နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း BOT ဆိုင်ရာ လုပ်ငန်းအငြင်းပွားမှု စီရင်ထုံးနှင့် နိုင်ငံတော်၏နစ်နာဆုံးရှုံးမှု (ဆောင်းပါး)

 1124

ကျော်နု (NP News) - နိုဝင်ဘာ ၂၈

တရားစီရင်ရေးနှင့်တရားဥပဒေသည် နတ်စောင့်ခြင်းသာမှန်ကန်ခဲ့ပါက မှန်သောတရားအတိုင်းသာ ဖြစ်စေသင့်တော့၏။

ဤစာကား အခြားအတွက်မဟုတ်။ လက်ထဲသို့ ရောက်ရှိလာသော နိုင်ငံတော်နစ်နာဆုံးရှုံးမှုဟု ယူဆနိုင်သည့် စီမံကိန်းကြီးအကြောင်းနှင့် အမှုရင်ဆိုင်နေရဆဲ တရားစီရင်ရေးဆိုင်ရာ စာရွက်စာတမ်းများကြောင့်ပင်။ ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းမကြီးပေါ်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်းနှင့်ပတ်သက်၍ တရားစီ ရင်ရေးဆိုင်ရာကဏ္ဍ၏ စိတ်ဝင်စားဖွယ်ရာ နောက်ဆုံး ဆုံးဖြတ်ချက်များကို မကြာခင်လပိုင်းများအတွင်း လေ့လာခွင့်ရတော့မည်ဟုလည်း ဆိုချင်သည်။ နိုင်ငံတော် အကြီးအကဲများဖြစ်ကြသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ထံသို့ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း အဆင့်မြှင့်တင် ရေးစီမံကိန်းဆိုင်ရာအငြင်းပွားမှုနှင့်ပတ်သက်သည့် တိုင်ကြားစာတစ်စောင်က ရောက်ရှိခဲ့ပြီးပြီဟုလည်း မှန်းဆချင်မိသည်။ ဇာတ်လမ်းအစက ဤကဲ့သို့ဖြစ်၏။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၁) ခုနှစ် နိုဝင်ဘာလ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)၏ခွင့်ပြုချက်ဖြင့် ဦးတင်ထွန်းအောင် (Youth Force ကုမ္ပဏီ)က အမှတ်(၃၆)၊ ပြည်လမ်းနှင့် သံတမန်လမ်းထောင့်၊ ဒဂုံမြို့နယ်ရှိ နိုင်ငံ ခြားရေးဝန်ကြီးရုံးဟောင်းကို မတည်ရင်းနှီးငွေ ပမာဏဒေါ်လာ(၅ ဒသမ ၅)သန်းဖြင့် လုပ်ပိုင်ခွင့်ရခဲ့သည်။ ကနဦးငှားရမ်းသက်တမ်း(၂၉)နှစ်၊ MIC သက် တမ်းတိုးခွင့်ပြုချက်ရခဲ့ပါက (၁၄)နှစ် နှစ်ကြိမ်အပြင် ထပ်တိုး(၃)နှစ်ဖြင့် ပေါင်းနှစ်(၆၀)ဟု အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ စတုရန်းပေ(၇၄၅၅၀) သို့မဟုတ် (၁ ဒသမ ၇၁၁) ဧက ကျယ်ဝန်းသော အဆိုပါမြေနှင့် အဆောက်အအုံကို တည်ဆောက်၊ ဆောင်ရွက်၊ လွှဲပြောင်းခြင်း BOT စနစ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ထိုစဉ်ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဝင်းနှင့် ဦးတင်ထွန်းအောင်တို့က ဒီဇင်ဘာလ (၁၄)ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီးရုံး အဆောက်အအုံကို ရှေးမူမပျက်မွမ်းမံ၍ လွတ်လပ် သောမြေနေရာများ၌ Service Apartment အဆောက်အအုံအသစ်ကိုလည်းကောင်း၊ (၁၈)ထပ် မြင့်သော JUNE XI Business Centre & Service Apartment အဖြစ်လည်းကောင်း တည်ဆောက်သွားရန် ဦးတင်ထွန်းအောင်က လက်မှတ်ရေးထိုးခဲ့သည်။ ဆောက်လုပ်မည့်လုပ်ငန်းများ အချိန်မီပြီး စီးရန်အတွက် အာမခံငွေအဖြစ် ရင်းနှီးမြှုပ်နှံငွေ၏ (၁)ရာခိုင်နှုန်းနှင့်ညီမျှသော ကျပ်သိန်း(၅၀ဝ)ကို ထားရှိမည်ဖြစ်ကြောင်း၊ သုံးနှစ်အတွင်း လုပ်ငန်းမပြီး စီးပါက အဆိုပါ အာမခံငွေကို အိုးအိမ်ဦးစီးဌာနက သိမ်းယူနိုင်သည်ဟုဆိုသည်။ ထိုစာချုပ်ချုပ်ခဲ့သည့် အချိန်သည် (၂၀၁၁) ခုနှစ် ဒီဇင်ဘာလဖြစ်သည့်အ တွက် (၂၀၁၄)ခုနှစ်တွင် မဖြစ်မနေ ပြီးစီးနေရမည်ဟု ဆိုနိုင်သည်။

