေရာက္တိုက္ခိုက္ခဲ့ဟု ဆို
နာမူ (NP News) - ႏိုဝင္ဘာ ၂၆
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ မိုင္းကိုင္ၿမိဳ႕နယ္ရွိ SSPP တပ္စခန္း (၂)ခုကို RCSS က ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း SSPP က ၎တို႔၏လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ သတင္းထုတ္ျပန္ထားေၾကာင္း ေတြ႕ျမင္ရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔( ႏိုဝင္ဘာ ၂၅ ရက္)၊ နံနက္ ၅ နာရီခြဲအခ်ိန္တြင္ RCSS အဖြဲ႕က မိုင္းကိုင္ၿမိဳ႕နယ္၊ တုံေလာေက်း႐ြာအုပ္စု၊ ပန္ပြဲေက်း႐ြာအနီးရွိ SSPP/SSA ၏ တပ္စခန္းငယ္ႏွစ္ခုကို တပ္ဖြဲ႕အင္အား (၁၀၀)ေက်ာ္ျဖင့္ စစ္ေၾကာင္းသုံးေၾကာင္းခြဲ၍ ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ RCSS စစ္ေၾကာင္းႏွစ္ေၾကာင္းက ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ SSPP/SSA တပ္သား(၄)ဦးကို ဖမ္းဆီးသြားကာ အဆိုပါစခန္းမ်ားမွ စခန္းသုံး ေမာ္ေတာ္ဆိုင္ကယ္(၄) စီး၊ ကားတစ္စီးတို႔ကို ယူေဆာင္သြားသည့္အျပင္ စခန္းမ်ားကိုလည္း မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း၊ က်န္ရွိေနသည့္ RCSS စစ္ေၾကာင္းတစ္ေၾကာင္းက ပန္ပြဲေက်း႐ြာ၊ ႐ြာေကာ္မတီဝင္တစ္ဦး၏ ေနအိမ္ကို လက္နက္ႀကီး၊ လက္နက္ငယ္တို႔ျဖင့္ ပစ္ခတ္တိုက္ခိုက္ၿပီး ေနအိမ္အတြင္းရွိအဖိုးတန္ ေ႐ႊေငြပစၥည္းမ်ား ေမႊေႏွာက္ ယူေဆာင္သြားသည့္အျပင္ အိမ္ရွင္ျဖစ္သူ ဦးကန္ခမ္းကို ပစ္ခတ္သတ္ျဖတ္၍ ေနအိမ္ကို မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီးေနာက္ ပန္ပြဲေက်း႐ြာအတြင္းရွိ SSPP/SSA တပ္ဖြဲ႕ဝင္ (၄) ဦးႏွင့္ ေဒသခံျပည္သူ(၁)ဦးတို႔ကို ထပ္မံဖမ္းဆီးသြားသည္ဟု ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ထို႔ေနာက္ ပန္ပြဲေက်း႐ြာအေနာက္ဖက္ရွိ ေဒသခံျပည္သူ ေဒၚေ႐ႊယိင္း၏ ကုန္စုံဆိုင္ကို RCSS တပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္ေမႊေႏွာက္ဖ်က္ဆီးၿပီး ဆိုင္အတြင္းရွိ စားေသာက္ဖြယ္ရာ ကုန္ပစၥည္းမ်ားႏွင့္ ေ႐ႊေငြမ်ားကိုလည္း ယူေဆာင္သြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။ ရွမ္းျပည္သူလူ ထုတစ္ရပ္မွ မိမိတို႔ရွမ္းတပ္ ႏွစ္ဖြဲ႕ အပစ္ရပ္ၿပီး ေပါင္းစည္းႏိုင္ရန္ ႏွစ္ဖက္တပ္ ႏွင့္ ေတြ႕ဆုံညႇိႏႈိင္းေရးလုပ္ေဆာင္ေနစဥ္ ကာလျဖစ္သည့္အတြက္ေၾကာင့္ ရွမ္းတပ္ႏွစ္ဖြဲ႕ ေပါင္းစည္းႏိုင္ေရးအတြက္ ေရွးရႈၿပီး SSPP/SSA တပ္ဖြဲ႕မွ ႏွစ္ဖက္တိုက္ပြဲမ်ားမျဖစ္ပြားေစရန္ ထိန္းသိမ္းခဲ့ျခင္းကို RCSS တပ္ဖြဲ႕မွ အခြင့္ေကာင္းအျဖစ္ အသုံးခ်ကာ ယခုလို မိမိ တပ္စခန္းမ်ား ၊ တပ္ဖြဲ႕ဝင္မ်ား ႏွင့္ ေဒသခံျပည္သူမ်ားကို တိုက္ခိုက္သတ္ျဖတ္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားေၾကာင္း ေတြ႕ျမင္ရသည္။
SSPP ၏ ထုတ္ျပန္ခ်က္ ပို႔စ္ေအာက္တြင္ ေဖ့စ္ဘြတ္ခ္သုံးစြဲသူမ်ားအမ်ားအ ျပားက မွတ္ခ်က္မ်ားေပးထားခဲ့ရာ “ေျပာေတာ့ ေျမာက္ပိုင္းမွာပဲ မဟာမိတ္ေတြနဲ႔ ေနမွာဆို ဘာလို႔ ေတာင္ပိုင္း ေရာက္လာတာလဲ”၊ “ရွမ္းေျမာက္ပိုင္းမွာ ေနမယ္ဆိုၿပီး ပေထြး TNLA၊ MNDAA က ရွမ္းၿမိဳ႕ေတြယူကုန္လို႔ ရွမ္းေတာင္ကို ေရာက္လာတာမလား” စသည္ျဖင့္ မွတ္ခ်က္မ်ား ေရးသားထား သည္ကို ေတြ႕ျမင္ရသည္။