သို့သော် ယနေ့ (၂၀၂၄) ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းအထိ အဆိုပါအဆောက်အအုံက မည်သည့်လုပ်ငန်းမှ လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့်အပြင် တစ်နှစ်လျှင် ငှားရမ်းခငွေ ဒေါ်လာ(၁၂၅၁၈၆ ဒသမ ၇၀) ကို ပေးဆောင်နေခြင်း ရှိမရှိလည်း မသိရ တော့ပေ။ စာချုပ်ပါ အချက်တစ်ခုအရ ဦးတင်ထွန်းအောင်၏ Youth Force က အခြားသောကုမ္ပဏီ တစ်ခုနှင့် အိုးအိမ်ဦးစီးဌာန၏ သဘောတူညီချက်အတိုင်း အတူတွဲလုပ်ကိုင်ခွင့်ရှိနေသည်။ ထို့အတွက် ဦးတင်ထွန်းအောင်က မိတ်ဖက်ပါတနာအသစ် အဖြစ် ဦးရဲဝင်း(ရွှေသွေးကုမ္ပဏီ)နှင့် (၂၀၁၂) ခုနှစ် ဇူလိုင်လတွင် စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌ နှစ်ဦးသ ဘောတူ အကျိုးတူလုပ်ငန်းလုပ်ကိုင်ခြင်း စာချုပ်ချုပ်ဆိုခဲ့ကြပြန်သည်။ တစ်ဦးလျှင်(၅၀)ရာခိုင်နှုန်းစီ ရှယ်ယာသဘောစာချုပ်အရ ဦးရဲဝင်းက ဦးတင်ထွန်းအောင်၏ Youth Force ကုမ္ပဏီထံ ထိုခေတ်ငွေ ကျပ်သိန်း(၁၀ဝဝဝ)တိတိ ပေးအပ်ခဲ့သည်။ လွန်ခဲ့ သော (၁၂)နှစ်က ငွေကျပ်သိန်း(၁၀ဝဝဝ)သည် ရွှေ (၁၅)ပိဿာကျော်ဝယ်ယူနိုင်၏။ ထို့အတွက် ဦးရဲဝင်း က ၎င်းပိုင်ဆိုင်သော ရွှေထည်များကိုရောင်းချ၍ ရင်းနှီးမြှုပ်နှံငွေအဖြစ်ထည့်ဝင်ခြင်းဟုဆိုသည်။ ထို့နောက် ၎င်းတို့အတူတူ အဆောက်အအုံဆောက် လုပ်ခြင်းအချို့ စတင်ခဲ့ကြပုံရ၏။ ထိုသို့လုပ်ကိုင်နေစဉ်အတွင်း ဦးတင်ထွန်းအောင်က Continental Trading ကုမ္ပဏီမှ ဦးကိုကိုထူးဆိုသူနှင့် (၂၀၁၃) ခုနှစ် ဇန်နဝါရီလက ထပ်မံ လက်မှတ်ရေးထိုးခဲ့ပြန်သည်။ အဆိုပါလက်မှတ်ရေးထိုးမှု၌ တစ်နှစ်လျှင် ဒေါ်လာ (၁ ဒသမ ၁)သန်းတန် ငှားရမ်းမှုအဖြစ်ရေး သားထားကြပြီး ဦးရဲဝင်း ကလည်း သိရှိလက်ခံသည်ဟု ဆိုသည်။ ထို့နောက်တွင် နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း၏ အဆင့်မြှင့်တင်စီမံကိန်းကြီးက မည်သို့မည်ပုံမျှ ထူးခြားတိုးတက်လာသည်မမြင်ရဘဲ ဦးရဲဝင်းနှင့် ဦးတင်ထွန်းအောင်တို့အကြား တရားရင်ဆိုင်ရမှုများ ဖြစ်လာခဲ့သည်။ (၂၀၁၉) ခုနှစ် စီရင်ချက်အတွင်း၌ ဦးရဲဝင်းက ကျပ်သိန်း(၁၀ဝဝဝ)ပေးခဲ့ခြင်းလည်း မှန်ကန်ကြောင်း၊ ၎င်းကို ဦးတင်ထူးအောင်က လုပ် ငန်းမှဖယ်ရှားလိုသည့်သဘောဖြင့် မှတ်ပုံတင်စာချုပ် စာတမ်းပယ်ဖျက်ပေးစေလိုမှုဖြင့် တရားစွဲခဲ့ကြောင်း၊ ဦးရဲဝင်းဘက်ကလည်း ၎င်းနစ်နာဆုံးရှုံးရကြောင်း စသဖြင့် အမှုရင်ဆိုင်ရန်ဖြစ်လာခဲ့သည်။ စီရင်ချက် အရ ဦးရဲဝင်းရှုံးသည်။ ထိုသို့ ရှုံးရမှုသည် မမျှတဟု ဦးရဲဝင်းကခံယူသည့်အတွက်ကြောင့် အယူခံအဆင့် ဆင့်တက်၏။ သို့သော်လည်း (၂၀၂၄) ခုနှစ် ရောက်လာသည်အထိ အဆိုပါအမှုက ရှုပ်ထွေးနေဆဲဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးရုံး ဟောင်းသည်လည်း မည်သို့မျှ ရှေ့မတိုးနိုင်ဖြစ်ရသည်။ အိုးအိမ်စာချုပ်နှင့် MIC ဥပဒေအရဆိုလျှင် အဆိုပါ အဆောက် အအုံနှင့်မြေကို နိုင်ငံတော်က ပြန်သိမ်း၍ရနေသည်။ ဦးရဲဝင်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းတို့ထံ လိပ်မူသောတိုင်ကြားစာများကို (၂၀၂၂) ခုနှစ်နှင့် (၂၀၂၄)ခုနှစ်တို့တွင် ပေးပို့ခဲ့သည်ဟု ကြား သိရသည်။ ၎င်းအတွက် တရားမျှတမှုရှာဖွေပေးရန် ထိုသူနှစ်ဦးကသာ လုပ်နိုင်တော့မည်ဟု ရှုမြင်ယုံ ကြည်ထားပုံရ၏။
၎င်း၏တိုင်ကြားစာခေါင်းစီး၌ ‘‘ ပြည်ထောင်စုတရားလွှတ်တော်ချုပ် (၂၀၂၁) ခုနှစ် တရားမ အထွေထွေလျှောက်လွှာ (အထူး) အမှတ် (၂၈) အမှုနှင့်ပတ်သက်၍ ငွေကျပ်သိန်း(၁၀ဝဝဝ) ပေးသူက မနစ်နာဘဲ ငွေကျပ်သိန်း(၁၀ဝဝဝ)ယူသည့် လူက နစ်နာတယ်ဆိုပြီး အမိန့်ချမှတ်ထားပါသဖြင့် (၂၆- ဝ၈-၂၀၂၂)ရက်တွင် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ ပုဒ်မ(၂၀)၊ စာအမှတ် ၉၂/၁၅၈၇၊ ၆၅/ ၁၅၈၈ တင်ပြထားသည့်စာကို ယခုအချိန်အထိ အကျိုးအကြောင်းမသိရှိရသေးပါ ’’ဟု အစချီရေး သားထားပြီး တရားသူကြီးအမည်များထည့်၍ တရားဥပဒေအရ ပြန်လည်စိစစ်ပေးရန် ရည်ညွှန်း ထားသည်။ ဤစာအရ ဦးရဲဝင်းဘက်ကမှန်ကန်နေသည်ဟု မဆိုလိုချင်ပေ။ သို့သော်လည်း စိတ်ဝင်စားဖွယ်ကောင်း သော တရားစီရင်ရေးဆိုင်ရာပြဿနာ သို့မဟုတ် စီးပွားရေးအကျိုးအမြတ်ဆိုင်ရာပြဿနာတစ်ခုအဖြစ် ရှုမြင်မိသည်။ ထို့အတူ နိုင်ငံတော်အနေဖြင့် မူလငှား ရမ်းသူ ကုမ္ပဏီထံမှ နှစ်စဉ်ဒေါ်လာ တစ်သိန်းကျော်နှင့် အခြားသောအခွန်အခများ၊ စာချုပ်စာတမ်းကတိက ဝတ်များ မှန်ကန်စွာရရှိနေ မနေကို သိလိုနေမိပြန်သည်။ ‘‘ပုဒ်မ(၂၀)နဲ့တင်ထားတာကို အကောင်အထည်မဖော်ဘူး။ တကယ်ဆို အကောင်အထည်ဖော် ပေးရမှာပေါ့ဗျာ။ သုံးနှစ်ပြည့်လို့ Cancel ဖြစ်သွားရင် ကျွန်တော်က သွားပြီပေါ့။ ဖေဖော်ဝါရီ(၂၀၂၅)ဆိုရင် သုံးနှစ်ပြည့်ပြီ။ သူတို့က တမင်ရည်ရွယ်ချက်ရှိရှိ သုံး နှစ်ပြည့်သွား အောင် အချိန်ဆွဲနေတာလို့ ခံစားရတယ်’’ ဟု ဦးရဲ ဝင်းကပြောသည်။ သုံးနှစ်ပြည့်သည့်အချိန်၌ တရားစီရင်ရေး လုပ်ငန်းများ အလိုအလျောက်ပျက် ပြယ်သွားမည်ဖြစ်ပြီး ဦးရဲဝင်းဘက်က ငွေကျပ် သိန်း (၁၀ဝဝဝ)ကို ပြန်လည် ရရှိမည်လည်းဖြစ်သည်။ သို့သော် ခေတ်ကာလအခြေအနေနှင့် နစ်နာခဲ့ရမှုများ ကိုဖြစ်စေ၊ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်လိုသော်လည်း လုပ်ခွင့်မရခဲ့ခြင်းကိုဖြစ်စေ နှစ်သက်မှုမရှိဟု ဆိုသည်။ ‘‘အရင်တုန်းက ရွှေဈေးက ကျပ်(၆)သိန်း ကျော်ပဲရှိတယ်။ အခုက သိန်း(၆၀)ကျော်လေ။ ဆယ်ဆကွာသွားပြီ။ ကျွန်တော် အဲဒီတုန်းက ရွှေတွေ ရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ရတာ။ အမှုဖြစ်သွားတော့ စီးပွားပျက်မတတ်ပဲ။ အခုမှ ငွေသိန်း(၁၀ဝဝဝ) ပြန်ရတာမျိုးထက် နိုင်ငံတော်ရော ကျွန်တော်ပါ မနစ်နာစေချင်တာ”ဟု ဦးရဲဝင်းကပြောသည်။ (၁၈)ထပ်မြင့်သော ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အဆောက်အအုံနှင့် ရှေးဟောင်းအဆောက်အအုံကြီး အဆင့်မြှင့်တင် ရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ်ရှုမြင်ခဲ့ သော်လည်း လက်ရှိအချိန်အထိ မည်သည့်တိုးတက် ဖွံ့ဖြိုးမှုမှမမြင်ရခြင်းသည် နိုင်ငံတော်နစ်နာ သည်ဟု ၎င်းကခံယူသည်။ နိုင်ငံတော်က ဥပဒေအရ ပြန်သိမ်း မည်ဆိုလျှင်ပင် ပို၍သင့်တော်မည်ဟု ဦးရဲဝင်းက မှတ်ချက်ပေးသည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးရုံးဟောင်း အဆင့်မြှင့်တင်မှုစီမံကိန်းအတွက် ပေးဆပ်ခဲ့ ရသော ငွေကြေးနှင့် အချိန်ကာလ၊ တရားရင်ဆိုင်ခဲ့ရမှုများက နစ်နာမှုဟုလည်း ယတိပြတ်ပြောသည်။ နိုင်ငံ ခြားရေးဝန်ကြီးရုံး ဟောင်းနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သော တရားရင်ဆိုင်ခဲ့ရမှုတွင် ပါဝင်ဆုံးဖြတ်ခဲ့သော တရားသူကြီး အချို့၏ ဆုံးဖြတ်ချက်ကိုလည်းဘက် လိုက်မှုကင်း မကင်းနိုင်ငံသားရပိုင်ခွင့်ဘောင်အရ သံသယဖြစ်မိသည်ဟုဆိုသည်။

ဦးရဲဝင်း နှင့် တရား ပြိုင်ဘက်ဖြစ်သူ ဦးတင်ထွန်းအောင်(Youth Force) ကုမ္ပဏီထံသို့ဆက်သွယ်၍ အခြေအနေကို မေးမြန်းရန် ကြိုးစားကြည့်ဖြစ်သည်။ နိုဝင်ဘာ(၂၀) ရက်အထိ ဆက်သွယ်၍မရခဲ့ပေ။ သို့အတွက် ဦးတင်ထွန်းအောင်ဘက်မှ ဖြေကြားလာမည့်သတင်းစကားများကို မျှခြေသဘောဖြင့် ဖော်ပြပေးရန်ခက်ခဲသည်။ Youth Force ကုမ္ပဏီ၏ ဝက်ဘ် ဆိုက်တွင် တရား ဝင်ဖော်ပြထားသော အီးမေးလ်လိပ်စာ [email protected] သို့ ဆက်သွယ် မေးမြန်း ထားမှုတွင်လည်း ပေးပို့မေးမြန်းသည့် အီးမေးလ် နှစ်ခုလုံးကို (၂၄) နာရီမပြည့်မီ Blocked လုပ်ခံ လိုက်ရ၏။ မေးမြန်းခဲ့ သောမေးခွန်းများသည် ဤကဲ့ သို့သာ။ “ ဦးတင်ထွန်းအောင် Youth Force ကုမ္ပဏီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ခင်ဗျာ။ ကျွန်တော်က NP News မှဖြစ်ပါတယ်။ လူကြီးမင်းတို့ လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်လမ်း နိုင်ငံခြားရေး ဝန်ကြီးရုံးဟောင်းစီမံကိန်းနဲ့ပတ်သက်ပြီး သိလိုတာများရှိပါတယ်။ သတင်းမီဒီယာကျင့်ဝတ်ဥပဒေပုဒ်မ(၆) က-ခ အရ လေးစားစွာဆက်သွယ်ရခြင်းဖြစ်ပြီး (၂၄)နာရီ သို့မဟုတ် ဆောလျင်စွာအကြောင်းပြန်ပေးစေလိုပါတယ်။ မေးမြန်းလို သောမေးခွန်းမှာ (၁) MIC နှင့် အိုးအိမ်စာချုပ်ပါ သတ်မှတ်စည်းကမ်းအတိုင်း မည်သည့်အတွက်ကြောင့် လုပ်ငန်းမပြီးစီး နိုင်ခဲ့ရသနည်း။ (၂) ဥပဒေကြောင်းအရ လုပ်ငန်းရှယ်ယာရှင်အချို့နှင့် တရားရင်ဆိုင်ရမှုများရှိနေခဲ့သည်ဟု ကြားသိရ သည်။ ဥပဒေကြောင်းအရ အနိုင်ရထားသည်ဟုလည်း ကြားသိ ထားရပါသည်။ တရားပြိုင်ဘက်က အယူခံများထပ် တင်ထားပြီး နစ်နာမှုများအတွက် တိုင်ကြားချက်များ ထုတ်ထားသည်ဟုသိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားလိုသည်များရှိပါသလား။ ယခုဖော်ပြပါနှစ်ချက်ကိုသာလျှင် ကနဦးမေး မြန်းရ ခြင်းဖြစ်ပြီး ဖြေကြားမှုအပေါ်မူတည်၍ ဆက်လက်မေး မြန်းလိုသည်များရှိနေပါသည်။ လေးစားစွာဖြင့်” ဟူ ၍ပင်။ ဖြစ်စဉ်ကို အပြန်အလှန်သုံးသပ်ကြည့်မည်ဆိုပါက ပုဂ္ဂိုလ်(က)သည် အစိုးရထံမှ နိုင်ငံတော်ပိုင်အဆောက်အအုံနှင့်မြေကို BOT စနစ်ဖြင့် နှစ်ရှည်လုပ် ငန်းလုပ်ကိုင်ခွင့်ရခဲ့သည်။ မည်သို့မည်ပုံရခဲ့သည် မသိသော်လည်း ထိုခေတ်ထိုအခါက သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းနှင့် ကင်းမည့်ပုံမပေါ်။ ဦးစိုးသိန်းသည် ထိုစဉ်က တန်ခိုးဩဇာကြီးထွားခဲ့ပြီး ဝန်ကြီးအပြောင်း အရွှေ့များကိုပင်လျှင် နိုင်ငံတော်သမ္မတကိုယ်စား စီမံကွပ်ကဲခဲ့သူဟု နာမည်ထွက်သည်။ ဦးစိုးသိန်း တန်ခိုးထွားစဉ် ကာလများအတွင်း၌ နိုင်ငံပိုင်အဆောက်အအုံများ၊ မြေများကို ပုဂ္ဂလိကပိုင်ပြုရေးခေါင်း စဉ်အောက်မှတစ်ဆင့် လုပ်ငန်း ရှင်များစွာထံ လွှဲပြောင်း လုပ်ကိုင်ခွင့်ရစေခဲ့သူလည်းဖြစ်သည်။

ထိုအခွင့်အရေးဖြင့် လုပ်ငန်းရှင်များစွာက တန်ဖိုးကြီး သောမြေများကို တန်ဖိုးနည်းနည်းဖြင့် နှစ်(၃၀)ထက်မနည်းသော ရေရှည်လုပ်ပိုင်ခွင့်များရရှိခဲ့ကြပြီး ထိုဆုံးဖြတ်ချက် များကြောင့် ယနေ့ခေတ်မြေဈေးနှုန်းများနှင့်ယှဉ်လျှင် မေးခွန်းထုတ်စရာ များစွာရှိနေခဲ့သည်။ ထိုစဉ်က ရယူ ခဲ့ကြသောလုပ်ငန်းရှင်အသီးသီးကလည်း မူလရယူစဉ် စာချုပ်ပါစည်းကမ်းများအတိုင်း လုပ်ငန်းဖော် ဆောင်မှုများရှိ သကဲ့သို့ လုပ်ငန်းဖော် ဆောင်ခြင်းမရှိဘဲ ထပ်ဆင့်လှည့်ပြောင်းလုပ်ကိုင်စားသောက်မှုများ ရှိနေခဲ့သည်။ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို တင်ဒါပေးခဲ့ခြင်းလုပ်ငန်းစဉ်များကို တည်ဆဲအာဏာ ပိုင်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်စိစစ် သင့်သည်။ အချို့သည် တည်ဆဲအစိုးရအား သွယ်ဝိုက်၍ပုန်ကန် နေသူများရှိနေပြီး အချို့သည် တိုက်ရိုက်ပုန်ကန်ခြင်း များပင် လုပ်ခဲ့ဖူးသည်။ သို့အတွက်ကြောင့် နိုင်ငံတော်ကို မည်သည့်နည်းဖြင့်ပုန်ကန်သည်ဖြစ်စေ ထိုသူများကို သားရေပေါ်အိပ်၍ သားရေနားစားခွင့်မပြု သင့်ပေ။ ဦးတင်ထွန်းအောင်နှင့် အကျိုးတူလုပ်သူများ ၏အမှုသည်လည်း ပုဒ်မ(၂၀)အရ ပြန်လည်လျှောက် ထားမှုရှိခဲ့သည်ဆိုလျှင် အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြန်လည်စိစစ်သင့်၏။ ဦးတင်ထွန်းအောင်ဖြစ်စေ၊ ဦးရဲဝင်းဖြစ်စေ အခြားမည်သူဖြစ်စေ အမှန်ကို အမှန်အတိုင်းသာ ဖြစ်စေသင့်၊ ရစေသင့်သည်။ ထိုသူ နှစ်ဦး မှားသည်မှန်သည်ထက် နိုင်ငံတော်က ကြားထဲ မှနစ်နာမှုများရှိခဲ့သည်မှာ အမှန်ပင်။ နိုင်ငံတော်သည် ပုဂ္ဂိုလ်တစ်ဦးဦးကို ယုံကြည်စွာဖြင့် နိုင်ငံပိုင်ပစ္စည်း တစ်ခုခုကို ငှားရမ်းလုပ်ပိုင်ခွင့်ပေးထားသည်ဆိုလျှင် မည်သည့် ပြဿနာပေါ်ပေါက်သည်ဖြစ်စေ မူလငှား ရမ်းစဉ်ပါရှိလာသည့် စာချုပ်အတိုင်းသာ မူလငှား ရမ်းသူက လုပ်ပေးရမည့် တာဝန်ရှိသည် မဟုတ်ပါလော။ အမှုအခင်းဖြစ်နေခြင်းကြောင့်ဆိုသော ခေါင်းစဉ်ဖြင့် စာချုပ်ပါစည်းကမ်းများကို ရှောင်ရှားမည်ဆိုပါက ထိုအရေးသည် နိုင်ငံတော်အား လက်တစ်လုံးခြား လိမ်လည်မှုမမြောက်ပါသလော။ ထို့အတူ နိုင်ငံတော် နှင့်ချုပ်ဆိုထားသော စာချုပ်ပါစည်းကမ်းများကို လိုက်နာလုပ်ဆောင်ပေးခြင်းမရှိသည့် လူပုဂ္ဂိုလ်တစ်ဦးဦး အဖွဲ့အစည်းတစ်ခုခုဘက်မှနေ၍ တရားသူကြီးများက ဆုံးဖြတ်ပေးခွင့်ရှိပါသလော။ ဆိုလိုရင်းသည် ထိုကဲ့သို့ဆုံးဖြတ်နေသည်ဟုမရည်ရွယ်ပါ။ သတင်းမီ ဒီယာကျင့်ဝတ်ဥပဒေအရ မေးခွန်းထုတ်ခွင့်ရှိခြင်းကို အသုံးပြုခြင်း သာဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာ တရားသူကြီးများ၏ တရားဥပဒေစီရင်ထုံးနှင့် ဆင်ခြင်တုံတရားကိုသာ လေ့လာမှုပြုမည်ဖြစ်၏။ ဦးတင်ထွန်းအောင် မှန်ကန်ခြင်း မမှန်ကန်ခြင်း၊ ဦးရဲဝင်းနစ် နာနေခြင်း သို့မဟုတ် မှားယွင်းနေခြင်းများသည် တရားသူကြီးများကသာ စီရင်ထုံးနှင့် ဆင်ခြင်တုံတရား ကို အခြေခံဆုံးဖြတ်ကြရမည်ဖြစ်ပြီး သတင်းစာ ဆရာများအနေဖြင့် မေးခွန်းထုတ်ခြင်းကိုသာ လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အတွက် မေးခွန်းထုတ်ခြင်း ဖြစ်ပြီး နိုင်ငံတော်၏နစ်နာမှုကို ဖော်ထုတ်ရမည်မှာလည်း အမှန်ပင်ဖြစ်၏။ တရားစီရင်ရေးနှင့်ဥပဒေသည် ပြဋ္ဌာန်း ထားချက်များနှင့်လျှောက်လဲချက်များကို အခြေခံသည်ဆိုသော်လည်း တရားသူကြီးများ၏ ဆင်ခြင်တုံတရားနှင့် မျှခြေ စဉ်းစားပေးမှုက အခရာကျနေသည်။ “ တရားသူကြီးများ၏ဆင်ခြင်တုံတရား အလွှာပါးသလား” အမည်ရှိဆောင်းပါး ကိုသာ NP News ဝက်ဘ်ဆိုက်၌ သွားရောက်ဖတ်ရှုစေလိုတော့ ၏။ ထိုဆောင်းပါးအတွင်း၌ ပါရှိသောအချက်တစ်ချက် သည်ကား ဤသို့ပင်။ “တကယ်တော့ တရားစီရင် တယ်ဆိုတာဟာလေ။ တကယ့်အမှန်တရားကို တရားသူကြီးက မသိဘူး။ မသိတဲ့သူတွေကို ထိုင်ပြီးတော့ တရားစီရင်ခိုင်းတာ။ အခင်းဖြစ်ရပ်ဖြစ်တဲ့အချိန်မှာ မရှိတဲ့သူက ရှေ့နေအဖြစ် လိုက်ရတာ။ ဖြစ်တဲ့အချိန် တုန်းကမရှိတဲ့လူက အစိုးရရှေ့နေအဖြစ်လိုက်ရတာ။ ဉာဏ်နဲ့ပဲ ဒီအမှုကိုတည်ဆောက်ပြီး တော့ ဘယ်လိုဖြစ်ဖွယ်ရာရှိတယ်လို့ပြောကြတာမျိုးပါ။ တရားသူ ကြီးကလည်း ငါကလည်း ဒီလိုထင်တယ်ဆိုပြီးတော့ ထင်မြင်ချက်နဲ့ချတာပါပဲ”ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်ဟောင်း ဦးမြသိန်းက ပြောထား သည်။ သို့ဆိုလျှင် နိုင်ငံခြားရေးဝန်ကြီးရုံး ဟောင်းနှင့်ဆက်စပ်သောအမှုတွင် အမှန်တကယ်နစ် နာနေသူသည် နိုင်ငံတော်အစိုးရသာဖြစ်သည်ဟု ဆိုချင်သည်။ တရားကို အမှန်တကယ်ပင် နတ်စောင့်စေလို၍သာ။

zawgyi version
ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးေဟာင္း BOT ဆိုင္ရာ လုပ္ငန္းအျငင္းပြားမႈ စီရင္ထုံးႏွင့္ ႏိုင္ငံေတာ္၏နစ္နာဆုံးရႈံးမႈ (ေဆာင္းပါး)
ေက်ာ္ႏု (NP News) - ႏိုဝင္ဘာ ၂၈

တရားစီရင္ေရးႏွင့္တရားဥပေဒသည္ နတ္ေစာင့္ျခင္းသာမွန္ကန္ခဲ့ပါက မွန္ေသာတရားအတိုင္းသာ ျဖစ္ေစသင့္ေတာ့၏။

ဤစာကား အျခားအတြက္မဟုတ္။ လက္ထဲသို႔ ေရာက္ရွိလာေသာ ႏိုင္ငံေတာ္နစ္နာဆုံးရႈံးမႈဟု ယူဆႏိုင္သည့္ စီမံကိန္းႀကီးအေၾကာင္းႏွင့္ အမႈရင္ဆိုင္ေနရဆဲ တရားစီရင္ေရးဆိုင္ရာ စာ႐ြက္စာတမ္းမ်ားေၾကာင့္ပင္။ ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕နယ္ ျပည္လမ္းမႀကီးေပၚရွိ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးေဟာင္းႏွင့္ပတ္သက္၍ တရားစီ ရင္ေရးဆိုင္ရာက႑၏ စိတ္ဝင္စားဖြယ္ရာ ေနာက္ဆုံး ဆုံးျဖတ္ခ်က္မ်ားကို မၾကာခင္လပိုင္းမ်ားအတြင္း ေလ့လာခြင့္ရေတာ့မည္ဟုလည္း ဆိုခ်င္သည္။ ႏိုင္ငံေတာ္ အႀကီးအကဲမ်ားျဖစ္ၾကေသာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းတို႔ထံသို႔ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးေဟာင္း အဆင့္ျမႇင့္တင္ ေရးစီမံကိန္းဆိုင္ရာအျငင္းပြားမႈႏွင့္ပတ္သက္သည့္ တိုင္ၾကားစာတစ္ေစာင္က ေရာက္ရွိခဲ့ၿပီးၿပီဟုလည္း မွန္းဆခ်င္မိသည္။ ဇာတ္လမ္းအစက ဤကဲ့သို႔ျဖစ္၏။ သမၼတ ဦးသိန္းစိန္အစိုးရလက္ထက္ (၂၀၁၁) ခုႏွစ္ ႏိုဝင္ဘာလ၌ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္(MIC)၏ခြင့္ျပဳခ်က္ျဖင့္ ဦးတင္ထြန္းေအာင္ (Youth Force ကုမၸဏီ)က အမွတ္(၃၆)၊ ျပည္လမ္းႏွင့္ သံတမန္လမ္းေထာင့္၊ ဒဂုံၿမိဳ႕နယ္ရွိ ႏိုင္ငံ ျခားေရးဝန္ႀကီး႐ုံးေဟာင္းကို မတည္ရင္းႏွီးေငြ ပမာဏေဒၚလာ(၅ ဒသမ ၅)သန္းျဖင့္ လုပ္ပိုင္ခြင့္ရခဲ့သည္။ ကနဦးငွားရမ္းသက္တမ္း(၂၉)ႏွစ္၊ MIC သက္ တမ္းတိုးခြင့္ျပဳခ်က္ရခဲ့ပါက (၁၄)ႏွစ္ ႏွစ္ႀကိမ္အျပင္ ထပ္တိုး(၃)ႏွစ္ျဖင့္ ေပါင္းႏွစ္(၆၀)ဟု အၾကမ္းဖ်င္း သတ္မွတ္ႏိုင္သည္။ စတုရန္းေပ(၇၄၅၅၀) သို႔မဟုတ္ (၁ ဒသမ ၇၁၁) ဧက က်ယ္ဝန္းေသာ အဆိုပါေျမႏွင့္ အေဆာက္အအုံကို တည္ေဆာက္၊ ေဆာင္႐ြက္၊ လႊဲေျပာင္းျခင္း BOT စနစ္ျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ထိုစဥ္ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ဝင္းႏွင့္ ဦးတင္ထြန္းေအာင္တို႔က ဒီဇင္ဘာလ (၁၄)ရက္တြင္ လက္မွတ္ေရးထိုးခဲ့ၾကသည္။ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံး အေဆာက္အအုံကို ေရွးမူမပ်က္မြမ္းမံ၍ လြတ္လပ္ ေသာေျမေနရာမ်ား၌ Service Apartment အေဆာက္အအုံအသစ္ကိုလည္းေကာင္း၊ (၁၈)ထပ္ ျမင့္ေသာ JUNE XI Business Centre & Service Apartment အျဖစ္လည္းေကာင္း တည္ေဆာက္သြားရန္ ဦးတင္ထြန္းေအာင္က လက္မွတ္ေရးထိုးခဲ့သည္။ ေဆာက္လုပ္မည့္လုပ္ငန္းမ်ား အခ်ိန္မီၿပီး စီးရန္အတြက္ အာမခံေငြအျဖစ္ ရင္းႏွီးျမႇဳပ္ႏွံေငြ၏ (၁)ရာခိုင္ႏႈန္းႏွင့္ညီမွ်ေသာ က်ပ္သိန္း(၅၀ဝ)ကို ထားရွိမည္ျဖစ္ေၾကာင္း၊ သုံးႏွစ္အတြင္း လုပ္ငန္းမၿပီး စီးပါက အဆိုပါ အာမခံေငြကို အိုးအိမ္ဦးစီးဌာနက သိမ္းယူႏိုင္သည္ဟုဆိုသည္။ ထိုစာခ်ဳပ္ခ်ဳပ္ခဲ့သည့္ အခ်ိန္သည္ (၂၀၁၁) ခုႏွစ္ ဒီဇင္ဘာလျဖစ္သည့္အ တြက္ (၂၀၁၄)ခုႏွစ္တြင္ မျဖစ္မေန ၿပီးစီးေနရမည္ဟု ဆိုႏိုင္သည္။

သို႔ေသာ္ ယေန႔ (၂၀၂၄) ခုႏွစ္ ႏိုဝင္ဘာ လကုန္ပိုင္းအထိ အဆိုပါအေဆာက္အအုံက မည္သည့္လုပ္ငန္းမွ လုပ္ကိုင္ႏိုင္ျခင္း မရွိေတာ့သည့္အျပင္ တစ္ႏွစ္လွ်င္ ငွားရမ္းခေငြ ေဒၚလာ(၁၂၅၁၈၆ ဒသမ ၇၀) ကို ေပးေဆာင္ေနျခင္း ရွိမရွိလည္း မသိရ ေတာ့ေပ။ စာခ်ဳပ္ပါ အခ်က္တစ္ခုအရ ဦးတင္ထြန္းေအာင္၏ Youth Force က အျခားေသာကုမၸဏီ တစ္ခုႏွင့္ အိုးအိမ္ဦးစီးဌာန၏ သေဘာတူညီခ်က္အတိုင္း အတူတြဲလုပ္ကိုင္ခြင့္ရွိေနသည္။ ထို႔အတြက္ ဦးတင္ထြန္းေအာင္က မိတ္ဖက္ပါတနာအသစ္ အျဖစ္ ဦးရဲဝင္း(ေ႐ႊေသြးကုမၸဏီ)ႏွင့္ (၂၀၁၂) ခုႏွစ္ ဇူလိုင္လတြင္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္႐ုံး၌ ႏွစ္ဦးသ ေဘာတူ အက်ိဳးတူလုပ္ငန္းလုပ္ကိုင္ျခင္း စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကျပန္သည္။ တစ္ဦးလွ်င္(၅၀)ရာခိုင္ႏႈန္းစီ ရွယ္ယာသေဘာစာခ်ဳပ္အရ ဦးရဲဝင္းက ဦးတင္ထြန္းေအာင္၏ Youth Force ကုမၸဏီထံ ထိုေခတ္ေငြ က်ပ္သိန္း(၁၀ဝဝဝ)တိတိ ေပးအပ္ခဲ့သည္။ လြန္ခဲ့ ေသာ (၁၂)ႏွစ္က ေငြက်ပ္သိန္း(၁၀ဝဝဝ)သည္ ေ႐ႊ (၁၅)ပိႆာေက်ာ္ဝယ္ယူႏိုင္၏။ ထို႔အတြက္ ဦးရဲဝင္း က ၎ပိုင္ဆိုင္ေသာ ေ႐ႊထည္မ်ားကိုေရာင္းခ်၍ ရင္းႏွီးျမႇဳပ္ႏွံေငြအျဖစ္ထည့္ဝင္ျခင္းဟုဆိုသည္။ ထို႔ေနာက္ ၎တို႔အတူတူ အေဆာက္အအုံေဆာက္ လုပ္ျခင္းအခ်ိဳ႕ စတင္ခဲ့ၾကပုံရ၏။ ထိုသို႔လုပ္ကိုင္ေနစဥ္အတြင္း ဦးတင္ထြန္းေအာင္က Continental Trading ကုမၸဏီမွ ဦးကိုကိုထူးဆိုသူႏွင့္ (၂၀၁၃) ခုႏွစ္ ဇန္နဝါရီလက ထပ္မံ လက္မွတ္ေရးထိုးခဲ့ျပန္သည္။ အဆိုပါလက္မွတ္ေရးထိုးမႈ၌ တစ္ႏွစ္လွ်င္ ေဒၚလာ (၁ ဒသမ ၁)သန္းတန္ ငွားရမ္းမႈအျဖစ္ေရး သားထားၾကၿပီး ဦးရဲဝင္း ကလည္း သိရွိလက္ခံသည္ဟု ဆိုသည္။ ထို႔ေနာက္တြင္ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးေဟာင္း၏ အဆင့္ျမႇင့္တင္စီမံကိန္းႀကီးက မည္သို႔မည္ပုံမွ် ထူးျခားတိုးတက္လာသည္မျမင္ရဘဲ ဦးရဲဝင္းႏွင့္ ဦးတင္ထြန္းေအာင္တို႔အၾကား တရားရင္ဆိုင္ရမႈမ်ား ျဖစ္လာခဲ့သည္။ (၂၀၁၉) ခုႏွစ္ စီရင္ခ်က္အတြင္း၌ ဦးရဲဝင္းက က်ပ္သိန္း(၁၀ဝဝဝ)ေပးခဲ့ျခင္းလည္း မွန္ကန္ေၾကာင္း၊ ၎ကို ဦးတင္ထူးေအာင္က လုပ္ ငန္းမွဖယ္ရွားလိုသည့္သေဘာျဖင့္ မွတ္ပုံတင္စာခ်ဳပ္ စာတမ္းပယ္ဖ်က္ေပးေစလိုမႈျဖင့္ တရားစြဲခဲ့ေၾကာင္း၊ ဦးရဲဝင္းဘက္ကလည္း ၎နစ္နာဆုံးရႈံးရေၾကာင္း စသျဖင့္ အမႈရင္ဆိုင္ရန္ျဖစ္လာခဲ့သည္။ စီရင္ခ်က္ အရ ဦးရဲဝင္းရႈံးသည္။ ထိုသို႔ ရႈံးရမႈသည္ မမွ်တဟု ဦးရဲဝင္းကခံယူသည့္အတြက္ေၾကာင့္ အယူခံအဆင့္ ဆင့္တက္၏။ သို႔ေသာ္လည္း (၂၀၂၄) ခုႏွစ္ ေရာက္လာသည္အထိ အဆိုပါအမႈက ရႈပ္ေထြးေနဆဲျဖစ္ၿပီး ႏိုင္ငံျခားေရးဝန္ႀကီး႐ုံး ေဟာင္းသည္လည္း မည္သို႔မွ် ေရွ႕မတိုးႏိုင္ျဖစ္ရသည္။ အိုးအိမ္စာခ်ဳပ္ႏွင့္ MIC ဥပေဒအရဆိုလွ်င္ အဆိုပါ အေဆာက္ အအုံႏွင့္ေျမကို ႏိုင္ငံေတာ္က ျပန္သိမ္း၍ရေနသည္။ ဦးရဲဝင္းက ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ဒုတိယ ဗိုလ္ခ်ဳပ္ မႉးႀကီး စိုးဝင္းတို႔ထံ လိပ္မူေသာတိုင္ၾကားစာမ်ားကို (၂၀၂၂) ခုႏွစ္ႏွင့္ (၂၀၂၄)ခုႏွစ္တို႔တြင္ ေပးပို႔ခဲ့သည္ဟု ၾကား သိရသည္။ ၎အတြက္ တရားမွ်တမႈရွာေဖြေပးရန္ ထိုသူႏွစ္ဦးကသာ လုပ္ႏိုင္ေတာ့မည္ဟု ရႈျမင္ယုံ ၾကည္ထားပုံရ၏။
၎၏တိုင္ၾကားစာေခါင္းစီး၌ ‘‘ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ (၂၀၂၁) ခုႏွစ္ တရားမ အေထြေထြေလွ်ာက္လႊာ (အထူး) အမွတ္ (၂၈) အမႈႏွင့္ပတ္သက္၍ ေငြက်ပ္သိန္း(၁၀ဝဝဝ) ေပးသူက မနစ္နာဘဲ ေငြက်ပ္သိန္း(၁၀ဝဝဝ)ယူသည့္ လူက နစ္နာတယ္ဆိုၿပီး အမိန႔္ခ်မွတ္ထားပါသျဖင့္ (၂၆- ဝ၈-၂၀၂၂)ရက္တြင္ ျပည္ေထာင္စုတရားစီရင္ေရး ဥပေဒ ပုဒ္မ(၂၀)၊ စာအမွတ္ ၉၂/၁၅၈၇၊ ၆၅/ ၁၅၈၈ တင္ျပထားသည့္စာကို ယခုအခ်ိန္အထိ အက်ိဳးအေၾကာင္းမသိရွိရေသးပါ ’’ဟု အစခ်ီေရး သားထားၿပီး တရားသူႀကီးအမည္မ်ားထည့္၍ တရားဥပေဒအရ ျပန္လည္စိစစ္ေပးရန္ ရည္ၫႊန္း ထားသည္။ ဤစာအရ ဦးရဲဝင္းဘက္ကမွန္ကန္ေနသည္ဟု မဆိုလိုခ်င္ေပ။ သို႔ေသာ္လည္း စိတ္ဝင္စားဖြယ္ေကာင္း ေသာ တရားစီရင္ေရးဆိုင္ရာျပႆနာ သို႔မဟုတ္ စီးပြားေရးအက်ိဳးအျမတ္ဆိုင္ရာျပႆနာတစ္ခုအျဖစ္ ရႈျမင္မိသည္။ ထို႔အတူ ႏိုင္ငံေတာ္အေနျဖင့္ မူလငွား ရမ္းသူ ကုမၸဏီထံမွ ႏွစ္စဥ္ေဒၚလာ တစ္သိန္းေက်ာ္ႏွင့္ အျခားေသာအခြန္အခမ်ား၊ စာခ်ဳပ္စာတမ္းကတိက ဝတ္မ်ား မွန္ကန္စြာရရွိေန မေနကို သိလိုေနမိျပန္သည္။ ‘‘ပုဒ္မ(၂၀)နဲ႔တင္ထားတာကို အေကာင္အထည္မေဖာ္ဘူး။ တကယ္ဆို အေကာင္အထည္ေဖာ္ ေပးရမွာေပါ့ဗ်ာ။ သုံးႏွစ္ျပည့္လို႔ Cancel ျဖစ္သြားရင္ ကြၽန္ေတာ္က သြားၿပီေပါ့။ ေဖေဖာ္ဝါရီ(၂၀၂၅)ဆိုရင္ သုံးႏွစ္ျပည့္ၿပီ။ သူတို႔က တမင္ရည္႐ြယ္ခ်က္ရွိရွိ သုံး ႏွစ္ျပည့္သြား ေအာင္ အခ်ိန္ဆြဲေနတာလို႔ ခံစားရတယ္’’ ဟု ဦးရဲ ဝင္းကေျပာသည္။ သုံးႏွစ္ျပည့္သည့္အခ်ိန္၌ တရားစီရင္ေရး လုပ္ငန္းမ်ား အလိုအေလ်ာက္ပ်က္ ျပယ္သြားမည္ျဖစ္ၿပီး ဦးရဲဝင္းဘက္က ေငြက်ပ္ သိန္း (၁၀ဝဝဝ)ကို ျပန္လည္ ရရွိမည္လည္းျဖစ္သည္။ သို႔ေသာ္ ေခတ္ကာလအေျခအေနႏွင့္ နစ္နာခဲ့ရမႈမ်ား ကိုျဖစ္ေစ၊ လုပ္ငန္းအမွန္တကယ္ လုပ္ကိုင္လိုေသာ္လည္း လုပ္ခြင့္မရခဲ့ျခင္းကိုျဖစ္ေစ ႏွစ္သက္မႈမရွိဟု ဆိုသည္။ ‘‘အရင္တုန္းက ေ႐ႊေဈးက က်ပ္(၆)သိန္း ေက်ာ္ပဲရွိတယ္။ အခုက သိန္း(၆၀)ေက်ာ္ေလ။ ဆယ္ဆကြာသြားၿပီ။ ကြၽန္ေတာ္ အဲဒီတုန္းက ေ႐ႊေတြ ေရာင္းၿပီး ရင္းႏွီးျမႇဳပ္ႏွံခဲ့ရတာ။ အမႈျဖစ္သြားေတာ့ စီးပြားပ်က္မတတ္ပဲ။ အခုမွ ေငြသိန္း(၁၀ဝဝဝ) ျပန္ရတာမ်ိဳးထက္ ႏိုင္ငံေတာ္ေရာ ကြၽန္ေတာ္ပါ မနစ္နာေစခ်င္တာ”ဟု ဦးရဲဝင္းကေျပာသည္။ (၁၈)ထပ္ျမင့္ေသာ ဝန္ေဆာင္မႈ လုပ္ငန္းဆိုင္ရာ အေဆာက္အအုံႏွင့္ ေရွးေဟာင္းအေဆာက္အအုံႀကီး အဆင့္ျမႇင့္တင္ ေရးလုပ္ငန္းကို ရင္းႏွီးျမႇဳပ္ႏွံမႈ တစ္ခုအျဖစ္ရႈျမင္ခဲ့ ေသာ္လည္း လက္ရွိအခ်ိန္အထိ မည္သည့္တိုးတက္ ဖြံ႕ၿဖိဳးမႈမွမျမင္ရျခင္းသည္ ႏိုင္ငံေတာ္နစ္နာ သည္ဟု ၎ကခံယူသည္။ ႏိုင္ငံေတာ္က ဥပေဒအရ ျပန္သိမ္း မည္ဆိုလွ်င္ပင္ ပို၍သင့္ေတာ္မည္ဟု ဦးရဲဝင္းက မွတ္ခ်က္ေပးသည္။ အဆိုပါ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးေဟာင္း အဆင့္ျမႇင့္တင္မႈစီမံကိန္းအတြက္ ေပးဆပ္ခဲ့ ရေသာ ေငြေၾကးႏွင့္ အခ်ိန္ကာလ၊ တရားရင္ဆိုင္ခဲ့ရမႈမ်ားက နစ္နာမႈဟုလည္း ယတိျပတ္ေျပာသည္။ ႏိုင္ငံ ျခားေရးဝန္ႀကီး႐ုံး ေဟာင္းႏွင့္ပတ္သက္၍ ျဖစ္ပြားခဲ့ေသာ တရားရင္ဆိုင္ခဲ့ရမႈတြင္ ပါဝင္ဆုံးျဖတ္ခဲ့ေသာ တရားသူႀကီး အခ်ိဳ႕၏ ဆုံးျဖတ္ခ်က္ကိုလည္းဘက္ လိုက္မႈကင္း မကင္းႏိုင္ငံသားရပိုင္ခြင့္ေဘာင္အရ သံသယျဖစ္မိသည္ဟုဆိုသည္။

ဦးရဲဝင္း ႏွင့္ တရား ၿပိဳင္ဘက္ျဖစ္သူ ဦးတင္ထြန္းေအာင္(Youth Force) ကုမၸဏီထံသို႔ဆက္သြယ္၍ အေျခအေနကို ေမးျမန္းရန္ ႀကိဳးစားၾကည့္ျဖစ္သည္။ ႏိုဝင္ဘာ(၂၀) ရက္အထိ ဆက္သြယ္၍မရခဲ့ေပ။ သို႔အတြက္ ဦးတင္ထြန္းေအာင္ဘက္မွ ေျဖၾကားလာမည့္သတင္းစကားမ်ားကို မွ်ေျခသေဘာျဖင့္ ေဖာ္ျပေပးရန္ခက္ခဲသည္။ Youth Force ကုမၸဏီ၏ ဝက္ဘ္ ဆိုက္တြင္ တရား ဝင္ေဖာ္ျပထားေသာ အီးေမးလ္လိပ္စာ [email protected] သို႔ ဆက္သြယ္ ေမးျမန္း ထားမႈတြင္လည္း ေပးပို႔ေမးျမန္းသည့္ အီးေမးလ္ ႏွစ္ခုလုံးကို (၂၄) နာရီမျပည့္မီ Blocked လုပ္ခံ လိုက္ရ၏။ ေမးျမန္းခဲ့ ေသာေမးခြန္းမ်ားသည္ ဤကဲ့ သို႔သာ။ “ ဦးတင္ထြန္းေအာင္ Youth Force ကုမၸဏီႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ား ခင္ဗ်ာ။ ကြၽန္ေတာ္က NP News မွျဖစ္ပါတယ္။ လူႀကီးမင္းတို႔ လုပ္ကိုင္ခြင့္ရထားတဲ့ ျပည္လမ္း ႏိုင္ငံျခားေရး ဝန္ႀကီး႐ုံးေဟာင္းစီမံကိန္းနဲ႔ပတ္သက္ၿပီး သိလိုတာမ်ားရွိပါတယ္။ သတင္းမီဒီယာက်င့္ဝတ္ဥပေဒပုဒ္မ(၆) က-ခ အရ ေလးစားစြာဆက္သြယ္ရျခင္းျဖစ္ၿပီး (၂၄)နာရီ သို႔မဟုတ္ ေဆာလ်င္စြာအေၾကာင္းျပန္ေပးေစလိုပါတယ္။ ေမးျမန္းလို ေသာေမးခြန္းမွာ (၁) MIC ႏွင့္ အိုးအိမ္စာခ်ဳပ္ပါ သတ္မွတ္စည္းကမ္းအတိုင္း မည္သည့္အတြက္ေၾကာင့္ လုပ္ငန္းမၿပီးစီး ႏိုင္ခဲ့ရသနည္း။ (၂) ဥပေဒေၾကာင္းအရ လုပ္ငန္းရွယ္ယာရွင္အခ်ိဳ႕ႏွင့္ တရားရင္ဆိုင္ရမႈမ်ားရွိေနခဲ့သည္ဟု ၾကားသိရ သည္။ ဥပေဒေၾကာင္းအရ အႏိုင္ရထားသည္ဟုလည္း ၾကားသိ ထားရပါသည္။ တရားၿပိဳင္ဘက္က အယူခံမ်ားထပ္ တင္ထားၿပီး နစ္နာမႈမ်ားအတြက္ တိုင္ၾကားခ်က္မ်ား ထုတ္ထားသည္ဟုသိရသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားလိုသည္မ်ားရွိပါသလား။ ယခုေဖာ္ျပပါႏွစ္ခ်က္ကိုသာလွ်င္ ကနဦးေမး ျမန္းရ ျခင္းျဖစ္ၿပီး ေျဖၾကားမႈအေပၚမူတည္၍ ဆက္လက္ေမး ျမန္းလိုသည္မ်ားရွိေနပါသည္။ ေလးစားစြာျဖင့္” ဟူ ၍ပင္။ ျဖစ္စဥ္ကို အျပန္အလွန္သုံးသပ္ၾကည့္မည္ဆိုပါက ပုဂၢိဳလ္(က)သည္ အစိုးရထံမွ ႏိုင္ငံေတာ္ပိုင္အေဆာက္အအုံႏွင့္ေျမကို BOT စနစ္ျဖင့္ ႏွစ္ရွည္လုပ္ ငန္းလုပ္ကိုင္ခြင့္ရခဲ့သည္။ မည္သို႔မည္ပုံရခဲ့သည္ မသိေသာ္လည္း ထိုေခတ္ထိုအခါက သမၼတ ႐ုံးဝန္ႀကီး ဦးစိုးသိန္းႏွင့္ ကင္းမည့္ပုံမေပၚ။ ဦးစိုးသိန္းသည္ ထိုစဥ္က တန္ခိုးဩဇာႀကီးထြားခဲ့ၿပီး ဝန္ႀကီးအေျပာင္း အေ႐ႊ႕မ်ားကိုပင္လွ်င္ ႏိုင္ငံေတာ္သမၼတကိုယ္စား စီမံကြပ္ကဲခဲ့သူဟု နာမည္ထြက္သည္။ ဦးစိုးသိန္း တန္ခိုးထြားစဥ္ ကာလမ်ားအတြင္း၌ ႏိုင္ငံပိုင္အေဆာက္အအုံမ်ား၊ ေျမမ်ားကို ပုဂၢလိကပိုင္ျပဳေရးေခါင္း စဥ္ေအာက္မွတစ္ဆင့္ လုပ္ငန္း ရွင္မ်ားစြာထံ လႊဲေျပာင္း လုပ္ကိုင္ခြင့္ရေစခဲ့သူလည္းျဖစ္သည္။

ထိုအခြင့္အေရးျဖင့္ လုပ္ငန္းရွင္မ်ားစြာက တန္ဖိုးႀကီး ေသာေျမမ်ားကို တန္ဖိုးနည္းနည္းျဖင့္ ႏွစ္(၃၀)ထက္မနည္းေသာ ေရရွည္လုပ္ပိုင္ခြင့္မ်ားရရွိခဲ့ၾကၿပီး ထိုဆုံးျဖတ္ခ်က္ မ်ားေၾကာင့္ ယေန႔ေခတ္ေျမေဈးႏႈန္းမ်ားႏွင့္ယွဥ္လွ်င္ ေမးခြန္းထုတ္စရာ မ်ားစြာရွိေနခဲ့သည္။ ထိုစဥ္က ရယူ ခဲ့ၾကေသာလုပ္ငန္းရွင္အသီးသီးကလည္း မူလရယူစဥ္ စာခ်ဳပ္ပါစည္းကမ္းမ်ားအတိုင္း လုပ္ငန္းေဖာ္ ေဆာင္မႈမ်ားရွိ သကဲ့သို႔ လုပ္ငန္းေဖာ္ ေဆာင္ျခင္းမရွိဘဲ ထပ္ဆင့္လွည့္ေျပာင္းလုပ္ကိုင္စားေသာက္မႈမ်ား ရွိေနခဲ့သည္။ ႏိုင္ငံပိုင္ေျမႏွင့္ အေဆာက္အအုံမ်ားကို တင္ဒါေပးခဲ့ျခင္းလုပ္ငန္းစဥ္မ်ားကို တည္ဆဲအာဏာ ပိုင္အစိုးရအဖြဲ႕အေနျဖင့္ ျပန္လည္စိစစ္ သင့္သည္။ အခ်ိဳ႕သည္ တည္ဆဲအစိုးရအား သြယ္ဝိုက္၍ပုန္ကန္ ေနသူမ်ားရွိေနၿပီး အခ်ိဳ႕သည္ တိုက္႐ိုက္ပုန္ကန္ျခင္း မ်ားပင္ လုပ္ခဲ့ဖူးသည္။ သို႔အတြက္ေၾကာင့္ ႏိုင္ငံေတာ္ကို မည္သည့္နည္းျဖင့္ပုန္ကန္သည္ျဖစ္ေစ ထိုသူမ်ားကို သားေရေပၚအိပ္၍ သားေရနားစားခြင့္မျပဳ သင့္ေပ။ ဦးတင္ထြန္းေအာင္ႏွင့္ အက်ိဳးတူလုပ္သူမ်ား ၏အမႈသည္လည္း ပုဒ္မ(၂၀)အရ ျပန္လည္ေလွ်ာက္ ထားမႈရွိခဲ့သည္ဆိုလွ်င္ အမႈမွန္ေပၚေပါက္ေရးအတြက္ ျပန္လည္စိစစ္သင့္၏။ ဦးတင္ထြန္းေအာင္ျဖစ္ေစ၊ ဦးရဲဝင္းျဖစ္ေစ အျခားမည္သူျဖစ္ေစ အမွန္ကို အမွန္အတိုင္းသာ ျဖစ္ေစသင့္၊ ရေစသင့္သည္။ ထိုသူ ႏွစ္ဦး မွားသည္မွန္သည္ထက္ ႏိုင္ငံေတာ္က ၾကားထဲ မွနစ္နာမႈမ်ားရွိခဲ့သည္မွာ အမွန္ပင္။ ႏိုင္ငံေတာ္သည္ ပုဂၢိဳလ္တစ္ဦးဦးကို ယုံၾကည္စြာျဖင့္ ႏိုင္ငံပိုင္ပစၥည္း တစ္ခုခုကို ငွားရမ္းလုပ္ပိုင္ခြင့္ေပးထားသည္ဆိုလွ်င္ မည္သည့္ ျပႆနာေပၚေပါက္သည္ျဖစ္ေစ မူလငွား ရမ္းစဥ္ပါရွိလာသည့္ စာခ်ဳပ္အတိုင္းသာ မူလငွား ရမ္းသူက လုပ္ေပးရမည့္ တာဝန္ရွိသည္ မဟုတ္ပါေလာ။ အမႈအခင္းျဖစ္ေနျခင္းေၾကာင့္ဆိုေသာ ေခါင္းစဥ္ျဖင့္ စာခ်ဳပ္ပါစည္းကမ္းမ်ားကို ေရွာင္ရွားမည္ဆိုပါက ထိုအေရးသည္ ႏိုင္ငံေတာ္အား လက္တစ္လုံးျခား လိမ္လည္မႈမေျမာက္ပါသေလာ။ ထို႔အတူ ႏိုင္ငံေတာ္ ႏွင့္ခ်ဳပ္ဆိုထားေသာ စာခ်ဳပ္ပါစည္းကမ္းမ်ားကို လိုက္နာလုပ္ေဆာင္ေပးျခင္းမရွိသည့္ လူပုဂၢိဳလ္တစ္ဦးဦး အဖြဲ႕အစည္းတစ္ခုခုဘက္မွေန၍ တရားသူႀကီးမ်ားက ဆုံးျဖတ္ေပးခြင့္ရွိပါသေလာ။ ဆိုလိုရင္းသည္ ထိုကဲ့သို႔ဆုံးျဖတ္ေနသည္ဟုမရည္႐ြယ္ပါ။ သတင္းမီ ဒီယာက်င့္ဝတ္ဥပေဒအရ ေမးခြန္းထုတ္ခြင့္ရွိျခင္းကို အသုံးျပဳျခင္း သာျဖစ္သည္။ ထို႔ေၾကာင့္ သက္ဆိုင္ရာ တရားသူႀကီးမ်ား၏ တရားဥပေဒစီရင္ထုံးႏွင့္ ဆင္ျခင္တုံတရားကိုသာ ေလ့လာမႈျပဳမည္ျဖစ္၏။ ဦးတင္ထြန္းေအာင္ မွန္ကန္ျခင္း မမွန္ကန္ျခင္း၊ ဦးရဲဝင္းနစ္ နာေနျခင္း သို႔မဟုတ္ မွားယြင္းေနျခင္းမ်ားသည္ တရားသူႀကီးမ်ားကသာ စီရင္ထုံးႏွင့္ ဆင္ျခင္တုံတရား ကို အေျခခံဆုံးျဖတ္ၾကရမည္ျဖစ္ၿပီး သတင္းစာ ဆရာမ်ားအေနျဖင့္ ေမးခြန္းထုတ္ျခင္းကိုသာ လုပ္ေဆာင္ရမည္ျဖစ္သည္။ ထို႔အတြက္ ေမးခြန္းထုတ္ျခင္း ျဖစ္ၿပီး ႏိုင္ငံေတာ္၏နစ္နာမႈကို ေဖာ္ထုတ္ရမည္မွာလည္း အမွန္ပင္ျဖစ္၏။ တရားစီရင္ေရးႏွင့္ဥပေဒသည္ ျပ႒ာန္း ထားခ်က္မ်ားႏွင့္ေလွ်ာက္လဲခ်က္မ်ားကို အေျခခံသည္ဆိုေသာ္လည္း တရားသူႀကီးမ်ား၏ ဆင္ျခင္တုံတရားႏွင့္ မွ်ေျခ စဥ္းစားေပးမႈက အခရာက်ေနသည္။ “ တရားသူႀကီးမ်ား၏ဆင္ျခင္တုံတရား အလႊာပါးသလား” အမည္ရွိေဆာင္းပါး ကိုသာ NP News ဝက္ဘ္ဆိုက္၌ သြားေရာက္ဖတ္ရႈေစလိုေတာ့ ၏။ ထိုေဆာင္းပါးအတြင္း၌ ပါရွိေသာအခ်က္တစ္ခ်က္ သည္ကား ဤသို႔ပင္။ “တကယ္ေတာ့ တရားစီရင္ တယ္ဆိုတာဟာေလ။ တကယ့္အမွန္တရားကို တရားသူႀကီးက မသိဘူး။ မသိတဲ့သူေတြကို ထိုင္ၿပီးေတာ့ တရားစီရင္ခိုင္းတာ။ အခင္းျဖစ္ရပ္ျဖစ္တဲ့အခ်ိန္မွာ မရွိတဲ့သူက ေရွ႕ေနအျဖစ္ လိုက္ရတာ။ ျဖစ္တဲ့အခ်ိန္ တုန္းကမရွိတဲ့လူက အစိုးရေရွ႕ေနအျဖစ္လိုက္ရတာ။ ဉာဏ္နဲ႔ပဲ ဒီအမႈကိုတည္ေဆာက္ၿပီး ေတာ့ ဘယ္လိုျဖစ္ဖြယ္ရာရွိတယ္လို႔ေျပာၾကတာမ်ိဳးပါ။ တရားသူ ႀကီးကလည္း ငါကလည္း ဒီလိုထင္တယ္ဆိုၿပီးေတာ့ ထင္ျမင္ခ်က္နဲ႔ခ်တာပါပဲ”ဟု ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးအဖြဲ႕ဝင္ေဟာင္း ဦးျမသိန္းက ေျပာထား သည္။ သို႔ဆိုလွ်င္ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံး ေဟာင္းႏွင့္ဆက္စပ္ေသာအမႈတြင္ အမွန္တကယ္နစ္ နာေနသူသည္ ႏိုင္ငံေတာ္အစိုးရသာျဖစ္သည္ဟု ဆိုခ်င္သည္။ တရားကို အမွန္တကယ္ပင္ နတ္ေစာင့္ေစလို၍သာ။

Related news

© 2021. All rights reserved.